" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 25, 2013

တကယ်ဆိုရင်..

တကယ်ဆိုရင် ကိုယ်ဟာ တစ်ယောက်တည်း ဟိုသွားဒီသွားလုပ်ရတာကို စိတ်ပျက်တတ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ စင်္ကာပူမှာ တစ်ယောက်တည်း မသွားချင်တဲ့ နေရာတော့ ရှိတယ်။ အဲ့ဒါ Peninsular Plaza ပါ။
 မွေးသဖခင်က ခိုင်းထားတာရှိလို့ မနေ့ညနေ ရုံးကအပြန် Peninsular Plaza ကို ပထမဦးဆုံးအကြိမ် တစ်ယောက်တည်း သွားခဲ့တယ်။ လုပ်စရာရှိတာတွေ လုပ်ပြီးတော့ .. ညနေစာ ဝင်စားရင် ကောင်းမလား၊ မကောင်းဘူးလားစဉ်းစားရင်းနဲ့ .. နောက်ဆုံးတော့ " မြနန္ဒာ"မှာ ဆိတ်သားနဲ့ကုလားပဲရယ်၊ ကတက်ချဉ်သုတ်ရယ်၊ ငါးခူအကောင်လိုက်ကို ဆူဇီလုပ်ကြော်ထားတာရယ်၊ ရေနွေးကြမ်းရယ်ကိုမှာပြီး ခပ်တည်တည်နဲ့ တစ်ယောက်တည်း ဝင်စားခဲ့တယ်။

တကယ်ဆိုရင် ကိုယ်ဟာ ညစာ လျှော့စားဖို့ ကြိုးစားနေသူတစ်ယောက်ပါ။ 

ထမင်းဗန်းကိုမပြီး အထဲဝင်.. ထမင်းစားမယ်လုပ်တော့ အရက်ကောင်တာကြီး ဘွားကနဲ မြင်လိုက်ရတယ်။ (အရင်က မရှိသလိုပါပဲ။ သေချာတော့ မမှတ်မိပါဘူး။ မရောက်တာ တစ်နှစ်ကျော်ပြီ) ဗုဒ္ဓဟူးနေ့ညနေပဲရှိသေးတယ်။  ယောကျာင်္းလေးတွေ အများကြီးပဲရယ်.. ဘီယာထိုင်သောက်နေကြတယ်။
ကိုယ့်ကို လူတွေ ရှိုးနေမှာကို သိရက်နဲ့ မျက်နှာကြောကို အတတ်နိုင်ဆုံးတင်းပြီး ထမင်းထိုင်စားခဲ့တယ်။ ထမင်းကို အမြန် လတ်စသတ်ပြီး ခပ်တည်တည်နဲ့ ထွက်လာခဲ့တယ်။

တကယ်ဆိုရင် ကိုယ်ဟာ  ရှေ့နောက်မဆင်ခြင်ဘဲ၊ သေချာမစူးစမ်းဘဲ လုပ်ချင်ရာကို စွတ်လုပ်တတ်သူ တစ်ဦးပါ။

ထမင်းထိုင်စားနေရင်းနဲ့ လွန်ခဲ့တဲ့နှစ်နှစ်နီးပါးက စင်္ကာပူကို ခဏလာလည်ဖူးတဲ့ သူငယ်ချင်းမကျ၊ ရည်းစားမကျသော သက်ဆိုင်သူဖြစ်ဖူးတဲ့သူနဲ့အတူ မြနန္ဒာမှာ ထမင်းအတူ စားဖူးတာကို သတိရမိတယ်။ (သူနဲ့ စကားမပြောဖြစ်တာ၊ အဆက်အသွယ်မရှိတာ တစ်နှစ်ခွဲလောက်ရှိပြီ။း) )အိမ်ပြန်ရောက်လို့ မျက်နှာစာအုပ်ဖွင့်ပြီး wall ပေါ်မှာ မွေးနေ့တွေစစ်တော့ သူ့မွေးနေ့ဖြစ်နေတာကို သွားတွေ့တယ်။ အမြန် မွေးနေ့ဆုတောင်းပေးလိုက်ရတယ်။

တကယ်ဆိုရင် ကိုယ်ဟာ နိစ္စဓူဝအလုပ်တွေမှာ ရုန်းကန်နေရင်းနဲ့ တစ်ခါတစ်ရံမှာ တစ်ချို့အရာတွေကို သိမှတ်မဲ့စွာ မေ့နေတတ်သူတစ်ဦးပါ။ :)
(၂၄.၀၄.၂၀၁၃)ရက်နေ့အမှတ်တရ...
witch83 ( 25/04/2013; 11:56AM; GMT+8)

3 comments:

  1. တခါတလေ တယောက်ထဲ အဲလိုလေးသွားရတာ
    လွတ်လပ်မှုရှိတယ်

    ReplyDelete
  2. တကယ်ဆိုရင် ကိုယ်ကလည်း မျက်နှာစာအုပ်ပေါ်မှာခုရက်ပိုင်းသိပ်မတွေ့ရတဲ့သူငယ်ချင်းလေးကို လွမ်းနေခဲ့တာ။ ဒါကြောင့် ခုအလွမ်းပြေလာလည်ရင်း စာတွေဖတ်သွားခဲ့တာ။ တကယ်ဆိုရင် ကိုယ်ဟာလည်းလုပ်ချင်ရာစွတ်လုပ်တတ်သူတစ်ဦးပါ။ ထို့ကြောင့် တကယ်ဆိုရင် witch83 နဲ့ကိုယ်နဲ့ အဲဒိအချက်မှာသွားတူတာ :)

    ReplyDelete
  3. @ Ma Jas, ဟုတ်တယ် sis .. Privacyရော၊ လွတ်လပ်မှုပါ ရှိတယ်။ :)
    @Kyi Phyu Paing, အလုပ်တွေ ရှုပ်နေလို့ပါ။ လွမ်းနေပေးလို့ဝမ်းသာပါတယ် သူငယ်ချင်းမလေးရေ.. ဟုတ်ပ.. တူလို့လည်း သူငယ်ချင်းတွေဖြစ်တာ။ :P

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer