" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label Health. Show all posts
Showing posts with label Health. Show all posts

July 07, 2013

ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

အခုတစ်လော အလုပ်တွေရှုပ်နေပြီး စိတ်လည်းရှုပ်နေတာမို့ စာရေးဖို့ စိတ်သိပ်မပါဖြစ်နေပါတယ်။ ဒါပေမဲ့ မရေးတာကြာပြီမို့ ဖုန်ခါတဲ့အနေနဲ့ Health Articles မှာ ဝေမျှထားတဲ့ ပို့(စ်)တစ်ချို့ကို  ပြန်လည်ဝေမျှလိုက်ပါတယ်။

ပန်းသီးတစ်နေ့တစ်လုံး

တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေရတယ်၊ အသက်ရှည်တယ်... ဆိုတဲ့ စကားက မှန်ပါတယ်။ ပန်းသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားတဲ့ အမျိုးသမီး တွေဟာ လုံးဝမစားသူတွေထက် ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ တကယ်လို့ ပန်းသီးကို အခွံပါစားပေးမယ်ဆိုရင် အင်တီအောက်ဆီးဒင့်ဖလေဗိုးနွိုက်ရရှိကာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

မာလကာသီး
မာလကာသီးမှာ ဗီတာမင် အေ၊ စီ၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်စတဲ့ အာဟာရဓာတ် အစုံအလင် ပါဝင်နေပါတယ်။ မာလကာသီးမှာ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်းဓာတ်လည်း အများအပြား ပါဝင်မှု ရှိတာကြောင့် နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။


စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ လိမ္မော်သီးမှာထက် အိုမင်းမှုကို တားဆီးပေးနိုင်တဲ့ ဗီတာမင်စီ ပိုမိုပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ Malic acid အင်ဇိုင်းဟာ သဘာဝ သွားဖြူစေတဲ့ အစွမ်းရှိပါတယ်။
Ref: Good Health

အနီရောင် စပျစ်သီး

အနီရောင် စပျစ်သီးသည် ကမ္ဘာ့ အကောင်းဆုံး ၀ိုင်အရက် ထုတ်လုပ် ရရုံ သာမက နှလုံး ရောဂါ အတွက် အံ့သြဖွယ် ပျောက်ကင်း အောင် ကုသ နိုင်ကြောင်း သုတေသနသစ် အရ သိရ သည်။ ၀ိုင်တစ်ခွက် သည် မြေထဲပင်လယ် စတိုင်လ် အစား အသောက်တွင် ကျန်းမာရေး အတွက် အာဟာရ တစ်ခု အဖြစ် အသိအမှတ် ပြုထားရာ အရက် ချက်လုပ်ရန် ပယ်ထားသော စပျစ်သီးမှ အပိုင်းအစ လေးများသည် ကျန်းမာရေး အတွက် ပိုမို ကောင်းမွန် ဟန်တူသည်။သုတေသန ပညာရှင်များ သည် စပျစ်ခြံ များအတွင်း စွန့်ပစ် ဘေးထွက် ပစ္စည်းများ ဖြစ်သော အခွံနှင့် အစေ့ များကဲ့သို့သော စပျစ်သီး၏ အမျှင် အထူဆုံး အစိတ် အပိုင်း များမှ ကောက်တေးလ် အရော အစပ်ကို ထုတ်ယူ ခဲ့ကြသည်။ လူများကို စမ်းသပ် ကြည့်ခဲ့ရာ အဆိုပါ ထုတ်ယူ ရရှိသော အရော အစပ် သည် အမျှင်နှင့် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း နှစ်ခု စလုံး အတိုင်းထက် အလွန် ကြွယ်ဝ နေပြီး ကမ္ဘာ့ အကြီးမားဆုံး အသေ အပျောက် ဖြစ်စေသည့် နှလုံး သွေးကြော ရောဂါအန္တရာယ် ကို လျော့ပါး စေကြောင်း တွေ့ရှိ ရသည်။

Reference from Yangon Times Journal
Posted On : 2010, December 1, Wednesday, 03:39:17

ထောပတ်သီး


အစိမ်းရောင် ဂေါ်ဖီထုတ် (သို့) ဘရော်ကော်လီ (Brocoli)


အဆုတ် ရောဂါ ကာကွယ်ရန်အတွက် အစိမ်းရောင် ပန်းဂေါ်ဖီ (brocoli) စားသုံးသင့်ပါတယ်။ ဘရော်ကော်လီကို စားသုံးခြင်းသည် အဆုတ် အတွက် အထောက် အကူ ပြုကြောင်း သိရှိ ရသည်။ နောက်ဆုံး တွေ့ရှိသော သုတေသန ရလဒ်များ အရ ဘရော်ကော်လီတွင် ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ ခံနိုင်ရည်အားကို တိုးမြှင့်ပေး သည်ဟု ဖော်ပြ လျက်ရှိသည်။ ဗြိတိန် နိုင်ငံတွင် နှစ်စဉ်လူ(၃၀၀၀၀)ခန့်မှာ စီးကရက် အလွန် အမင်း သောက်သုံးမှု ကြောင့် အဆုတ်ရောဂါ မျာြး ဖစ်ပွားပြီး သေဆုံးလျက် ရှိနေသည်။ အမေရိကန် နိုင်ငံမှ သိပ္ပံပညာရှင် များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ် အတွင်းရှိ ရောဂါ ကာကွယ်သော ဆဲလ်များကို ပိုမို လှုပ်ရှား အသက်ဝင် စေသည်ဟု တွေ့ရှိ ခဲ့သည်။ ထိုဓာတ်မှာ ဘရော်ကော်လီတွင် ကြွယ်ဝစွာ ပါရှိသည်။ NRF2ဟု ခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ် အတွင်း အဆိပ် အတောက် ဖြစ်ပွား စေနိုင်သော ပမာဏကို လျော့ကျ စေနိုင်ပြီး ထိုဆဲလ်များကို နိုးကြား စေမည့် လှုံ့ဆော်မှု မျိုးအား ဘရော်ကော်လီတွင် ပါဝင်သည့် ဆာလ်ဖိုရာပိန်းက လုပ်ဆာင် ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှ သုတေသန အဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။
အမေရိကန် နိုင်ငံထုတ် Respiratory and Critical Care ဆေးပညာ ဂျာနယ်တွင် ရေးသားဖော်ပြ ထားမှု အရ အဆုတ်တွင်း ညစ်ညမ်းမှု များနှင့် အဆုတ်ကင်ဆာ ရောဂါ များအား ကာကွယ်နိုင်ရန် အတွက် အစိမ်းရောင် ပန်းဂေါ်ဖီအား များများ စားသုံးရန် တိုက်တွန်း ထားကြောင်း ပါရှိသည်။ သိပ္ပံပညာရှင်များ အနေနှင့် အစိမ်းရောင် ပန်းဂေါ်ဖီဖြင့် အဆုတ် ရောဂါများ၏ ခြိမ်းခြောက်လာမှု အား တွန်းလှန် သွားနိုင်မည်ဟု ယုံကြည် မျှော်လင့် နေကြသည်။
ဗြိတိန် နိုင်ငံ အဆုတ် ကျန်းမာရေးဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ယခု တွေ့ရှိမှုမှာ အလွန် အရေးပါသော စွမ်းဆောင်မှု တစ်ခုဟု ပြောဆို သွားသည်။ ၎င်းက အဘရော်ကော်လီတွင် လူသားတို့၏ ကျန်းမာရေးအား အထောက်အကူ ပြုစေနိုင်သော သဘာဝဒြပ်ပေါင်းများ ပါရှိသည်ကို ယျေဘူယ သိရှိပြီး ဖြစ်သော်လည်း အဆုပ်ရောဂါများ အတွက် အလွန် အစွမ်းထက်သည့် အခြေအနေ တစ်ရပ် ဖန်တီးနိုင်မည် ဟု သဘောမပေါက် ခဲ့ကြောင်း ပြောကြား သွားသည်။

Reference from Planet
Posted On : 2010, December 1, Wednesday, 03:38:41

မုန်လာဥနီ

မုန်လာဥနီ ထဲမှာ ပါတဲ့ ဗီတာမင်စီက ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင် ထုတ်လုပ်အား ကောင်းစေ ပါတယ်။ ကော်လာဂျင်ဟာ အသားအရေကို တင်းအား ကောင်းစေတဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြောင်း မရှိအောင် ကာကွယ်ပေးပြီး အိုမင်းတဲ့ ဖြစ်စဉ်ကို လျော့ကျစေ ပါတယ်။

သတ်သတ်လွတ် စားသုံးခြင်း


ဒိန်ခဲ

လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း)


လက်ဖက်ရည်ကြမ်း သည် တချို့သော ကင်ဆာ ရောဂါ မျိုးကို ကာကွယ်မှု ပေးနိုင် ကြောင်း ဂျပန် နိုင်ငံမှ သုတေသန ပညာရှင် များက ထုတ်ဖော် တင်ပြ ခဲ့ကြ သည်။ လက်ဖက် ထုတ်လုပ် သော နိုင်ငံ များတွင် နေထိုင် သောလူ များသည် ကင်ဆာရောဂါကြောင့် သေဆုံးမှု နည်းပါး ကြောင်း လက်ခံပြောကြားခဲ့သည်။ Shizuoka ဒေသ တွင် ဂျပန် နိုင်ငံ၏ စုစုပေါင်း လက်ဖက် ထွက်ရှိမှု၏ တစ်ဝက် ခန့်ကို ထုတ်လုပ်ခဲ့သည်။ ထိုဒေသ တွင်ကင်ဆာရောဂါဖြင့် သေဆုံးမှု နည်းကြောင်း တွေ့ရသည်။ အစာအိမ် ကင်ဆာ ဖြစ်မှု တွင် အခြား ဒေသ များ၏ ငါးပုံ တစ်ပုံသာ ဖြစ်သည်။
ကင်ဆာ ဖြစ်စေသော ပစ္စည်းများ ကျွေးထား သော ကြွက်များ အပေါ်လက်ဖက် ၏အကျိုး အာနိသင် သက်ရောက်မှု ကို သုတေသန ပညာရှင်များက လေ့လာ ခဲ့ကြသည်။ ကြွက်များကို လက်ဖက်မှ ထုတ်လုပ်သော ပစ္စည်းများ ကျွေးပါက ကင်ဆာဖြစ်မှု တစ်ဝက်ခန့် လျော့နည်း သွားစေ သည်ဟု ဆိုပါသည်။
လက်ဖက်ရည်ကြမ်း တွင် ပါသော ပေါ်လီဖီနော (polyphenol)(Catechin) သည် ကင်ဆာ ရောဂါ ဖြစ်ပွားမှု ကို ကာကွယ်ပေးခြင်း ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၆ရက် နေ့ထုတ် News Week ဂျာနယ် တွင် ဖော်ပြ ထားပါသည်။

Reference from Khit Lu Nge
Posted On : 2010, December 1, Wednesday, 03:40:41

မှတ်ချက်။    ။ ဒီ inforatmation အားလုံးကို Health Aritcles မှ ရယူထားပါတယ်။
To Continue Reading

June 20, 2013

စံချိန်သစ်တင်တဲ့ SG Haze နှင့် ပတ်သတ်၍

အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းမှာ တောမီးတွေလောင်လို့ စကာင်္ပူမှာ မီးခိုးမှုန်မှိုင်းတွေနဲ့ ဝေပြီး လေထုညစ်ညမ်းမှုဖြစ်နေတာ ဒီနေ့နဲ့ဆို (၅)ရက်ရှိလာပါပြီ။

 
စလုံးမှာ မနေ့က (၁၉-၀၆-၂၀၁၃)ည (၁၀)နာရီမှာ PSI ( Pollution Standard Index) ဟာ 321 အထိတောင် တက်ပါတယ်။ အန္တရာယ်ရှိတဲ့အဆင့်အထိ ရောက်နေပါပြီ။ မနေ့က gym ကထွက်လာတုန်းက ည (၁၀)နာရီကျော်ကျော်ပါ။ ဖုန်နံ့တွေ မတရားများပြီး တအားမှိုင်းနေပေမဲ့ အဲ့လောက်မြင့်မှန်းမသိပါဘူး။ အိမ်ပြန်ရောက်မှ 321 မှန်း သိတာပါ။ ဒီနေ့မနက်တော့ (၁၂၀) ကျော်ကနေ (၁၁)နာရီမှာ ဖတ်ထားတဲ့ PSI value ကတော့ 198 ဖြစ်ပြီး (၁၂)နာရီမှာတော့ 299 ပါ။

{ မနေ့ညကတော့ ငါ.. အိပ်နေရင်းနဲ့ PSI value တွေတက်လာပြီး အသက်ရှုကျပ် သေသွားမလားမသိဘူး။ တော်ကြာ မကျွတ်မလွတ် ဖြစ်နေရင် ဒုက္ခလို့ တွေးမိပါတယ်။ လူချင်းပဲဆိုင်တယ်။ ကံချင်းမဆိုင်ဘူးဆိုပေမဲ့ မေမေ့ကိုတော့ ထားခဲ့ရမှာ စိတ်မချဖြစ်မိပါတယ်။ ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တော့ မေမေ့နောက်မှပဲ ဒီလောကကြီးက စွန့်ခွာချင်ပါတယ်။ စိတ်မချလို့ပါ။ တော်တော် တရား မရှိတဲ့ witch83 ပဲနော်။ :) }

မလေးရှား JB ဘက်နဲ့ အင်ဒိုနီးရှားတွေမှာ ကိုယ့်ထက်ပိုဆိုးမှာဆိုပေမဲ့  စလုံးက ကိုယ်တွေလည်း တော်တော်အီနေပါပြီ။ Air conနဲ့ ပန်ကာအားကိုးနေရသေးလို့သာ တော်ပါသေးတယ်။ အိမ်မှာက နေ့ခင်း Air Con ဖွင့်ခွင့်မပေးတာမို့ သူများတွေက ရုံးပိတ်စေချင်ပေမဲ့ ကိုယ်ကတော့ ရုံးလာချင်ပါတယ်။ ပြီးတော့ ရုံးမှာကလည်း လုပ်စရာတွေမှ တစ်ပုံတစ်ပင်။

လောလောဆယ်တော့ စလုံးမှာ Air Purifierနဲ့ mask တွေလည်း တော်တော် အရောင်းသွက်ပါတယ်။ မနေ့ညက watson မှာ မျက်လုံးဆေးတဲ့အရည်နဲ့ mask သွားဝယ်တာလည်း maskက နောက်ကျသွားလို့ မရတော့ပါဘူး။ ကုန်ပြီတဲ့။ စလုံးလာကစတုန်းက ဖေကြီးပေးထားတဲ့ အဝတ်mask တွေလည်း ရှာတာ ဘယ်လိုမှ ရှာမတွေ့ဘူး။ ဒီနေ့တော့  mask ဝယ်လို့ရပါစေလို့ ဆုတောင်းပါတယ်။

ကိုယ်ကိုတိုင်လည်း ပထမတစ်ရက်၊ နှစ်ရက်ကတော့  လူကခံနိုင်နေသေးပေမဲ့ ရက်ကြာလာတော့ ခေါင်းက တခြမ်းကိုက်လာပါတယ်။ တစ်ခါတစ်ရံ ခေါင်းကို ဘယ်ညာ နှစ်ဘက်လုံးကို ဆွဲဆုတ်ထားသလိုပါပဲ။ အသက်ရှုရတာလည်း သိပ်မကောင်းတော့ပါဘူး။ မနေ့မနက်က MOM ကိုသွားတာ ရုံးပြန်ရောက်တော့ မျက်စိတွေတအားစပ်ပြီး ကွန်ပျူတာ ကောင်းကောင်း မကြည့်နိုင်တော့ပါဘူး။

 
အရေးထဲ အင်ဒိုအစိုးရဘက်က ပြောရေးဆိုခွင့်ရှိတဲ့သူကက ပြောတာကလည်း အမြင်ကတ်ချင်စရာ... မြန်မာပြည်အစိုးရပိုင်းက လူတစ်ချို့နဲ့ သိပ်မကွာ..


သတင်းတွေ ဖတ်သိရသလောက်တော့ အခုလက်ရှိ လေထုအခြေအနေက အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ် ရှိသူတွေနဲ့ လည်ချောင်းရောဂါ၊ အသက်ရှုလမ်းကြောင်းရောဂါ ရှိသူတွေအတွက် တော်တော်ကို မကောင်းပါဘူးတဲ့။ အစိုးရကလည်း အခြေအနေတွေ ဒီထက် ပိုဆိုးလာရင် အချိန်မီဖြေရှင်းနိုင်အောင် ဆေးရုံတွေ၊ ဆေးခန်းတွေကို ညွှန်ကြားချက်တွေ ပို့ထားတယ်လို့ သိရပါတယ်။ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လုံး (Lee Hsein Lonong)ကလည်း စင်္ကာပူအစိုးရဟာ အင်ဒိုနီးရှားအစိုးရကို ဒီကိစ္စနဲ့ပတ်သတ်ပြီး အင်ဒိုအစိုးရကို မီးကူသတ်ပေးခွင့်တောင်းထားပါတယ်လို့ ဆိုပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလက်ရှိတော့ ဒီကိစ္စက ချက်ချင်းပြေလည်မှာမဟုတ်လို့ ( မီးမငြိမ်းသေးမှာမို့) အားလုံး မိမိကိုယ်ကို ကာကွယ်ရေးကိုသာ အဓိက ထားကြပါလို့၊ အပြင်ထွက်တာ တတ်နိုင်သမျှရှောင်ပြီး၊ ထွက်ရင်လည်း face mask တွေ တပ်ဖြစ်အောင် တပ်ပါ။ ကိုယ်တိုင်လည်း အစက သူများတွေ mask တပ်တာမြင်တော့ ဒါဟာ ထိရောက်ပါ့မလားလို့ ထင်မိပေမဲ့ သူများတွေအပြောအရတော့ လေထဲမှာ ရုတ်တရက် မမြင်နိုင်တဲ့ အမှုန်လေးတွေ ပါနေပြီး အသက် ပြင်းပြင်းရှုမိရင် အဲ့ဒီအမှုန် လေးတွေက အဆုတ်ထဲကို ရောက်ပြီး ကြာလာရင် အဆုတ်မှာ ပြဿနာရှိလာနိုင်ပါတယ်တဲ့။ အဆုတ်တင်မဟုတ်ဘူး။ နှလုံးမှာလည်း ထိနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အပြင်ထွက်ရင် mask ကို တပ်ကြပါ။ အကုန်မဟုတ်ရင်တောင် နည်းနည်းလေးတော့ ကာကွယ်နိုင်မယ် ထင်ပါတယ်။ အပြင်ဘက်မှာ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တာကို လျှော့ပါ။ တတ်နိုင်သလောက် အိမ်ခန်းထဲ၊ ရုံးခန်းထဲမှာ နေပါ။ ကိုယ့်ကိုထဲကိုဝင်နေတဲ့အဆိပ်တွေ ပြန်ထွက်အောင်၊ လည်ချောင်းနာခြင်းကင်းအောင် ရေများများသောက်ကြပါလို့။ အရက်နဲ့ ကော်ဖီ လျှော့ကြပါလို့။ မသောက်ပဲ နေနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့.



Regards, witch83 ( 20/06/2013; 01:03PM; GMT+8)

ကိုးကား
1. http://app2.nea.gov.sg/anti-pollution-radiation-protection/air-pollution/psi/psi-and-pm2-5-readings
2. http://www.channelnewsasia.com/news/singapore/s-pore-registers-concerns/715030.html
3. http://www.straitstimes.com/
4. The Real Singapore
To Continue Reading

May 29, 2013

ချွေးပေါက်ကျဉ်းပြီး ဝက်ခြံကင်းတဲ့ အသားအရေဖြစ်စေဖို့

မျက်နှာစာအုပ်မှာ သူများဝေမျှထားတာကို ပြန် revise လုပ်ပြီး ရေးထားတာပါ။ ရေးသူနာမည်ကတော့ "ရင်နှင်း"လို့ ထင်ပါတယ်။ မူလ ဓါတ်ပုံက စာထဲမှာ အဲ့နာမည် ပါသလိုပါပဲ။

Photo Source; SKII New Face
ချွေးပေါက်ကျဉ်းပြီး ဝက်ခြံကင်းတဲ့ လှပချောမွေ့သော အသားအရေဖြစ်စေဖို့....
ချွေးပေါက်ကျယ်စေတဲ့အကြောင်းရင်း

အဆီပိုတွေနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်တွေပိုကျယ်လာစေပြီး၊ ချွေးပေါက်ကျယ်တွေထဲကို မိတ်ကပ်တွေ၊ အညစ်အကြေးတွေဝင်ပြီး ၀က်ခြံတွေလည်း ဖြစ်စေတတ်ပါတယ်။

ချွေးပေါက်လေးတွေ ကျဉ်းသွားအောင် လုပ်ဆောင်ရမှာတွေ

(၁) အသားအရေကို သေချာသန့်စင်အောင် လုပ်မယ်။
  • တစ်ရက်ကို နှစ်ကြိမ် ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးပါ။
  • ညဘက် ဘယ်လောက်ပဲအိပ်ချင်နေပါစေ မိတ်ကပ်တွေဖျက်ပြီးမှ အိပ်ပါ။ မိတ်ကပ်မျက်နှာနဲ့ ဘယ်တော့မှ အိပ်ရာမဝင်ပါနဲ့။ ရေနဲ့မသစ်ချင်ရင် ကိုယ်နဲ့ သင့်တော်တဲ့ မိတ်ကပ်ဖျက်ဆေး ဝယ်ထားပါ။
  • မျက်နှာသစ်ပြီးတိုင်း ချွေးပေါက်ကျဉ်းဆေး (Toner) သုံးပါ။ ကိုယ်နဲ့ သင့်တော်တဲ့ အမျိုးအစားလည်းဖြစ်ဖို့ အရေးကြီးပါတယ်။ နောက်ပြီး toner သုံးရင် အသားအရေထဲကို စိမ့်နေအောင်လုပ်ဖို့ မလိုပါဘူး။ ဂွမ်းနုနုပေါ်မှာ toner ရေဆွတ်ပြီး သာသာလေး wipe လုပ်ရုံဆိုရပါတယ်။ မဟုတ်ရင် များသွားပြီး အခန့်မသင့်ရင် အသားတွေ လောင်တတ်ပါတယ်။ 
  • ဗီတာမင်စီပါတဲ့ cream တွေကို လိမ်းပေးရင်လည်း အသားအရေကို သန့်စင်စေသလို အသားအရေကို တင်းရင်းစေတဲ့ ကော်လာဂျင် ထုတ်လုပ်မှုကို အားပေးလို့ ချွေးပေါက်တွေကျဉ်းစေဖို့ အထောက်အကူ ပေးပါတယ်။ ဗီတာမင်စီ သိပ်များသွားရင်လည်း မျက်နှာ အဆီပြန်တတ်တယ်။
  • ဆဲလ်အသေတွေကို သေချာဖယ်ရှားနိုင်ဖို့ တစ်ပတ်ကို အနည်းဆုံးတစ်ကြိမ် Facial Scrub နဲ့ မျက်နှာချေးချွတ်ပါ။
  • တစ်ပတ်ကိုတစ်ကြိမ် မျက်နှာပေါင်းတင်ပေးဖို့လည်း မမေ့ပါနဲ့။ ချွေးပေါက်တွေကို သန့်စင်စေတဲ့ မျက်နှာပေါင်းတင်ကပ်ခွာ (Pore refining mark) ကို သုံးပေးတာပိုကောင်းပါတယ်နော်။

(၂) နေရောင်ခြည်ဒဏ်က ကာကွယ်မယ်။

နေရောင်ခြည်ကို လိုတာထက် ပိုခံခြင်းဟာ မလိုလားအပ်တဲ့ အရေပြားဆိုင်ရာဆိုးကျိုးတွေ ရရှိစေပါတယ်။ ဒါကြောင့် နေရောင် UV ဒဏ်က ကာကွယ်ပေးတဲ့ cream တွေ လိုအပ်ရင် လိမ်းဖို့လိုသလို အပြင်ထွက်ရင် ဦးထုပ်၊ ထီးတို့ဆောင်ဖို့လိုပါတယ်။ ဒါပေမဲ့ ဗိုက်တာမင်ဒီဟာ နေရောင်ကရတယ်ဆိုတာ မမေ့ပါနဲ့။ အရေပြားပေါ်က ပိုးတစ်ချို့ ကို သေစေဖို့ဆိုတာလည်း နေရောင်နုနုနဲ့ထိတွေ့ဖို့ လိုအပ်ပါတယ်။ မနက်စောစော နေရောင်နုနု ထခံတဲ့အကျင့်ကို ကျင့်ပေးပါ။

(၃) မိတ်ကပ်ကို အားမကိုးပါနဲ့။

ချွေးပေါက်တွေကို ဖုံးအောင်ဆိုပြီး မိတ်ကပ်တွေကို အထူကြီးမလိမ်းပါနဲ့။ အရေပြားပေါ်က ချွေးပေါက်တွေမှာလည်း လေဝင်လေထွက်ကောင်းဖို့ လိုအပ်ပါတယ်။ နောက်ပြီး  မိတ်ကပ်ကို အထူကြီးလိမ်းတာဟာ ချွေးပေါက်တွေကို ပိုပြီးပိတ်စေတတ်ပါတယ်။ မိတ်ကပ်လိမ်းရင် အသုံးပြုတဲ့ ရေမြုပ်၊ brush စတာတွေကိုလည်း အမြဲသန့်ရှင်းအောင်ထားပေးပါ။ ဘာလို့လည်းဆိုတော့အဲ့ဒါတွေပေါ်မှာရှိနေတဲ့ အဆီတွေ၊ ဘက်တီးရီးယားတွေဟာ ချွေးပေါက်တွေထဲကိုဝင်ပြီး မျက်နှာအရေပြားကို  ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။

(၄) ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုပုံစံပြောင်းမယ်။

ရေကို များများသောက်ပါ။ ဒါမှ ခန္ဓာကိုယ်ထဲက အညစ်အကြေး အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်မှာပါ။ အဆီလျော့စားပါ။ ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အဆီနည်းတဲ့အသား၊ ငါး များများစားပါ။ ready made food, processed food, preserved food တွေရှောင်ပါ။

(၅) ကျန်းမာရေးနဲ့ တစ်ကိုယ်ရေနေထိုင်မှုပုံစံပြောင်းမယ်။
  • သန့်သန့်ရှင်းရှင်းနေပါ။ ခေါင်းအုံးစွပ်၊ အိပ်ရာခင်း ပုံမှန် လဲပါ။ ခေါင်းအုံးကို နေလှန်းပေးပါ။ ဆံပင်ကို သန့်အောင်ထားပါ။ ကိုယ်ပြောနေတဲ့ ဖုန်းလက်ကိုင်ခွက် သန့်ရှင်းနေပါစေ။ မျက်နှာသုတ်ပုဝါကိုသန့်အောင် ထားပါ။ နေလှန်းပေးပါ။
  • စိတ်ဖိစီးမှုတွေကို တတ်နိုင်သလောက်လျှော့ပါ။
  • အိပ်ရေးဝအောင် အိပ်ပါ။

ချွေးပေါက်လေးတွေ ပြန်ကျဉ်းစေမယ့် သဘာဝရဲ့စွမ်းအားများ

ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားခြင်းဟာ ချွေးပေါက်တွေကို ပြန်ကျဉ်းစေမယ့် အကောင်းဆုံးနည်းပါပဲ။ ဆဲလ်အသေတွေကို ဖယ်ရှားတာကို အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ လုပ်လို့ရတယ်နော်။
- အရင်ဆုံး မျက်နှာသစ်ပါ။
- ပြီးတော့ မျက်နှာသုတ်ပုဝါကို ရေနွေးဆွတ် အရေညှစ်ပြီး မျက်နှာပေါ်ခဏတင်ထားပါ။
- ဒါမှ ချွေးပေါက်တွေကို ပွင့်စေပြီး ဆဲလ်သေတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်စေပါတယ်။
- ဂျုံ (သို့) မုန့်ဖုတ်ဆော်ဒါနဲ့ ရေကို ဆတူရောပြီး မျက်နှာပေါ်လိမ်းပါ။
- ခဏနေရင် ရေဆေးချလိုက်ရုံပါပဲ။
- တစ်ပတ်မှာ တစ်ခါထက်တော့ ပိုပြီး မလုပ်မိစေနဲ့နော်.. အလွန်အကျွံလုပ်ရင် အသားအရေကို ထိခိုက်သွားနိုင်တယ်လေ။

လွယ်ကူအစွမ်းထက်တဲ့ သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်နည်းများ

~~ သခွားသီးနဲ့ ထောပတ်သီး မျက်နှာပေါင်းတင်ဆေး ~~
ပါးပါးလှီးထားတဲ့ သခွားသီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ထောပတ်သီး လ္ဘက်ရည်ပန်းကန်လုံးတစ်ဝက်၊ ကြက်ဥအကာ တစ်လုံး၊ နို့မှုန့် လ္ဘက်ရည်ဇွန်း ၂ ဇွန်းအားလုံးကို သေချာသမပြီး ပျစ်ပျစ်လေးဖြစ်သွားအောင် Blender နဲ့ ရောမွှေလိုက်နော်။ ရရှိလာတဲ့ အနှစ်ကို မျက်နှာနဲ့ လည်ပင်းမှာ နှံ့စပ်အောင်လိမ်းပေးပါ။ ၃၀ မိနစ် (သို့) ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ အရင်ဆေးချပြီး ရေအေးနဲ့ ပြန်ဆေးလိုက်ပါ။ မျက်နှာနဲ့ လည်ပင်းကို ခြောက်သွေ့အောင် သုတ်ပြီးတဲ့အခါ သင့်ချွေးပေါက်လေးတွေကျဉ်းပြီး နူးညံ့ချောမွေ့နေတဲ့ မျက်နှာလေးကို တွေ့ပြီး သင်လည်း အရမ်းကို ပျော်ရွှင်သွားမှာနော်။

~~ ကြက်ဥနဲ့ သံပုရာသီး မျက်နှာပေါင်းတင်ဆေး ~~
သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး ကြက်ဥအကာတစ်လုံးနဲ့ ၃ မိနစ်ခန့်ကြာအောင် ခေါက်မွှေပါ။ ပြီးတော့ မျက်လုံးတ၀ှိက်ကို ချန်ထားပြီး မျက်နှာအနှံ့လိမ်းလိုက်ပါ။ နာရီဝက်လောက် ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးချပြီး အစိုဓာတ်ထိန်းခရမ်တစ်ခုခု လိမ်းပေးလိုက်ရင် ချွေးပေါက်လေးတွေကျဉ်းပြီး လန်းဆန်းချောမွေ့နေတဲ့ မျက်နှာလေးကို ရရှိပါလိမ့်မယ်နော်။

~~ ငှက်ပျောသီးနဲ့ ပျားရည် မျက်နှာပေါင်းတင်ဆေး ~~
ချေထားတဲ့ ငှက်ပျောသီးနဲ့ ပျားရည်ကိုရော သမအောင်မွှေပြီး အနှစ်ပျစ်ပျစ်လေးရလာတဲ့အခါ မျက်နှာပေါ်မှာ လိမ်းပါ။ (၁၀) မိနစ်နေရင် ရေနွေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။ ငှက်ပျောသီးမှာပါတဲ့ သဘာဝအက်စစ်က ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးပြီး ပျားရည်က အသားအရေကို နူးညံ့ချောမွေ့စေတယ်လေ။ ဒီနည်းနဲ့ပဲ ချွေးပေါက်လေးတွေကို ကျဉ်းစေတာပါ။ ငှက်ပျောသီးအစား ချေထားတဲ့ စပျစ်သီး (သို့) စတော်ဘယ်ရီသီးနဲ့ ပျားရည်ကို ရောပြီးတော့လည်း လုပ်လို့ရတယ်နော်။

~~ witch83သုံးဖူးသော ရောသမမွှေ မျက်နှာပေါင်းတင်ဆေး ~~
တကယ်တော့ သဘာဝပေါင်းတင်ဆေးတွေထဲမှာ ကိုယ်တိုင် applyလုပ်ဖူးတာ ဒီနည်းတစ်ခုပဲရှိပါတယ်။ ကြက်ဥတစ်လုံးကိုဖောက် အကာကိုယူ၊ သဘာဝပျားရည် တစ်ဇွန်း၊ သံပရာသီး တစ်စိတ်ညှစ်၊ ဂျုံမှုန့် တစ်ဇွန်း၊ သခွားအသီးအနေတော်ကို အစေ့တွေဖယ်ပြီး ဇွန်းနဲ့ခြစ်၊ ခရမ်းချဉ်သီးတစ်လုံးကို အနှစ်တိုက်၊ ရေနွေးအနည်းငယ်ထည့်ပြီး အားလုံးကို သမအောင် စိတ်ရှည်လက်ရှည် ရောသမမွှေပြီး မျက်နှာနဲ့ လည်ပင်းမှာလူး.. (၁၀)မိနစ်လောက်နေရင် ရေနွေးနဲ့သစ်ချလိုက်ရုံပါပဲ။ ပိုတာကို ရေခဲသေတ္တာထဲ ထည့်ထားလို့ရပါတယ်။ ချွေးပေါက်တွေ ကျဉ်းပြီး၊ မျက်နှာလည်း ပိုဝင်းလာပါတယ်။ ဆားဝက်ခြံတွေလည်း ပျောက်ကုန်ပါတယ်။ အဲ့ဒါကတော့ လက်တွေ့ပါ။ ငယ်ငယ်တုန်းက ဆားဝက်ခြံတွေထွက်တုန်းက အဒေါ်တွေလုပ်ပေးတာကို လိမ်းဖူးတာပါ။ အေးစက်စက်အနှစ်တွေကို (၁၅)မိနစ်လောက် သီးခံပြီး မျက်နှာပေါ်တင်ထားရတာရယ်၊ လိမ်းပြီး နည်းနည်းကြာလာရင် မျက်နှာကအရေပြားတွေတင်းလာတာကိုလည်း သည်းခံရတာရယ်တော့ ရှိပါတယ်။ အကျိုးကတော့ တကယ်ထူးပါတယ်။ :)

~~ နနွင်းနဲ့ နွားနို့ပါတဲ့ ပေါင်းတင်ဆေး ~~
ဟိုတလောတုန်းကတော့ choco ဝေမျှထားတဲ့နည်းလေးပါ။ နွားနို့စစ်စစ်ထဲကို နနွင်းထည့်ပြီး ခပ်ပြစ်ပြစ်ဖျော်၊ မျက်နှာမှာလိမ်း.. ပြီးရင် မျက်နှာပြန်သစ်... အမဲစက်တွေပျောက်ပြီး မျက်နှာဝင်းပြီး စိုလာတယ်ပြောပါတယ်။ နနွင်းရော၊ နွားနို့မှာပါ မျက်နှာကိုဝင်းပြီး စိုစေတဲ့ဓါတ်ပါလို့နဲ့ တူပါတယ်။

ဘာပဲ ဖြစ်ဖြစ် ကျန်းမာရေးစာအုပ်တွေမှာ ဖတ်ဖူးတာကတော့ လိမ်းတာတွေထက် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ဖို့က ပို..အရေးကြီးတယ်လို့တော့ ဖတ်ဖူးပါတယ်။  ပေါင်းတင်ဆေးထဲမှာ ထည့်မဲ့ အဲ့ဒီ သဘာဝပစ္စည်းတွေကို လိမ်းတာထက် စားတာက ပိုအကျိုးရှိတယ်လို့ သိရပါတယ်။ အချိန်ရှိမယ်၊ လုပ်ဖို့လည်းအဆင်ပြေမယ်၊ စိတ်ရှည်မယ်ဆိုရင်တော့ သဘာဝ ဆေးဖက်ဝင်ပစ္စည်းတွေကို လိမ်းလည်းလိမ်း၊ စားလည်းစားပေါ့.. ဘေးမရှိပါဘူး။ :)

Sources;
1. အလှအပရေးရာဆွေးနွေးကြမယ်(Beauty Talk)
2. https://www.facebook.com/photo.php?fbid=528469827198796&set=a.494675580578221.101248.494671817245264&type=1&theater
3. http://en.wikipedia.org/wiki/Toner_(skin_care)

Disclaimer; I do not own the whole post. Adding some of my knowledge on this topic, I just copy the notes from the sources I mentined above and revise them into one post.

Regards, witch83
To Continue Reading

February 27, 2013

ထမင်းစားပြီးပြီးချင်း မပြုလုပ်သင့်သော အချက်(၇)ချက်

အင်တာနက်ပေါ်က ဖတ်မိသိရှိရတဲ့ "Seven Dangerous Acts After A Meal"ကို ဘာသာပြန်ပြီး ပြန်လည်ဝေမျှပါတယ်။
As we always say, Sharing is Caring. :)
  1. Do not smoke: ကျွမ်းကျင်ပညာရှင်တွေဟာ စမ်းသပ်လေ့လာမှုတွေ ပြုလုပ်ပြီးတဲ့နောက် တွေ့ရှိခဲ့တာက... "ထမင်းစားပြီးပြီးချင်း ဆေးလိပ်တစ်လိပ် သောက်ခြင်းဟာ သာမာန်အချိန် ဆေးလိပ်(၁၀)လိပ် သောက်သုံးခြင်းနဲ့ တူညီပါတယ်"တဲ့။ ကင်ဆာရောဂါဖြစ်နိုင်ချေကို ပိုမို မြင့်တက်နိုင်စေပါတယ်။ ( This will also apply to passive smokers, I suppose.)
  2. Do not eat fruits immediately: ထမင်းစားပြီးပြီးချင်း သစ်သီးစားသုံးခြင်းဟာ အစာအိမ်ထဲမှာ လေတွေဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သစ်သီးတွေစားမယ်ဆိုရင် ထမင်းမစားမီ တစ်နာရီ (သို့မဟုတ်) ထမင်းစားပြီး တစ်နာရီ၊ နှစ်နာရီနေမှ စားသင့်ပါတယ်။
    ( တကယ်အဟုတ်ဆိုရင်တော့ သေတာပဲ...ကိုယ်အလေးချိန်ကို လျှော့ချင်တာနဲ့ အစားကို နည်းနည်းလျှော့ပြီး ထမင်းစားပြီးတိုင်း အသီးစားနေတာ.. :( သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ အသားငါးတွေထက် အစာချေရတာ ပိုခက်တယ်ဆိုတာတော့ ကြားဖူးပါတယ်။)
  3. Do not drink tea: လက်ဖက်မှာ အက်ဆက်ဓါတ်တွေအများကြီးပါလို့ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်ဓါတ်ပမာဏကို တိုးပွားစေပါတယ်။ အဲ့ဒီတိုးပွားလာတဲ့အက်ဆစ်ဓါတ်တွေဟာ ကျမတို့စားထားတဲ့ အစားအစာတွေရဲ့ ပရိုတိန်းဓါတ်ကို တိုး ပွားစေတဲ့အတွက် အစာချေဖို့ခက်ခဲသွားပါတယ်။
    ( weight လျှော့ချင်တဲ့သူတွေ ရေနွေးကြမ်းသောက်ရတာတော့ အမှန်ပဲ။)
  4. Don't loosen your belt: အစားစားပြီးပြီးချင်း ခါးပတ်လျှော့ခြင်းဟာ အူတွေကို ခွေခေါက်စေတတ်ပါတယ်။
    ( ဒါက လုပ်တတ်တယ်။ သတိထားမှ.. :P)
  5. Don't bathe: ထမင်းစားပြီးပြီးချင်း ရေချိုးခြင်းဟာ လက်၊ ခြေထောက်နဲ့ တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှုပိုမိုဖြစ်ပေါ်စေပြီး အစာအိမ်ဆီကို သွေးစီးဆင်းမှုနည်းသွားစေပါတယ်။ အဲ့ဒါကြောင့် အစာခြေတဲ့ system ကို အားနည်းစေပါတယ်။
  6. Don't walk about: ဒါကတော့ လူတော်တော်များများ လုပ်တတ်တဲ့ မှားယွင်းတဲ့အယူအဆပါ။ အစာစားပြီး လမ်းလျှောက်လိုက်တဲ့အတွက်ကြောင့် အစာခြေsystemဟာ ကိုယ်စားထားတဲ့ အစာအဟာရတွေ မစုပ်ယူနိုင်တော့ပါဘူး။
    (ကိုယ်ထဲမှာ သွေးတွေတအား လျှောက်သွားလို့နဲ့တူတယ်နော်..)
  7. Don't sleep immediately: ထမင်းစားပြီးပြီးချင်း အိပ်လိုက်ရင် အစာကောင်းကောင်း မကျေတော့ပါဘူး။ အူလမ်းကြောင်းထဲမှာလည်း လေတွေ၊ ရောဂါပိုးတွေ ကျန်နေတတ်ပါတယ်။
Reference; http://www.theworldlifestyle.com/seven-dangerous-act-after-meal/

Regards,
witch83,  (27/02/2013; 11:48AM; GMT+8) To Continue Reading

January 09, 2011

သက်ရှည်ကျန်းမာစေမယ့် နည်းလမ်းကောင်းလေးများ

  • ဖုန်းပြောရင် ဘယ်ဘက်နားကို သုံးပါ။
  • ကော်ဖီဆို တစ်နေ့ တစ်ခွက်သာသောက်ပါ။
  • ရေခဲရေနှင့် ဆေးမသောက်ပါနှင့်။
  • ညနေ ၅ နာရီကျော်ရင် ထမင်းအများကြီးမစားပါနှင့်။
  • ဆီလျှော့စားပါ။
  • ရေကို မနက်ပိုင်း ပိုသောက်ပြီး ညနေပိုင်း လျှော့သောက်ပါ။
  • ဟန်းဖုန်း အားသွင်းစက်ကို ခပ်ခွာခွာထားပါ။
  • နားကြပ်ကိုအကြာကြီး မသုံးသင့်ပါ။
  • ည၁၀ နာရီမှ မနက် ၆ နာရီသည် အကောင်းဆုံး အိပ်ချိန်။
  • အိပ်ရာမ၀င်ခင် ဆေးသောက်ပြီး ချက်ချင်း လှဲမချလိုက်ပါနဲ့။
  • ဓာတ်ရောင်ခြည် ပြန့်နှုန်း အဆ ၁၀၀၀ ခန့်ရှိသောကြောင့် ဓာတ်ခဲ အားကုန်သွားသည်အထိ ဟန်းဖုန်းကို မသုံးစွဲသင့်ပါ။


Source; Myanmar Times To Continue Reading

May 13, 2009

ဦးနှောက်ကိုထိခိုက်ပျက်စီးစေသောအမူအကျင့်များ


  • နံနက်စာ မစားသုံးခြင်း။

    နံနက်စာ မစားတဲ့သူတွေ ဟာ သွေးထဲမှာ သကြားဓာတ်ပမာဏ နည်းပါးတတ်ပါတယ်။ သကြားဓာတ်ပမာဏနည်းရင် ဦးနှောက်ကို လုံလောက်တဲ့ အဟာရ မပံ့ပိုးပေးနိုင်ဘဲ ဦးနှောက်ကို ယိုယွင်းစေပါတယ်။


  • အစားအလွန်အကျွံစားသုံးခြင်း။

    အစာကို အလွန် အကျွံစားသုံးတဲ့အခါ ဦးနှောက်သွေးလွတ်ကြောကို မာစေပြီးစိတ်စွမ်းအားကို လျော့ကျ စေပါ တယ်။

  • ဆေးလိပ်သောက်ခြင်း။

    ဦးနှောက်ကို ကျုံစေလို့ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားစေတတ်ပါတယ်။


  • လေထုညစ်ညမ်းခြင်း။

    ခန္ဓာကိုယ်ထဲမှာ ဦးနှောက်ဟာ အောက်စီဂျင်ကို အများဆုံးသုံးစွဲသူဖြစ်ပါတယ်။ညစ်ညမ်းတဲ့လေကို ရှူလိုက်တဲ့အခါမှာ ဦးနှောက်ကိုအော်စီဂျင်ပို့လွှတ်မှုလျော့နည်းသွားပြီး ဦးနှောက်စွမ်းရည် လျော့ကျမကို ဖြစ်ပွားတတ်ပါတယ်။
  • အိပ်ရေးပျက်ခြင်း။

    အိပ်စက်တာဟာ ဦးနှောက်ကို အနားရစေပါတယ်။တာရှည် အိပ်ရေးပျက်တာဟာ ဦးနှောက်ဆဲလ်တွေ သေဆုံးမှုကို တိုးပွားစေပါတယ်။


  • ခေါင်းစွပ်နှင့်အိပ်ခြင်း။

    ခေါင်းစွပ်(ဦးထုတ်)နှင့် အိပ်စက်တာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ် စုစည်းမှုကိုတိုးမြင့်စေပြီး အောက်စီဂျင်စုစည်းမှုကို လျော့ကျစေတဲ့အတွက်ကြောင့် ဦးနှောက်ပျက်စီးမှုကိုဖြစ်စေနိုင်ပါတယ်။

  • နေမကောင်းစဉ် ဦးနှောက်ကို အလုပ်ပေးခြင်း။

    နေမကောင်းတုန်း အလုပ်တို ပင်ပင်ပန်းပန်းလုပ်မယ်၊ စာကြိုးစားမယ်ဆိုရင်ဦးနှောက်စွမ်းရည်လျော့ကျပြီး ဦးနှောက် ကို ထိခိုက်စေပါတယ်။

  • နိုးကြားတဲ့ အတွေးအခေါ်မရှိခြင်း။

    ဦးနှောက်ကို လေ့ကျင့်ပေးဖို့ တွေးခေါ်တာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဦးနှောက်ကို နှိုးဆွတဲ့ အတွေးအခေါ်မရှိတာဟာ ဦးနှောက်ကျုံတတ်ပါတယ်။


source; heroboy

To Continue Reading

April 24, 2009

ဆေးဘက်ဝင်သော မှိုအကြောင်း

ဒီတစ်ခါတော့ ဆေးဘက်ဝင်မှိုများအကြောင်းကို ရေးချင်ပါတယ်။


ဆေးဘက်ဝင်မှိုများတွင် အန်တီအောက်စီဒန့် ဓါတ်၊ အာဟာရဓါတ်နှင့် သက်စောင့်သြဇာဗီတာမင်ဓါတ်များ ကြွယ်ဝစွာပါဝင်ပြီး နေ့စဉ်မှိုစားသုံးခြင်းဖြင့် ရင်သားကင်ဆာ ဖြစ်စေနိုင်သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း သုတေသန လေ့လာမှုစစ်တမ်းများအရ သိရသည်။ ၄င်းအကျိုးအာနိသင်များသည် လတ်ဆတ်သောမှိုများ တွင် ပိုမိုပါဝင်ကြောင်း သုတေသီများက ပြောကြားခဲ့ကြသည်။ မှိုအခြောက်များတွင် ရင်သားကင်ဆာ ကာကွယ်နိုင်မှုစွမ်းရည် အနည်းငယ်ကျဆင်းနေတတ်ပြီး ရင်သားကင်ဆာ ခြိမ်းခြောက်မှုကို (၅၀)ရာခိုင်နှုန်းမျှသာ ဟန့်တားနိုင်ချိန်တွင် လတ်ဆတ်သောမှိုများက (၆၄)ရာခိုင်နှုန်းထိ တားဆီးနိုင်ကြောင်း တရုတ်သုတေသန ပညာရှင်များကတွေ့ရှိခဲ့သည်။

ထိုရလဒ်ကို ဆက်လက်စီစစ်ပြီးနောက် အချို့သော မှိုစားများသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဟန့်တားနိုင်ခြေသည် (၉၀)ရာခိုင်နှုန်းထိ ထိုးတက်သွားကြောင်း ဆရာဝန်များက ပြောကြားခဲ့ကြသည်။ ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ မှိုအတွင်းရှိ ဓာတ်ပစ္စည်းများသည် ကင်ဆာဖြစ်စေသည့် အကြိတ်များကို ဖျက်ဆီးတတ်သည့် ဂုဏ်သတ္တိ အထင်အရှားရှိနေပြီး လူ၏ကိုယ်ခံစွမ်းအား စနစ်တစ်ခုလုံးကို လှုံ့ဆော်ပေးကြောင်း သိရှိလာရသည်။ Tennessee University ရှိ အစားအသောက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာ ဌာနမှ ဒေါက်တာLana Zivanovic က မှိုတွေမှာ beta-glucan compound ဓါတ် အများအပြား ပါဝင်ပြီး အဲဒီဓါတ်က လူ့ ကိုယ်ခံအားစနစ်ကို နိုးကြားစေပြီး ဝင်လာတဲ့ရောဂါအမျိုးမျိုးကို ကာကွယတိုက်ဖျက်ပေးတယ်လို့  ဆိုပါတယ်။ အခြားအထောက်အထားများအရလည်း မှိုဟာ ရင်သားကင်ဆာ တိုက်ဖျက်မှု ဆေးဝါးများနှင့် အာနိသင်အတူတူရှိပြီး ကင်ဆာဖြစ်စေနိုင်သည့် Oestrogen ဟိုမုန်းများ ထွက်လာခြင်းကို ပိတ်ပင်ပေးကြောင်းလည်း သိရှိရပါသည်။

ကယ်လီဖိုးနီးယားမှ ပညာရှင်များသည် ပြီးခဲ့သောလအတွင်းက တစ်နေ့မှိုနှစ်ကြိမ်စားပါက တစ်လအတွင်း ကင်ဆာတားဆီးနိုင်မှု သဘာဝစွမ်းရည် သိသိသာသာ တိုးမြင့်လာကြောင်း ထောက်ခံထားကြသည်။ ဩစတြေးလျနိုင်ငံရှိ အနောက်ဩစတြေးလျ တက္ကသိုလ်က စမ်းသပ်တွေ့ရှိမှုအရ ဗြိတိန်တွင် နှစ်စဉ်အမျိုးသမီး (၄၀၀၀၀)မျှ ရင်သားကင်ဆာ ဖြစ်ပွားချိန်တွင် တရုတ်နှင့် အရှေ့ဖျားဒေသနိုင်ငံများမှ ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသမီးဦးရေ ကျဆင်းလာမှုကြား အဓိကကွာခြားမှုမှာ မှိုစားသည့် အလေ့အထပင်ဖြစ်ကြောင်း သိရသည်။ အကြမ်းဖျင်းအားဖြင့် မှိုများများစားသည့် အမျိုးသမီးများတွင် ကင်ဆာကြိတ်မဖြစ်နိုင်ဟုပင် သတ်မှတ်နိုင်ကြောင်း သုတေသီများကဆိုသည်။ ဆေးပညာဆိုင်ရာ သုတေသန စာတမ်းတစ်ခုကလည်း မှိုပမာဏများပြားစွာ စားသုံးလေလေ၊ ကင်ဆာဖြစ်ပြီးနှင့် မဖြစ်ခင် အခြေအနေနှစ်ခုလုံးအတွက် အကျိုးရှိလေလေဟု ဖော်ပြထားကြောင်း သတင်းရရှိသည်။

ဆေးဘက်ဝင်မှိုအမျိုးမျိုးရှိရာ၌ လူသိများသောမှို(၃)မျိုးမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) Mitake mushrooms


အစာအိမ်နှင့် အူလမ်းကြောင်းအတွက် အကျိုးရှိတယ်လို့ သိရပါတယ်။ သွေးချို၊ ဆီးချိုသမားတွေအတွက်လည်း သင့်တော်ပါတယ်။ မှိုတွေထဲမှာ ကင်ဆာရောဂါကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တယ်လို့  ဆိုပါတယ်။


(၂) Sitake mushrooms

ရှိတာကဲမှိုတွေကတော့ အာဟာရဓာတ်တွေ ဖြည့်ပေးပြီး အသည်းရောဂါတွေအတွက် ကောင်းတယ်လို့  သိရပါတယ်။ AIDS ဝေဒနာသည်တွေ စားသုံးသင့်တယ်လို့  ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။


(၃) Reishi mushrooms

Reishiမှိုတွေကတော့ အသက်ရှုလမ်းကြောင်း systemကို အထောက်အကူပြုပြီး ပန်းနာရောဂါသည်တွေအတွက် အထူးသင့်တော်ပါတယ်။


source ;
http://www.planet.com.mm/
http://www.topnews.in/health/
http://www.healthcastle.com/herb_mushroom.shtml



When I read planet news, I read about mushrooms and I got interested. So, I search for other extra data and write this post. I hope that this post will be useful.


To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer