" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

March 18, 2012

ကျမနှင့် ပေါက်တတ်ကရ(၁)

Blog နဲ့  ဝေးနေတာ တော်တော်ကြာပါပြီ။ ရေးချင်တာလေးတွေ ရှိပေမဲ့ ရေးတဲ့အဆင့် မရောက်ခဲ့ပါဘူး။ ဒီနေ့တော့ တစ်နှစ်နီးပါး ကွဲကွာနေတဲ့ blog ကိုဖုန်ခါလိုက်ပါတယ်။ ကျမဟာ တော်တော်ကို ပေါက်ကရတွေ လုပ်၊ ပေါက်ကရတွေ ဖြစ်တတ်တဲ့သူပါ။ ဒါကို ကျမအနီးအနားက လူတွေ သိကြပါတယ်။ ဒါကြောင့် ၂၀၁၂မှာ စရေးတဲ့ ပထမဆုံး ပို့(စ်)ကလေးကို ရယ်စရာနဲ့ ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် ကျမနှင့် ပေါက်တတ်ကရ(၁) ကိုရေးလိုက်ပါတယ်။


***********************

(၁၀)တန်းတုန်းက ဖြစ်ခဲ့တာ ဖြစ်ပါတယ်။     ။

ကျမအဖေဟာ အရက်ကို အမြဲတမ်း မူးအောင်သောက်တတ်တဲ့သူ မဟုတ်ပေမဲ့ အရက်ကြိုက်ပါတယ်။ သောက်ပြီးလို့ အရည်နည်းနည်း ဝင်ပြီဆို အရမ်း စကားပြောပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အဲ့လို အချိန်မျိုးမှာ ကျမကို သူ့အနား အတင်းခေါ်ပြီး ကျမကို ချစ်ကြောင်း၊ ကျမညီမကို ဘယ်လို ချစ်ကြောင်း၊ ကျမတို့ အပေါ် သူဘယ်လို မျှော်လင့်ကြောင်း၊ ဘယ်လို ဖြစ်စေချင်ကြောင်း၊ သူတစ်ယောက်တည်း အရက်သောက်တာ မဟုတ်ကြောင်း၊ ကျမရဲ့ နှစ်ဖက်စလုံး အဖိုးတွေလည်း အရက်သောက်ကြောင်း... စသဖြင့် တတွတ်တွတ်ပြောတတ်ပါတယ်။ ငယ်ငယ်တုန်းကတော့ သူ အဲ့လို လာလုပ်ရင် စိတ်ညစ်ပါတယ်။ ရှက်လည်း ရှက်သလိုပါပဲ။ အခုတော့လည်း ပြန်တွေးကြည့်ရင်အောင်းမေ့စရာတွေပါပဲ။
ကျမဟာ စကား အရမ်း (အရမ်း) များပါတယ်။ ဒါပေမဲ့ စကားများတဲ့အချိန်ကလွဲရင်လူတွေနဲ့ ဘာသိဘာသာနေတတ်ပါတယ်။ ကိုယ့်သံယောဇဉ်တွေကိုလည်း သိပ် မပြတတ်ပါဘူး။ အဲ့ဒီတော့ အဖေနဲ့ဆိုရင် နည်းနည်း စိမ်းပါတယ်။ အဖေနဲ့က အနေလည်းဝေး.... ပြီးတော့ ကိုယ်ကလည်း အမေပေါ်သနားချစ်ချစ်တဲ့သူဆိုတော့ များသောအားဖြင့် အဖေနဲ့ နီးနီးကပ်ကပ် မနေပါဘူး။ ဒါကို သူက ခံစားချက်ရှိပုံပေါ်ပါတယ်။ သူ အရက် နည်းနည်း ဝင်ပြီဆို... လာပါဥိး ငါ့သမီးရဲ့... ညည်းက အဖေကိုဆို ဂရုမစိုက်ဘူး၊ မချစ်ဘူးဆိုပြီး ပြောတတ်ပါသေးတယ်။

အရက်ကြိုက်တတ်တဲ့ အဲ့လို အဖေဟာ အရက်ဆိုင်၊ ဘီယာဆိုင်ရောက်ပြီဆိုရင် ကျမတို့အတွက် ဘဲကင်၊ အသားကင်၊ အခေါက်ကင်၊ ဘဲခြေထောက်သုပ် စသဖြင့် ဝယ်လာပေးလေ့ရှိပါတယ်။
တစ်နေ့တော့ အဖေဟာ ဘာမှန်းမသိတဲ့ ကြက်သားဖတ်သေးသေးလေးတွေ ဝယ်လာပါတယ်။ ညည်းအတွက်ဆိုပြီးပေးတော့ စားကောင်းကောင်းနဲ့ တထိုင်တည်း အကုန်စား ပစ်လိုက်ပါတယ်။ ဒါကို အဖေက မှတ်ထားလိုက်ပုံ ရပါတယ်။

တကယ်တော့ အဲ့ဒါဟာ ကြက်ဆီဗူးတွေကို ပုံဖျက်ထားတာပါ။ ကျမဟာ ဆီဘူးကို ဖင်ပိုင်းဆိုပြီး ရွံ့  တဲ့စိတ်နဲ့ ဘယ်တော့မှ မစားပါဘူး။ စားကောင်းတယ်ဆိုပြီး အိမ်ကလူတွေ ဘယ်လောက် ချော့ကျွေးကျွေး .. အတင်း ငြင်းပြီး မစားပါဘူး။ အဲ့နေ့ကတော့ အဖေဝယ်လာတဲ့ ပုံဖျက်ထားတဲ့ ဆီဗူးတွေ စားလိုက်မိတယ်။ စားလို့လည်း တော်တော်ကောင်းပါတယ်။ အဖေက တမင် ညာကျွေးတာ မဟုတ်ဘုးဆိုတာ ကျမ သေချာ သိပါတယ်။ ဘာလို့လည်းဆိုတော့ အိမ်မှာ အနေနည်းတဲ့ အဖေဟာ သု့ သားသမီးတွေ ဘာကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ သိပ်မသိပါဘူး။
နောက်နေ့ကျတော့ ကျမ ကျူရှင်က ပြန်လာတဲ့အချိန်မှာ အဖေက ကျမကို ညည်းဖို့ ဆီဗူး တွေ ဝယ်လာတယ်။ စားပွဲပေါ်မှာလို့ ပြောပါတယ်။ အဲ့ဒါကိုလည်းကြားရော ကျမက ခါးခါးသီးသီးနဲ့  "ဖေကြီး သမီး ကြက်ဖင် လုံးဝ မစားဘူး... မစားဘူး... ရွံ့ တယ်... ရွံ့ တယ်" ဆိုပြီး အတင်းငြင်းပါလေရော... ကျမ အဖေက နည်းနည်းလည်း ရီဝေဝေဖြစ်နေတော့ သူ.. အူကြောင်ကြောင် ဖြစ်သွားပါတယ်။ အဲ့ဒီ အချိန်မှာ ကျမညီမက ခွက်ထိုး ခွက်လန်နဲ့ ထရီပြီး ဖေကြီး မနေ့က ဝယ်လာတာ... ဆီဗူးတွေဆိုပြီး ထပြောပါတယ်။
ဒီလိုနဲ့ပဲ ကျမလည်း အဲ့နေ့ကစလို့ ဆီဗူးစားဖြစ်လေသတည်းဆိုပြီး ဖြစ်သွားပါတော့တယ်။ ဒါလေးကတော့ ကျမရဲ့ ပေါက်ကရဖြစ်စဉ်တွေထဲက ဟာသ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဖတ်ပြီး ပြုံးမိမယ်။ ဘဝအမောလေးတွေ ခဏပဲ ဖြစ်ဖြစ်ပြေပျောက်စေမယ် ဆိုရင်တော့ ဒီပို့ (စ်)လေးကို share ရကြိုး.... ရေးရကြိုးနပ်ပါတယ်။
ဆက်ရန်တွေ လာပါဦးမယ်။ :)
witch83 ( 18th March 2012 , 15:37 GMT+8)
To Continue Reading

October 12, 2010

လင်မယားဟာသ

လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အလွန် စိတ်တိုနေကြသည်။

ယောင်္ကျားဖြစ်သူသည် အလုပ်မှ အိမ်သို့ နေ့စဉ် နေ့လည်စာပြန်စားလေ့ ရှိသည်။

နေ့လည်ခင်းသို့ ရောက်သောအခါ ယောင်္ကျားဖြစ်သူက အလုပ်မှနေ၍ မိန်းမဖြစ်သူဆီကို ဖုန်းဆက်ကာ မေးသည်။

ယောင်္ကျား ။ ။ "ဒီနေ့ ဘာ ဟင်းလဲဟေ့".....
မိန်းမ ။ ။ "အဆိပ်"
ယောင်္ကျား ။ ။ "အေး... ကောင်းတယ်။ မင်း ငါ့ကို ထမင်းစား စောင့်မနေနဲ့တော့။ အရင်စားထားနှင့်လိုက်" .....

Internet မှ ဟာသကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ ။

Witch83 To Continue Reading

September 07, 2010

မဆော့နဲ့

မမရဲ့အင်းကျီကိုချွတ်လိုက်
မမရဲ့ စကပ်ကိုလဲချွတ်
မမရဲ့ ဘရာစီရာကိုလဲချွတ်လိုက်
မမရဲ့ အတွင်းခံဘောင်းဘီပါချွတ်

နောက်မှတ်ထား မမရဲ့ အဝတ်အစားတွေကိုယူမဆော့နဲ့.......
To Continue Reading

July 30, 2009

ရယ်မောလိုက်ပါဆေးမဟာ

(၁)ဆရာကြီး၏ နောက်ဆုံးဆေးလုံး

တစ်ခါက ရွာတစ်ရွာမှာ စုန်းမကြီးတစ်ယောက် သောင်းကျန်းနေလေသည်။ ရွာသားများသည် ကြံရာမရ သည့်နှင့် တခြားနယ်မှ အထက်လမ်းဆရာကြီးကို သွားပင့်ကြလေသည်။ မကြာမှီ ထိုဆရာကြီး နှင့် သူ၏ တပည့် ရောက်လာကာ စုန်းမကြီးကို ပညာပြိုင်ရန် ချိန်းလေသည်။ စုန်းမကြီးနှင့် ဆရာကြီးတို့သည် ရွာ ထိပ်ရှိ ကွင်းပြင်တွင် ပညာပြိုင်ကြမည် ဖြစ်လေရာ ရွာသားများလည်း ရွာလုံးကျွတ်မျှ အားပေး ကြလေ သည်။
ဆရာကြီး- ဟယ် စုန်းစုတ် ဒီရွာက အမြန်ထွက်သွားစမ်း။
စုန်းမ- ဆရာစုတ် နင်ကရော ဘယ်လောက်စွမ်းလို့လည်း....
ဆရာကြီး- သိကြသေးတာပေါ့။
ဟုဆိုက သူတပည့် ဘက်ကိုလှည့် ပြီး“ ပေးစမ်းငါ့ရဲ့ ဆေးကြိမ်လုံး “ တပည့်ထံမှ ဆေးကြိမ်လုံးယူပြီး ပါးစပ်က ဂါထာရွတ်ကာ ဆေးကြိမ်လုံးဖြင့် မြေကြီးကို ရိုက်လိုက် လေသည်။ သို့သော် စုန်းမကြီးက မဖြုံ။ ဘာမှမဖြစ်သည့်အပြင် တဟီးဟီး တောင်ရီနေသေးသည်။ ထိုအခါဆရာကြီးက တပည့် ပေးစမ်း ရေမန်း
ဟုဆိုကာ ရေမန်းဖြင့် ပက်ပြန်လေသည်။ သို့သော် အချည်း အနှီး ပင်။ ဆရာကြီး၏တပည့်ဖြစ်သူမှာ ချွေးသီးချွေးပေါက်တွေပြန်နေလေပြီ။ ဆရာကြီးမှ တဖန် ဆေးလုံးတစ်လုံးထုတ်ပြီး မန်းပြန်လေသည်။ ပြီးနောက် ထိုဆေးလုံးဖြင့် ပေါက်လိုက်သော်လည်း စုန်းမကြီး မှာ မဖြုံချေ။ ဆရာစုတ်....နင့်ပညာ ကုန်ပြီလားဟုတောင်မေးနေသေးသည်။ တပည့်ဖြစ်သူမှာ ပြေးဖို့ပြင်နေ လေပြီ။ ဆရာကြီးက မကြောက်ရန်ပြောပြီး “ပေးစမ်း ငါ့ ဆေးလွယ်အိတ်“ ဟုဆိုကာ တပည့် ထံမှ လွယ်အိတ်ကို ယူ၍အထဲမှ
လက်သီးဆုတ်ခန့် ရှိသော ဆေးလုံးကြီး တစ်လုံးကို ထုတ်ကာ ပါးစပ်နားတေ့မန်းမှုတ်ပြီး လျှင် စုန်းမကြီးထံသို့ ပစ်ပေါက် လိုက်လေသည်။ ထိုအခါမှ မီးလုံးကြီးပွင့် သွားပြီး စုန်းမကြီးမှာ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားလေတော့ သည်။ ရွာသူရွာ သားများ မှာ ဆရာကြီးကို အလွန် အမင်း ယုံကြည် လေးစားသွားကြပြီး
လက်ဆောင် များ စွာကန်တော့ လိုက် ကြလေသည်။ အပြန်ခရီးတွင် တပည့်ကမေးလေသည်။
“ဆရာကြီး ၊ ဆရာကြီး နောက်ဆုံးထုတ်လိုက်တဲ့ဆေးက ဘာလဲဗျ။ ကျွန်တော်လည်း တစ်ခါမှ မမြင်ဘူးပါလား“
ထိုအခါ ဆရာကြီးက ဘေးဘီကို ကြည့်ကာ လေသံကို နှိမ့်လိုက်ပြီး
“ဘယ်သူ့မှာ လျှောက်မပြောနဲ့ ကွ အဲဒါ ဂျပန်တွေဆီက ရလိုက်တဲ့ လက်ပစ်ဗုံး“ ဟူ၏။
(၂)သရဲ ထင်လို့ပါ
တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ် လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သောနေရာရောက်မှ လူတွေက သူ့ကို မနည်းနှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။
“သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး ရွက်ပြီး ငိုမဲ့ငိုမဲ့ဖြင့် ရောက်လာကာ
“ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့ သူ့နောက်က ကပ်လိုက်ပါတယ်ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။
(၃)သူရဲကောင်းရွေးခြယ်ပွဲ တစ်ခါကဘုရင်ကြီးတစ်ပါးသည် နိုင်ငံ အတွင်းတွင် သူရဲကောင်းရွေးခြယ်ပြီးသူကောင်းပြုရန်အတွက် အကြံရလေသည်။ သူသည် သူ၏ဖောင်တော်ကိုမိချောင်းများ မွေးမြူထားသော ရေကန်၏အလယ်တွင် ကျောက်ချစေပြီး မူးမတ်များကို ဤသို့ကြေငြာစေသည်။“တိုင်းသူပြည်သားများ ခင်ဗျား ဘုန်းကံ ကြီးမြတ်သော ရွှေနန်းရှင်၏သူရဲကောင်းရွှေးခြယ် ပွဲကြီး စတင်ပါမည်ခင်ဗျား မိချောင်းများကိုတိုက်ခိုက်၍ ဤရေကန်ကို ကူးခတ်လာနိုင်သူအား ဘုရင်မင်းမြတ် ကြီးမှဆုတော်လာဘ်တော်များ ပေးသနားပြီး သူရဲကောင်းအဖြစ် ချီးမြောက်မည်ဖြစ်ပါသည်။ပြိုင်ပွဲ စပါပြီခင်ဗျား။ “ပရိတ်သတ် များသည်ကမ်းလုံးပြည့်မျှစည် ကားလှ၏။ အမတ်ကြီးကထိုသို့ကြေငြာလိုက်သော်လည်း ပရိတ်သတ်ကြီးက တုတ်တုတ်မျှမလှုပ်။ မည်သူမှရေထဲ မဆင်းရဲပဲ ငြိမ်သက်နေကြသည်။ အတန်ကြာ တော့ ဘုရင်ကြီးဒေါသထွက်လာသည်။ငါကိုယ်တော်ရဲ့တိုင်း ပြည်ထဲမှ ရဲစွမ်းသတ္တိရှိတဲ့သူ မရှိတော့ ဘူး လားဟုမူးမတ်များကို မေးသည်။ တစ်ခဏနေ သော် ရေထဲသို့ လူတစ်ယောက် ဗွမ်းခနဲ့ခုန်ချ သွား သည်။ မိချောင်းများက သူ့ထံသို့ စုပြုံ လိုက်ကြလေသည်။ထိုသူသည် မိချောင်းများကို ရှောင်တိမ်း ရင်း ဖောင်ဆီသို့ရောက်အောင်ကြိုးပမ်းလေ၏။ ပရိတ်သတ်ကြီး လည်း အသက်ပင် မရှုနိုင်ပဲ သည်းထိတ်ရင်ဖို စွာ ကြည့်ရှု့ကြလေသည်။ နောက်ဆုံးတွင် ထိုသူသည် ဖောင်တော်ဆီ သို့အောင်မြင်စွာ ရောက်ရှိလေ သည်။ ထိုအခါ ဘုရင်ကြီးက အားရတော်မူပြီးရွေဓါးဆုကို ချီးမြင့်လေသည်။ မူးမတ်များ က ချီးကျူး စကား ဆိုကြ၏။ပရိတ်သတ်များကလည်း သောင်းသောင်းဖျဖျ လက်ခုပ်တီး သြဘာပေး ကြလေသည်။ထို့နောက် ပရိတ်သတ်များ ငြိမ်သက်စေရန် အမတ်ချုပ်ကြီးက လက်ကာပြလိုက်ပြီး သူရဲကောင်းကြီးအား “သူရဲကောင်းကြီး အနေနဲ့ ပရိတ်သတ်ကြီးကိုဘာများပြောချင်ပါသေးသလဲခင်ဗျာ“ မေးလိုက်ရာ သူရဲ ကောင်းကြီးမှပရိတ်သတ်ကြီးဖက်ကို လှည့်လိုက်ပြီး
“ဘယ် မအေ..... ကျုပ်ကိုတွန်းချတာလဲကွ“ ဟူ၏။
(၄)သေချာပြောပါ မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီးအနီးတွင် တောင်းကြီးပိုက်ပြီး ထိုင်နေသည်။ မော်တော်ထွက်သောအခါ မော်တော်မောင်းသူက သတိပေးသည်။ “ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့။ “မကြာမီ....ထိုသူက ထပ်သတိပေးပြန်သည်။'ဒေါ်ကြီး အဲဒါအိတ်ဇောနော်“ “အေးပါသိပါတယ်ဆို“ ထိုအချိန်တွင် မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာအိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။ “အမလေးပူလိုက်တာ“...... ထိုအခါ မော်တော်မောင်းသူက“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး ပူ ပူတယ်ပြောတာမဟုတ်ဘူး။အိတ်ဇောလေးဘာလေးနဲ့“….:D
To Continue Reading

June 11, 2009

လှေခါးလာမလှုပ်နဲ့

ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို မြင်ခဲ့ကြရတယ်။ နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို ဗဟုသုတအနေနဲ့ ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။

ဆရာမ။ ။ “တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချင်တယ် .....ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ်။ ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲ။”

ကိုလတ်။ ။ "ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့ ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။"

ဆရာမ။ ။ “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့ ....ဟုတ်ပြီလား။”

ဆရာမကဆက်ပြီး “မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါဦး။”

မောင်မောင်။ ။ “အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ။”

ဒါနဲ့ ဆရာမက “အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာ မသောက်စားကြနဲ့ ဟုတ်ပြီလား”ဟု ပြောလိုက်တယ်။

ဆရာမကဆက်ပြီး ပီတာလေးကို မေးလိုက်တယ်။ “ပီတာလေးရဲ့ အမြင်ကိုလဲပြောပါဦး”

ပီတာလေး။ ။ “ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ။” လို့ ဖြေလိုက်တယ်။

ဆရာမလည်း အံ့အားသင့်သွားပြီး “ဘယ်လိုပတ်သက်လို့တုန်းကွဲ့ ”လို့ ပီတာလေးကိုမေးလိုက်တဲ့အခါ ပီတာလေးက
“အဲဒီလူကြီးက...အေဘေးလေးအောက်ကနေ လှေခါးလာမလှုပ်နဲ့”လို့ပြောလို့ပါ ဆရာမလို့ ပြန်ဖြေသတဲ့ကွယ်။ ။

:D

ရီရလို့ပါ...နည်းနည်းရိုင်းသွားရင် ခွင့်လွှတ်ပေးကြပါ။
To Continue Reading

April 29, 2009

Jokes ( ရီကြရအောင် )


  • သိပ်ကောင်းတဲ့အဖြေ
ဆရာ - မောင်ပု၊ ရေ ရဲ. ဓါတုဗေဒ ဖော်မြူလာ ကိုပြောစမ်း။
မောင်ပု - H I J K L M N O
ဆရာ - ဘာတွေ လာပြောနေတာလဲ။
မောင်ပု - ဆရာပဲ မနေ.က သင်တယ်လေ. H to O ဆို။

  • မမြင်သင့်တာ
အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲအဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေက ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်သွားတယ်။ ဘာမြင်ခဲ့လဲ သိလား...ကျွန်တော့် "အဖေ" ကိုလေ....

  • Sardar Jee's Jokes
Boss: Where were you born?
Sardar: India ..
Boss: which part?
Sardar: What 'which part'? Whole body was born in India .

  • WHILE IN A DRUG STORE (Mr Bean's Jokes)
Mr. Bean: I'd like some vitamins for my grandson.
Clerk: Sir, vitamin A, B or C?
Mr. Bean: Any will do, my grandson doesn't know the alphabet yet!!

  • AT ATM MACHINE (Mr Bean's Jokes)
Friend: What are you looking at?
Mr. Bean: I know your PIN no., hee, hee.
Friend: Alright, what is my PIN no. if you saw it?
Mr. Bean: four asterisks (****)!

  • Marriage (Mr Bean's Jokes)
Friend: How many women do you believe must a man marry?
Mr. Bean: 16Friend: Why?
Mr. Bean: Because the priest says 4 richer, 4 poorer, 4 better and 4worse.

  • တုံးလို့ ကြိုက်
ဧဒင်ဥယျာဉ်တွင် ဖြစ်သည်။
အာဒမ်က ဘုရားသခင်ကို မေးဧ။်
"ဘာကြောင့်များ ဧဝကို သိပ်လှအောင် ဖန်တီးခဲ့ရတာလဲ ဘုရား"
"မင်းအာရုံစိုက်မိအောင်လို့ "
"ဘာကြောင့်များ ဧဝကို သိပ်ချိုသာအောင် လုပ်ပေးခဲ့ရတာလဲ ဘုရား"
"ဒါမှ မင်း, သူ့ ကိုချစ်မိမှာပေါ့"
ဤအချက်ကို အာဒံသည် ခဏမျှစဉ်းစားလိုက်သည်။
"ဒါဖြင့် ဘာလို့  ဧဝကို သိပ်တုံး သိပ်အအောင် ဖန်တီးခဲ့ရတာလဲ ဘုရား"
ထိုအခါ ဘုရားသခင်က "ဒါမှ သူ မင်းကိုချစ်မိမှာပေါ့" ဟုပြန်ဖြေလေသတည်း ။ ။

( တုံးလို့ ကြိုက်ကိုတော့ someone special ကိုရည်ရွယ်ပြီး တင်ထားတာပါ.....ကာယကံရှင်ဖတ်မိရင် စိတ်မဆိုးစေလိုပါ။ :D )
To Continue Reading

April 28, 2009

Songs Jokes

အနိုင် အချစ်ရေ အချစ်ရေ နောက်မခေါ်တော့ဘူး.......
ပိုးအိစံ မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ရွှေမြို့ မောင်ကြီးရေ .......

စိုးစန္ဒာထွန်း မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ....
လေးဖြူ ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့....

Lဆိုင်းဇီ လာချင်ရင် အနီးလေး....ကြိုမယ်ရှင့်.....
မျိုးကြီး မလာပါနဲ့

နန်းစုရတီစိုး ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်.....
မိုးမင်း မင်းသဘော မင်းသဘော မင်းသဘောပဲ.....

Rဇာနည် ရေမြေခြားသွားရတော့ မင်းလေးကိုထားခဲ့ ရပြီပေါ့............
NO နောက်တစ်ယောက်နဲ့ ချစ်မှာပဲ.......

အငဲ ဟောင်းသွားပြီလား ....ဟောင်းသွားပြီလား.....
စိုးစန္ဒာထွန်း မနှောင်းသေးပါဘူး...မဟောင်းသေး ပါဘူး အချစ်ရေ.....




Lဆိုင်းဇီ ဖုန်းဆက်လည်း မပြောချင်ဘူးလား.....
ဝိုင်ဝိုင်း တော်ပြီကွာ ဒီဖုန်းစုပ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ.....

ထွန်းအိနြာဗို ငါလေ မြင်နိုင်ရင် နင့်ကိုပြချင်တယ်......
ဗဒင် မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်း မြင်တယ်...

ဗဒင် လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့.....
တင့်တင့်ထွန်း နမ်းပါ နမ်းပါ နမ်းပါ.....

ဖြိုးကြီး ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ်......
တင့်တင့်ထွန်း ကြိုက်တယ်....မင်းလုပ်သမျှ ကြိုက်တယ်.....

ထူးအိမ်သင် မေ့လိုက်တော့ အချစ်လေးရေ.......
ဖြူဖြူကျော်သိန်း ငါတော့မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ..........

လွှမ်းမိုး စိတ်ညစ်လို့ အရက်ကိုသောက်တယ်........
မေဆွိ စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်.........

ခင်ဖုန်း မင်းကြောင့် မင်းကြောင့် ပါနော်.......
စည်သူလွင် အချစ်ရေ ......ကိုယ့်ကြောင့်........

သီရိဆွေ နင်နဲ့ငါနဲ့ ...ငါနဲ့နင်နဲ့....အိုး...အိုး......
ရွှေပြည်တန်သိန်းဇော် အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်.........

စန္ဒရားလှထွတ် အိပ်မပျော်သော ညတစ်ည သံသရာဝယ်....
မေဆွိ ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ.........

သုမောင် စစ်ကိုင်းတောင်ကို အရောက်သွားလို့ ...တရားရှာမလေ .......
မေဆွိ ကိုကိုရေ ..ကွယ်ရာမှာ အခြေမများနဲ့နော်......ကိုကိုနော် နော် နော့်.....

ဖိုးသောကြာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကကွယ် ပြောချင်တာတွေလည်း ပြောကြပါစေကွယ်...
သျှားအိဘိုဘိုဟန် အဖေအမေတွေက ပြောတာလား...အကိုမောင်တွေက ပြောတာလား.......

ဇော်ဝင်းထွဋ် ခေါင်းတွေကိုက်လို့ ကိုယ်တွေပူတယ် ဆေးခန်းသွားလည်း မသက်သာဘူးဟေ့.......
မေခလာ ဇွတ်ချစ်မယ်ဟေ့...... ဇွတ်ချစ်တတ်တာ ငါပဲ........

ပန်းအိဖြူ နေညိုချိန် တိမ်တောက်တဲ့ခါ ရွာလမ်းနဘေးမှာ....စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ......
စိုင်းစိုင်း ရေအိုးလေးလှုပ်ပါဟေ့ ...အိုးလေး လှုပ်ပါဟေ့....

ကဗျာဘွဲ့မှူး ကိုကိုယောင်္ကျားမဟုတ်ဘူး.......
တွံတေးသိန်းတန် မိန်းမတွေ မာယာလောက်တော့ ပျင်းသေးတယ် ပျင်းသေးတယ်.....

I hope that you all will love it. I got this from a forward mail.
To Continue Reading

April 03, 2009

"ချက်စားကြမယ်"

" ရီသောသူသည် အသက်ရှည်၏ "

တစ်ခါက လူသားစားတဲ့တောကလူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့အသားမရှိတော့တာနဲ့မြို့အစွန်နားအထိ တက်လာကြတယ်။ တွေ့တဲ့သူကိုဖမ်းခေါ်လာပြီးချက်စားဖို့ပေါ့။ ဒီလိုနဲ့လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမပိန်ပိန်တစ်ယောက်ဖြတ်လာတယ်။သားကမေးတယ် " အဖေ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွား မလား.." ဆိုတော့

အဖေက " နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။ "
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော့.....
သားကမေးတယ် " အဖေ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။
ဖမ်းသွားရအောင်..."
အဖေကလည်း " ဒီတစ်ယောက်က ၀လွန်းတယ်။
ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့ "
ဒီလိုနဲ့စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည်လှလှပပမိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း " အဖေ ဒီတစ်ယောက်ဆိုအနေတော်ပဲ။ ပိန်လည်းမပိန်၊ ၀လည်းမ၀ဘူး။ ဖမ်းသွားရအောင်..." လို့မေးတော့
အဖေပြန်ပြောလိုက်ပုံက " ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။ အိမ်ရောက်ရင်မင်းအမေကို ချက်စားကြတာပေါ့သားရယ် …" ဟူသတည်း။
To Continue Reading

March 25, 2009

မှားယွင်းတဲ့ဆုတောင်း

ဟာသလေးတစ်ခုပါ။ ရီရတာကတစ်ကြောင်း ၊ ဆုတောင်းမမှားစေချင်တာကတစ်ကြောင်းကြောင့် screen shot ဆွဲပြီး ပြန်လည်ဝေမျှလိုက်ပါတယ်။ ;) တစ်ချက်ပြုံးရင် တစ်ရက်အသက်ပိုရှည်နိုင်တယ်လို့  ကြားဖူးပါတယ်။ ပြီးတော့ လူတိုင်း မှန်မှန်ကန်ကန်ဆုတောင်း နိုင်ကြပါစေ။





To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer