" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label တွေးစရာလေးတွေ. Show all posts
Showing posts with label တွေးစရာလေးတွေ. Show all posts

November 24, 2013

သားသမီးကို ပြုစုပျိုးထောင်ခြင်းဆိုရာဝယ်

မျက်နှာစာအုပ်ပေါ်မှာ ကိုမျိုးဇေယျာဦးရေးထားတဲ့ စတေးတပ်(စ်)ကို သဘောကျနှစ်သက်မိလို့ ကိုယ်တိုင်လည်း ဖတ်ချင်တဲ့အခါ ပြန်ဖတ်ရအောင်နဲ့၊ စာလာဖတ်တဲ့ သူငယ်ချင်းတွေကိုလည်း ပြန်လည်ဝေမျှချင်တာကြောင့် ဒီနေရာမှာ ပြန်လည်ကူးယူ ဖော်ပြလိုက်ပါတယ်။ ခေါင်းစဉ်ကိုတော့ အဆင်ပြေမယ်ထင်တာ ရွေးလိုက်ပါတယ်။ ဓါတ်ပုံကတော့ ကိုယ်သဘောကျလို့ စုထားတဲ့ပုံတွေထဲက အုပ်စုပုံ(၃)ပုံကို collage လုပ်ပြီး သုံးထားတာပါ။
+++++++++++++++++++++++++++++++++++++++++++++


ကျွန်တော် အသက် ၂၀ လောက်မှာ အိမ်ပေါ်ကဆင်းတော့ ရရာအလုပ်ရှာရင်း ဟောတယ်တစ်ခုမှာ Bell Boy ဝင်လုပ်ရတယ်။ ဒါကို အမေက သိတော့ ကျွန်တော်နေတဲ့ နေရာကို မြန်မာကားတွေထဲက သူဌေးမကြီးစတိုင်လ်နဲ့ ပိုက်စံအိပ်ကြီးကိုင်ပြီး ကားပေါ်ကဆင်းလာတယ်။ နောက် စိတ်လျှော့ပြီး အိမ်ပြန်လာဖို့ ခေါ်တယ်။ မလိုက်မှန်းသိတော့ သုံးဖို့ဆွဲဖို့ဆိုပြီး ပိုက်စံ အထပ်လိုက်လာပေးတယ်။ ပြီးတော့ ပင်ပင်ပန်းပန်း ဘာအလုပ်မှ မလုပ်ပါနဲ့ သားရယ်တယ်။ မင်းအဖေရော၊ အမေရော ငုတ်တုတ်ရှိနေရဲ့သားနဲ့ အမေ့သား အဲလို အောက်ကျနောက်ကျ အလုပ်တွေ လုပ်နေရတာ အမေ မကြည့်ရက်လို့ ဆိုပြီး မျက်ရည်စမ်းစမ်းနဲ့ ပြောရှာပါတယ်။ အဲဒီမှာ ကျွန်တော် အမေပြောပြောနေတဲ့ စကားတခွန်းကို သွားသတိရတယ်။ "မင်းက ငါ့ဗိုက်ထဲကို မှားပြီးရောက်လာတာ" တဲ့။ အမေကဒေါသထွက်လို့ ဒီစကားကို ပြောပေမဲ့ ကျွန်တော်က ဝမ်းနည်းတာတို့ စိတ်မကောင်းဖြစ်တာတို့ မရှိပါဘူး။ သူပြောနေတာ အမှန်ကြီးပဲကိုး။ မိဘတွေက သူတို့ သားသမီးကို ဖြစ်စေချင်တဲ့ ပုံစံရှိသလို သားသမီးတွေမှာလည်း သူတို့ မိဘကို သူတို့ ဖြစ်စေချင်တဲ့ ပုံစံဆိုတာရှိတယ်။ ဘယ်သူ့ဘယ်သူကမှ ရွေးချယ်ပိုင်ခွင့်မရှိပဲနဲ့ ဖြစ်နေကြတာ။ ကျွန်တော်ကလည်း အခုလို ကိုယ့်သားအလုပ်လုပ်တာကို ကြည့်ပြီး မျက်ရည်စမ်းစမ်းနဲ့ မလုပ်ပါနဲ့လို့ တားတဲ့ အမေမျိုးကို လိုချင်တာမဟုတ်ဘူး။ အခုလိုမျိုး ကိုယ့်သားက ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်တာဝန်ယူရဲပြီး ကိုယ့်ဘဝကိုရ်ကျောင်းဖို့ သမာအာဇီဝ အလုပ်ကို လုပ်တာ အားပေးတဲ့ အမေမျိုးပဲလိုချင် ခဲ့တာ။ အမေ့ကို ဒေါသလည်းထွက်နေတော့ တော်တော်ပြောပလိုက်တယ်။ အမေဟာ ဘွဲ့ရတစ်ယောက်ဖြစ်ပြီး အတွေးအခေါ်မရှိဘူးလို့။ အမေက မိဘမေတ္တာဆိုတာ တစ်ခုတည်းကြည့်ပြီး သမာအာဇီဝလုပ်စားပြီး ဘဝကို ထူထောင်မဲ့ သားတယောက်ရဲ့ ဘဝကို အားပေးရမဲ့အစား လာဖျက်ဆီးနေတယ်ဆိုတာ မသိဘူးလို့။ နောက်ဆုံးတော့ အမေလည်း စိတ်မကောင်း၊ ကျွန်တော်လည်း စိတ်မကောင်းနဲ့ ကျွန်တော်တို့ သားအမိက ထုံးစံအတိုင်း ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ကြတာပါပဲ။ ကျွန်တော်လည် အဲအလုပ်ကလေးကနေ ဌာနတွေ ဘာတွေပြောင်း၊ အလုပ်တွေ ဘာတွေပြောင်းနဲ့ ဘွဲ့တစ်ခုရခဲ့တယ်။ အမေကလည်း ကြုံရင်ကြုံသလို ဝင်လာပြီး ကျွန်တော်အိမ်မှာ မရှိတဲ့ အတွက် မိဘတွေ ဘယ်လို စိတ်ဆင်းရဲရတယ်၊ လွမ်းဆွေးရတယ်ဆိုတာတွေ လာပြောတတ်တယ်။ (အိမ်မှာရှိတုန်းကလည်း စိတ်ဆင်းရဲရတယ်လို့လည်း အမေက ခဏခဏပြောတတ်တယ်။)

ယူကေကို ရောက်ပြီးတော့ ဒီနိုင်ငံက မိဘတွေကို ကြည့်ပြီး အမေပြောတဲ့ "မင်းက ငါ့ဗိုက်ထဲကို မှားပြီးရောက်လာတာ"ဆိုတဲ့ စကားကို ပိုပြီး သဘောကျလာတယ်။ ဒီနိုင်ငံက မိဘတွေကို သတိထားကြည့်မိတာက အများစုက သူတို့ သားသမီးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင်၊ အရာရာကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်တတ်အောင် သင်ပေးကြတယ်။ ဒီမှာဆို ၁ နှစ်၊ ၂ နှစ် ကလေးတွေကို စားစရာပန်းကန်ရှေ့မှာ ကော်ဇွန်း (ကလေးဇွန်း) တစ်ချောင်းနဲ့ ဆော့နေ၊ ဒါမှမဟုတ် စားနေတာတွေ တွေ့ရလေ့ရှိတယ်။ ညစ်ပတ်ပေရေနေလည်း မိဘက ခဏနေ ရှင်းပေးလိုက်တာပဲ။ သိပ်မကြာခင်မှာ ဒီကလေးက ကိုယ့်ဘာသာ ကိုယ်စားတတ်သွားတယ်။ ကျွန်တော်တို့ဆီမှာလို ၅ နှစ် ၆ နှစ်လောက်အထိ မိဘ ဒါမှမဟုတ် တစ်ယောက်ယောက်က ခွံ့ကျွေးတာတွေ တွေ့ရခဲတယ်။ နဲနဲ အရွယ်ရောက်လာပြီဆို ကိုယ့်ဘာသာကိုယ် ခူးခပ်စားရတယ်။ ကိုယ့်ပန်းကန် ကိုယ်ဆေးရတယ်။ ကျွန်တော်တို့တွေဆို ငယ်ငယ်ထဲက အိမ်မှာ ကူဖော်လောင်ဖက်တွေနဲ့ နေခဲ့ရတော့ ကိုယ့်ပန်းကန် ကိုယ်ဆေးတာတောင် မိဘအိမ်ကဆင်းမှ စဆေးဖြစ်တယ်။ အဲဒီတော့ အခုထိ ပန်းကန်ဆေးရမှာ ပျင်းတုန်း။ မိဘက ကိုယ့်ပန်းကန် ကိုယ်ဆေးအောင် သင်ပေးတယ်။ ကျွန်တော်တို့ကလည်း အပျင်းကြီးတယ်။ ဘေးမှာ လုပ်ပေးမဲ့ သူတွေကလည်း အဆင်သင့်။ (အဒေါ်တွေ၊ အမဝမ်းကွဲတွေဆို ကြီးတဲ့အထိ ကိုယ်တွေစားပြီးပြီ ဆိုတာနဲ့ ပန်းကန်ကို ယူဆေးလိုက်ပြီ။) မိဘကလည်း ဒီလိုမျိုးကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ပေးဖို့ဆိုတာ၊ တခြား ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးပွါးရေးတွေလောက် အရေးမကြီးဘူးလို့ ထင်ထားတာလည်း ပါရင် ပါမှာပေါ့။ ဘာပဲပြောပြော ဒီဘက်က ကလေးအတော်များများက ကိုယ့်စားပြီးတဲ့ ပန်းကန်ကို ကိုယ်ဆေးရမဲ့ဆိုတာကို နားလည်ပြီး ကြီးပြင်းခဲ့ကြတယ်။ ကျွန်တော်တို့ကတော့ စားပြီးနားမလည်တွေ အဖြစ်နဲ့ ကြီးပျင်းဖို့ဘက်ကို အလေးသာခဲ့ကြတယ်။

 နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ပေးတာပဲ။ မိဘက တတ်နိုင်ရင် တတ်နိုင်သလို၊ ကိုယ့်သားသမီးကို ငယ်ငယ်ထဲက ကုတင် ဒါမှမဟုတ် အခန်းခွဲအိပ်စေတယ်။ ၆ လ၊ ၁ နှစ်အရွယ်လေးတွေကိုဆို ကလေးငိုသံကြားရအောင် အခန်းထဲမှာ ဝေါ်ကီတော်ကီလို စက်ကလေး တစ်လုံးထားပေးထားပြီး ကလေး ငိုသံကြားမှ မိဘက ဘာဖြစ်လဲ ဝင်ကြည့်တယ်။ ကလေးတွေက ငယ်ငယ်ထဲက အခုလို တစ်ယောက်ထဲနေရတော့ အလကားနေ အလကား ကြောက်စိတ်မဝင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု confidence ပိုရှိလာတယ်လို့ ထင်တယ်။ ကျွန်တော်တို့ မြန်မာကလေးတွေလို သရဲတွေ၊ ဘာတွေ ကြောက်တာပြုတာ အရမ်းနည်းသွားတယ်။ ကျွန်တော်တို့က ညီအကို ၃ ယောက်ဆိုတော့ သိတတ်စအရွယ်ထဲက အဖေ၊ အမေနဲ့ မအိပ်ခဲ့ရတာ တော်တော်ကံကောင်းတယ်။ မိဘကလည်း အစဉ်ပြေတော့ ကိုယ့်အခန်းနဲ့ကိုယ် နေလာခဲ့ရတယ်။ အဲဒီတော့ သရဲ ကြောတ်တာတို့ဘာတို့က လူပျိုပေါက်အရွယ်လောက်မှာ ပျောက်သွားတယ်။ ပြီးတော့ ဒီမှာ ကလေးတွေ မေးတာတွေကို လူကြီးအများစုက စိတ်ရှည်ရှည်နဲ့ ဖြေပေးလေ့ရှိကြတယ်။ လွယ်လွယ်နဲ့ ပြီးရောဆိုပြီး လုပ်ဇာတ်တွေ သိပ်မပြောကြတော့ဘူး။ ကလေးတွေ မသိသင့်သေးတဲ့ ကိစ္စဆိုရင်တောင် ဒီအရွယ်မှာ မသိသင့်သေးတဲ့ အကြောင်းရှင်းပြတယ်။ ကလေးတွေကို ငယ်ငယ်ထဲက သိသင့်၊ သိထိုက်တာကို စိတ်ရှည်လက်ရှည် ရှင်းပြတော့ ကလေးတွေမှာ အသိဉာဏ်တိုးတယ်။ ပညာရေး၊ ဘာသာရေးကလွဲပြီး ကျန်တာတွေ ကလေးသူငယ်တွေ စိတ်မဝင်စားသင့်ဘူးလို့ မလုပ်ကြဘူး။ ကျွန်တော်တို့ ငယ်ငယ်ကဆို သိချင်တာတွေမေးမိလို့ လူကြီးတွေက မဖြေနိုင်ရင်၊ ဒါမှမဟုတ် မဖြေချင်ရင် "ကလေး၊ ကလေးလို မနေဘူး"တို့ ဘာတို့ အပြောခံရတယ်။ ဒီမှာလည်း ဒီလိုပြောတဲ့ သူတွေရှိတော့ ရှိနေသေးပါတယ်။ ဒါပေမဲ့ နည်းသွားပြီ။ ကလေးတွေက သိသင့်တာတွေ သိရပြီး၊ သူတို့ကို လူတွေက နှိမ်မထားတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာကြတယ်။ အဲဒီအတွက် ဆိုးကြိုးတချို့လည်း ရှိပါတယ်။ over confidence ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်ပြီး တလွဲတွေကို ဘယ်သူ့မှ ဂရုမဆိုက်ပဲ လုပ်ပြစ်တာတွေ။ အမှန်တော့ ဒီလို့ ဘဝင်တွေက လူ့အဖွဲ့အစည်းတိုင်းမှာ ပုံစံမျိုးစုံနဲ့ ရှိနေတတ်ပါတယ်။

အရေးအကြီးဆုံးလို့ ကျွန်တော်ထင်တာကတော့ အရာရာကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်တတ်အောင် သင်ပေးတာပဲ။ မုန့်ဆိုင်တွေမှာ၊ စတိုးဆိုင်တွေမှာ ကလေးနဲ့ ဝယ်နေတဲ့ မိဘတွေဆို ကိုယ့်ကလေး ဘာစားချင်လဲ၊ ဘာဝယ်ချင်လည်းကို စိတ်ရှည်လက်ရှည်နဲ့ မေးတယ်။ ကလေးလိုချင်တာက သူတို့အတွက် ဒုက္ခမဖြစ်စေဘူးဆိုရင် ကိုယ်ကောင်းမယ်ထင်တာထက် သူတို့လိုချင်တာကို ပိုပြီး ဦးစားပေးတယ်။ ဥပမာ ကလေးကို ရေခဲမုန့်ဝယ်ကျွေးတယ်ဆိုပါစို့။ ကလေးက vanilla စားမလား၊ chocolate စားမလားကို သူ့ဘာသာ သူရွေးစေတယ်။ အဝတ်အစားဝယ်ရင် သူတို့ဘယ်အရောင်ကြိုက်လည်းက အစ မိဘက မေးပြီးမှ ဝယ်တယ်။ ၂ နှစ် ၃ နှစ် အရွယ် စကားစပြောတတ်တဲ့ ကလေးကိုက အစ စိတ်ရှည်လက်ရှည်နဲ့ မေးတယ်။ ကလေးတွေကို ကိုယ့်အတွက်ကိုယ် ဆုံးဖြတ်ချက်ချနိုင်အောင် ငယ်ငယ်ထဲက လေ့ကျင့်ပေးနေတာလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ ဆီမှာလို မိဘက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်တယ်တို့ ဘာတို့ မပြောဘူး။ တတ်နိုင်သမျှ သားသမီးကို သူ့ဘဝကို သူတို့ကိုယ်တိုင် ရွေးချယ်နိုင်အောင်၊ တည်ဆောက်နိုင်အောင်၊ တာဝန်ယူနိုင်အောင် လေ့ကျင့်ပေးတယ်။ ဒါကြောင့် ဒီက လူငယ်အများစုက ၁၆၊ ၁၇ လောက်ဆိုရင်ပဲ အချိန်ပိုင်းအလုပ်တွေဝင်လုပ်ကြပြီ။ တက္ကသိုလ်၊ ကော်လိပ် တတ်တဲ့ကျောင်းသားတွေဆိုလည်း အပိုငွေသုံးရအောင် အချိန်ပိုင်း အလုပ်တွေ လုပ်လာကြတယ်။ အစိုးရကလည်း လူငယ် အလုပ်လက်မဲ့တွေ များလာတာနဲ့ သေသေချာချာ အစီအမံတွေနဲ့ လျှော့ကျအောင် ဆောင်ရွက်တယ်။ မိဘကို အားကိုးချင်စိတ် နဲအောင် လေ့ကျင့်ပေးကြတယ်။ ကိုယ်ဖြစ်စေချင်တဲ့ ဘဝထက် သူတို့ကိုယ်တိုင်ရွေးချယ်ပြီး တည်ဆောက်တဲ့ ဘဝမျိုးဖြစ်အောင် ပံ့ပိုးပေးတယ်။ ကျွန်တော်တို့ဆီမှာ အဲဒါတွေ အားနည်းခဲ့လို့ သားသမီးတွေက မိဘအိမ်မှာ အသက်ကြီးတဲ့ အထိ နေကြတာတွေ များမယ်။ မိဘကို မခွဲနိုင်လို့ နေတဲ့ သူတွေလည်း ရှိပါတယ်။ လူဆိုတာက ကိုယ့်ကို တချိန်လုံး အလကားပေးကမ်းထားပြီး အကုန်လိုက်လုပ်ပေးနေရင် ဖျက်ဆီးသလိုဖြစ်နေတယ်ဆိုတာ မိဘတွေအနေနဲ့ သတိမပြုမိတာလားတော့ မသိဘူး။ ဒီမှာ ဒီလို အမှားမျိုးကို အစိုးရကလုပ်တယ်။ အလုပ်မရှိတဲ့ လူတွေကို အစိုးရက တင်ကျွေးထားတော့ လူတွေက အလုပ်မလုပ်ပဲ အစိုးရဆီကပဲ တောင်းစားနေကြတယ်။ အခုတော့ ဒီအစိုးရလည်း တကယ်အလုပ်မလုပ်နိုင်တဲ့သူတွေနဲ့ မဖြစ်မနေလိုအပ်တဲ့လူတွေကိုပဲ ထောက်ပံ့ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေရတယ်။

ကျွန်တော့အမြင်မှာတော့ တတ်နိုင်တဲ့ မြန်မာမိဘ အများစုက ကိုယ့်သားသမီးကို အရမ်းချစ်ရင် သားသမီးတွေ ဘဝကို လိုလေသေးမရှိအောင် ဖန်တည်းပေးချင်ကြတယ်။ သားသမီးတွေရဲ့ ဘဝထဲမှာလည်း ဘယ်အရွယ်ရောက်ရောက် ထဲထဲဝင်ဝင် ဝင်ပါချင်ကြတယ်။ ဒါကိုလည်း အချစ်လို့ ခံယူချင်ကြတယ်လို့ မြင်မိတယ်။ ဒါတွေရဲ့ ဆိုးကြိုးဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းချင်းတို့၊ ကိုယ့်ဘာသာကိုယ် မစဉ်းစားမဆင်ချင်မဆုံးဖြတ်နိုင်ခြင်းတို့၊ ကိုယ့်အားကိုယ်မကိုးတတ်တော့ပဲ အမြဲတမ်း အကူအညီကိုမြှော်ခြင်းတို့ တွေကို မတွေးမိတတ်တာလားတော့ မသိဘူး။ သားသမီး အပေါ်မှာ ဖြစ်စေချင်တဲ့ စိတ်တွေအရမ်းများနေတယ်။ ဒါတွေက မိဘမေတ္တာမဟုတ်ပဲ ကိုယ့်ဆန္ဒကို ရှေ့တမ်းတင်တာတွေ များနေတယ်ဆိုတာ သတိမမူမိကြဘူး။ ဒါတွေကို ပြောတဲ့လူတွေကိုလည်း ကံကြီးထိုက်မယ်၊ မြေမျိုမယ်၊ ငရဲကြီးမယ် ဆိုတာတွေနဲ့ ချောက်လှန့်ထားကြတယ်လို့ မြင်မိတယ်။ သားသမီးတွေ အရွယ်ရောက်လာရင် ဝင်မပါသင့်တဲ့ ကိစ္စတွေမှာလည်း စိတ်ထဲမှာလည်း ကလေးလိုပဲ မြင်နေတုန်းဆိုပြီး ဝင်ပါနေကြသေးတယ်။ ကိုယ်ဝင်ပါလိုက်တိုင်း၊ ကိုယ့်သားသမီးတိုင်း ကိုယ်ပိုင်အရည်အချင်းနည်းအောင် တခါလုပ်လိုက်တယ်ဆိုတာကို မတွေးမိကြဘူးလို့ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် အားကိုးပြီး၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ရပ်တည်ရဲတဲ့ ယုံကြည်မှုအပြည့်နဲ့ကြီးပျင်းခဲ့ရတဲ့ ကလေးနဲ့ အရာရာ မိဘဆုံးဖြတ်ချက်၊ မိဘ အုပ်ထိမ်းမှုအောက်မှာ မိဘကိုပဲ အားကိုးတတ်တဲ့ ကလေးတွေ လူကြီးဖြစ်လာရင် ဘယ်လိုလူမျိုးက ရေရှည်မှာ ပိုကောင်းမလဲဆိုတာတော့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြပါ။ ကျွန်တော်ကတော့ မိဘတွေအနေနဲ့ မသိလိုက်လို့ ကိုယ့်သားသမီးကိုယ် စနစ်တကျ ဖျက်ဆီးပစ်လိုက်မိတယ်လို့ မဖြစ်စေချင်တာပါပဲ။

မျိုးဇေယျာဦး

https://www.facebook.com/myozeyaoo
To Continue Reading

July 12, 2013

ဝေမျှချင်သော ကဗျာတစ်ပုဒ်၊ တွေးမိတွေးရာနဲ့ ရေးမိရေးရာ

အရင်က ဆင်ဆာတွေဖြတ်လွန်းလို့ အော်ခဲ့ကြတယ်၊
ခု ဆင်ဆာတွေ မဖြတ်လွန်းလို့ ပြန်အော်နေရတယ်။

အရင်က ဘတ်(စ်)ကားကျပ်လို့ အော်ခဲ့ကြတယ်၊
အခု ကိုယ်ပိုင်ကားနဲ့ မီးပွိုင့်ကျပ်လို့ အော်နေရတယ်။

အရင်က ဖုန်းမကိုင်နိုင်လို့ လူတန်းမစေ့လို့ အော်ခဲ့ကြတယ်၊
ခု ဖုန်းကိုယ်စီနဲ့ လိုင်းမကောင်းလို့ အော်နေရတယ်။

အရင်က နိုင်ငံရေးသမားတွေ ထောင်ထဲထည့်လို့ အော်ခဲ့ကြတယ်၊
အခု ထောင်ကထွက်တဲ့နိုင်ငံရေးသမားတွေ အချိုးမကျလို့ ပြန်အော်နေရတယ်။

အရင်က ဘုန်းကြီးတွေကို ရိုက်လို့ နှက်လို့ သတ်လို့ အော်ခဲ့ကြတယ်၊
အခု ဘုန်းကြီးတွေက အမျိုးစောင့်တရားဟောလို့ ပြန်အော်နေကြတယ်။

အရင်က လမ်းပေါ်မှာ အော်တယ်၊
အခု အွန်လိုင်းမှာ အော်ကြတယ်၊
ကျွန်တော်လဲ ဘာရယ်မဟုတ် ဝင်အော်လိုက်တယ် ..
ဒါပါပဲ။

Credit : ဆရာ ကြယ်

မျက်နှာစာအုပ်မှာတွေ့တဲ့ကဗျာကို သဘောကျလို့ ဝေမျှပါတယ်။ ကဗျာ ခေါင်းစဉ်တော့ မပါဘူး။ "အရင်ကနဲ့ အခု"လို့ လွယ်လွယ်ပေးလိုက်ရင် ရမယ်ထင်တယ်။

+ + + + +

အောက်ကပုံတွေကတော့ ကြည့်ပြီးပြီးချင်း ဘာမှန်းမသိတဲ့ ခံစားချက်တစ်ချို့ ၊ အတွေးတစ်ချို့  ရမိတဲ့ပုံ(၃)ပုံပါ....။ 

Source; https://www.facebook.com/pages/Cartoonsawminwai/432330953486749

ဒီပုံကြည့်ပြီး တွေးမိတာက တစ်ခါတစ်လေတော့ ရှေ့ နောက်မစဉ်းစားဘဲ၊ ပတ်ဝန်းကျင်ကို မစူးစမ်းဘဲနဲ့ လုံ့လပြုတာ အချည်းအနှီးဖြစ်တတ်တယ်လို့  ဆိုရမလား။ ခက်တာက တစ်ခါတစ်လေကျတော့ လေ့လာစူးစမ်းဆင်ခြင်ပြီးလုပ်ရဲ့သားနဲ့ အလွဲတွေလည်း ဖြစ်လာတတ်တယ်။ ဒါကို မိမိရဲ့ကံကြမ္မာ ( Fate) လို့ပဲ ပြောရမလား ...


ကိုယ့်အနာဂတ်နဲ့ တက်လမ်းကို ကိုယ်တိုင် မဖျက်ဆီးမိဖို့ သတိထားရဦးမယ်။

Source; http://www.cartoonmovement.com


ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ခဏထားလိုက်ပါဦး။ ပေးလိုက်ရတာနဲ့ ပြန်ရတာ ညီမျှရဲ့လား။ "Save this world for our decendants, not for us" =)
+ + + + +

အခုလက်ရှိကတော့ နေမကောင်းဘူး။ သွားစနာတယ်။ သွားနာတာပျောက်အောင် pain killer သောက်တော့ အစာအိမ်ကိုထိတယ်။ အလုပ်ဗီဇာတိုးတာ အဆင်မပြေဘူး။ ခု..လက်ရှိခံစားချက်ကတော့ အိုမားကို သတိရတယ်။ အိမ်ပြန်ချင်တယ်....။



ဘာရယ်မဟုတ်ပါဘူး။ ရေးမိရေးရာတွေထဲက ပို့(စ်)တစ်ပုဒ်ပါ။း)

witch83 (12/07/2013; 5:53PM; GMT+8)
To Continue Reading

October 25, 2012

Story of Appreciation

One young academically excellent person went to apply for a managerial position in a big company.
He passed the first interview, the director did the last interview, made the last decision.
The director discovered from the CV that the youth's academic achievements were excellent all the way, from the secondary school until the postgraduate research, Never had a year when he did not score.
The director asked,
"Did you obtain any scholarships in school?"
The youth answered "none".

The director asked,
" Was it your father who paid for your school fees?"
The youth answered,
"My father passed away when I was one year old, it was my mother who paid for my school fees."

The director asked,
" Where did your mother work?"
The youth answered,
"My mother worked as clothes cleaner."
The director requested the youth to show his hands.
The youth showed a pair of hands that were smooth and perfect.

The director asked,
" Have you ever helped your mother wash the clothes before?"
The youth answered,
"Never, my mother always wanted me to study and read more books.
Furthermore, my mother can wash clothes faster than me."

The director said,
"I have a request. When you go back today, go and clean your mother's hands, and then see me tomorrow morning."

The youth felt that his chance of landing the job was high. When he went back, he happily requested his mother to let him clean her hands. His mother felt strange, happy but with mixed feelings, she showed her hands to the kid.

The youth cleaned his mother's hands slowly. His tear fell as he did that. It was the first time he noticed that his mother's hands were so wrinkled, and there were so many bruises in her hands. Some bruises were so painful that his mother shivered when they were cleaned with water.

This was the first time the youth realized that it was this pair of hands that washed the clothes everyday to enable him to pay the school fee. The bruises in the mother's hands were the price that the mother had to pay for his graduation, academic excellence and his future.

After finishing the cleaning of his mother's hands, the youth quietly washed all the remaining clothes for his mother.

That night, mother and son talked for a very long time.

Next morning, the youth went to the director's office.

The Director noticed the tears in the youth's eyes, asked:
" Can you tell me what have you done and learned yesterday in your house?"

The youth answered,
" I cleaned my mother's hand, and also finished cleaning all the remaining clothes'

The Director asked,
" please tell me your feelings."

The youth said,
Number 1,
I know now what is appreciation. Without my mother, there would not the successful me today.
Number 2,
By working together and helping my mother, only I now realize how difficult and tough it is to get something done.
Number 3,
I have come to appreciate the importance and value of family relationship.

The director said,
" This is what I am looking for to be my manager. I want to recruit a person who can appreciate the help of others, a person who knows the sufferings of others to get things done, and a person who would not put money as his only goal in life. You are hired.

Later on, this young person worked very hard, and received the respect of his subordinates. Every employee worked diligently and as a team. The company's performance improved tremendously.

A child, who has been protected and habitually given whatever he wanted, would develop "entitlement mentality"and would always put himself first. He would be ignorant of his parent's efforts.
When he starts work, he assumes that every person must listen to him, and when he becomes a manager, he would never know the sufferings of his employees and would always blame others.
For this kind of people, who may be good academically, may be successful for a while, but eventually would not feel sense of achievement.
He will grumble and be full of hatred and fight for more. If we are this kind of protective parents, are we really showing love or are we destroying the kid instead?*

You can let your kid live in a big house, give him a Driver & Car for going around, Eat a Good Meal, learn Piano, Watch a Big Screen TV. But when you are Cutting Grass, please let them experience it. After a Meal, let them Wash their Plates and Bowls togethern o with their Brothers and Sisters. Tell them to Travel in Public Bus, It is not because you do not have Money for Car or to Hire a Maid, but it is because you want to Love them in a right way. You want them to understand, no matter how rich their parents are, one day their hair will Grow Grey, same as the Mother of that young person. The most important thing is your kid learns how to appreciate the effort and experience the difficulty and learns the ability to work with others to get things done.

Source; http://editorawais.hubpages.com/hub/Story-Of-Appreciation


My Piece of Thought on this Article 

My main objective on sharing this story is to point out the fact that appreciation is very important in any kind of relationship and society. We, human beings, by nature, slip the view when people are too close to us. Knowing the value after someone had already left and feeling sorry for that won't help you get that someone back or the things and love that person has given to you and hence, to live on without regrets, we need to appreciate 

  • the help
  • the effort
  • the sacrifice and
  • the sufferings   
of others for us to succeed in life or to get things done. I know that someone already translated this story into Burmese ( I think, it's Ma 99snany). Anyway, I want to share this original story, at least for me to remind myself not to develop this kind of "entitlement mentality" problems.
And, for those who are having such mentality in life, he/she may be good in academic scores; may acheive a high position/ success at work. But, he/she will always be LONELY in their life. 

~*~*~Thank you for reading this post ~*~*~

with best wishes and warmest regards,

witch83
25/10/2012; 11:15AM; GMT+8
To Continue Reading

December 15, 2010

ကြောက်စိတ်

ဆရာမောင်သစ်ဆင်းရေးတဲ့ "ကြောက်စိတ်" အပါအဝင် ဆောင်းပါးပေါင်းချုပ်စာအုပ်လေးကို ၂၀၀၄ခုနှစ်ထဲမှာ သူနဲ့ခင်မင်တဲ့သူဆီကနေတဆင့် ငှားဖတ်ဖူးပါတယ်။ အဲ့စာအုပ်ထဲက ဆောင်းပါးတိုင်းလိုလိုကို ကြိုက်ခဲ့ပါတယ်။ အကြိုက်ဆုံးကတော့ လိမ်ညာတာနဲ့ဆိုင်တဲ့ဆောင်းပါးရယ်၊ ပြုပြင်ပြောင်းလဲရေးနဲ့ဆိုင်တဲ့ ဆောင်းပါးရယ်၊ ကြောက်စိတ်ဆိုတဲ့ ဆောင်းပါးလေးရယ်ပါ။ ဝမ်းနည်းဖို့ကောင်းတာက အဲ့စာအုပ်လေးဟာ ထုတ်ပြီးနောက်မကြာခင်မှာ ပြန်အသိမ်းခံရတယ်လို့ ဆိုပါတယ်။ ကြိုက်လွန်းလို့ မိတ္တူကူးထားချင်ပေမဲ့ ကိုယ့်ဆိုင်ကစက်ကပျက်နေပြီး လက်ထဲမှာလည်း ပိုက်ဆံမရှိတာနဲ့ မကူးဖြစ်လိုက်ပါဘူး။ ဆရာ့ဆီမှာလည်း အဲ့စာအုပ်က တစ်အုပ်ပဲရှိတော့ သူကလည်း ပျောက်မှာကြောက်ပြီး ကြားလူက အသည်းအသန် ပြန်တောင်းနေတာနဲ့ အမြန်ဖတ်ပြီး ပြန်ပေးလိုက်ရပါတယ်။ အခုတော့ Facebook ပေါ်မှာ "ကြောက်စိတ်"post လေး အမှတ်မထင်တွေ့ရလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ ကျေးဇူးတင်ပါတယ်။

*************************************


ကြောက်စိတ်


ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်းအထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်း ဆရာတော် ဆီမှာပညာသင်ကြားခဲ့ရတယ်။တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာသေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက် ဟဲ့...... ငလွင်မရသေးဘူးလား လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက် ရတော့တယ်။ ငလွင်......လာခဲ့ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
ဟဲ့...ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်
လုပ်နိုင်တော့မှာလဲ လို့မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့။
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်. အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီးကြည့်တယ်။ တစ်တန်းလုံး ကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။ "ဒါ မင်းအဖြေလား"။ "ဟုတ်ပါတယ် ဆရာ"၊ "အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း" နည်းနည်း အံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု သံသယဖြစ်စရာရှိကြောင်း။ ဘုရားသားတော် တို့မည်သည်.....



ရသတဏှာဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင် နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။

တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။ "မင်း ငါ့ကို နောက်တာလား" "ဟာ.......မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ" ကဲအားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ....မင်းကစ၊ သူဖြေတာ မှန်သလား၊
မှားသလား။
ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်းသားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုဘဲထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။
ဟေ့ကောင်.......ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။
တကယ်တော့ ဆရာကမှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှန်....အဲ...မှားပါတယ် နောက်တစ်ယောက် မှားပါတယ်
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော်
ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။
လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကိုကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ.........။ ခက်ထန်တဲ့ အမူအရာတွေ။ ။

အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။ လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီးပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။ ကျွန်တော့ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။

သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။ ကျွန်တော့အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ် ထင်လာကြရင်ဖြင့်......ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ ကြည့်ရင် တစ်ကမ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမယ့်....... ကျွန်တော်
အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။

သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့.......
"ဘယ်လိုဖြစ်နေကြတာလဲကွာ" "ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ" "ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ.................................."
"တော်...... စာအုပ်ထဲက ဟာတွေလာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့် ၀င်ငွေက ဘယ်လောက်..............................."
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက် မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံး တွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်.......။

(မောင်သစ်ဆင်း)
To Continue Reading

July 26, 2009

Expect nothing and nothing can disappoint you


S'pore လာဖို့ အလုပ်တွေရှုပ်နေတာနဲ့ ဒီ blog လေး ဖုန်တက်နေတာ တော်တော်ကြာပါပြီ။ ဒါကြောင့် ဒီ blogကို ဖုန်ခါတဲ့အနေနဲ့ K.Sri Dhammananda ရေးသားထားတဲ့ "You are responisble" ဆိုတဲ့စာအုပ်ထဲက "Expect nothing and nothing can disappoint you" ဆောင်းပါး တစ်စိတ်တစ်ပိုင်းလေးကို မူရင်းအတိုင်း တင်ပေးလိုက်ပါတယ်။ စာဖတ်သူတို့ ဖတ်ကြည့်လို့ ခဏလေးပဲဖြစ်ဖြစ် စိတ်ပင်ပန်းမှုတွေ ပြေပျောက်မယ်ဆိုရင် ကျေနပ်ပါတယ်။ :)

Expect Nothing And Nothing Can Disappoint You
===================================
You can protect yourself from disappointments by not having any undue expectations. If u expect nothing, then nothing can disappoint you. Do not expect reward for the good that you have done. Do good for the sake of doing good with kindness. If you can help others without expecting any kind of a reward, then you can have no disappointment. You can be a great human being! The happiness that appears in your mind for the good that you have done, is in itself a big reward. That happiness creates a satisfaction in our own life.
Perhaps you are a person who is good by nature and you do not do any harm to others. But, you get blamed by others, despite doing good. You have to face difficulities even though you have always hepled others. Then, you might ask, " If good begets good and bad begets bad, why should I have to suffer though I m innocent." The simple answer is when you do something good deeds you you have to face certain evil forces. If not, you are facing a past bad karma (action and reaction) that is ripening in the present. Continue with your good work and you will eventually be free from such troubles. Remember that you have created your own disappointments and you alone can oercome these disappointments, by realising the nature of Karma and the worldly conditions as explained by Buddha.


To Continue Reading

May 26, 2009

UCSYမှမောင်ငယ်၊ ညီမငယ်များသို့  ......

ဒီ post ကို ရေးချင်နေတာ ကြာပါပြီ။ ဒီလိုအလားတူ post မျိုးကို MZ မှာ ကိုမိုးမြင့်ရှိန် thread ဖွင့်တုန်းက ဝင်ရေးဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်ကကျောင်းသွားတော့ ဒီpost ကိုထပ်ရေးဖို့ အကြောင်းဖန်လာပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရင်တစ်ပတ်က ထောက်ခံစာယူဖို့ ကျောင်းကိုသွားတော့ "ကျောင်းခေါ်ချိန် ၇၅%မပြည့်ပါက စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်မပြု" ဆိုတဲ့ ကျောင်းထိပ်က ဆိုင်းဘုတ်ကြီးအပြင် " ကျောင်းသားများ မသွားရန် နေရာများ" ဆိုပြီး ဆိုင်းဘုတ်အသစ်တစ်ခုကို တွေ့ ခဲ့ပါတယ်။ မီးရထားလမ်းထိပ်မှာ တင်ထားတာပါ။ သာဓုကန်ကို မသွားဖို့ နဲ့  မီးရထားတွဲတွေမှာ မနေကြဖို့  ရေးထားတာပါ။ သာဓုကန်ကတော့ ကျောင်းသားတွေ ရေခဏခဏနစ်တတ်လို့ပါတဲ့။ မီးရထားတွဲတွေပေါ်မှာကျတော့ ထမင်းစားတာမျိုး၊ သွားနေနေတာမျိုးတွေ မလုပ်ရဘူးလို့ ပြောထားတာပါ။ အဓိပ္ပါယ်တော့ သိပ်မရှိပါဘူး။ တက္ကသိုလ်ကျောင်းသားတွေတောင် ဖြစ်နေပြီပဲ။ ဖြစ်လာမဲ့ အကျိုးဆက်တွေကို ကျောင်းသားတွေ သိမှာပါ။ သူတို့ဘာသာသူတို့ ထိန်းသိမ်းရမှာပါ။ အဲလို ဆိုင်းဘုတ်ကြီးထောင်ထားတာတော့ မကောင်းပါဘူး။


Junior လေးတွေကို အရမ်းသနားမိပါတယ်။ ကျွန်မတို့တုန်းက အဲလောက်မဆိုးခဲ့ပါဘူး။ တက္ကသိုလ် ကျောင်းသား/သူတွေပဲ။ ပျော်ချင်မှာပေါ့။ (ကျိုးကြောင်းချင့်ချိန်ပြီး ပျော်ဖို့ တော့လိုတာပေါ့လေ။) အခုဟာက အရမ်းလွန်ပါတယ်။ အတန်းမတက်ဘဲ canteen ထိုင်လည်းအပြစ်၊ အတန်းမတက်ချင်လို့  အိမ်ပြန်ရင်လည်း အပြစ်၊ ဆံပင်အရောင်ဆိုးတာလည်းအပြစ်၊ ရည်းစားနဲ့  မဖွယ်မရာ ဘာတစ်ခုမှ မလုပ်ဘဲ အေးအေးဆေးဆေး ထိုင်နေလည်းအပြစ် ....တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ ( ပါချုပ်နဲ့  ဆရာမအချို့ ကိုပဲ ဆိုလိုပါတယ်။) ကျွန်မ defense ပေးခါနီး ကျောင်းသွားတဲ့နေ့ ကဆို မော်ကွန်းထိန်းရုံးခန်းကိုသွားတော့ အတွဲတစ်တွဲကို ဖမ်းထားပါတယ်။ ကျောင်းရှေ့ က ညောင်ပင်အောက်မှာ ထိုင်နေတုန်း ပါချုပ်ကားဝင်လာတာနဲ့ တိုးပြီး အဖမ်းခံရတာပါ။ မော်ကွန်းထိန်းက အဲဒီအတွဲရဲ့ အမေဆီကို ဖုန်းဆက်နေပါတယ်။
မော်ကွန်းထိန်းလည်း ပါချုပ်ကိုယ်တိုင်က ဖမ်းလာတာဆိုတော့ မလျှော့ပေးရဲဘူး ထင်ပါတယ်။ အိမ်ကမိဘကို ကိုယ်တိုင်လာခေါ်ခိုင်းနေပါတယ်။ ကောင်လေးကတော့ အေးအေးဆေးဆေးပါပဲ။ ကောင်မလေးကတော့ အရမ်းမျက်နှာ ပျက်နေပါတယ်။ သူ့ အမေကို လှမ်းတိုင်နေတာကိုး။ ကောင်မလေးတော့ အိမ်ပြန်ရောက်ရင် ဘယ်လိုဖြစ်မလဲ မသိပါဘူး။ အမေလုပ်တဲ့သူကလည်း မလာနိုင်ဘူးလို့  ပြောပုံပါပဲ။ သူနေမကောင်းလို့  အဒေါ်ကို လွှတ်လိုက်မယ်တဲ့။ မော်ကွန်းထိန်းက အဒေါ်လာခေါ်မယ်ဆိုတာကို လက်ခံချင်ပုံပါပဲ။ ဒါပေမဲ့ ဘေးကဆရာမက လက်မခံဖို့  ပြောနေပါတယ်။ (အဲဒီဆရာမက အမြဲအဲလိုပါပဲ။ CT ကဆရာမပါ။)
အဲဒါနဲ့ ကျွန်မက ဘေးနားကကျောင်းသူတစ်ယောက်ကို မဟုတ်တာလုပ်နေလို့  ဖမ်းလာတာလားလို့  တိုးတိုးတိတ်တိတ်မေးတော့ "no" တဲ့။ ထိုင်ရုံထိုင်နေတာလို့ ပြောပါတယ်။ တော်တော်စိတ်ကုန်ဖို့ ကောင်းပါတယ်။ ရည်းစားထားတာ၊ ရည်းစားနဲ့ အတူထိုင်တာ အပြစ်မဟုတ်ပါဘူး။ အဲ....လူမြင်ကွင်းမှာ ပလူးပလဲဆိုရင်တော့ မကောင်းဘူးပေါ့။ အလွန်အကြူးအတွဲတွေ ရှိပါတယ်။ ပြန်ပြောလို့ မကောင်းအောင် ဆိုးတာပါ။ အဲလိုမျိုးဆိုရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်ပါတယ်။ တော်ရုံတန်ရုံကတော့ အဲလိုမလုပ်သင့်ပါဘူး။ အိမ်ကမိဘက အဲလိုမျိုး "ရှင်တို့ သားသမီး .... ကျောင်းမှာ ရည်းစားနဲ့  ပေါက်ကရလုပ်နေတယ်။ အခု လာခေါ်ပြီး လက်မှတ်ထိုးပါ" ဖုန်းဆက်ပြီး ပြောခံရတဲ့အခါ ဘယ်လိုနေမလဲ။ ဘယ်လောက် လန့် သွားမလဲ။ ကျောင်းခေါ်ချိန်မပြည့်ဘူးဆိုပြီး စာလာရင်တောင် လက်မခံတတ်ကြတာ။
အဲလိုနဲ့ နောက်ဆုံးတော့ ကောင်မလေးဘက်က အမေက သူ့အဒေါ်နဲ့အတူ လာခေါ်မယ် ပြောပါတယ်။ အဲံဒီနောက် ကောင်လေးအိမ်ကို ဖုန်းဆက်နေပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်မစာရွက်လည်းရလို့ ထွက်လာခဲ့ပါတယ်။
အင်း....ပြောရင်းပြောရင်းနဲ့  directionတွေ လွဲကုန်ပြီ ထင်ပါတယ်။ :P ကျွန်မပြောချင်တာ အဲဒါတွေ မဟုတ်ပါဘူး။ ပြောချင်တာက ကွန်ပြူတာတက္ကသိုလ်က စည်းမျဉ်းတွေဟာ အရမ်းကို ဆိုးရွားပါတယ်။ စိတ်ပျက်ဖို့ လည်းကောင်းပါတယ်။ ကျောင်းသားတွေဟာ မူကြိုတက်နေရသလိုပါပဲ။ အဲဒါတွေကို သိပါတယ်။ စိတ်လည်းကုန်ပါတယ်။ ဒါပေမဲ့ .... junior လေးတွေကို ပြောချင်တာက ပါးစပ်လဲညောင်း.. လက်လဲညောင်းတဲ့ ကျောင်းရဲ့မကောင်းကြောင်းတွေကို ပြောမနေကြပါနဲ့တော့။ ပြုပြင်ပြောင်းလဲ ဆန့် ကျင်ဖို့  senior တွေလည်း ကြိုးစားခဲ့ပြီးပါပြီ။ အဲဒီအတွက်နဲ့ နစ်နာခဲ့ရတဲ့သူတွေလည်း ရှိပါတယ်။ ထူးလည်းမထူးလာပါဘူး။ အဲဒီအစား ကျောင်းသားတော်တော်များများ မျက်ကွယ်ပြုထားတဲ့ UCSYရဲ့ ကောင်းကြောင်းလေးတွေကိုပဲ ပြောကြရအောင်နော်။
ပထမဦးဆုံးအနေနဲ့ကတော့ ကျောင်းသားတွေအနေနဲ့ ကုန်ကျတဲ့ကျောင်းစားရိတ်တွေဟာ အပြင် သင်တန်းတွေ ထက်စာရင် အများကြီးသက်သာတယ်လို့ ပြောချင်ပါတယ်။ Academicဆန်တဲ့ basic theory တွေကို ယူတတ်ရင်ယူတတ်သလို ကျောင်းကနေရနိုင်ပါတယ်။ ပြီးတော့ ကျောင်းမှာ ကွန်ပျုတာဘာသာရပ်ဆိုင်ရာ texbookတွေကို ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ အဲဒီစာအုပ်တွေ၊ သင်ရိုးတွေဟာလည်း international standardနဲ့ ကိုက်ညီတဲ့စာအုပ်တွေပါ။ သင်ပုံသင်နည်းတွေမှာတော့ လိုအပ်ချက်တွေ ရှိတာပေါ့လေ။ ဥပမာ....ကျောင်းက ဆရာ၊ဆရာမတွေဆီမှာ များသောအားဖြင့် အပြင်ဗဟုသုတနဲ့ လက်တွေ့ experienceတွေ မရှိတတ်ကြတာမျိုးပေါ့။ ဒါပေမဲ့ UCSYမှာ တကယ်တော်တဲ့၊ တကယ်အရည်အချင်းရှိတဲ့ ဆရာ၊ဆရာမတွေရှိတယ်ဆိုတာလည်း ကျွန်မတို့တွေ လက်ခံရပါမယ်။ တစ်ချို့ဆရာ၊ ဆရာမတွေဆို အရမ်းရှင်းသွားအောင် သင်ပေးနိုင်တဲ့သူတွေပါ…တစ်ချို့ကြတော့ self-study လမ်းကြောင်းပေါ်ကို တင်ပေးကြတဲ့ဆရာတွေပါ။
ဆက်ပါဦးမည်။ ။
chocothazin ရဲ့ ဆက်ဖတ်ပါဦးမည်ဆိုတဲ့ commentကြောင့် ပြီးအောင် ကြိုးစားပြီးရေးနေပါတယ်။ အလုပ်မအားလို့  နောက်နေ့ ကျ ဆက်ရေးပါဦးမယ်။
cheers....

To Continue Reading

May 07, 2009

ဘဝကိုဖြတ်သန်းရာဝယ်

တခါတုန်းက ရှင်ဘုရင်ကြီးတစ်ပါးဟာ သူ့ရဲ့မြင်းစီးသူရဲကောင်းတစ်ယောက်ကို မြင်း နဲ့ပတ်ပြီးစီးနိုင်သမျှ မြေနေရာအားလုံး အပိုင်စားပေးမယ် လို့ပြောလိုက်ပါတယ်။ မြင်းစီးသူရဲကောင်းလည်း မဆိုင်းမတွဘဲ မြင်းပေါ်ကို ခုန်တက်ပြီး မြေနေရာများနိုင်သမျှ များများကာမိအောင် မြင်းကို မြန်နိုင်သမျှမြန်မြန်စီးပါတော့တယ်။ သူဟာ မြင်းကို အမြန်ဆုံးပြေးအောင် ရိုက်ရင်းမရပ်မနားစီးပါတယ်။ သူဟာ ဗိုက်ဆာချိန်တွေ ပင်ပန်းနွမ်းနယ်နေချိန် တွေမှာလည်း မရပ်ခဲ့ပါဘူး။ မြေနေရာအများဆုံးကာမိအောင်ပါ။မြေနေရာကောင်း အတော်များများကို ကာမိချိန်မှာတော့ သူဟာ အရမ်းကိုအားအင်ကုန်ခမ်း နွမ်းနယ်ပြီး သေလုမျောပါး ဖြစ်နေခဲ့ပါပြီ။ အဲဒီအချိန်ကျမှသူ့ကိုယ်သူ ပြန်မေးမိပါတယ်။

"မြေနေရာတွေ အများကြီးရဖို့ ငါ့ကိုယ်ငါ ဘာကြောင့်များ
ဒီလောက်ညှင်းပန်းခဲ့ပါလိမ့်။ အခုငါ သေရတော့မယ့် အချိန်မှာ ငါ့ကို
မြှုပ်ဖို့ မြေနေရာ သေးသေးလေးပဲ လိုတာပါလား..."


အထက်က ဇာတ်လမ်းလေးဟာ ဘဝခရီးနဲ့ အလားသဏ္ဍာန် တူပါတယ်။

လူတွေဟာ နေ့စဉ်နေ့တိုင်း ပိုက်ဆံတွေပိုရဖို့၊ အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့ တွေအတွက် ကိုယ့်ခန္ဓာကိုယ်ကို ခိုင်းစေနေကြပါတယ်။ ကိုယ့်ကို ကျန်းမာပျော်ရွှင်စေမဲ့ အချိန်တွေပေးနိုင်တဲ့ မိသားစုတို့၊ သဘာဝပတ်ဝန်းကျင် အလှအပတို့၊ ကိုယ်နှစ်သက်မြတ်နိုးတဲ့ ဝါသနာတို့ကိုတော့ လျစ်လျူရှုထားမိကြပါတယ်။ တစ်နေ့ ပြန်ဆန်းစစ်ကြည့်တဲ့အချိန်မှာတော့ ကိုယ်တကောက်ကောက်လိုက်နေခဲ့တဲ့ အရာတွေဟာ ဒီလောက်ကြီး မလိုအပ်ဘူးဆိုတာ သိနားလည်လာတဲ့ အခါမှာတော့
ကိုယ်မရခဲ့လိုက်တဲ့ အရာတွေအတွက် နောက်ကြောင်းပြန်လှည့်လို့ မရတော့ပါဘူး။


ဘဝဆိုတာ ပိုက်ဆံရှာဖို့၊ ရာထူးအာဏာတွေ ပိုင်ဆိုင်ဖို့၊ အသိအမှတ်ပြု လေးစားခံရဖို့ချည်းသက်သက် မဟုတ်ပါဘူး။ ဘဝဆိုတာ အလုပ်လုပ်ဖို့ချည်း သက်သက်လည်း မဟုတ်တာ သေချာပါတယ်။ အလုပ်ဟာ နေထိုင်ရပ်တည်ဖို့အတွက် လိုအပ်သလို သဘာဝအလှအပတွေကို ခံစားရင်း ဘဝကို ကျေနပ်ပျော်ရွှင်စွာ ဖြတ်သန်းဖို့လည်း လိုအပ်တာပါပဲ။ ဘဝဟာ အလုပ်၊ အနားယူပျော်ရွှင်ချိန်၊ မိသားစုနဲ့ ကိုယ်ပိုင်အချိန်တွေ သမမျှတနေရမယ့်
အရာပါ။ ကိုယ့်ရဲ့ဘဝကို ဘယ်လို သမမျှတအောင် နေမလဲဆိုတာ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။ ကိုယ့်ဘဝထဲက အရာတွေအတွက် ဦးစားပေးအဆင့်တွေ သတ်မှတ်ပြီး အဲဒါတွေကို မျှတအောင် ဘယ်လိုညှိုနှိုင်းယူရမလဲဆိုတာ သိပါ။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာတော့ ရင်ထဲကလာတဲ့ သဘာဝအသိပေါ်မှာ မူတည်ပြီး ချမှတ်ပါ။

“ပျော်ရွှင်ငြိမ်းချမ်းမှု”ဆိုတာ ဘဝရဲ့အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်ဖြစ်သလို လူသားတွေ ရှင်သန်တည်ရှိနေရခြင်းရဲ့ ဦးတည်ချက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် သက်တောင့်သက်သာနဲ့ ကိုယ်လုပ်ချင်တဲ့ (သူတပါးကို မထိခိုက်တဲ့) အရာတွေကို လုပ်ပါ။ သဘာဝကို တန်ဖိုးထား ချစ်မြတ်နိုးပါ။

ဘဝဆိုတာ အထိအရှမခံ နုနယ်ပါတယ်။ တိုတောင်းပါတယ်။ ဒါကြောင့် ကိုယ့်ဘဝရဲ့ဖြစ်တည်ရှင်သန်မှုကို တန်ဖိုးမထားဘဲ မနေပါနဲ့။ မျှတငြိမ်းချမ်းတဲ့ ဘဝနေမှုပုံစံနဲ့ နေထိုင်ရှင်သန်ရင်း ဘဝကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။

  • သင့်အတွေးတွေကို ဂရုစိုက်ပါ။ သူတို့က သင့်စကားတွေ ဖြစ်လာပါတယ်။

  • သင့်စကားတွေကို ဂရုစိုက်ပါ။ သူတို့က သင့်အပြုအမူတွေ ဖြစ်လာပါတယ်။

  • သင့်အပြုအမူတွေကို ဂရုစိုက်ပါ။ သူတို့က သင့်အကျင့်တွေ ဖြစ်လာပါတယ်။

  • သင့်အကျင့်တွေကို ဂရုစိုက်ပါ။ သူတို့က သင့်စရိုက်ဖြစ်လာပါတယ်။

  • သင့်စရိုက်ကို ဂရုစိုက်ပါ။ သင့်စရိုက်က သင့်ရဲ့ပန်းတိုင်ဖြစ်လာပါတယ်။

source; ရွှေပြည်သူ (ဘာသာပြန်ပါသည်)။
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer