" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

September 20, 2012

Hidden Camera တွေအကြောင်း တစေ့တစောင်း (၂)


 Hidden Camera တွေအကြောင်း တစေ့တစောင်း (၁)ရဲ့အဆက်ပါ။
************************************************


လူသိပ်များတဲ့ စင်္ကာပူက IT show တွေကို ကျောင်းတက်နေတဲ့နှစ်တွေမှာ ရှောင်ခဲ့ပေမဲ့ (ရှောင်လို့ရခဲ့ပေမဲ့ ) ကျမတို့ ကုမ္ပဏီက IT show မှာ သုံးလတစ်ကြိမ် ဝင် paritcipate လုပ်တော့ ရှောင်လို့ မရတော့ပါဘူး။ ပွဲနေ့ (၄)ရက်လုံးရှိနေရပါတယ်။ အဲ့ဒီမှာ Hidden camera တွေရဲ့ အန္တရာယ်ကို ပြန်သတိထားမိတော့တာပါပဲ။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ အရှေ့ က booth က 007 device တွေ ရောင်းလို့ပါပဲ။ ဆိုင်ခန်းကို နှစ်ခန်းတွဲငှားပြီး promoter တွေ အများကြီးနဲ့ အပီအပြင်ကို ရောင်းတာပါ။ ဈေးကလည်း ဝယ်ပျော်ပါတယ်။ ၂ခုဝယ်မှ စင်္ကာပူဒေါ်လာ (၉၉)ကျပ်ပါတဲ့ရှင်။ ဘောပန်၊ mp3၊ မျက်မှန်၊ နားကျပ်၊ နာရီ၊ in-car ပုံစံ အမျိုးမျိုးပါပဲ။ customer တွေ အားလုံးနီးပါးကလည်း ယောကျာင်္းတွေချည်းပါပဲ။ အဖိုးကြီးတွေ တော်တော်များပါတယ်။ လူ အရမ်းစည်ပြီး promotion အရမ်းပေးတဲ့ အဲ့boothကို ကြည့်မိတိုင်း စိတ်ပျက်မိပါတယ်။ စိတ်ပူမိပါတယ်။

ရှိုးပွဲပြီးသွားတော့ အဲ့ဒီ ကုမ္ပဏီရဲ့ websiteကို ရှာပြီး သူ့ product တွေရှာကြည့်မိပါသေးတယ်။ အောက်ကပုံတစ်ချို့က အဲ့ဆိုဒ်က ကူးလာတာပါ။ ကျန်တဲ့ ပုံတွေကတော့ google ကရလာတာပါ။





လက်ဖဝါး ဆိုဒ်(ဇ်) သာရှိတဲ့ ဓါတ်မီးပုံစံ surviliance camera
 wall-plug ပုံစံ hidden camera

 
$140.99 သာပေးရတဲ့ retail shop တွေမှာ ထားတဲ့ wall clock ပုံစံ hidden camera

ဒီ ကင်မရာလေးတွေဟာ နည်းမှန်လမ်းမှန်နဲ့ သုံးမယ်ဆိုရင်တော့ တော်တော်ကို အကျိုးရှိပြီး အသုံးဝင်မှာပါ။ ကျမတို့ရဲ့ အိုင်တီရှိုးက ဆိုင်နီးနားချင်း ကုမ္ပဏီကတော့ နည်းမှန် လမ်းမှန် ရောင်းတဲ့ကုမ္ပဏီလို့ ပြောလို့ရပါတယ်။ promoter တွေကိုလည်း ကုမ္ပဏီကတီရှပ် ဝတ်ခိုင်းပြီး၊ ဂျင်းဘောင်းဘီနဲ့ ရှုးအပိတ်စီးခိုင်းထားပါတယ်။ promoter လေးတွေကလည်း ကျောင်းသူ၊ ကျောင်းသားလေးတွေ ပါပဲ။ ဝယ်သူ ၉၀%လောက်က ယောကျာင်္းတွေ ဖြစ်နေတာကတော့ သူနဲ့ မဆိုင်ဘူးလို့ ဖြေတွေးရင်ရပါသေးတယ်။

ဒါပေမဲ့ အိုင်တီရှိုးမှာပါတဲ့ နောက် ကုမ္ပဏီတစ်ခုကတော့ တော်တော် ဆိုးပါတယ်။ သူ့ဆိုင်ခန်း ဘယ်နား ရှိမှန်းတော့ မသိပါဘူး။ စာရွက်လိုက်ဝေနေတဲ့ ကောင်မလေးနှစ်ယောက်ကိုတော့ တစ်နာရီခြားတစ်ခါဆိုသလို ကျမတို့နားမှာ တွေ့ရတတ်ပါတယ်။ နှစ်ယောက်လုံး အရမ်း ချောကြပါတယ်။ အရပ်အမြင့်ကြီးတွေနဲ့ ဆံပင်အရှည်တွေနဲ့ ပါ။ ပေါင်တံလေးတွေဆို ဖြောင့်ဆင်းပြီး ဖြူဖြူသွယ်သွယ်လေးတွေပါ။ ဒေါက်ဖိနပ် အမြင့်ကြီးစီးပြီး သူတို့ ကုမ္ပဏီရဲ့ ကြော်ငြာစာရွက်တွေ လိုက်ဝေနေတာပါ။ ဝတ်ထားတာကတော့ အမဲရောင်ဂါဝန်လေးတွေပါ။ ငယ်ငယ်တုန်းက အကျီင်္အဖြူပေါ်က ထပ်ဝတ်ရတဲ့ ကျောင်းဂါဝန်လေးလိုမျိုးပုံစံပါ။
အရှည်ကတော့ ပေါင်လယ်လောက်ပဲ ရှိပါတယ်။ အဲ့ဒီ အရှေ့  ဘက်က အဖုံးလေးရဲ့ အလယ်တည့်တည့်မှာ (၆)လက်မလောက်ရှိတဲ့ အကြောင်းလေးတစ်ကြောင်း ခွဲထားပါတယ်။ အနောက်ဘက်မှာ ခရော့(စ်) ပုံပဲရှိတာမို့ အောက်က ဘာမှဝတ်ထားပုံ မရပါဘူး။ စလုံးတရုတ်မတွေ ဘာမှ မရှိလို့သာ တော်ပါတော့တယ်။ မဟုတ်ရင် မတွေးရဲစရာပါ။ လှုပ်တာနဲ့ ပေါ်မှာပဲ။ သူတို့ ကြည့်ရတာလည်း စိတ်မသက်သာတဲ့ပုံတွေပါပဲ။ အဲ့ဒီ အခွဲကြောင်းလေးရှေ့ မှာ စာရွက်တွေနဲ့  မသိမသာ ကွယ်ထားကြပါတယ်။ သိတယ်မလား။ အိုင်တီးရှိုးဆိုတာာ လူတွေ ကျပ်သိပ်နေပြီး လူတစ်ချို့ကလည်း သူတို့နှစ်ယောက်ကို မြင်တာနဲ့ ပြူးပြဲပြီး ကြည့်ကြတာကိုး။
ပြောချင်တာက အဲ့ဒါ မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို ပြောချင်တာပါ။ အဲ့လိုပုံနဲ့ marketing လုပ်မှတော့ သူဆွယ်နေတာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ သူ့ web site ကို ဝင်ကြည့်ကြည့်တော့ ကြော်ငြာပုံတစ်ချို့က တော်တော် ဆိုးပါတယ်။ အောက်ကပုံက သူတင်ထားတဲ့ပုံတွေထဲက တစ်ပုံပါ။


အဲ့ဒါ သူ့ကုမ္ပဏီရဲ့ တရားဝင် website မှာ တင်ထားတာပါ။

နိဂုံး

Hidden camera တွေရဲ့ရန်က လျှော့ချနိုင်တဲ့ နည်းတစ်ချို့ကတော့ ... Hidden camera တွေမှာ portable နဲ့ fixed ဆိုပြီး နှစ်မျိုးရှိပါတယ်။
  • portable တွေက လူအုပ်စု များတဲ့နေရာတွေ ( လမ်း၊ ပန်းခြံ၊ ကမ်းခြေ၊ shopping mallနဲ့ gym လို နေရာမျိုးတွေ) မှာ ရှိတတ်ပါတယ်။
  • fixed camera တွေကတော့ ဟိုတယ်၊ အကျီ င်္လဲခန်း၊ ရေချိုးခန်း၊ အိမ်သာလိုနေရာမျိုးတွေမှာ ဖွက်ထားတတ် ကြပါတယ်။
  • တကယ်လို့ စိတ်ထဲမှာ မလုံခြုံဖူးထင်ရင် normal မဟုတ်တဲ့ အပေါက်လိုမျိုးဟာတွေ ရှာကြည့်ပါ။ မှန်လိုဟာမျိုးနဲ့ cover လုပ်ထားရင်တော့ hidden camera ဖြစ်နိုင်ပါတယ်။
  • တခြား စစ်ဆေးနိုင်တဲ့ test မျိုးကတော့ ပစ္စည်းတစ်ခုဟာ သူစွမ်းဆောင်ရမဲ့ လုပ်ဆောင်ချက်ကို လုပ်နိုင် မလုပ်နိုင် စစ်ဆေးကြည့်တာပါပဲ။ ဥပမာ... ရေဒီယို ကင်မရာတစ်ခုဟာ ရေဒီယို ဖမ်းနားထောင်လို့ မရတာမျိုး။  နှီုးစက် နာရီတစ်ခုဟာ alarmပေးလို့ မရတာမျိုး။ 
နိဂုံးအနေနဲ့ ပြောချင်တာကတော့ တိုးတက်လာတဲ့ခေတ်ကြီးမှာ အရာရာတိုင်းဟာ အကောင်းနဲ့ အဆိုး တွဲနေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ကလည်း သူကောင်းဖို့ အတွက်သာ ကြည့်မှာ ဖြစ်ပြီး ဒီလို လူမိုက်အားပေးတွေ လုပ်ကြမှာပါပဲ။ အဓိကကတော့ ဒီလိုမျိုးတွေ ရှိတတ်တယ်ဆိုတာသိပြီး သတိထားကြဖို့ပါ။ ဒီလို device တွေ သုံးပြီး ကိုယ့်ကို ဗွီဒီယို၊ ဓါတ်ပုံ ရိုက်ဖို့ဆိုတာကလည်း နည်းနည်းတော့ သိသာမယ် ထင်ပါတယ်။
ဒီပို့(စ်)ကို ဖတ်ပြီးတော့ ကျီးလန့်စာတော့စားနေစရာတော့ မလိုပါဘူး။ ဗဟုသုတရစေဖို့ ရေးလိုက်တာပါ။ ဒါကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ဥပဒေတည်ဖို့ပဲ လိုပါတယ်။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်တော့ မရှိပါဘူး။ ရေးထားတာ မုန့်လုံးစက္ကူကပ်သလိုဖြစ်နေရင် ခွင့်လွှတ်ပါ။ စာ.. သိပ် မရေးတတ်လို့ပါ။း)

စာကြွင်း။     ။ hidden camera လို့ပြောနေပြီး mobile phone က ကင်မရာတွေကိုလည်း ပေါ့သေးသေးတော့ မထင်လိုက်ကြပါနဲ့။ တကယ်တမ်းတော့ အင်တာနက်မှာ ပြန့်နေတဲ့ ပုံတွေ၊ movie clip တွေတော်တော်များများဟာ ဖုန်းကင်မရာနဲ့ ရိုက်တာပါ။း)

Reference
1. http://en.wikipedia.org/wiki/Closed-circuit_television
2. http://www.oprah.com/home/Hidden-Camera-Dangers
3. ပုံတစ်ချို့ကို IT show မှာ ဝင်ပါတဲ့ brand နှစ်ခုရဲ့ official websiteတွေက ယူထားပါတယ်။ ဒါပေမဲ့ ဒီမှာ မဖော်ပြထားပါဘူး။ တစ်ချို့ပုံတွေကတော့ ဂူးဂယ်(လ်)ကပါ။


WITCH83
20/09/2012 (9:09PM, GMT+8)
To Continue Reading

Hidden Camera တွေအကြောင်း တစေ့တစောင်း (၁)

Hidden Camera တွေအကြောင်းက ရေးချင်နေတာ ကြာပါပြီ။ အတိအကျ ပြောရရင် မနှစ်ကတည်းကပါ။ ဒါပေမဲ့လည်း ထုံးစံအတိုင်း အချိန်ဆွဲရင်း မရေးဖြစ်ပါဘူး။ အခုတော့ ရုံးမှာလည်း အလုပ်တွေပါးပြီး စာလုပ်ချင်စိတ်လည်း သိပ်မရှိတာမို့ data ရှာပြီး တစ်နေ့ နည်းနည်းချင်းစီ ရေးလိုက်ပါတယ်။ :)

အရင်တုန်းကတော့ Closed-Circuit TeleVision (CCTV) နဲ့ ပတ်သတ်ပြီး သတိထားဖို့၊ လက်ကိုင်ဖုန်းက camera တွေကို သတိထားဖို့၊ Botique တွေမှာ အဝတ်အစားတွေ try ရင် သတိထားဖို့ Internet ပေါ်မှတဆင့် (FB, email စသည်ဖြင့်) ဖတ်မိပါတယ်။ ဒါပေမဲ့ CCTV အကြောင်းတော့ မရေးချင်သေးပါဘူး။ မနှစ်ကမှ အကြောင်းတိုက်ဆိုင်မှုတွေများလာလို့ ဒီစာ ရေးချင်စိတ်တွေ ဖြစ်မိတာပါ။

Why?
CCTVတွေထားရချင်းရဲ့ အဓိက ရည်ရွယ်ချက်က ကောင်းပါတယ်။ Crime Prevention အတွက်ပါ။ နောက်ပြီး အန္တရာယ်များတဲ့ hazard zoneတွေမှာ control လုပ်ဖို့အတွက်ပါ။ အဓိက..ကတော့ monitoring လုပ်ဖို့ပါပဲ။ ဒါပေမဲ့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ CCTV (ခေါ်) hidden camera (ခေါ်) survilliance camera တွေဟာ ဈေးပေါလာတဲ့အပြင် ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲ အပြိုင်အဆိုင် ဝင်လာပြီး လူတွေကလည်း တလွဲတွေ အသုံးချနေကြပါတယ်။

ကျမနဲ့  CCTV
ဟိုး ငယ်ငယ်တုန်းကတော့ CCTV ဆို မြင်သာထင်သာရှိတဲ့ လေးထောင့် camera ကြီးတွေလို့ပဲ သိထားပါတယ်။ အဲ့ဒီ ပုံစံတွေပဲ မြင်ဖူးပါတယ်။ ရုပ်ရှင်တွေထဲမှာ နာရီ ကင်မရာ၊ ဘောပန်ကင်မရာ၊ mp3 ကင်မရာ စသည်ဖြင့်တွေ့ဖူးနေပေမဲ့ အပြင်မှာ လွယ်လွယ်နဲ့ရနိုင်မှန်း မသိခဲ့ပါဘူး။ ကိုယ့်ရှေ့ မှာ သုံးနေရင်တောင် ကင်မရာလို့ ထင်ခဲ့မိမှာ မဟုတ်ပါဘူး။

(၁) ကျမ ပထမဦးဆုံး ပတ်သတ်ခဲ့ရတဲ့ CCTV ကတော့ အထက်တန်းကျောင်းမှာတုန်းကပါ။ (၉)တန်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးက အတန်းတိုင်းမှာ CCTV တပ်ပါတယ်။ ထောင့်မှန်စတုဂံပုံစံ၊ digital camera အသေးစား အရွယ်လောက်ရှိတဲ့ CCTV လေးပါ။ အရောင်ကတော့ အဖြူရောင်ပါ။ အဲ့ဒီပုံစံကို ဂူးဂယ်(လ်)မှာ ရှာပေမဲ့ မတွေ့လို့ ခပ်ဆင်ဆင်ပုံကို တင်ထားပါတယ်။


(၂) အဲ့ပုံစံတွေ မဟုတ်ဘဲ တခြားပုံစံ စမြင်ဖူးတာကတော့ မီးလုံးကင်မရာပါ။ ဒီမှာ ကျောင်းတက်နေတုန်းက Robinsonကုန်တိုက်မှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ပါတယ်။ အဲ့ဒီမှာ ကိုယ့်ထက်အရင်ရောက်နေတဲ့ part-timer စလုံးကောင်မလေးက အရမ်း စပ်စုပါတယ်။ တအားလည်း စကားများပါတယ်။ စူပါဗိုက်ဇာလစ်တာနဲ့ ကျမကို စကား လာ..လာပြောပါတယ်။ တစ်နေ့တော့ အဲ့ကောင်မလေးကပဲ ကျမကို အဲ့ဒီ ကင်မရာလေးကို ပြပြီး ဘာလဲ သိလားလို့ မေးပါတယ်။ ပြီးတော့ သူက အဲ့ဒါ CCTV ဆိုပြီး ရှင်းပြပါတယ်။ အထဲမှာ ကင်မလေးက 180ံလည်နေတယ် ပြောပါတယ်။ အဲ့ဒီ ကင်မရာလေးကို  အပေါ်ကနေ မီးလုံးပုံစံဖြစ်အောင် cover အုပ်ထားပါတယ်။ တော်တော် အထူးအဆန်းဖြစ်ခဲ့ပါတယ်။ ( နာ... တော်တော်တုံးတာပါလားနော်...)


(၃) နောက်ထပ်ကြုံတွေ့ ခဲ့ရတဲ့ hidden camera ကတော့ ကျမနေခဲ့တဲ့ ဒုတိယအိမ်မှာပါ။ ဒါပေမဲ့ အဲ့ဒီမှာနေခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ အဲ့လို တပ်ထားမှန်း တကယ်.. မသိခဲ့ပါဘူး။ အိမ်ပြောင်းပြီးမှ သိရတာပါ။ အဲ့ဒီအိမ်လေးက တော်တော်ကောင်းပါတယ် ( အိမ်ကောင်းတာကို ပြောတာပါ။) ၂၄ထပ်အမြင့်ရှိပြီး (၁၉)လွှာမှာ တည်ရှိပါတယ်။ တစ်ထပ်မှာ အခန်း(၄)ခန်းပဲ ပါပါတယ်။ ဓါတ်လှေခါးလည်း နှစ်ခု ရှိပါတယ်။ အိမ်မှာလည်း ဝရန်တာလို အခန်းတစ်ခန်းရှိပြီး အဝတ်လှမ်းရတာလည်း အဆင်ပြေပါတယ်။ အခန်းတစ်ခန်းသပ်သပ်လို ဖြစ်နေတော့ မျက်စိမရှုပ်တဲ့ အပြင် ဝါးလုံးနဲ့ထုတ်ပြီး လှမ်းစရာ မလိုပါဘူး။ ဝရံတာကနေ အိမ်ထဲဝင်လာရင် ဘယ်ဘက်မှာ အိမ်ရှင်လင်မယားနေတဲ့ master room နဲ့ kitchen ရှိပါတယ်။ အလယ်မှာ ထမင်းစားခန်းလို ဟောအရှည်ကြီးရှိပြီးတော့ ညာဘက်မှာ common room နှစ်ခန်းရှိပါတယ်။ အဲ့ဒါကို ကျော်သွားရင် ဧည့်ခန်း၊ ဧည့်ခန်းပြီးရင် အပြင်ထွက်တဲ့ တံခါးမကြီး ရှိပါတယ်။ အဲ့တော့ တစ်အိမ်လုံးကို ခြုံမြင်ချင်ရင် ဝရံတာကအထွက်၊ master room နားက ထမင်းစားခန်းမှာ တစ်ခု၊ ဧည့်ခန်းညာဘက်ထောင့်မှာတစ်ခုထားမှ အဆင်ပြေပါတယ်။

အိမ်ပိုင်ရှင်က စလုံးတွေပါ။ ပိုက်ဆံလည်း ရှိကြပါတယ်။ တစ်အိမ်လုံးကို ပါကေးခင်းပြီး သထားပါတယ်။ မှန်ဗီဒို၊တီဗွီ၊ ပရိဘောဂ၊ kitchen utensils အားလုံး အကောင်းတွေချည်းပါပဲ။ အရုပ်တွေလည်း အများကြီး ရှိပါတယ်။ အမေရိကားကို ရုတ်တရက် မိသားစုအလိုက် သွားလိုက်ရလို့ အမြန် ပြောင်းသွားတာပါ။ ဘာ ပစ္စည်းမှ သိမ်းမသွားပါဘူး။ ကြိုက်တာ ယူသုံးဆိုပြီး အိမ်သူကြီး လင်မယားကို ပေးသွားပါတယ်။

အဲ့ဒီအိမ်ကိုသွားကြည့်တဲ့နေ့က အိမ်သူကြီးလင်မယားက အိမ်ကိုဧည့်သည် ခေါ်လို့ မရဘူးပြောပါတယ်။ အိမ်ပိုင်ရှင်က ပစ္စည်းတွေ အများကြီး ထားသွားတဲ့အတွက် တစ်ခုခု ဖြစ်မှာစိုးလို့လို့ ပြောပါတယ်။ အဲ့ကတည်းက စိတ်ထဲ တစ်မျိုး ဖြစ်မိပါတယ်။ ဒါပေမဲ့ အိမ်ကို ကြိုက်တာတစ်ကြောင်း၊ သူတို့ လင်မယားကလည်း အေးအေးဆေးဆေးပုံစံရှိပြီး ဖော်ရွေသလိုရှိတာကတစ်ကြောင်း၊ ဈေးလည်း သင့်တာကတစ်ကြောင်းကြောင့် mrt နဲ့ နည်းနည်းဝေးပေမဲ့ အဲ့ဒီအိမ်ကိုပဲ ရွေးလိုက်ပါတယ်။ တစ်နှစ်ခွဲလောက်နေပြီးတဲ့အခါမှာတော့ ညီအစ်မနှစ်ယောက်လုံး ကျောင်းလည်းပြီး၊ အလုပ်လည်း ကိုယ်စီရပြီမို့  အလုပ်နေရာနှစ်ခုနဲ့ center ကျတဲ့နေရာကို ရွှေ့  လိုက်ကြပါတယ်။

နောက် ပြောင်းရတဲ့ တခြားအချက်တစ်ချက်ကတော့ အိမ်ပြောင်းခါနီးတစ်လလောက်အလိုမှာ မီးက braker ခဏ ခဏ ကျပါတယ်။ နောက်ပြီး အိမ်ရှင်လင်မယားက ရန်ကုန်ကို နိုဝင်ဘာလဆန်းမှာ တစ်လလောက် ပြန်ဖို့ရှိပါတယ်။ ဘေးခန်းက မိသားစုကလည်း ကလေး ကျောင်းပိတ်လို့ နိုဝင်ဘာလလယ်ကျရင် ရန်ကုန်ပြန်ပြီး နှစ်လလောက်နေမယ်ဆိုတော့ ... ညီအစ်မနှစ်ယောက်တည်း အိမ်ကြီးထဲမှာ ကျန်ခဲ့ပြီး မီးပြဿနာတက်မှာ စိုးတာကြောင့်လည်း ပါပါတယ်။ အဲ့ဒါကြောင့် အောက်တိုဘာလအကုန်မှာ ကျမတို့ အိမ်ပြောင်းခဲ့ပါတယ်။ဖြစ်ချင်တော့ အစိုးရိမ်ကြီးတဲ့ လင်မယားက ကျမတို့ မပြောင်းခင် အောက်တိုဘာ (၃၀)ညမှာ CCTV camera တစ်ခုကို ကျမတို့ common rooms နှစ်ခန်းနဲ့  kitchen ကို မြင်ရတဲ့နေရာမှာ install လုပ်လိုက်ပါတယ်။ (၃၁)ရက်နေ့မှာ ကိုယ်တွေရှိနေသေးပေမဲ့ အဲ့ဒီနေ့မှာ အလုပ်သွားရပြီး အိမ်ရွှေ့ ဖို့လည်းရှိတာကြောင့် ကိုယ့်အာရုံနဲ့ ကိုယ် သတိမထားမိပါဘူး။ ဒါပေမဲ့  နိုဝင်ဘာ(၁)ရက်နေ့ နေ့လည်ခင်းမှာ ဘေးခန်းက ကလေးမလေးက အဲ့ဒါကို သတိထားမိပြီး သူ့အမေကို ပြပါတယ်။ အခန်းတံခါး အဖွင့်အပိတ်၊ လူအသွားအလာရှိရင် အဲ့မီးလုံးလေးက လင်းလာပါတယ်။ ကြည့်ရတာ motion ကို detect လုပ်ပြီး camera position ကို ရွှေ့ ပုံရပါတယ်။ အလျင်နဲ့ဆိုတော့ ကင်မရာအရွှေ့ မှာ ဝရံတာက ဝင်လာတဲ့ နေရောင်နဲ့  ပြန်ဟပ်ပြီး အဲ့ဒီ မီးလုံးကင်မရာလေး ထ..ထ.. လင်းပုံပါပဲ။

အဲ့လိုနဲ့ ညနေခင်းရောက်တော့ ဘေးခန်းက မိသားစုနဲ့၊ အိမ်သူကြီး လင်မယား စကားများကြပါတော့တယ်။ စကားများတော့မှ အိမ်ရှေ့ ခန်းမှာ တစ်ခုတပ်ဖူးတဲ့အကြောင်း ပေါ်လာပါတော့တယ်။ ကိုယ့်ဆီကို ဘေးခန်းကအစ်မ ဖုန်းဆက်လို့ သိလိုက်ရတဲ့အချိန်မှာ တော်တော် စိတ်ဆိုးပါတယ်။ ဒါ သူများရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်တာပါ။ မယုံကြည်ရင် လူငှား မတင်သင့်ပါဘူး။ ကိုယ့်ပစ္စည်း မဟုတ်လို့ တာဝန်ကြီးတယ်ဆိုရင်လည်း သော့ခတ်သိမ်းပြီး စတိုခန်းထဲထည့်ထားလို့ရပါတယ်။ ကင်မရာ တပ်ထားခဲ့တယ်ဆိုရင်လည်း ကြို..အသိပေးသင့်ပါတယ်။ စင်္ကာပူဥပဒေအရလည်း အိမ်မှာရှိတဲ့သူတွေကို ကြိုအကြောင်းကြားရပါတယ်။ အရုပ်ပဲ ဖမ်းခွင့်ရှိပါတယ်။ အသံ မဖမ်းရပါဘူး။ စောင့်ကြည့်ကင်မရာကို ထားရတဲ့ ရည်ရွယ်ချက်လည်း ပြောပြရပါတယ်။ (ဥပမာ.. ကလေးထိန်းကို monitor လုပ်ဖို့)။ ဒီကိစ္စက ရဲတိုင်လို့်ရပါတယ်။ ဒါကို သူတို့ကိုယ်တိုင်လည်း သိပုံ မရပါဘူး။ အစ်မတို့က အခန်းပဲဆိုင်တာ။ ညီမတို့နဲ့ ဆိုင်တဲ့ ထမင်းစားခန်းမှာတပ်တာ ဘာဖြစ်လဲဆိုပြီး စွာပါတယ်။ နောက်ဆုံးတော့ အဲ့ညပဲ ကင်မရာကိုဖြုတ်ပေးလိုက်ပါတယ်။ ဘေးခန်းက မိသားစုလည်း စိတ်ဆိုးပြီး အဲ့လမှာပဲ ချက်ချင်း အိမ်ပြောင်းပါတယ်။ ဒါပေမဲ့ နှစ်ခန်းလုံး လူသစ်တွေချည်းပဲမို့ ဘေးခန်းက မိသားစုပြောင်းပြီးတဲ့နောက် အဲ့ဒီ ကင်မရာတွေကို ပြန်တပ်လား၊ ပြန်မတပ်ဘူးလားဆိုတာတော့ ကျမလည်း သေချာ မသိပါဘူး။
ဒီတတိယမြောက် ကင်မရာကိစ္စကတော့ နည်းနည်း အန္တရာယ်များပါတယ်။ တွေးလေ.. မခံချင်စရာကောင်းလေပါ။ အကျယ်မချဲ့ ချင်လို့ ဒီကိစ္စကို ပြီးပေးလိုက်ပေမဲ့ တော်တော်ဆိုးတဲ့ကိစ္စပါ။ ကျောင်းတက်၊ အချိန်ပိုင်းအလုပ်တွေနဲ့  အပြင်မှာ ရှိနေတာကများပြီး... အိမ်မှာ ရှိရင်လည်း ဟင်းချက်တာကလွဲလို့ အခန်းထဲမှာနေတာများလို့သာ တော်ပါသေးတော့တယ်။

(၄) နောက်ထပ် ကိုယ်နဲ့ ထိတွေ့ရတဲ့ surviliance camera တွေကတော့ IP camera တွေပါ။ သိပ်..အထူးအဆန်း မဖြစ်ခဲ့ပါဘူး။ အန္တရာယ် ရှိတယ်လို့လည်း မယူဆမိပါဘူး။ ကင်မရာမှန်း သိသာတာကိုး။ security system အတွက် vpn နဲ့တွဲပြီး သုံးတာပါ။ ဒါပေမဲ့ CCTV အန္တရာယ်ကို ပြန်သတိထားမိတာကတော့ ကျမတို့ ကုမ္ပဏီ IT show မှာ ဝင်ပါလို့ အဲ့ဒီမှာ တာဝန်ကျတော့မှပါ။ ....

************************************************************************
အပိုင်း(၂) ဆက်ပါမည်။ ကိုရီးယားကားကို သဘောကျလို့ မဟုတ်ပါဘူး။ ရေးရင်း တအား ရှည်လာလို့ပါ။း)

မှတ်ချက်။  ။ ကင်မရာပုံတွေကို ဂူးဂယ်(လ်)က ရှာပြီး တင်ပါတယ်။

WITCH83
20/09/2012 ( 12:54PM, GMT+8)
To Continue Reading

October 18, 2010

မှတ်သားမိတဲ့ Quotes တစ်ချို့(၄)


မှတ်သားမိတဲ့ Quotes တစ်ချို့  အပိုင်း(၄)ကို ဆက်ရေးပါ့မယ်။ Quotesကို ကိုယ့်ဘာသာကိုယ် ဆိုရိုးစကားဆိုပြီး ဘာသာပြန်ထားတာ ဟုတ်ရောဟုတ်ရဲ့လား မသိပါဘူး။ မဟုတ်ရင်လည်း ပြင်ပေးကြပါဦး။း)

  • အပိုင်း(၃)အတွက် ပထမဆုံးရွေးထားတဲ့ ဆိုရိုးစကားကတော့ "သူဟာ ကိုယ် မဟုတ်ဘူး"တဲ့။
ဘုန်းဘုန်း အရှင်ဆေကိန္ဒဟောကြားခဲ့တဲ့စကားလေးပါ။ သိပ်ကိုမှန်တဲ့ စကားလေးပါပဲ။ သူဟာ ကိုယ်မဟုတ်ပါဘူး။ လူတွေက တစ်ခုခုဆိုရင် "ငါသာဆိုရင် အဲ့လို မလုပ်ဘူး။ ............ လို လုပ်မှာ"ဆိုပြီး သူများကို အပြစ်တင် ပြောဆိုတတ်ကြပါတယ်။ ဒါပေမဲ့ ခက်တာက၊ အဲ့ဒီလူတွေ မေ့နေတာက .... သူက ကိုယ်မဟုတ်ဘူးလေ။ ဘယ်လိုလုပ် ကိုယ်လုပ်သလို သူက လိုက်လုပ်မှာလဲ။ အဲဒီ သူကလည်း ကိုယ်ဖြစ်လို့ မရဘူးလေ။ ဖြစ်ရင် ရှုပ်ကုန်မှာပေါ့။

အဲဒီတော့ ကိုယ့်စိတ်တိုင်းကျတွေ ဖြစ်မလာတဲ့အခါ.... သူများကို အားမလိုအားမရဖြစ်တဲ့အခါ.... စိတ်ဆိုးတဲ့အခါ ... နှလုံးသွင်းရမှာက... အေးလေ။ သူက ကိုယ်မှမဟုတ်တာပဲ။ ဘယ်လိုလုပ် ကိုယ်ဖြစ်စေချင်သလို ဖြစ်မှာလဲ၊ ကိုယ်လုပ်သလို လိုက်လုပ်မှာလဲဆိုပြီး စိတ်ဖြေလိုက်တာကမှ မှန်ကန်တယ်၊ တရားနည်းလမ်းကျတယ် ထင်ပါတယ်။ ကိုယ့်စိတ်ကိုလည်း ငြိမ်းချမ်းစေမှာ ဖြစ်ပါတယ်။

  • ဒုတိယမြောက် quoteလေးကတော့ "မိမိကိုယ်ကို အပြည့်အဝ လက်ခံလိုက်ပါ" တဲ့။
အရမ်းကို မှန်တဲ့စကားတစ်ခွန်းပါပဲ။ အဲ့ဒီ "Accept who you are completely"ဆိုတဲ့စကားဟာ တကယ့်ကို မိမိကိုယ်တိုင်ရဲ့ ပျော်ရွှင်မှု၊ တန်ဖိုးထားမှု၊ ဘဝအောင်မြင်မှုအတွက် သိပ်ကို အရေးပါတဲ့ စကား ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်၊ ကောင်းတဲ့အကျင့်၊ ဆိုးတဲ့ အကျင့်တွေကို ကိုယ့်ကိုကိုယ် ပြန်သုံးသပ်သင့်ပြီး အဲ့ဒီ အချက်တွေအားလုံးကို (မိမိကိုယ်ကို မလိမ်ဘဲ) အပြည့်အဝ လက်ခံသင့်ပါတယ်။ အဲ့လို လက်ခံလိုက်မှလဲ ကိုယ့်ကိုကိုယ် သေချာမြင်နိုင်ပြီး အားနည်းချက်တွေကို ပြုပြင်၊ အားသာချက်တွေကို အသုံးချ၊ ကောင်းတဲ့အကျင့်တွေကို ဆက်ထိန်း၊ ဆိုးတဲ့အကျင့်တွေကိုဖျောက်နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုကိုယ် ပိုတန်ဖိုးထားနိုင်တဲ့၊ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ရနိုင်မယ်လို့ ထင်ပါတယ်။ လောလောဆယ်တော့ ကျမကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ်၁၀၀% လက်ခံနိုင်တဲ့သူဖြစ်ဖို့ ကြိုးစားနေပါတယ်။း)

  • နောက်... တတိယမြောက် quote ကတော့ "ရှိတာနဲ့ ရောင့်ရဲနိုင်ပါစေ"တဲ့။
ကျမတို့တော်တော်များများ မှားယွင်းစွာ ယုံကြည်လက်ခံနေကြတဲ့  အချက်တစ်ခုကတော့ "ပျော်ရွှင်မှုဆိုတာ ကိုယ့်မှာမရှိတာကို ရအောင်လုပ်နိုင်တဲ့အရာ"လို့ ထင်နေကြတာပါပဲ။ ဒါပေမဲ့ တကယ်က ပျော်ရွှင်မှုဆိုတာ ကိုယ့်မှာရှိတဲ့အရာကို သိရှိလက်ခံနိုင်တာပါပဲ။ မိမိကိုယ်ကို ရောင့်ရဲနိုင်မှသာ ဒီလောကကြီးမှာ နေပျော်မှာပါ။ ပျော်ရွှင်မှုကို ဖန်တီးနိုင်မှာပါ။ ရောင့်ရဲခြင်းက ဘုရားတရားတော်နဲ့လည်း ညီပါတယ်။ ဒါကြောင့် ရောင့်ရဲပြီး ပျော်ရွှင်ကြပါစို့လား သူငယ်ချင်းတို့ရေ....


ကဲ.... သုံးခုလည်း ရေးပြီးသွားပြီဆိုတော့ ဒီပို့(စ်)ကို ဒီမှာ ရပ်ပါမယ်။ နောက် အပိုင်းတွေလည်း လာပါဦးမယ်။

စာကြွင်းအနေနဲ့ကတော့ ဒီ မှတ်သားမိတဲ့ Quotes တစ်ချို့ပို့(စ်)တွေက ကျမကိုယ်ကျမ ကျမရဲ့စိတ်ကို ဆုံးမဖို့လိုလာတဲ့အခါ ကိုယ်ဖတ်ဖူး၊ ကြားဖူးတဲ့ စကားတွေကို နှလုံးသွင်းတဲ့ quote တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖတ်ရတာ quoteတွေက အဆီငေါ်တည့်ချင်မှ တည့်ပါလိမ့်မယ်။ အမှားလေးများပါရင် ခွင့်လွှတ်ပေးကြပါလို့။

ကျေးဇူးတင်လျက်
WITCH83


To Continue Reading

September 27, 2010

မှတ်သားမိတဲ့ Quotes တစ်ချို့(၃)

ဒီဘလော့ကို လာဖတ်ကြတဲ့ သူငယ်ချင်းတွေတော့ မသိပါဘူး။ ကိုယ်ကိုတိုင်ကတော့ ဒီဘလော့ကို မကြိုက်ပါဘူး။ post အတင်ကြဲတဲ့အပြင် ကိုယ်တိုင်ရေးမဟုတ်ဘဲ Shared postတွေများလို့ပါ။ ဒါကြောင့် ကိုယ်လည်း blogging လို့သာ ပြောနေတာ... သူများတွေရေးထားတဲ့ ဘလော့လေးတွေ လိုက်ဖတ်တာများပါတယ်။
တကယ်တော့ ကိုယ်တိုင်ရေးချင်တဲ့ အကြောင်းအရာတွေက အများကြီးပါ။ ဒါပေမဲ့ တကယ်ရေးမယ်ဆိုတော့ ရေးရမှာ နည်းနည်းခက်သလိုပါပဲ။ ဒါကြောင့် ဒီနေ့တော့ ...... "မှတ်သားမိတဲ့ Quotes တစ်ချို့"ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်တိုင်ရေး postကို တင်ချင်ပါတယ်။ ရေးရလွယ်ပြီး သူများတွေအတွက်လည်း အကျိုးရှိမယ်ထင်လို့ပါ။ ဖတ်ကြည့်ပေးကြပါဦးနော်..... :)

တကယ်တော့ quotes တွေဟာ ကျွန်မတို့လူသားတွေအတွက် တကယ်ကို အရေးပါပြီး အသုံးဝင်တယ်လို့ ထင်ပါတယ်။ ဆုတောင်းရုံနဲ့ မဖြစ်နိုင်တဲ့အခါ၊ ကိုယ့်စိတ်ငြိမ်းချမ်းတည်ငြိမ်အောင် လုပ်ဖို့လိုအပ်လာတဲ့အခါ၊ ကိုယ့် ယုံကြည်မှုတွေ ပိုပြီးခိုင်မာဖို့ လိုအပ်လာတဲ့အခါ ပညာရှိတို့ ပြောကြားခဲ့တဲ့ ဒီစကားလေးတွေဟာ သိပ်အသုံးဝင်ပါတယ်။ စိတ်အာဟာရလေးတွေပေါ့။ အမလေး.... နိဒါန်းကလည်း ချီနေလိုက်တာနော်.... လိုရင်းကို မရောက်နိုင်တော့ဘူး။ စရေးတော့မယ်နော်.... အများကြီး တစ်ခါတည်း မရေးနိုင်လို့ အပိုင်းနဲ့ ခွဲရေးဖို့ စဉ်းစားထားပါတယ်။း)
(၁) ပထမဆုံးတစ်ခုက...."အရိပ်ကိုလို နေပူကစောင့်....တဲ့... စောင့်နေရတာ ကြာတယ်။ အပူခံပြီး စောင့်မနေနဲ့။ နေရိပ်တဲ့ဆီ အမြန်လျှောက်သွားလိုက်"

တဲ့။ ဆရာတော် အရှင်ဆေကိန္ဒ ပြောကြားခဲ့တဲ့ စကားစုလေးပါ။ original သဘောကတော့ နေပူခံပြီးရင် အရိပ်လာမယ်လို့ အားပေးတာပါ။ ဒါပေမဲ့ ဆရာတော်က အေးလာမှာပဲဆိုပြီး နေပူမှာ ရပ်စောင့်နေမဲ့အစား အချိန်မဆွဲဘဲ နေရိပ်မဲ့နေရာကို အမြန်ရှာပြီး သွားဖို့ တိုက်တွန်းဆုံးမထားတာပါ။ ဒီစကားစုလေးကို ဒုတိယနှစ်လောက်တုန်းက အစ်မဝင်းကွဲတစ်ယောက် ပေးတဲ့ ဆရာတော် အရှင်ဆေကိန္ဒ၏ အသိပေးစကားစုများဆိုတဲ့ စာအုပ်သေးသေးလေးကနေ ဖတ်သိခဲ့ရတာပါ။ အပိုင်းတော့ မမှတ်မိပါဘူး။ အပိုင်း (၃)ပိုင်း ရှိတာတော့ မှတ်မိပါတယ်။

(၂) နောက်ထပ် အဲ့စာအုပ်လေးတွေကပဲ မှတ်သားမိတဲ့ စကားစုလေးတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ "လူ့ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းရင် လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို ရောက်သွားမယ်။ လူ့ပတ်ဝန်းကျင်ကို ဂရမုစိုက်လွန်းရင်လည်း လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို ရောက်တတ်တယ်။ " တဲ့.... အရမ်းကို မှန်ကန်တဲ့ စကားစုလေးပါ။ ဆရာတော်က ပတ်ဝန်းကျင်ဆိုတာကြီးကို ဂရုအစိုက်လွန်ပြီး လူ့အသိုင်းအဝိုင်းမှာ ကိုယ့်ကိုကိုယ် လှောင်မပိတ်ထားမိအောင်၊ ပတ်ဝန်းကျင်ကိုစွန့်ပယ်ပြီး ထင်ရာမဆိုင်းဖြစ်အောင် ဆုံးမထားတဲ့ အလယ်အလတ်ကျင့်နည်းလေးတစ်ခုပါပဲ။ အရမ်းကို မှန်ကန်ပြီး အကျိုးရှိတဲ့ စကားစုလေးပါပဲ။

အဲ့ဒီအချိန်ကတည်းက တမင်တကာ မှတ်သားတာမျိုးမဟုတ်ဘဲ ခုချိန်ထိ ခေါင်းထဲဆွဲနေတဲ့ ကိုယ်တိုင်လည်း ကျင့်သုံးတဲ့ စကားစုလေးပါ။ သူငယ်ချင်းတွေကို ပြန်ပြီး ဝေမျှလိုက်ပါတယ်နော်။ ဒါပေမဲ့ သိပြီးသားလည်း ဖြစ်ချင်ဖြစ်ကြမှာပါ။

(၃) နောက်တစ်ခုက "မုန်တိုင်းပြီးရင် လေပြေလာမယ်" ဆိုတဲ့ quote လေးပါပဲ။ ဂုဏ်ထူးတန်းတက်နေတဲ့ အ ချိန်လောက်တုန်းက magazineတစ်စောင်ကနေ ဖတ်ရတဲ့ ဆောင်းပါးတစ်ပုဒ်ကနေ ရခဲ့တဲ့ ဆောင်ပုဒ်လေးတစ်ခုပါ။ မိသားစုမှာ တကယ်ကို စီးပွားရေးရော၊ လူမှုရေးပါ မုန်တိုင်းထန်ခဲ့တဲ့အချိန်၊ ကိုယ်ကိုတိုင်လည်း ကိုယ်ရေးကိုယ်တာကိစ္စတွေ အဆင်မပြေနေတဲ့အချိန်မှာ ရလိုက်တဲ့ အားဆေးကောင်းတစ်ခုပါပဲ။ သိပ်မှန်တဲ့ စကားစုလေးဆိုလည်း မမှားပါဘူး။ အဆိုးတွေပြီးရင် အကောင်းတွေ လာမှာပဲလေ။ လောကကြီးမှာ ဘယ်အရာမှ တသမတ်တည်း ဖြစ်နေမယ်ဆိုတာ မရှိပါဘူး။ စာရေးစရာကတော့ အဲ့ဒီဆောင်ပုဒ်နဲ့အတူ ပြောတာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ထဲ ဆွဲသွားတာကတော့.... မုန်တိုင်းပြီးရင် လေပြေလာမယ်.... ဆိုတာပါပဲ.... စိတ်ညစ်စရာတွေ အရမ်းများခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ ကိုယ့်အာရုံတွေကို အိမ်ကအလုပ်တွေကို တတ်နိုင်သလောက် ကူလုပ်ပေးရင်း၊ juniorတွေကို စာပြန်သင်ရင်း၊ စာကြိုးစားရင်း အမြဲတမ်း ပြုံးပျော်ပြီးနေနိုင်တဲ့သူဖြစ်အောင် ကူညီပေးခဲ့တဲ့ စကားစုလေးပဲ ဖြစ်ပါတယ်။ သမီးက livelyမဖြစ်ဘူး။ အမြဲတမ်း ခပ်တည်တည်နဲ့ဆိုပြီး မချင့်မရဲနဲ့ အမြဲ ပြောတတ်တဲ့ အဒေါ် လက်ဖျားခါသွားတဲ့အထိပါပဲ။ ပညာရေးအပိုင်းမှာလည်း UCSYတက်ခဲ့တဲ့တစ်လျှောက် မရဘူးခဲ့တဲ့ resultကိုလည်း ပထမဆုံး ရခဲ့ပါတယ်။ :)

(၄) နောက်တစ်ခုကတော့ ဆရာမဂျူးရေးတဲ့ 'စောင့်ဆိုင်းခြင်း၏ နိယာမ' ဝတ္ထုထဲက စကားစုလေးပါ။ quoteလို့ ပြောလို့ ရမရတော့ မသိပါဘူး။ အဲဒီစကားစုလေးကတော့ "ကိုယ်လိုချင်တဲ့ တစ်စုံတစ်ခုကို ရရှိခြင်းနဲ့၊ ရရှိလို့ ပျော်ရွှင်ခြင်းကြားက ဝှက်ဖဲကတော့ အချိန် ပါပဲ " တဲ့.... စာသားကတော့ အဲ့အတိုင်း အတိအကျတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာမပြောချင်တာ အဲ့ဒီသဘောတရားပါပဲ။ ဖတ်ပြီးပြီးချင်းလုံးဝကို လက်ခံပြီး စိတ်ထဲအမြဲစွဲသွားတဲ့ စကားစုလေးပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် walkmanတစ်ခုကို ဟိုးငယ်ငယ်တုန်းက လိုချင်ခဲ့ပေမဲ့ ခုချိန်မှာ ကိုယ့်ကိုလာပေးရင် ဘယ်ပျော်တော့မလဲလေ... နော်?? iPodလေးလိုချင်တာပေါ့။ mp3 player ဆိုရင်တောင် ဟုတ်တုတ်တုတ်... :P.... အကောင်းပြောနေရင်း ဖောက်လာပြီ။ ကျွန်မပြောချင်တာက အချိန်ဆိုတဲ့ ဝှက်ဖဲလေးနဲ့ တွဲပါနေတဲ့ ပြောင်းလဲခြင်းတရားပါ။ စာဖတ်သူတို့ နားလည်လိမ့်မယ်ထင်ပါတယ်။

ကဲ.... ရေးရင်း ရေးရင်းနဲ့တော့ post တစ်ခုစာ လုံလောက်သွားပြီ ထင်ပါတယ်။ ကိုယ်တိုင်ရေး post count လည်း တိုးပြီပေါ့။ နောက်မှပဲ အပိုင်း(၂)ကို ဆက်ရေးပါတော့မယ်။
ကျေးဇူးတင်လျှက်
WITCH83

To Continue Reading

May 05, 2010

Meaning of 0 to 9

သူငယ်ချင်းတို့ရေ......
အင်္ဂလိပ် အက္ခရာ 0 to 9 မှာ meaningကိုယ်စီ ရှိကြတယ်ဆိုတာ.....
roman ဂဏန်းအက္ခရာ I, II, III, IV, .... နဲ့ခွဲခြားဖို့ arabic alogrithm ကို တည်ဆောက်ပြီး 1,2,3,4,.... ဖြစ်လာတယ်ပြောတာပဲ....
အောက်က ပုံတွေကို ကြည့်လိုက်နော်... အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်..... angle လေးတွေနဲ့ ခွဲ .... ခွဲသွားတာ....း)







Source ; http://groups.yahoo.com/group/new_fun_and_fun_only

To Continue Reading

March 25, 2009

ယဉ်ကျေးလိမ္မာဆုံးမစာ

၁။အနန္တငါးပါး၊ဦးထိပ်ထား၊ ညွတ်တွားပါကွဲ့  မမေ့နဲ့။

၂။ဆရာမိဘ၊ဆိုဆုံးမ၊ လိုက်နာကြကွဲ့ မမေ့နဲ့။

၃။မိဦးဖဦး၊ဆရာဦး၊ ခူး၍နော်ကွဲ့ မစားနဲ့။

၎။ကိုယ့်ထက်ကြီးသူ၊ပြောဆိုမူ၊ နင်ငါဟူ၍မပြောနဲ့။

၅။သူများကိုသာ၊ရန်မရှာ၊ မခံချင်တာမပြောနဲ့။

၆။ယဉ်ကျေးအောင်သွား၊ ယဉ်ကျေးအောင်စား၊ စကားပြောလဲယဉ်စေကွဲ့ ။

၇။ပရမ်းပတာ၊သူ့ ထက်ငါ၊ လုယက်ကာကွဲ့  မစားနဲ့။

၈။ထမင်းစားရာ၊အစားစာ၊ များစွာစကားမပြောနဲ့ ။

၉။ငြိမ်သက်သားနား၊သတိထား၊ ကောင်းကောင်းစားကွဲ့  ကောင်းကောင်းတဲ့။

၁၀။စားပြီးသောခါ၊ စင်ကြယ်စွာ၊ ဆေးကြောပါကွဲ့ ကောင်းကောင်းတဲ့။

၁၁။လက်ကိုလျက်ကာ၊မစားရာ၊ ရှောင်ရှားပါကွဲ့  ကောင်းကောင်းတဲ့။

၁၂။နှုတ်ခမ်းပါးနား၊လျက်ကာစား၊ ရှောင်ရှားပါကွဲ့  ကောင်းကောင်းတဲ့။

၁၃။လျှာကိုထုတ်ကာ၊မစားရာ၊ ရှောင်ရှားပါကွဲ့  ကောင်းကောင်းတဲ့။

၁၄။ဟင်းရည်သောက်ပြန်၊ရှူးရှူးသံ၊ ဧကန်မပြုနဲ့။

၁၅။ထမင်းဟင်းပေလျက်၊သောက်ရေခွက်၊ လက်နှင့်မကိုင်နှင့်။

၁၆။အိမ်ပေါ်၊ကျောင်းပေါ်၊ဇရပ်ပေါ်၊ သွားသော်ခြေနင်း မပြင်းနဲ့။

၁၇။ရဟန်းသံဃာ ရှေ့မှောက်မှာ၊ ရိုသေစွာတဲ့ သွားပါကွဲ့ ။

၁၈။လူကြီးသူမ၊ရှေ့သို့ကျ၊ ကုန်းကွ၍တဲ့သွားပါကွဲ့ ။

၁၉။ဒူးထောင်ပေါင်ကား၊ ဆရာနား(မိဘနား) ၊ အလျားမှောက်၍မနေနဲ့။

၂၀။အိပ်ရာ၊နေရာ အိပ်ပြီးခါ၊ သိမ်းကြပါကွဲ့  ကောင်းကောင်းတဲ့။

၂၁။သောက်ရေ၊သုံးရေ၊မရှိချေ၊ ရေကိုခပ်ကွဲ့  မပျင်းနဲ့။

၂၂။ကျောင်းတွင်း အိမ်တွင်း၊ ရှုပ်နေလျင်း၊ သန့်ရှုင်းအောင်တဲ့ ပြုပါကွဲ့ ။

၂၃။မိန်းကလေးမှာ အရာရာ၊ ပျာယီးပျာယာမရှုပ်နဲ့။

၂၄။ မိန်းမ၊မင်း၊ဆင်၊ရဟန်းပင် က္ကနြေ္ဒ့ရှင်ကွဲ့ မှတ်လေဟဲ့။

၂၅။မိန်းမက္ကနြေ္ဒ သိရ်သရေ၊စိန်ကုဋ္ဋေတန်သကွဲ့  မှတ်လေဟဲ့။

၂၆။ကျောင်းပစ္စည်းကို မယူလို၊ မြွေဆိပ်လိုကွဲ့  ကြောက်ပါကွဲ့ ။

၂၇။မျက်မှောက်တသွယ်၊ မျက်ကွယ်တခြား၊ အကျင့်မှား၊ ရှောင်ရှားပါကွဲ့  ကောင်းကောင်းတဲ့။

၂၈။ဝေယျာဝစ္စာ၊ကျောင်းအိမ်မှာ ၊ လျော်စွာလုပ်ကွဲ့  မခိုနဲ့။

၂၉။ဧည့်သည် အာန္တု၊ရောက်လာမှု၊ ဆူ၍ညံကာ မနေနဲ့။

၃၀။လူရှပ်၊လူပွေ၊လူယုတ်တွေ၊ ရှောင်ရှားလေတဲ့ ဝေးဝေးတဲ့။

၃၁။ဘိန်းအရက်ကို မရှုလို၊ မစင်လိုတဲ့ရွံပါကွဲ့ ။

၃၂။အများပိုင်ကို၊ကိုယ့်ဟာလို၊ ရိုသေကြကွဲ့  ကောင်းကောင်းတဲ့။

၃၃။ကုန်းချော၊ကြမ်းကြုတ်၊အကျင့်ယုတ်၊ မဟုတ်စကားမပြောနဲ့။

၃၄။ ဘုရားပုထိုး၊ဦးညွှတ်ကျိုး၊ ရှိခိုးအိပ်ကွဲ့  မမေ့နဲ့။

၃၅။မိခင်၊ဖခင် ဆရာရှင်၊ နေ့စဉ်မမေ့နဲ့ရှိခိုးကွဲ့ ။

၃၆။သူကပြုဖူး၊သူ့ ကျေးဇူး၊ အထူးမမေ့နဲ့၊ ပြန်ဆပ်ကွဲ့ ။


ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာ စာအုပ်မှပြဌာန်းသည်။
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer