" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 17, 2013

(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၂

(၂၀၀၀ ~ ၂၀၁၂)ကြားက Miss Universe များ အပိုင်း(၁) မှာ Natalie Glebova အကြောင်း တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်လို့ အခု အပိုင်း(၂)ကို သူ့အကြောင်းနဲ့ဆက်ပါမယ်။ :)

Natlie Glebova, MU2005

Natlie ဟာ ကနေဒါနိုင်ငံကို ဒုတိယအကြိမ်မြောက် Miss Universe သရဖူယူဆောင်ပေးတဲ့သူဖြစ်ပါတယ်။  ကနေဒါဟာ (၁၉၈၂)မှာတုန်းက တစ်ကြိမ် Miss Universeဆု ရပြီး ...(၂၃)နှစ်ကြာပြီးတဲ့နောက်မှာမှ Natlieယူပေးခဲ့တဲ့ ဒုတိယမြောက် မယ်စကြာဝဠာဆုကို ရခဲ့တာပါ။

တကယ်တော့ သူမဟာ (၂၀၀၄)ခုနှစ်တုန်းကလည်း Miss Canda ပြိုင်ပွဲမှာ ဝင်ပြိုင်ဖူးပါတယ်။ 3rd runner upဆု နဲ့ ကျေနပ်ခဲ့ရပြီး (၂၀၀၅)ခုနှစ်မှာ နောက်တစ်ကြိမ်ထပ်ပြိုင်တော့မှ Miss Canada, Universe ဆုကိုရပြီး Miss Universe (2005)ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရကာ သရဖူဆောင်းခဲ့ရတာပါ။

Russian-Canadian Beauty Queen, Natlie
Natlie @ MU2005 Competition
MU2005 ပြိုင်ပွဲရဲ့ final top-5ကိုရောက်တဲ့အချိန်မှာ Natlieဟာ MU လောကမှာ တကယ်ကို strong ဖြစ်တဲ့ နိုင်ငံကအလှမယ်တွေနဲ့ ယှဉ်ပြိုင်ရတာပါ။ Final Top-5ကို တက်လှမ်းခဲ့တဲ့မယ်တွေကတော့  Miss Puerto Rico, Miss Mexico, Miss Dominican Republic, Miss Venezuelaနဲ့ Miss Canadaတို့ပဲ ဖြစ်ကြပါတယ်။ ဒါပေမဲ့ fireced look ပိုင်ရှင်ဖြစ်တဲ့ Natlie က MUဆုကို ရခဲ့ပါတယ်။

Final Top-5 Of MU2005
Two Amazing Miss Universes, Jennifer crowning Natile
Natlie ဟာ Gloabal Beautiesကပေးတဲ့ (1952~2012)ကြားက အလှပဆုံး မယ်စကြာဝဠာများစာရင်းမှာလည်း နံပါတ်(၁၂)တက်ချိတ်ပါတယ်။ Global Beautiesက pageantry expert တွေကတော့ Natlieကို Swmming suite competitionမှာ တွေ့ရတာနဲ့တင်ကို သူမဟာ Miss Universe 2005 ဘွဲ့နဲ့ထိုက်တန်တဲ့သူ ဖြစ်နေပါပြီလို့ ဆိုကြပါတယ်။နောက်ပြီး  Natlie ဟာ Seven Most Intelligent MU list ထဲမှာလည်း နံပါတ်(၆)ပါ။

Perfect in Swimsuit

သူမရဲ့ MU reign ကာလအတွင်းမှာ Natlie ဟာ HIV, ADIS နဲ့ charity programme တွေအတွက် ကိုလမ်ဘီယာ၊ ဘဟားမား၊ မလေးရှား၊ အိန္ဒိယနဲ့ အာဖရိကက တခြား နိုင်ငံတွေအပါအဝင် နိုင်ငံတော်တော်များများကို သွားခဲ့ပါတယ်။ သူမ အသက်(၁၃)နှစ်ကတည်းက ထွက်ခွာခဲ့ပြီး ပြန်မရောက်ဖြစ်တော့တဲ့ ရုရှားကိုလည်း အလည်ပြန်သွားခဲ့ပါတယ်။ မော်စကိုမှာ ကျင်းပတဲ့ AIDS-awareness programmeကိုတက်ခဲ့တဲ့အပြင် Russian fashion showတစ်ခုမှာလည်း အထူးဧည့်သည်တော်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ဒါ့အပြင် ယူကရိန်း၊ ပူတိုရီတို၊ ဒိုမေနီကန်ရီပတ်ဘလစ်၊ချက်ရီပတ်ဘလစ်၊ ထိုင်း၊ နီကာရာဂွါနဲ့ ဘရာဇီးနိုင်ငံများရဲ့ မယ်စကြာဝဠာ ရွေးတဲ့ပွဲတွေကို တက်ရောက်ခဲ့ပါတယ်။ သူမရဲ့ successor Miss Canada, 2006ကိုလည်း သရဖူဆောင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ Natlie ဟာ Miss Indonesia Universe 2006ပွဲကိုတော့ သွားခွင့်မရခဲ့ပါဘူး။ (၂၀၀၀)ခုနှစ်ကစပြီးတော့ ခုချိန်ထိတိုင်အောင် အင်ဒိုနီးရှားဟာ နောက်နှစ်အတွက် သူတို့ရဲ့မယ်ရွေးပွဲကို လက်ရှိ MU ကိုဖိတ်ပြီး ကျင်းပလေ့ရှိပါတယ်။ ကနေဒါအစိုးရက အရှေ့တောင်အာရှနိုင်ငံတွေကို ခရီးသွားခွင့်ပိတ်ပင်ထားလို့ Natlie သွားခွင့်မရှိတဲ့အတွက်ကြောင့် Natlieနေရာမှာ MU first runner-up ဖြစ်တဲ့ ပူရီတိုရီကိုနိုင်ငံက Cynthia Olavarria ကို တရားဝင်အစားထိုးခဲ့ပါတယ်။

Cynthia @ Miss Indonesia Universe 2006
Natlieဟာ charity အလုပ်တွေအပြင် MU orginization ကပေးတဲ့ New Yorkကတိုက်ခန်းမှာ နေထိုင်ရင်း USA မှာရှိတဲ့ VIP ပါတီတွေနဲ့ entertainment programmeတွေမှာ ပါဝင်ခဲ့ရပါတယ်။ ဆူနာမီတစ်နှစ်ပြည့်ဝမ်းနည်းခြင်းအခမ်းအနားကို သွားတက်ခဲ့အပါအဝင် ထိုင်းနိုင်ငံကို အကြိမ်ကြိမ် သွားလည်ခဲ့ပါတယ်။

ကြည့်ရတာ Natlieဟာ bangkok နဲ့ တော်တော် အကျိုးပေးပုံရပါတယ်။ MU2005 ပြိုင်ပွဲကို bkk မှာ ကျင်းပခဲ့တာပါ။ MU2005 reign ပြီးသွားတော့လည်း သူမဟာ bkk မှာပဲ မော်ဒယ်အလုပ်ကို ဆက်လုပ်ပါတယ်။ လက်ရှိလည်း ယိုးဒယားမှာပါပဲ။ (၂၀၀၆)ခုနှစ် Thai Open ပြိုင်ပွဲမှာ ယိုးဒယားနိုင်ငံသား၊ တင်းနစ်(စ်)ကစားသမား Paradorn Srichaphanနဲ့ တွေ့ခဲ့ပြီး သူတို့နှစ်ယောက်ဟာ (၂၀၀၇)ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်။ (၂၀၁၁)ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ ကွာရှင်းပြတ်ဆဲခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ အလုပ်တာဝန်တွေကြောင့်လို့ ဆိုပါတယ်။

မင်္ဂလာဆောင်တဲ့နေ့ကပုံ
 (၂၀၁၂)ခုနှစ် ဖေဖော်ဝါရီလမှာ သူမဟာ "Canadian Ice Diamond Collection"ရဲ့ diamond ambassdor အဖြစ်ခန့်အပ်ခံရပြီး (၂၀၁၂)ခုနှစ် မေလမှာ ပြင်သစ်ကုမ္ပဏီတစ်ခုနဲ့အတူတွဲပြီး Natalie's perfume Beauty Icon ရေမွှေးကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

ရေမွှေးစရောင်းတဲ့နေ့တုန်းက...
Natlie's perfume Beauty Icon

(၂၀၁၂)ခုနှစ် ဒီဇင်ဘာလမှာတော့ Natlieဟာ "Dancing with the Stars Thailand"မှာ ပါဝင်ခဲ့ပါတယ်။


Natile နဲ့ပတ်သတ်တဲ့တခြားအကြောင်းတွေကတော့ သူမဟာ classical painist ဖြစ်ပါတယ်။ ကျောင်းသူဘဝတုန်းက ကြံခိုင်ရေးအားကစားပြိုင်ပွဲတွေမှာ မကြာခဏဆိုသလို ဆုရခဲ့ဖူးပြီး ကျောင်းရဲ့ motivational speaker လည်းဖြစ်ခဲ့ပါတယ်။ နောက်ပြီး မယ်စကြာဝဠာတွေအားလုံးထဲမှာ Natile ဟာ modelling အလုပ်ကို တကယ်ကို ကောင်းကောင်းမွန်မွန် အောင်အောင်မြင်မြင်လုပ်နိုင်တဲ့အလှမယ်တစ်ဦးလည်း ဖြစ်ပါတယ်။ Educated MU list ထဲမှာလည်း သူမ..ပါပါတယ်။ Bachelor of Commerce in Information Technology Management & Marketing ဘွဲ့ကို ကနေဒါနိုင်ငံ၊ တော်ရန်တိုမြို့မှာရှိတဲ့ Ryerson Universtiy ကနေ ရရှိခဲ့ပါတယ်။

Natlie ငယ်ငယ်တုန်းကပုံ
+ + + + + + + + + + + + + + +

ဒီအလှမယ် (၃)ယောက်အပြင် နောက်ထပ်နှစ်သက်မိသူကတော့ အရမ်းကိုသွက်လက်ဖော်ရွေတဲ့ Fierced Beauty Jennifer Hawkinsပါ။ အော်စတြေးလျနိုင်ငံသူဖြစ်ပြီး (၂၀၀၄)ခုနှစ်အတွက် မယ်စကြာဝဠာပါ။


အပိုင်း (၃) ဆက်ရန်...း)

Regards, witch83
References

  1. http://www.globalbeauties.com/mbmu/2011/07/12th-place-miss-universe-2005-natalie-glebova/
  2. http://en.wikipedia.org/wiki/Natalie_Glebova
  3. http://www.missuniverse.com
  4. http://www.missisology.org
  5. Google

2 comments:

  1. Witch83 ရေ...ပျော်ရွှင်ကြည်နူးဖွယ် နှစ်သစ်မင်္ဂလာ ဖြစ်ပါစေနော်။....
    ချစ်ခြင်းအားဖြင့် <3 <3 <3

    ReplyDelete
    Replies
    1. ကျေးဇူးအထူးပါ နွေဦးမိုးရေ.. same to you ပါနော်.. :)

      Delete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer