" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

November 15, 2013

Miss Universe 2013 (News & Review)

Miss Universe 2013 ပြိုင်ပွဲက တကယ်တော့ ပြီးခဲ့တဲ့ စနေနေ့၊ နိုဝင်ဘာလ (၉ )ရက်နေ့ညကတည်းက ပြီးသွားတာပါ။ ဒါပေမဲ့ အလုပ်တွေရှုပ်နေတာနဲ့ ခုမှ စရေးဖြစ်ပါတယ်။

Miss Universe 2013 News

Miss Universe 2013 ပြိုင်ပွဲကို ရုရှားနိုင်ငံ၊ မော်စကိုမြို့ ၊ (၂၀၁၃)ခုနှစ်၊ အောက်တိုဘာလ (၂၆)ရက်နေ့မှာ တရားဝင် စတင်ခဲ့ပြီး နိုဝင်ဘာလ (၉ )ရက်နေ့မှာ နောက်ဆုံး final competition ပွဲကို ကျင်းပခဲ့ပါတယ်။ Venezuelaအလှမယ် Maria Gabriela Isler က ဆုရသွားပါတယ်။


Miss Venezuela at Preliminary Competition
Gabriela @ Final Night Competition
ဒီလို Venezuela နိုင်ငံက မယ်စကြာဝဠာဆုကို ရသွားတာဟာ ဒါနဲ့ဆို (၇)ကြိမ် ရှိသွားပါပြီ။ ^^


1st runner-upဆုကို စပိန်အလှမယ် Patricia Rodriguez၊  2nd runner-up ဆုကို အီကွေဒေါအလှမယ် Constanza Baez၊ 3rd runner-upဆုကို ဖိလစ်ပိုင်အလှမယ် Ariella Arida၊  4th runner upဆုကို ဘရာဇီးအလှမယ် Jakelyne Oliveiraတို့က အသီးသီး ရရှိသွားပါတယ်။

Top-5 Contestants of MU2013
Top-5 (Taken From Back Stage)

Top-10
Yaritza Reyes (Miss Dominican Republic), Amy Willerton (Miss Great Britain), Manasi Moghe (Miss India), Olga Storozhenko (Miss Ukraine), Erin Brady (Miss USA) + Top-5

Top-10 Contestants of MU2013
Top-16
Jin Ye (Miss China), Fabiana Granados (Miss Costa Rica), Whulandary Herman (Miss Indonesia), Nastassja Bolívar (Miss Nicaragua), Monic Pérez (Puerto Rico) and Dominique Rinderknecht (Miss Switzerland) + Top-10
Rank-16 (Online Fan Vote): Miss Philippines, Ariella Arida


Top16 of MU2013 
Collage: Top16 of MU2013 
Remark: ဒီ MU2013ပွဲမှာ တစ်ခုထူးခြားတာက ပြိုင်ပွဲကို လက်ခံကျင်းပပေးတဲ့ နိုင်ငံက အလှမယ် semifainalist ထဲမှာ မပါတာပဲ။ ဒီလို မပါတာဟာ တော်တော်ကို ဖြစ်ခဲပါတယ်။ Elmira ဟာ အရင် ရုရှားအလှမယ်တွေနဲ့ယှဉ်ရလောက်အောင် မကောင်းပေမဲ့ Thaiတို့ .. Vietnamတို့ ... ပွဲလက်ခံကျင်းပတုန်းက top15 ဝင်ခဲ့တဲ့ local girl တွေထက်တော့ သာတယ်ထင်မိပါတယ်။


first cut, top-16 မှာ ရုရှားအလှမယ်မပါလို့ .. top16 ကြေငြာပြီးပြီးချင်း ရုရှားတွေ တစ်ဝက်လောက် ထပြန်သွားကြတာကြောင့် .. Miss Universe Org ကလူတွေဟာ လွတ်နေတဲ့ နေရာတွေ မပေါ်အောင်လို့ mediaသမားတစ်ချို့ကို အရှေ့တန်းမှာ ဝင်ထိုင်ခိုင်းခဲ့ရတယ်လို့ သိရပါတယ်။
 
Special Awards
အထူးဆုတွေအနေနဲ့ကတော့...

~ Miss Congenialityဆုကို Miss China, Ye Jin (ဒီဆုကို မယ်အချင်းချင်း မဲပေးပြီး ရွေးတာပါ။ တခြားမယ်တွေ သဘောကျလို့၊ ပေါင်းသင်းဆက်ဆံရေးကောင်းလို့ ရတာပါ။ ဟင်... Miss China ကြီး။ ဘာကြီးမှန်းလည်း မသိဘူး။ ဒိုင်က ပေးချင်တဲ့သူတွေ ကောက်ပေးနေတယ်လို့ ဆိုကြတဲ့သူတွေအတွက် ရှင်းပြပါ။ ကျမ အမြင်တော့ သူဟာ personality ကောင်းပါတယ်။ ပြိုင်ပွဲစဉ်တစ်လျှောက် သူပါခဲ့တဲ့ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေကိုကြည့်ရင် သိနိုင်ပါတယ်။ PC night မှာ သူ.. လမ်းလျှောက်တာ၊ poseပေးတာလည်း လှပြီး unique ဖြစ်ပါတယ်။ ရုပ်.. မလှတာ တစ်ခုပဲ ရှိတာပါ။)



~ Miss Photogenicဆုကို Miss Poland, Paulina Krupinska



~ Best National Costumeဆုကို Miss Nicaragua, Nastassja Bolívar တို့က အသီးသီး ရရှိသွားပါတယ်။

Best National Costume, Nicaragua
MU2013ပွဲအတွက် National Costume ဆုရဲ့ runner-up တွေကတော့  အောက်ပါအတိုင်းပဲ ဖြစ်ကြပါတယ်။


Top 5 in National Costume, MU2013


My Review


Miss Universe 2012 ပြိုင်ပွဲဟာ ကျမ ကြိုက်တဲ့၊ သဘောကျတဲ့ပွဲလို့ပြောရင် ခု..ဒီနှစ်ရဲ့ Miss Universe 2013 ပြိုင်ပွဲဟာ ကျမ တော်တော်ကို မကြိုက်တဲ့ပွဲပဲလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုရင် ကျမ အရမ်း ကြိုက်တဲ့ ပိုလန်အလှမယ် Paulina တစ်ယောက် top-15တောင် မပါခဲ့လို့ပါ။ ဒီလို heavy favorite, front runner တစ်ယောက် top15 ထဲမပါတာ ဖြစ်တတ်ပေမဲ့ ကျမကတော့ မကျေနပ်ပါဘူး။ သူတို့ ပိုက်ဆံပြန်ရမဲ့ Show ပွဲတွေ၊ MTVတွေ၊ special eventတွေ၊ ကြော်ငြာတွေမှာ Paulina ကို ယူသုံးပြီး ဒီလို လုပ်ပစ်လိုက်တာ တော်တော် အမြင်ကပ်ဖို့ ကောင်းပါတယ်။  ပြင်သစ်အလှမယ် Hinaraniကိုလည်း အရမ်း ကြိုက်ပါတယ်။ ဒါပေမဲ့ သူ ... semi final မှာ မပါတာကို လက်ခံပေးလို့ ရပါတယ်။ Hinarani ဟာ လူနည်းနည်း ကြောက်ပါတယ်။ stage performance လည်း မကောင်းပါဘူး။ သို့သော်လည်း.. Paulina မပါတာကိုတော့ တော်တော် လက်မခံနိုင်ပါဘူး။ Paulina ဟာ Preliminary night မှာ ရေကူးအကျီ င်္ ကို one-piece ကို ရွေးလိုက်တာရယ်၊ သူ့ evening gownက သိပ် impressive မဖြစ်တာကလွဲရင် performanceကောင်းပါတယ်။ အလှမယ် ပြိုင်ပွဲမှာ အလှမယ်လို catwalk မလျှောက်ဘဲ တစ်ကိုယ်လုံးကို  တီကောင်တွန့်သလို တွန့်လိမ်ပြီး လျှောက်တဲ့ နီကာရာဂွါအလှမယ်ထက် အများကြီး သာတယ် ထင်မိပါတယ်။ နောက်ပြီး Miss Boliviaတစ်ယောက် top15မပါလာတာလည်း စိတ်မကောင်းပါဘူး။  =(

ဆုရသွားတဲ့ Miss Venezuelaဟာ တကယ်တော့ front runnerပါ။ ဒါပေမဲ့ Heavy Favorite တော့ မဟုတ်ပါဘူး။ ကျမ ကိုယ်တိုင်လည်း သူ့ကို မကြိုက်ခဲ့ပါဘူး။သူ့ကို top15 တော့ အသာလေးဝင်မယ် ထင်ခဲ့မိပေမဲ့ Miss Universeဆုကို သူရသွားမယ်လို့ မထင်ခဲ့မိတာ အမှန်ပါ။ ဓါတ်ပုံတွေထဲမှာလည်း ပုံတော်တော်များများ ( အထူးသဖြင့် snap shot)တွေမှာ အသက်ကြီးတဲ့ပုံ ပေါက်ပါတယ်။ natural beautyလည်း မရှိပါဘူး။ သို့သော်လည်း သူက ကိုယ်လုံးရော၊ အရပ်ပါ ရှိပါတယ်။ အရည်အချင်းလည်း ရှိပါတယ်။ stage performace လည်း ကောင်းပါတယ်။ တကယ်ကို well-prepared နဲ့ well-trainedပါ။ confidence လည်း ရှိပါတယ်။ သူ့ရဲ့ လှတဲ့ angle တွေကိုလည်း သိပါတယ်။ Pose ပေးတိုင်း လှနေတာကြီးပါပဲ။ နောက်ဆုံး Q&Aမှာလည်း အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းကောင်းမွန်မွန် ဖြေပါတယ်။ ဒီတော့လည်း သူ့ကို သိပ်မကြိုက်ပေမဲ့လည်း သူနဲ့ ထိုက်တန်တယ်လို့ပဲ ဆိုချင်ပါတယ်။ ဒါပေမဲ့ စပိန်နဲ့ ဘရာဇီးသာ ဆုရသွားခဲ့ရင်တော့ ပိုပျော်မိမှာပါ။ :)

MU2013 with the Judges

Wearing Yamamay SS which costs 1 Million Dollars

Patricia ( Miss Spain) ဟာ Gabriela ထက် ပိုပြီး လူကြိုက်များပြီး သရဖူရဖို့ လူတော်တော်များများ တစ်ကြိုပေးကြတဲ့ မယ်ပါ။ သူမ အသက်(၁၇)နှစ်မှာ Miss World 2008 မှာ ဝင်ပြိုင်ဖူးပြီး top16 ဝင်ခဲ့ပါတယ်။ အစကတော့ သူ့ကို သိပ်မကြိုက်ပါဘူး။ ဒါပေမဲ့ သူက final night, evening gown session မှာ အရမ်းကို လှနေပါတယ်။ ဗီနီဇွဲလားနဲ့ယှဉ်ရင် ပိုပြီး natural ကျပါတယ်။ မယ်စကြာဝဠာဘွဲ့နဲ့လည်း ပို သင့်တော်တယ် ထင်ပါတယ်။ ကိုယ်သာ ဒိုင်ဆိုရင်တော့ စပိန်ကို ပေးမှာ။ :P ဒါပေမဲ့ Patriciaဟာ Gabrielaလောက်တော့ မတည်ငြိမ်ဘူး၊ smart မဖြစ်ဘူးလို့တော့ ပြောလို့ရပါတယ်။ ဆုကြေငြာခါနီးတော့ သူ... တော်တော်လေးကို စိတ်လှုပ်ရှားနေတာပါ။ နှစ်ယောက်လုံးက အင်္ဂလိပ်စကား မကျွမ်းကြတာရော.. စိတ်လှုပ်ရှားနေကြတာရော.. ဆုကြေငြာတာကလည်း နည်းနည်း confused ဖြစ်ချင်စရာ ကောင်းတာကြောင့်ပါ .. ဆုလည်း ကြေငြာပြီးရော နှစ်ယောက်လုံး အူကြောင်ကြောင် ဖြစ်နေကြပါတယ်။ Gabrielaက Patriciaကို congratulateတောင် လုပ်လိုက်ပါသေးတယ်။ Patricia ကလည်း အဲ့ဒါကို မှားနေတယ် ထင်နေပုံပါပဲ။ နောက်ဆုံး Olivia က Gabriela ကို သရဖူလာဆောင်းပေးမှပဲ Gabriela ထခုန်တော့ပါတယ်။ Cute scene, haha. :P






4th runner up ဖြစ်တဲ့ ဘရာဇီး အလှမယ် Jakelynကိုလည်း သဘောကျပါတယ်။ သူဟာ ကျမရဲ့
fav listထဲ မပါပေမဲ့ အရည်အချင်း ရှိပါတယ်။ လှလည်းလှပါတယ်။ အရင် ပို့(စ်)မှာလည်း ပြောဖူးပါတယ်။ သူ.. top15ထဲ ဝင်ဖို့ပဲလိုတာပါ။ top5ကို သူ့အရည်အချင်းနဲ့သူ အေးအေးဆေးဆေး တက်သွားမှာပါလို့.. ^^


Miss Ecuadorနဲ့ Miss Philippinesကိုတော့ လုံးဝ မကြိုက်ပါဘူး။ အီကွေဒေါအလှမယ်ကို ပွဲမစခင်ကတည်းက လူတွေ စိတ်ဝင်စားကြ၊ အမှတ်တွေ ပေးကြပေမဲ့  ကျမကတော့ သိပ်မကြိုက်ပါဘူး။ ကိုယ်လုံးကတော့ Latnia ပီသစွာ အရမ်း လှပြီး ကျစ်လစ်ပါတယ်။  ပေါင်တော့ နည်းနည်း တုတ်သလိုပါပဲ။ မျက်နှာလည်း လှတော့လှပါတယ်။ ကိုယ့်အကြိုက်တော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူနဲ့ ထိုက်တန်လို့ ရတယ်ပဲ ယူဆပါတယ်။


ဒါပေမဲ့ ဖိလစ်ပိုင်အလှမယ် top5ထဲပါလာတာတော့ သိပ်မကြိုက်ပါဘူး။ တကယ်တော့ Ariadaဟာ ပြိုင်ပွဲ မစခင်ကတည်းက front runnerပါ။ ကျမကိုယ်တိုင်လည်း ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲစတော့ သူ့ကို မကြိုက်တော့ပါဘူး။ ပွဲစီစဉ်သူတွေ၊ ဒိုင်တွေကတော့ သူ့ကို သဘောကျကြပါတယ်။ ပွဲတိုင်းလိုလို၊ နေရာတိုင်းလိုလိုမှာ သူအရွေးခံရပါတယ်။ ဘာပဲဖြစ်ဖြစ်... သူဟာ နည်းနည်းတော့ dull ဖြစ်တယ်လို့ ခံစားရပါတယ်။ သူ့ရဲ့ Truth & Dare video မှာ တော်တော်ကို သိသာပါတယ်။

တခြားဆုရတဲ့သူတွေထဲမှာတော့ Great Britain (my fav), Puerto Rico, Dominican Republic (my fav), Indonesia (my fav), Ukraine (my fav), Switzerlandနဲ့ USAတို့က အလှမယ်တွေကို သဘောကျပါတယ်။ တကယ်တော့ ဆွစ်အလှမယ်ကို ကြိုက်ပါတယ်။ sweet ဖြစ်လို့ပါ။ သူ့ Truth & Dare videoမှာလည်း သဘာဝကျကျလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ပေါင်နည်းနည်း တုတ်နေလို့ သူ .. top 15 ပါမယ် တော့ မထင်ခဲ့မိပါဘူး။ Final nightမှာ Amy Wlillerton (GB)တစ်ယောက် evenig gown လဲလိုက်တာ သဘောကျမိပါတယ်။ PCမှာတုန်းက သူ့ဂါဝန်ကြီးကလေးနေပြီး သူကောင်းကောင်း လမ်းလျှောက်လို့ မရဘူး။
Swiss Beauty, Dominique Rinderknecht
I'm happy that Amy changed the gown

ဆုရတဲ့သူတွေအကြောင်း ပြောပြီးပြီဆိုတော့... official online voting အကြောင်း နည်းနည်း ပြောချင်ပါတယ်။  ဒီ online voting system (top16 = top15 + Internet Vote) စကတည်းက online vote ကို ဘယ်သူက ဘယ်နှစ်မဲနဲ့ ဆုရသွားပါတယ်လို့ Miss Universe Org က မကြေငြာဖူးပါဘူး။ အဲ့လို ကြေငြာတဲ့ထုံးစံ ရှိကိုမရှိတာပါ။ (မြန်မာတစ်ချို့က ဒီကိစ္စကို ကွန်ပလိန်းလုပ်နေကြတာကိုတွေ့လို့ ပြောပြတာပါ။ MU orgက ဘယ်သူက online vote winner လို့ပဲ ကြေငြာတာပါ။ နှစ်တိုင်း အဲ့လိုပါပဲ။ နောက်ပြီး MU org က မဲကို မတရားနည်းနဲ့ ပေးတာအပေါ်မှာ concern အရမ်းရှိပါတယ်။ မဲပေးရတဲ့အဆင့်တွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာတာကို ကြည့်ရင် သိသာပါတယ်။ နောက်တစ်ခုက MU orgက online voting system စကတည်းက "Vote" ဆိုတာရဲ့ရှေ့ မှာ "Elligible" ဆိုတဲ့ စကားလုံးကို ထည့်ပြောပါတယ်။ online voteကို (၂၀၁၁)တုန်းက ပေါ်တူဂီမယ်၊ (၂၀၁၂)မှာ တာကီမယ်တို့က ရသွားပါ။ ပရိသတ်တအားများပြီး vote တဲ့နေရာမှာ နာမည်ကြီးတဲ့ နိုင်ငံတွေက ရခဲ့တာ မဟုတ်ပါဘူး။ တကယ်လို့များ vote အများကြီးရတဲ့ မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံနှစ်ခုက တစ်နိုင်ငံကို ရွေးရမယ်ဆိုရင် သူတို့ ဖိလစ်ပို်င်ကိုပဲ ရွေးမှာပါ။ Ariadaဘယ်လောက်ပဲ dullဖြစ်တယ်ပြောပြော မြန်မာအလှမယ်ထက်တော့ အတွေ့အကြုံရှိပါတယ်။ performanceလည်း သာပါတယ်။ သူ.. Tony Ward Fashion Show မှာ လမ်းလျှောက်တာနဲ့ မိုးစက်ဝိုင် Yamamay swimsuite show မှာ လမ်းလျှောက်တာကိုပဲ ကြည့်ကြည့်၊ PC မှာ သူတို့ပြိုင်ခဲ့တဲ့ performance ကိုပဲ ကြည့်ကြည့် သိသာပါတယ်။ :)

{ ဒီလိုပြောလို့ စိတ်တိုစရာ၊ နာစရာမရှိပါဘူး။ ကိုယ်တွေက အခုမှ ပြန်စတာပါ။ အခုစ.. အခုပဲ အားလုံး perfect ဖြစ်၊ အခုပဲ ဆုတွေရဆိုတာမျိုးက မလွယ်ပါဘူး။ တဖြေးဖြေးနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာဖို့၊ ပိုတိုးတက်လာဖို့ပဲ လိုတာပါ။ ကိုယ်ဆုမရလို့ ရှုံးမဲလည်း မဲစရာ မလိုပါဘူး။ ပြိုင်ပွဲမှာ အနိုင်ဆိုတာ ရှိသလို၊ အရှုံးဆိုတာလည်း ရှိမှာပါပဲ။ အရေးကြီးတာက ကိုယ်အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့တယ်၊ ဒီပြိုင်ပွဲကနေ အတွေ့အကြုံ ရခဲ့တယ်လို့ပဲ တွေးတတ်ဖို့လိုပါတယ်။ (၅၃)နှစ်ကြာမှ ပြိုင်ပွဲဝင်ခဲ့တဲ့ မြန်မာအနေနဲ့ ဒီလောက်အထိ ဖြစ်ခဲ့တယ်။ တခြားမယ်တစ်ချို့နဲ့ယှဉ်ရင် ကိုယ့်မယ်ကို လူတွေ အများကြီး သတိထားမိခဲ့တယ်ဆိုတာမျိုးတွေးပြီး ကျေနပ်နှစ်သိမ့်လို့ရပါတယ်။ ပြောရရင် ကိုယ့်မယ်မှာလည်း လိုအပ်ချက်တွေရှိတာ မှန်ကန်တဲ့အမြင်နဲ့ ကြည့်ရင် မြင်နိုင်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာမယ်တွေ international pageantry လောကထဲ ပြန်ဝင်လာတာကို သဘောကျမိပါတယ်။ ဒါပေမဲ့ ဒီ Miss Myanmar Universe ကိစ္စမှာတော့ တော်တော် စိတ်ပျက်မိပါတယ်။ သူ့ fanတွေကလည်း လိုတာထက်ပိုပြီး မြင်မကောင်းအောင် လျှောက်ရေး။ သူ့ haterတွေကလည်း အလွန်အကျူး မြင်မကောင်းအောင် troll လုပ်။ တော်တော် စိတ်ပျက်စရာ ကောင်းပါတယ်။ 

haterတွေအနေနဲ့လည်း မကူညီချင်နေ၊ မနှောင့်ယှက်သင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူဟာ Miss Myanmar ပါ။ သူ့ဘာသာသူ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘာဘာသာပဲကိုးကွယ်ကိုးကွယ် မြန်မာပြည်မှာမွေးတာပဲဟာ။ မြန်မာနိုင်ငံသားပဲဟာ။ သူ့မှာ ပြင်ဆင်ချိန်နည်းတယ်ဆိုတာလည်း သိနေကြတာပဲ။ ဘာမှ အလွန်အကျူး လိုက် ပြောနေ၊ လိုက် fight နေစရာ မလိုဘူး ထင်ပါတယ်။

မိုးစက်ဝိုင်ပရိသတ်တစ်ချို့ အနေနဲ့လည်း haters gonna hate လို့ တွေးလိုက်ရင် ရပါတယ်။ ရန်ပြန်ဖြစ်နေကြဖို့မလိုပါဘူး။ နောက်တစ်ခုက... ဆုရသွားတဲ့သူတွေကို ဟာသလုပ်တာ၊ လှောင်တာတွေကို မြင်ရတာလည်း စိတ်ပျက်ဖို့ကောင်းပါတယ်။ ဖိလစ်ပိုင်ပရိသတ်တွေကို မုန်းတာနဲ့... ဖိလစ်ပိုင်မယ်ဆုရတာနဲ့ ဖိလစ်ပိုင်လူမျိုးတွေ သဘာဝဘေးဒုက္ခရောက်တာ၊ သေကြေပျက်ဆီးကြတာကို ဝမ်းသာအားရ ဖြစ်စရာမလိုပါဘူး။ National Costume မှာဆုရသွားတဲ့ နီကာရာဂွါမယ် ကွနေတဲ့အချိန်မှာ အရိုက်ခံလိုက်ရတဲ့ ဓါတ်ပုံကြီးတင်ပြီး ဟာသ လုပ်နေကြတာကိုလည်း အံ့သြမိပါတယ်။ FB မှာ သူများတင်ထားတဲ့ပုံကို ကြည့်ပြီး ဟာသ လုပ်နေစရာ မလိုပါဘူး။ googleလုပ်လိုက်ရင် သူ့ရဲ့  တခြားကောင်းတဲ့ပို့(စ်)တွေနဲ့ပုံတွေ ထွက်လာပါလိမ့်မယ်။ ဒီအကျီ င်္အတွက် ငှက်ဘယ်နှစ်ကောင်တောင် သေသွားပြီလဲ မသိဘူးဆိုပြီး အပြစ်ပြောနေစရာလည်း မလိုပါဘူး။ (တကယ်လည်း ငှက်တွေသေလို့ စိတ်မကောင်းဖြစ်နေတာ မဟုတ်ဘဲနဲ့...) 

ပြောရမယ်ဆိုရင် မိုးစက်ဝိုင်ပရိသတ်တော်တော်များများလည်း တကယ် အရေးမကြီးတဲ့ နေရာတွေမှာ အသေတွေ vote နေခဲ့ကြတာပဲဟာ။ ပရိသတ်တွေကိုယ်တိုင်ရော၊ Miss Universe Myanmar orgရော၊ မိုးစက်ဝိုင်ကိုယ်တိုင်တောင် တကယ်အရေးကြီးတာ missuniverse websiteနဲ့ telemundo မှာပေးရမှာဆိုတာ နောက်မှ သိတာပဲ မဟုတ်လား။ မိုးစက်ဝိုင်ကိုယ်တိုင်လည်း ငယ်ငယ်လေးကတည်းက စိတ်ဝင်စားခဲ့တဲ့၊ ကြည့်ခဲ့တဲ့ မယ်စကြာဝဠာပြိုင်ပွဲပါ။ အဲ့ဒါကြောင့် ဝင်ပြိုင်တာပါလို့ ပြောခဲ့ပြီး ပြိုင်ပွဲမှာ ဘာ.. special award တွေရှိတယ်ဆိုတာ သေချာမသိပါဘူးလို့ VOA interview မှာပြောတာမျိုးက မဖြစ်သင့်ဘူး လို့ ထင်ပါတယ်။

Don't get mad at me for saying these, I'm just sharing my piece of thoughts here. If you want to discuss, say it in the positive way with reasonable point of view. If not, I will ignore you guys. Thanks. }

+ + + + + + + + + +

This post ends here. Thank you for reading this post. I hope you enjoy reading it.
witch83 (15/11/2013; 4:07PM; GMT+8)

References
1. http://www.missuniverse.com
2. http://en.wikipedia.org/wiki/Miss_Universe_2013
3. The Universal Beauty Council
4. Global Beauties
5. Beauty Pageant Grand Slam

2 comments:

  1. review ကို ရှုဒေါင့်အစုံကနေ ရေးထားတာ ဖတ်လို့ကောင်းတယ်။ အရင်နှစ်က ဗင်နီဇွဲလားမယ်လေးကတောင် ပိုချစ်စရာကောင်းတယ်နော်။ ဖိလစ်ပိုင်မယ်ကို သဉ္ဇာလည်းမကြိုက်ဘူး။ Miss un-photogenic ဆုပေးရင် ဖိလစ်ပိုင်မယ်ရသင့်တယ်၊ ဓါတ်ပုံ၁၀ပုံရိုက်ရင် ရုပ်က၁၀မျိုးထွက်နေတယ်။ အစ်မပြောတာမှန်တယ်။ မြန်မာပရိသတ်တွေ ကြာရင် ဖိလစ်ပင်းပရိသတ်တွေလို လူချဉ်ဖတ် ဖြစ်သွားမှာ စိုးရိမ်မိတယ်။ ဓါတ်ပုံတွေအောက်မှာ ကောမန့်တွေ လျှောက်လျှောက်လိုက်ရေးကြတာ။ မိုးစက်ဝိုင်ရဲ့ national costume တွေ evening gown တွေသိပ်မလှဘူးနော်။ သေချာပြင်ဆင်ဖို့ အချိန်မရလိုက်လို့လားမသိဘူး။ ထားထက်ထက် ရဲ့ ဝတ်စုံလေးတွေကိုတော့ သဘောကျတယ်။ သူ့ဒီဇိုင်နာမိုက်တယ်။ ကောမန့်ပေးတာ တောင်ရောက်မြောက်ရောက်တွေ ဖြစ်ကုန်ပြီ :)

    ReplyDelete
    Replies
    1. စာလာဖတ်ပြီး တကူးတက ဝင်ဆွေးနွေးသွားလို့ ကျေးဇူး အများကြီး တင်ပါတယ် sis ရေ... link လည်း ချိတ်ထားလိုက်တယ်နော်။း) အမအမြင်တော့ ထားထက်ထက်ရဲ့ Miss Golden Land Myanmar Org က တော်တော်လေးကို အထောက်အကူ ပြုပါတယ်။ သေချာ လိုက်လုပ်ပေးတယ်။ အဝတ်အစားဒီဇိုင်းကိုလည်း အရင် research လုပ်ပြီးမှ ချုပ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖတ်ရပါတယ်။ မြန်မာပရိသတ်တွေ ... သူများမယ်တွေကို အနှောင့်အယှက်မပေးပဲ ကိုယ့်မယ်ကို နည်းမှန်လမ်းမှန်နဲ့ အထောက်အကူပြုနိုင်ကြပါစေလို့ပဲ ဆုတောင်းပါတယ်။

      Delete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer