" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA
ခွန်းဆက်
~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
May 26, 2014
ကျွန်မချစ်မိ အပြစ်ရှိသည်
  • သံယောဇဉ်ဖြင့်
    နှောင်ငင်တွယ်ရစ်၊
    ကျွန်မချစ်မိ အပြစ်ရှိသည်….
  •  တွယ်ငြိခြင်းဖြင့်
    ရင်တွင်းဆူုးနစ်၊
    ကျွန်မချစ်မိ အပြစ်ရှိသည်….
  • အတွယ်အတာ ဘယ်အရာဖြစ်
    ဖယ်ခွာလို့ရ ကျွန်မမသိ
  • နှလုံးသားမှာ၊ အနာတရ
    ထာဝရဖြစ်တည်
    (အခုတော့ ………….)
    ကျွန်မချစ်မိ အပြစ်ရှိသည်….
 မောင်စိန်ဝင်း(ပုတီးကုံး)
To Continue Reading
April 06, 2014
"If" By Rudyard Kipling
"If"
If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise:
If you can dream—and not make dreams your master;
If you can think—and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build ’em up with worn-out tools:
If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: ‘Hold on!’
If you can talk with crowds and keep your virtue,
Or walk with Kings—nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute With sixty seconds’ worth of distance run,
Yours is the Earth and everything that’s in it,
And—which is more—you’ll be a Man, my son!
Rudyard Kipling
Remembrance for 2nd year anniversary (01/04/2014)
Ref; http://www.poetryfoundation.org/poem/175772
To Continue Reading
April 09, 2013
တစ္ဆေ
အိပ်လို့မရ
ညကြီးမင်းကြီး၊ ထပြီးထိုင်နေ
မွေ့ရာတွေလဲ၊ ကြေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ်၊ သတိပြယ်လွင့်
ခိုတွယ်စရာ အတည်မကျ။
အပြင်ဘက်မှာ၊
သစ်ရွက်တွေကြား၊ ကြယ်လေး, ငါးပွင့်
စကားပင်အို၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ်၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ၊ မြက်ချုံတွေထဲ
တစ္ဆေငါကိုယ်တိုင်ပါပဲ။
ကုတင်ခြေရင်း
ပြေးနင်းရှပ်ရှပ်၊ မတ်တပ်ထလိုက်
ခန်းဝကိုလာ၊ ဝယန္တာမှာ 
သည်မှာတစ်ယောက်၊ တစ္ဆေချောက်လှန့်
ကြောက်ကြောက်နှင့်ကြည့်၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင်၊ အော်ငိုချင်မိ
တဆင်ထဲဘဲ သူနှင့်ငါ။
မြစ်နက်ထဲမှာ 
ငါ--ရေနစ်မြုပ်၊ ချမ်းပြီးကုပ်နေ
ကက္ကိုကိုင်းကြား၊ ငါနားနေလိုက်
ဘုရားရှေ့မှောက်၊ ဒူးထောက်ရောက်ပြန်။
မောပန်းလျနှင့်
တယောက်သောငါ၊ ငါများစွာမှ
ထလာလွင့်ပါး၊ မောင့်အနားကို
စကားထွေရာ၊ ငိုသံပါနှင့်
ဘာမှမကြား၊ မောင့်အပါးမှာ
"ထသွားစို့ဆို၊ မေ့ကိုအိပ်မက်
မမက်ဘူးလား " တစ္ဆေဖြားယောင်း
မှုန်မွှားစိတ်ဝယ်၊ အရိပ်ထင်။          ။
~ ကြည်အေး ~
Source;
http://www.facebook.com/photo.php?fbid=373293184422&set=a.373293064422.155250.371037724422&type=1&relevant_count=1
To Continue Reading
February 14, 2013
သောကခြေရာ
တွယ်တာလှပေမယ့်၊
ကွယ်ရာကပဲ ချစ်တော့မယ်။
အဆင်ခက်လေတော့၊
မကြင်ရက်တယ် သခင်ဆိုမလား၊
ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ၊
စိတ်ညစ်တယ်ကွယ်။
သံယောဇဉ်ခွေကာရစ်ပေမယ့်၊
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့၊
ချစ်တတ်သူ အမူလုပ်ပါလို့၊
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်၊
ရင်တွင်းမှာ မကြည်မွေ့လေတော့၊
သည်နေ့လဲ စိတ်ညစ်တယ်၊
သိပ်ချစ်တယ်လို့ မဆိုသာတော့။
နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး၊
အကြည့်ဆုံ ဝေဒနာနွေးတွေက၊
အကြင်နာ ခြေရာလေးတွေပဲ၊
အတွေးမှာ ရစ်တဝဲနဲ့၊
ချစ်သည်းရယ် ဘာသာဖြေလို့၊
မာယာတွေ ဟန်ဆောင်ထိန်းကာ၊
သူစိမ်းတွေပေါ့။ ။
မောင်စိန်ဝင်း (ပုတီးကုန်း)
စကားကြွင်း။      ။Sis Jasmine  ဆီက ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့  ဒီ... "သောကခြေရာ"ဆိုတဲ့ ကဗျာလေးကိုတွေ့ပြီး ကြိုက်လွန်းလို့  အရင်နှစ်.. ဒီဇင်ဘာလ (၂၆)ရက်နေ့တုန်းကဒီဘလော့ပေါ်မှာ    တင်ဖူးပါတယ်။ ဒါပေမဲ့ ဘယ်လိုက ဘယ်လို ဖြစ်သွားလဲ မသိပါဘူး။ Spam moderation ထိသွားပုံ ရပါတယ်။ ဘလော့ပေါ်မှာ လုံးဝ မရှိတော့ပါဘူး။ ဒါကြောင့် ဒီနေ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ Valentines' Day အမှတ်တရအနေနဲ့ ပြန်တင်လိုက်ပါတယ်။ အောက်က screen shot တွေကတော့ မေး(လ်)ထဲကနေ ပြန်ယူထားတာပါ။း)
witch83 (14/02/2013; 8:00AM; GMT+8)
To Continue Reading
January 11, 2013
ခြားနားချက်များ
~~~Differences~~~
ယောကျာင်္းကလေးများအဖို့
တစ်ထွာသော ဆံပင်သည်
အရှည်ကြီးဖြစ်၏။
မိန်းကလေးများအဖို့
တစ်ထွာသောဆံပင်သည်
တိုတိုကလေးဖြစ်၏။
ဘတ်စ်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
အဝေးကြီး ဖြစ်၏။
ကိုယ်ပိုင်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
နီးနီးကလေးဖြစ်၏။
တောင်အောက်မှ လူအဖို့
ထိုလမ်းသည်
အတက်ဖြစ်၏။
တောင်ပေါ်မှ လူအဖို့
ထိုလမ်းသည်
အဆင်းဖြစ်၏။
ညအဖို့
၁၂ နာရီသည်
သန်းခေါင်ယံ ဖြစ်၏။
နေ့အဖို့
၁၂ နာရီသည်
မွန်းတည့်ဖြစ်၏။
လူကြီးများအဖို့
အချစ်သည်
အတိတ်ဖြစ်၏။
လူငယ်များအဖို့
အချစ်သည်
အနာဂတ်ဖြစ်၏။ ။
မင်းလူ (Min Lu)
Reference: ဆရာ မင်းလူ၏ FB page  မှာတွေ့တာပါ။ ကဗျာ ထင်တာပဲ။ ခေါင်းစဉ်မတွေ့လို့ ကိုယ့်ဘာသာကိုယ် ခေါင်းစဉ်တပ်လိုက်တယ်။ သိသူများရှိရင်လည်း ပြောပေးကြပါဦး။ =)
စကားကြွင်း။ ကိုယ်ရောက်တဲ့နေရာကနေ ကြည့်ရင် အရာရာတိုင်းမှာ ခြားနားချက်တွေရှိတယ်ဆိုတာသာ စိတ်ထဲ နှလုံးသွင်းနိုင်ခဲံရင်......
Regards, witch83
To Continue Reading
October 23, 2012
~.~.~ လွမ်းလို့ကျန်ရစ်ခဲ့ပါရစေ ~.~.~
မေ့လိုက်ပါနော်....
တွေဝေတတ်သူမို့
စွန့်စားခွင့်ရှိရင်တောင် မစွန့်စားရဲခဲ့ပါဘူး။
ထားခဲ့ပါနော်...
အရင်ဦးသူ ရှိပြီးသားမို့
အခွင့်ရှိမယ်ဆိုရင်တောင် မပေါင်းစပ်ချင်တော့ပါဘူး။
ခွင့်လွှတ်ပါနော်....
မစောင့်စားနိုင်သူမို့
စောင့်စားခွင့်ရှိမယ်ဆိုရင်တောင် မစောင့်စားနိုင်တော့ပါဘူး။
မိန်းမသားတစ်ယောက်ရဲ့ မာနနဲ့သိက္ခာ၊
ဦးနှောက်နဲ့ နှလုံးသား
ဒါတွေရဲ့ လွန်ဆွဲပွဲအပြီးမှာတော့
"စွန့်လွှတ်ခြင်းဟာလည်း အနုပညာပါပဲ"လို့ ဖြေတွေးရင်း....
လွမ်းလို့ ကျန်ရစ်ခဲ့မှာကို ဝမ်းသာပါတယ်လေ။
ချန်ရစ်သာ ထားခဲ့ပါတော့။
မချစ်တတ်သူလို့ စွပ်စွဲမှာကိုတော့ စိုးကြောက်မိတယ်လေး။        ။
witch83
23/10/2012 ( 12:25PM; GMT+8)
To Continue Reading
May 15, 2011
နင့်သဘောပါပဲ
  • Commitment....
    The act of binding yourself (intellectually or emotionally) to a course of action
    Dictionary ထဲမှာ အဲ့လို ဖတ်ဖူးတာပဲ။
  • Any sort of relationship requires Commitment from each party တဲ့....
    စာအုပ်ထဲမှာ အဲ့လို ဖတ်ဖူးတာပဲ။
  • Love တဲ့....
    လူတွေ အမျိုးမျိုး အဓိပ္ပါယ် ဖွင့်နေကြတာပဲ။
    အလွယ်ကူဆုံး အနီးစပ်ဆုံး စကားလုံးတစ်ခုကို ကိုယ့်ဘာသာကိုယ် ရွေးလိုက်တယ်။ Endearmentတဲ့ ...
Love ဆိုတဲ့စကားလုံးရဲ့ နောက်ကွယ်မှာ
Relationship ဆိုတဲ့စကားလုံးပါလာတတ်ပြီး
Commitment ဆိုတဲ့စကားလုံးတစ်လုံး လိုအပ်လာတဲ့အခါ....
ငါလိုချင်တာကို နင်မသိ...
နင်.. လိုချင်တာကို ငါမသိ...
ဒီလိုနဲ့ ... အငြင်းပွားမှုတွေ၊ ကိုယ့်ကိုကိုယ်ကာကွယ်မှုတွေ၊ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်မှုတွေ
ဒါတွေအားလုံး ပြီးတဲ့နောက်မှာ... ငါ.. နင့်ကို ပြောချင်တာကတော့....
လွမ်းစရာရှိရင် နာစရာနဲ့ဖြေ....
နာစရာရှိရင် လွမ်းစရာနဲ့ဖြေ...
ဒီ နှစ်ခုကြိုက်သလို၊ လိုသလိုသုံးပေါ့ကွယ်။
နင့်သဘောပါပဲ။
WITCH83
00:38am (+8GMT)
To Continue Reading
May 07, 2011
Me and Mom...
Though we don't speak out loving things to each other
She is really....
A shoulder to cry on
Someone to rely on
A chest to lean
A love to to be seen
Between us, there are....
Secrets to share
warm hearts and hands that really care
And I thank you very much ....
for the closeness we've enjoyed ~~~
Well, finally, I do want to say" I LOVE YOU SO MUCH" (^_^)
Happy Mother's Day 2011 (မေလ ဒုတိယပတ်တနင်္ဂနွေနေ့၊ 08th May 2011)
အမေများအားလုံး .... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့ခန္တာဝန်ကို ကောင်းစွာ ရွက်ဆောင်နိုင်ကြပါစေ။ ။
Remark : Ain't sure if this one sounds like a poem or not.
Anyway, I wrote this , dedicated to my mom as a gift for tomorrow.
WITCH83
07th May 2011 ( 11:40PM, GMT+8) To Continue Reading
April 25, 2011
တယ်လီဖုန်း
"ချစ်တယ်"လို့ ခဏခဏပြောဖို့ မနှမြောစမ်းပါနဲ့
မျှော်လင့်ချက်တွေ သေဆုံးသွားတဲ့အခါ
ဘာအလွမ်းနဲ့မှ အာပတ်ဖြေလို့ မရဘူး။ ။
ငါတို့ ဘာလို့ အငြင်းပွားနေကြရတာလဲ
(တစ်ယောက်ကို တစ်ယောက်)နားမလည်တာလည်း မဟုတ်ဘဲနဲ့။ ။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် သံသယတွေ
ဖြစ်နေကြတာလဲ..
"ယုံကြည်ပါ"လို့ ပြောစရာမလိုလောက်အောင်
ယုံကြည်ထားခဲ့ရဲ့နဲ့။ ။
ငါတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက်
ဒေါသတွေ ဖြစ်နေကြတာလဲ..
တို့နှစ်ယောက်ရဲ့အချစ်ဟာ ကျိုးလွယ်ပဲ့လွယ်တာလည်း
မဟုတ်ဘဲနဲ့ကွယ် ။ ။
ငါတို့ လုပ်နေကြပုံက
တစ်ယောက်ခြေလှမ်းကို တစ်ယောက်က
စောင့်ကြည့် အကဲခတ်နေကြပုံမျိုး။
ဒါ... စစ်တုရင်ထိုးနေကြတာလည်း မဟုတ်ဘဲနဲ့ကွယ်။ ။
မင်းငါ့ကို လွမ်းတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောပါ။
ငါ.. လွမ်းတာကိုလည်း ပွင့်ပွင့်လင်းလင်း ပြောမယ်။ ။
"ချစ်တယ်"ဆိုတဲ့ စကားတစ်လုံးကို မကြာခဏပြောဖို့ မနှမြောစမ်းပါနဲ့။
အချစ်ဆိုတာ တယ်လီဖုန်းတစ်လုံးလိုပါပဲ...
မင်းက စကားမပြောဘဲ ပိတ်ထားရင်
ဘာမှ အသုံးမဝင်တဲ့ ပစ္စည်းတစ်ခုကို ကိုင်ထားရတာနဲ့
ဘာထူးတော့မှာလည်း။ ။
မင်းခိုက်စိုးစန် To Continue Reading
October 11, 2010
ထိပ်ဆုံးသို့
တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပေသမို့
ဖန်ဖန်လေအားအင်တိုးလို့ရယ်
ကြိုးလျှောက်ရပြန်...
ခါတလေတကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု...
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား...
စခဲ့မိဟာပေါ့
တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့် လူသား။ ။
ငယ်ငယ်လေးတုန်းက သင်ခဲ့ရတဲ့ ကဗျာလေးပါ။ To Continue Reading
July 21, 2009
လွမ်းချင်း
သတိရနေတယ်နော်
အချစ်မေ့နေပြီလား
အချစ်လည်း မေ့နေ
တို့လည်းလွမ်းနေမယ်။
သတိရနေတယ်နော်
အချစ်ပျော်နေလား
အချစ်လည်း ပျော်နေ
တို့လည်းလွမ်းနေမယ်။
Dedicated to someone special,
written by witch83
To Continue Reading
May 21, 2009
"Graduation"
6 years
Have come and gone;
We never thought
It'd take so long.
But as I walk
Across the stage;
The flashbacks start
Of long lost days.
Of times that made
Us laugh and cry;
And how we made
Our lecturers sigh.
Times of pain
And sorrows woe;
We all were pushed
Yet would not go.
We learned to grow
To love, to live;
We learned to care
Laugh and forgive.
So many times we
Were struck with fear;
But now you see
We're standing here.
Tears of joy
Fall to the ground;
Laughter and love
Is all around.
So now we leave
The world our own;
We start out now
To seek our throne.
Different paths
All lead which way;
But where we'll end
None can say.
You hold your future
In your hand;
Mold it and make it
Into all that you can.
Graduation'
We've all had our kicks;
We're finally done
2009!
To Continue Reading
အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..
Followers
အားဆေးလေးတွေ...
Cool Blue Outer Glow Pointer