" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 25, 2011

တယ်လီဖုန်း


"ချစ်တယ်"လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့ မရဘူး။ ။

ငါတို့ ဘာလို့ အငြင်းပွားနေကြရတာလဲ
(တစ်ယောက်ကို တစ်ယောက်)နားမလည်တာလည်း မဟုတ်ဘဲနဲ့။ ။

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် သံသယတွေ
ဖြစ်နေကြတာလဲ..
"ယုံကြည်ပါ"လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့နဲ့။ ။

ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
ဒေါသတွေ ဖြစ်နေကြတာလဲ..
တို့နှစ်ယောက်ရဲ့အချစ်ဟာ ကျိုးလွယ်ပဲ့လွယ်တာလည်း
မဟုတ်ဘဲနဲ့ကွယ် ။ ။

ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့် အကဲခတ်နေကြပုံမျိုး။
ဒါ... စစ်တုရင်ထိုးနေကြတာလည်း မဟုတ်ဘဲနဲ့ကွယ်။ ။

မင်းငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပါ။
ငါ.. လွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောမယ်။ ။

"ချစ်တယ်"ဆိုတဲ့ စကားတစ်လုံးကို မကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ...
မင်းက စကားမပြောဘဲ ပိတ်ထားရင်
ဘာမှ အသုံးမဝင်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလည်း။ ။

မင်းခိုက်စိုးစန်

5 comments:

  1. ကလင် ကလင် ... တီ တီ တီ ...
    ဒါပဲနော် ကလောက်း)
    အဲ လွမ်းတယ်ပြောဖို့ မေ့သွားတယ်။
    စာတွေရေးပါဦး မမမေရေ။

    ReplyDelete
  2. may oo..i like this poem much...

    ReplyDelete
  3. အလည်လာသွားပါတယ် ကျွန်တော့်ဖုန်းကတော့ အဝင်လည်းမရှိ အထွက်လည်းမရှိပဲ ဖုန်တက်သွားရှာပြီ ဟားဟားဟားဟား

    chocothazin >> မောင်ဆောင်းလောက် လေရှည်တာ မောင်ဆောင်းပဲရှိတယ် ဂလောက်လို့ဖုန်းချလို့ မဖြစ်နိုင်လောက်ဘူး :P

    ReplyDelete
  4. ချစ်တယ်လို့ ခဏခဏ ပြောနေရင် ကြားကပဲ....ကိုယ်မဟုတ်တဲ့ နောက်တစ်ယောက်နဲ့ လက်ထပ်သွားလေရဲ့လေ။

    ReplyDelete
  5. ကောင်းလိုက်တဲ့ကဗျာလေး

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer