" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label All About Food. Show all posts
Showing posts with label All About Food. Show all posts

April 16, 2014

Yummy Cookings (အရသာရှိသောစာ :P)

ဒီဘလော့မှာ အလှမယ်တွေအကြောင်းရေးတာတွေ မရည်ရွယ်ဘဲ တော်တော် များသွားပါတယ်။ ဒါကြောင့် cooking ဘက်ကို နည်းနည်း လှည့်လိုက်ပါဦးမယ်။ ဒီတစ်ခေါက်တော့ ချက်ရတာ မြန်လည်းမြန်၊ လွယ်လည်းလွယ်ပြီး ထမင်းစားလည်းမြိန်တဲ့ ဟင်းချက်နည်း အချို့ ကို  ရေးပါရစေ။ ကျမကတော့ ဒီဟင်းတွေကို မကြာခဏဆိုသလို ချက်ဖြစ်ပါတယ်။

(1) ကြက်သား/ ဝက်သား/ ကြက်အမြစ်/ ဝက်နှလုံးသုပ်


ပထမဆုံး ပြောပြမဲ့နည်းက အသားသုတ်ပါ။ မြိန်ပြီး စားကောင်းတဲ့ဟင်းပါ။ ကြက်သားကို ငံပြာရည်အနည်းငယ်၊ ကြက်သွန်ဖြူတစ်ပြားရိုက် အနည်းငယ်၊ ချင်းတစ်ပြား.. နှစ်ပြားလောက်ရယ်နဲ့ရောပြီး ပြုတ်။ ကျက်ပြီး ကြက်ပြုတ်ရည်နံ့မွှေးလာရင် အသားကိုဖယ်၊ ဟင်းရည်ပန်းကန်ထဲ  ကြက်သွန်မိတ် ၊ ဒါမှမဟုတ် တရုတ်နံနံပါးပါးလှီးထားတာတွေရယ်.. အသားအပြုတ်ရည်ရယ်ကိုထည့်လိုက်ရင် soup ရသွားပါတယ်။

ပြီးရင်
- အနေတော် လှီးထားတဲ့ အသားပြုတ်၊
- ပါးပါးလှီးထားတဲ့ ကြက်သွန်နီ (သို့)ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငြုပ်စိမ်း၊ ကြက်သွန်ဖြူတွေကို
- သံပုရာသီး၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက် ( ဆီချက် မရှိရင် သံလွင်ဆီ အစိမ်း ထည့်လို့ရပါတယ်။)တို့နဲ့နယ်ပြီး သုတ်လိုက်ရင် ချဉ်ငံစပ်အရသာ အသားသုတ်နဲ့ ကြက်ပြုတ်ရည်မွှေးမွှေးလေးကို ထမင်းဖြူဖြူနဲ့ အရသာရှိရှိ စားလို့ရသွားပါပြီ။ :D

မှတ်ချက်။ ကြက်အမြစ်က သူ့ချည်းသက်သက် သုတ်တာပိုကောင်းပါတယ်။ ဝက်နှလုံးကတော့ အသားနဲ့ တွဲသုတ်တာ ပိုကောင်းပါတယ်။ ဝက်နှလုံးကို ပြုတ်ရင် ဝက်သားနဲ့ တွဲမပြုတ်ပါနဲ့။ နှလုံးကပြုတ်ထားတဲ့အရည်က ညှီနံ့ နည်းနည်း ရှိပါတယ်။ ဝက်သားကတော့ အသားချည်းသုတ်တာထက် အခေါက်ပါးပါး၊ အဆီနည်းနည်းပါတာကို သုတ်တာ ပိုကောင်းပါတယ် (at least for my personal taste)။  ကြက်သားသုတ်ကလွဲရင် ကျန်တဲ့အသုတ်တွေထဲမှာ ရှောက်ရွက် ပါးပါးလှီးထားတာကို ထည့်လို့ရပါတယ်။ ဂေါ်ဖီနဲ့ရှောက်ရွက်က တော်တော် လိုက်ပါတယ်။ ရှောက်ရွက်ကို မလေးဟင်းရွက်ဆိုင် ( ဒါမှမဟုတ်) cold storage မှာ ဝယ်လို့ ရပါတယ်။ အသားအစား ငါးဖယ်ကြော်လည်း ထည့်လို့ရပါတယ်။ အပေါ်က ဓါတ်ပုံကတော့ သိပ်မကြာခင်က လုပ်စားဖြစ်တဲ့ ငါးဖယ်သုတ်နဲ့ ဝက်သားနဲ့နှလုံးရောသုတ်ထားတာကို တင်ထားတာပါ။

(2) Lotus Pork Rib Soup

ဒုတိယဟင်းက Lotus Soup ပါ။ ဝက်နံရိုးနဲ့ ကြာမြစ်ပါးပါးလှီးထားတာတွေကို တရုတ် ingredient တွေနဲ့ အရည်သောက်ချက်တာပါ။ သူကတော့ စလုံးအစာပါ။ အဲ့ဒီဟင်းက ဟင်းတစ်မျိုးထဲနဲ့ အရည်ရော၊ အသားရော၊ အသီးအရွက်ရောပါပြီး စားလို့လည်း မြိန်ပါတယ်။ ထမင်းဖြူလေးရယ်၊ pork rib lotus soupရယ်၊ ငံပြာရည် (သို့) ပဲငံပြာရည်အကြည်ထဲကို ငြုပ်သီးစိမ်းကို ပါးပါးလှီးပြီးထည့်ထားတဲ့ ဆော့(စ်)ရယ်နဲ့တွဲစားရင် လိုက်ဖက်ပါတယ်။ ရောက်ခါစတုန်းကတော့ မစားဖူးပါဘူး။ နောက်မှ အချိန်ပိုင်းအလုပ်အတူလုပ်တဲ့ စလုံး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းစားမှ ဒါ... Singaporean Signature Food.. try ကြည့်ပါလား.. စားကောင်းတယ်ဆိုတာနဲ့ စမ်းစားကြည့်ရင်း တစ်ခါစားဖူးရုံနဲ့ အရမ်း ကြိုက်သွားတဲ့ဟင်းပါ။

အစပိုင်းကတော့ ဆိုင်မှာ ခဏခဏ သွားစားဖြစ်ပါတယ်။ နောက်ပိုင်း စမ်းချက်ကြည့်တော့ ဖြစ်သွားတာနဲ့ အိမ်မှာ ခဏခဏ ချက်ဖြစ်သွားပါတယ်။ ချက်နည်းကတော့ ....

(၁) ဟင်းမချက်ခင် ငါးနီတူခြောက် (မထည့်လည်းရပါတယ်)၊ တရုတ်ဆီးသီးအခြောက်၊ မြေပဲစိမ်း အနည်းငယ်စီကို တစ်နာရီလောက်ရေစိမ်ထားပါ။ 
(၂) ဝက်နံရိုးကို ဆားရယ်၊ ချင်းမှုန့်အနည်းငယ်ရယ်နဲ့နယ်ပြီး နှပ်ထားပါ။ (ကျမကတော့ စလုံးမှာ ဝက်နံရိုးကို Giant မှာ ဝယ်ရတာ အကြိုက်ဆုံးပါ။ နောက်ပြီး ဝယ်ရင် ဝက်နံရိုး (pork rib)ရော၊ အရိုးနု (soft bone)ရော နှစ်မျိုးဝယ်ပါတယ်။ အရိုးနုက နူးပြီး အရသာဝင်ရင် တော်တော် စားကောင်းပါတယ်။ တစ်မျိုးကို 250gလောက်စီဝယ်ရင် တော်တော် စားရပါတယ်။)
(၃) အရွယ်အနေတော် lotus root တစ်မြစ်လောက်ကို ပါးပါးလေးတွေ လှီးထားပါ။ ( ပါးတော့ အရသာ ပိုဝင်ပါတယ်။) (လှီးပြီးသားအထုတ်လေးတွေကို NTUC မှာ ရပါတယ်။ မလှီးရသေးတဲ့ lotus root ဆိုရင်တော့ Cold Storage က ဝယ်လို့ အကောင်းဆုံးပါ။ နုပြီး ဖြူပါတယ်။ )
(၄) ingredient ကတော့ ready made အထုတ်လေးတွေ ဝယ်သုံးတာပါ။ ရိုးရိုးနဲ့spicy ဆိုပြီး ရှိပါတယ်။ ဒီမှာတော့ တရုတ်တွေက spicy ကို ပိုကြိုက်ကြပေမဲ့ ကျမကတော့ တရုတ်ဆေးမြစ်မြစ် ပူရှိန်းရှိန်းကြီးတွေကို မကြိုက်လို့ ရိုးရိုးဟာကိုပဲ ဝယ်ပါတယ်။ supermarket တိုင်းလိုလိုမှာ ဝယ်လို့ရပါတယ်။  တကယ်လို့ ရှာမတွေ့ရင်လည်း chicken genseng အထုတ် ဝယ်ထည့်လို့ ရပါတယ်။ ( မှတ်ချက်။  ။ Chicken Genseng, Sweet Corn, Lotus Pork Rib... အဲ့လို soup တွေပဲသတ်သတ်ရောင်းတဲ့ စားသောက်ဆိုင်အကြီးတွေမှာလည်း lotus root pork rib အနှစ်ထုတ်ကို ဝယ်လို့ရပါတယ်။ အရသာ ပိုကောင်းပါတယ်။)



ချက်နည်းကတော့ အနှစ်ထုတ် ( ပိတ်စအိတ်ကို ဖြဲပစ်စရာမလိုပါဘူး။ အထုတ်လေးအတိုင်းပဲ ထည့်ပါ။)တစ်ထုတ်၊ ကြက်သွန်ဖြူ တစ်ပြားရိုက်အနည်းငယ် (နှစ်သက်သလို ထည့်ပါ။)၊ ရေ (၄) ခွက် (for 500mg of meat)လောက်ကို အိုးထဲကိုထည့်ပြီး ဆူလာရင် ရေစိမ်ထားတဲ့ မြေပဲကိုထည့်၊ နှပ်ထားတဲ့ ဝက်နံရိုးတွေထည့်ပြီး တစ်နာရီလောက် medium heat နဲ့ ချက်လိုက်ရင် soup ရပါပြီ။ ကြာမြစ်တွေကိုတော့ ဝက်နံရိုးထည့်ပြီး နာရီဝက်လောက်ကြာမှ ထည့်ပါ။



(3) ဝက်သားနဲ့မုန့်ညှင်းချဉ်

ဒီဟင်းလည်း စားမြိန်တဲ့ဟင်းပါ။ ငယ်ငယ်လေးကတည်းက အိမ်ကလူကြီးတွေကို ခဏခဏ ချက်ခိုင်းရတဲ့ဟင်းလည်း ဖြစ်ပါတယ်။ ဝက်သားအစား ကြက်သားလည်း  သုံးလို့ရပါတယ်။ အသား (၃၀၀)ဂရမ်လောက်ကို ရေစင်အောင်ဆေးပြီး ကိုယ်နှစ်သက်ရာ အရွယ်လေးတွေတုံး.. ပြီးရင်
- ချင်းမှုန့်အနည်းငယ်၊
- ဆားသင့်ရုံ (( မှတ်ချက်။   ။ မုန်ညှင်းချဉ်မှာ အငံဓါတ်ပါတာမို့ အသားနယ်နေချိန်မှာ ဆားလျှော့ထည့်ပါ။))
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း (၂)ဇွန်း၊
- ရှာလကာရည်အနည်းငယ်တို့နဲ့နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။
- မုန်ညှင်းချဉ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။

ချက်နည်းကတော့ ဟင်းအိုးထဲ ဆီအနည်းငယ်ထည့်ပြီး အပုပေး၊ ဆီပူလာပြီဆို ကြက်သွန်ဖြူတစ်ပြားရိုက်အနည်းငယ်ဆီထည့် ... နှပ်ထားတဲ့ဝက်သားထည့်၊ ရေထည့်.. နာရီဝက်လောက် အနေတော်မီးနဲ့ချက်၊ အိုးမကပ်အောင် မွှေမွှေပေး၊  အသားနုးခါနီးကျရင် လှီးထားတဲ့ မုန်ညှင်းချဉ်ထည့်၊ ရေအနည်းငယ်ထည့် ...ဆီပြန်လာရင် အရသာအပေါ့အငံမြည်းပြီးရင် အရသာရှိသော ဝက်/ကြက်မုန်ညှင်းချဉ်ဟင်းကို ရပါပြီ။



(4) ဆယ်(လ်)မွန်ငါးပေါင်း



ဒီဟင်းက မနှစ်က weight လျှော့တုန်းကမှ စချက်စားဖူးတဲ့ဟင်းပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကြိုက်လည်းကြိုက်လို့ မကြာခဏ ချက်စားဖြစ်တဲ့ဟင်းပါ။ ကျမကတော့ ဆယ်လမွန်ငါးကို တော်တော် ကြိုက်ပါတယ်။ သူ့အသားက အရမ်းကို နူးညံ့ပြီး ဆားမထည့်ဘဲနဲ့တောင် အရသာ ရှိပါတယ်။ ကင်စားရင် ပါးစပ်ထဲမှာ အရည်ပျော်သွားတာလေးက တကယ်ကို ကောင်းပါတယ်။ ဟင်းပြုတ်ရည်ထဲမှာ ဆယ်လမွန်ငါးကို ပါးပါးလှီးပြီးထည့်စားလည်း စားလို့ကောင်းပါတယ်။ ကြော်တာကိုတော့ သိပ် မကြိုက်ပါဘူး။ သူငယ်ချင်းတစ်ချို့ ကတော့ သူ့အနံ့ကို မကြိုက်ပါဘူး။ သူငယ်ချင်းတစ်ယောက် ဆေးရုံတက်နေရတုန်းက ငါ.. ဆယ်လမွန်ငါးပေါင်းပေးမယ်။ ထမင်းဖြူလေးနဲ့စား။ အပူခံတဲ့ဗူးနဲ့ထည့်ခဲ့ပေးမယ်... ပုပူနွေးနွေး.. မွှေးမွှေးလေးပေါ့... ဆိုတာကို မမချောက ခါးခါးသီးသီး ငြင်းပါတယ်။ နံလို့တဲ့... အရသာလည်း မကြိုက်ဘူးဆိုပဲ။ ကျမကတော နံတယ်မထင်ပေါင်။ မွှေးတယ်ပဲထင်ပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့လေ။ တစ်ချို့ ကျတော့လည်း ဒီအတိုင်း ဆော့နဲ့ အစိမ်းတောင် စားကြပါတယ်။း)

ထားပါတော့.. ရေးနေရင်း တခြားအကြောင်းတွေ ပါကုန်ပြီ။ ဟင်းချက်နည်းကို ပြောပါမယ်။ ချက်နည်းက လွယ်လည်းလွယ်၊ မြန်လည်းမြန်ပါတယ်။ ငါးကို ဆား၊ အသားမှုန့်နဲ့ ချင်းမှုန့်အနည်းငယ်၊ စပါးလင်ပါးပါးလှီးထားတာရယ်နဲ့ နယ်ပြီး ( တကယ်တော့ မထည့်လည်း ရပါတယ်။ ဘာမှ မထည့်ရင်တောင် အရသာရှိပါတယ်။ ညှီလည်း မညှီပါဘူး။) အောက်ကအိုးထဲ ရေတစ်ဝက်ကျော်ကျော်လောက်ထည့်..  နယ်ထားတဲ့ ငါးတွေကို ကြွေ (သို့) ဖန်ပန်းကန်ထဲထည့်ပြီး ပေါင်းတဲ့ဇကာထဲကိုတင်ပြီး (၁၅)မိနစ်လောက်ပေါင်းလိုက်ရင် ရပါပြီ။ အသီးအရွက်တွေ ထည့်ချင်ရင်တော့ လှီးချွတ်ဆေးကြောထားတဲ့ အသီးအရွက်တွေကို အရသာဝင်အောင် ဆား၊ အသားမှုန့်တို့နဲ့ နယ်ထားပြီး ချခါနီး (၄)မိနစ်၊ (၅)မိနစ်အလိုမှ ထည့်ပါ။ သူတို့တွေက အရမ်း နူးလွယ်ပြီး နူးသွားရင် စားလို့ မကောင်းတော့ပါဘူး။

Bonus for the last Recipe
ကျမကတော့ ငါးကို အိမ်ရှင်ရဲ့ မုန့်ဟင်းခါးချက်တဲ့ စတီးအိုးအကြီးထဲ ရေထည့်ပြီး၊ ရန်ကုန်ကနေယူလာတဲ့ ထမင်းနွှေးရင်သုံးတဲ့ဇကာကို အပေါ်မှာတင်ပါတယ်။ တကယ်လို့ အိမ်မှာ အိုးအကြီးမရှိရင် ကိုယ်ချက်နေကြဟင်းအိုးနဲ့ကိုက်မဲ့ အရွက်ဆေးရင်သုံးရတဲ့ဇကာကို ဝယ်ပြီး သုံးလို့ရပါတယ်။ ကျမဆို ပေါက်ဆီတို့၊ အသားပေါင်းတို့ ပြန်နွှေးရင် အဲ့နည်းပဲ သုံးပါတယ်။ အဲ့နည်းသုံးရင် တစ်ခု သတိထားရမှာက ရေဆူလို့ ပွက်လာမဲ့ ပမာဏကို တွက်ဖို့ပါ။ ရေအများကြီးထည့်လို့ မရပါဘူး။ မဟုတ်ရင် ပေါင်းတာလည်းမဟုတ်၊ ပြုတ်တာလည်း မဟုတ်ဖြစ်သွားပါလိမ့်မယ်။ :D

စလုံးက Metroမှာတော့ မနှစ်က August လထဲမှာ စတီးပေါင်းအိုးလေးတစ်အိုးတွေ့ဖူးပါတယ်။ အောက်ကခံတဲ့ အိုးက ပြားပြားလေးဆိုတော့ ရေသိပ်ထည့်စရာမလိုပါဘူး။ အပေါ်က ပေါင်းတဲ့ဇကာကျတော့ ပိုကျယ်ပြီးမြင့်ပါတယ်။ အပေါ်ကလည်း ဖန်အဖုံးလေးနဲ့ဆိုတော့ အကုန်လုံးကို မြင်နေရပါတယ်။ ဈေးကတော့ စလုံးဒေါ်လာ ငါးဆယ်ကျော်ကျော်ပါ။ အတိအကျတော့ မမှတ်မိတော့ပါဘူး။ အိုးလေးကို တော်တော် သဘောကျမိပေမဲ့ အဲ့အချိန်က အလုပ်ဗီဇာအဆင်မပြေလို့ အလုပ်ထွက်ထားခါစအချိန်ဆိုတော့ ငွေကို အရမ်း မသုံးရဲလို့ မဝယ်ဖြစ်ပါဘူး။ နောက်တော့လည်း အလုပ်သစ်ရှာတာက (၄)လလောက် ကြာသွားတာနဲ့၊ အလုပ်သစ်မှာလည်း (၂)လပဲလုပ်ပြီး ထွက်လာတာနဲ့... ခုလောက်ဆိုရင်တာ့ အဲ့အိုးလည်း မရှိလောက်တော့ပါဘူး။

စလုံးပြန်ပြီး အလုပ်သစ်ရရင်တော့ နည်းနည်း ရှာကြည့်လိုက်ပါဦးမယ်။ မြန်မြန်လည်း ပြန်မှပါ။ ရန်ကုန်မှာ နေတာက ကြာလာတဲ့အပြင် ပိုက်ဆံကို လက်ဖြန့်တောင်းသုံးနေတော့ အိမ်က သိပ်.. မကြည်ဖြူတော့ပါဘူး။ လူကြီးတွေက ကပ်စီးနှဲတော့ ကိုယ်သုံးနေတာကို အရမ်း များတယ်ထင်နေကြပါတယ်။ မုန်းတယ် x တစ်သိန်း။ >.<
နောက်ဆို ဒီလို မဖြစ်ရအောင် ပိုက်ဆံကို အရင်က စုတာထက် ပိုစုပြီး အိမ်ကို လျှော့ပို့ရမယ်။ :P

ဒါနဲ့ ကြုံတုန်း ပြောလိုက်ဦးမယ်။ ကျုပ်က ယောကျာင်္းယူမယ်ဆိုရင် ကပ်စီးနှဲတဲ့ယောကျာင်္းမျိုးဆို လုံးဝ၊ လုံးဝ၊ လုံးဝ မယူဘူးတော်ရေ.... ကျုပ်ကို ကြိုက်နေသူများ သေချာ သိထားကြပါ။ ဒါပဲ!!! :D

Alright, let me stop the post here. Thank you for reading this post. Happy Myanmar New Year, everyone!

With Warm Wishes,
witch83 (16/04/2014;11:27AM; GMT+6.3)

To Continue Reading

July 07, 2013

ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

အခုတစ်လော အလုပ်တွေရှုပ်နေပြီး စိတ်လည်းရှုပ်နေတာမို့ စာရေးဖို့ စိတ်သိပ်မပါဖြစ်နေပါတယ်။ ဒါပေမဲ့ မရေးတာကြာပြီမို့ ဖုန်ခါတဲ့အနေနဲ့ Health Articles မှာ ဝေမျှထားတဲ့ ပို့(စ်)တစ်ချို့ကို  ပြန်လည်ဝေမျှလိုက်ပါတယ်။

ပန်းသီးတစ်နေ့တစ်လုံး

တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေရတယ်၊ အသက်ရှည်တယ်... ဆိုတဲ့ စကားက မှန်ပါတယ်။ ပန်းသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားတဲ့ အမျိုးသမီး တွေဟာ လုံးဝမစားသူတွေထက် ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ တကယ်လို့ ပန်းသီးကို အခွံပါစားပေးမယ်ဆိုရင် အင်တီအောက်ဆီးဒင့်ဖလေဗိုးနွိုက်ရရှိကာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

မာလကာသီး
မာလကာသီးမှာ ဗီတာမင် အေ၊ စီ၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်စတဲ့ အာဟာရဓာတ် အစုံအလင် ပါဝင်နေပါတယ်။ မာလကာသီးမှာ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်းဓာတ်လည်း အများအပြား ပါဝင်မှု ရှိတာကြောင့် နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။


စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ လိမ္မော်သီးမှာထက် အိုမင်းမှုကို တားဆီးပေးနိုင်တဲ့ ဗီတာမင်စီ ပိုမိုပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ Malic acid အင်ဇိုင်းဟာ သဘာဝ သွားဖြူစေတဲ့ အစွမ်းရှိပါတယ်။
Ref: Good Health

အနီရောင် စပျစ်သီး

အနီရောင် စပျစ်သီးသည် ကမ္ဘာ့ အကောင်းဆုံး ၀ိုင်အရက် ထုတ်လုပ် ရရုံ သာမက နှလုံး ရောဂါ အတွက် အံ့သြဖွယ် ပျောက်ကင်း အောင် ကုသ နိုင်ကြောင်း သုတေသနသစ် အရ သိရ သည်။ ၀ိုင်တစ်ခွက် သည် မြေထဲပင်လယ် စတိုင်လ် အစား အသောက်တွင် ကျန်းမာရေး အတွက် အာဟာရ တစ်ခု အဖြစ် အသိအမှတ် ပြုထားရာ အရက် ချက်လုပ်ရန် ပယ်ထားသော စပျစ်သီးမှ အပိုင်းအစ လေးများသည် ကျန်းမာရေး အတွက် ပိုမို ကောင်းမွန် ဟန်တူသည်။သုတေသန ပညာရှင်များ သည် စပျစ်ခြံ များအတွင်း စွန့်ပစ် ဘေးထွက် ပစ္စည်းများ ဖြစ်သော အခွံနှင့် အစေ့ များကဲ့သို့သော စပျစ်သီး၏ အမျှင် အထူဆုံး အစိတ် အပိုင်း များမှ ကောက်တေးလ် အရော အစပ်ကို ထုတ်ယူ ခဲ့ကြသည်။ လူများကို စမ်းသပ် ကြည့်ခဲ့ရာ အဆိုပါ ထုတ်ယူ ရရှိသော အရော အစပ် သည် အမျှင်နှင့် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း နှစ်ခု စလုံး အတိုင်းထက် အလွန် ကြွယ်ဝ နေပြီး ကမ္ဘာ့ အကြီးမားဆုံး အသေ အပျောက် ဖြစ်စေသည့် နှလုံး သွေးကြော ရောဂါအန္တရာယ် ကို လျော့ပါး စေကြောင်း တွေ့ရှိ ရသည်။

Reference from Yangon Times Journal
Posted On : 2010, December 1, Wednesday, 03:39:17

ထောပတ်သီး


အစိမ်းရောင် ဂေါ်ဖီထုတ် (သို့) ဘရော်ကော်လီ (Brocoli)


အဆုတ် ရောဂါ ကာကွယ်ရန်အတွက် အစိမ်းရောင် ပန်းဂေါ်ဖီ (brocoli) စားသုံးသင့်ပါတယ်။ ဘရော်ကော်လီကို စားသုံးခြင်းသည် အဆုတ် အတွက် အထောက် အကူ ပြုကြောင်း သိရှိ ရသည်။ နောက်ဆုံး တွေ့ရှိသော သုတေသန ရလဒ်များ အရ ဘရော်ကော်လီတွင် ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ ခံနိုင်ရည်အားကို တိုးမြှင့်ပေး သည်ဟု ဖော်ပြ လျက်ရှိသည်။ ဗြိတိန် နိုင်ငံတွင် နှစ်စဉ်လူ(၃၀၀၀၀)ခန့်မှာ စီးကရက် အလွန် အမင်း သောက်သုံးမှု ကြောင့် အဆုတ်ရောဂါ မျာြး ဖစ်ပွားပြီး သေဆုံးလျက် ရှိနေသည်။ အမေရိကန် နိုင်ငံမှ သိပ္ပံပညာရှင် များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ် အတွင်းရှိ ရောဂါ ကာကွယ်သော ဆဲလ်များကို ပိုမို လှုပ်ရှား အသက်ဝင် စေသည်ဟု တွေ့ရှိ ခဲ့သည်။ ထိုဓာတ်မှာ ဘရော်ကော်လီတွင် ကြွယ်ဝစွာ ပါရှိသည်။ NRF2ဟု ခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ် အတွင်း အဆိပ် အတောက် ဖြစ်ပွား စေနိုင်သော ပမာဏကို လျော့ကျ စေနိုင်ပြီး ထိုဆဲလ်များကို နိုးကြား စေမည့် လှုံ့ဆော်မှု မျိုးအား ဘရော်ကော်လီတွင် ပါဝင်သည့် ဆာလ်ဖိုရာပိန်းက လုပ်ဆာင် ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှ သုတေသန အဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။
အမေရိကန် နိုင်ငံထုတ် Respiratory and Critical Care ဆေးပညာ ဂျာနယ်တွင် ရေးသားဖော်ပြ ထားမှု အရ အဆုတ်တွင်း ညစ်ညမ်းမှု များနှင့် အဆုတ်ကင်ဆာ ရောဂါ များအား ကာကွယ်နိုင်ရန် အတွက် အစိမ်းရောင် ပန်းဂေါ်ဖီအား များများ စားသုံးရန် တိုက်တွန်း ထားကြောင်း ပါရှိသည်။ သိပ္ပံပညာရှင်များ အနေနှင့် အစိမ်းရောင် ပန်းဂေါ်ဖီဖြင့် အဆုတ် ရောဂါများ၏ ခြိမ်းခြောက်လာမှု အား တွန်းလှန် သွားနိုင်မည်ဟု ယုံကြည် မျှော်လင့် နေကြသည်။
ဗြိတိန် နိုင်ငံ အဆုတ် ကျန်းမာရေးဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ယခု တွေ့ရှိမှုမှာ အလွန် အရေးပါသော စွမ်းဆောင်မှု တစ်ခုဟု ပြောဆို သွားသည်။ ၎င်းက အဘရော်ကော်လီတွင် လူသားတို့၏ ကျန်းမာရေးအား အထောက်အကူ ပြုစေနိုင်သော သဘာဝဒြပ်ပေါင်းများ ပါရှိသည်ကို ယျေဘူယ သိရှိပြီး ဖြစ်သော်လည်း အဆုပ်ရောဂါများ အတွက် အလွန် အစွမ်းထက်သည့် အခြေအနေ တစ်ရပ် ဖန်တီးနိုင်မည် ဟု သဘောမပေါက် ခဲ့ကြောင်း ပြောကြား သွားသည်။

Reference from Planet
Posted On : 2010, December 1, Wednesday, 03:38:41

မုန်လာဥနီ

မုန်လာဥနီ ထဲမှာ ပါတဲ့ ဗီတာမင်စီက ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင် ထုတ်လုပ်အား ကောင်းစေ ပါတယ်။ ကော်လာဂျင်ဟာ အသားအရေကို တင်းအား ကောင်းစေတဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြောင်း မရှိအောင် ကာကွယ်ပေးပြီး အိုမင်းတဲ့ ဖြစ်စဉ်ကို လျော့ကျစေ ပါတယ်။

သတ်သတ်လွတ် စားသုံးခြင်း


ဒိန်ခဲ

လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း)


လက်ဖက်ရည်ကြမ်း သည် တချို့သော ကင်ဆာ ရောဂါ မျိုးကို ကာကွယ်မှု ပေးနိုင် ကြောင်း ဂျပန် နိုင်ငံမှ သုတေသန ပညာရှင် များက ထုတ်ဖော် တင်ပြ ခဲ့ကြ သည်။ လက်ဖက် ထုတ်လုပ် သော နိုင်ငံ များတွင် နေထိုင် သောလူ များသည် ကင်ဆာရောဂါကြောင့် သေဆုံးမှု နည်းပါး ကြောင်း လက်ခံပြောကြားခဲ့သည်။ Shizuoka ဒေသ တွင် ဂျပန် နိုင်ငံ၏ စုစုပေါင်း လက်ဖက် ထွက်ရှိမှု၏ တစ်ဝက် ခန့်ကို ထုတ်လုပ်ခဲ့သည်။ ထိုဒေသ တွင်ကင်ဆာရောဂါဖြင့် သေဆုံးမှု နည်းကြောင်း တွေ့ရသည်။ အစာအိမ် ကင်ဆာ ဖြစ်မှု တွင် အခြား ဒေသ များ၏ ငါးပုံ တစ်ပုံသာ ဖြစ်သည်။
ကင်ဆာ ဖြစ်စေသော ပစ္စည်းများ ကျွေးထား သော ကြွက်များ အပေါ်လက်ဖက် ၏အကျိုး အာနိသင် သက်ရောက်မှု ကို သုတေသန ပညာရှင်များက လေ့လာ ခဲ့ကြသည်။ ကြွက်များကို လက်ဖက်မှ ထုတ်လုပ်သော ပစ္စည်းများ ကျွေးပါက ကင်ဆာဖြစ်မှု တစ်ဝက်ခန့် လျော့နည်း သွားစေ သည်ဟု ဆိုပါသည်။
လက်ဖက်ရည်ကြမ်း တွင် ပါသော ပေါ်လီဖီနော (polyphenol)(Catechin) သည် ကင်ဆာ ရောဂါ ဖြစ်ပွားမှု ကို ကာကွယ်ပေးခြင်း ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၆ရက် နေ့ထုတ် News Week ဂျာနယ် တွင် ဖော်ပြ ထားပါသည်။

Reference from Khit Lu Nge
Posted On : 2010, December 1, Wednesday, 03:40:41

မှတ်ချက်။    ။ ဒီ inforatmation အားလုံးကို Health Aritcles မှ ရယူထားပါတယ်။
To Continue Reading

February 17, 2013

ဟင်းချက်ဖြစ်သော စနေနေ့ (၁၆-၀၂-၂၀၁၂)

နိဒါန်း
အခုတစ်လော ဟင်းမချက်ဖြစ်တာ တော်တော်ကြာပါပြီ။
အလုပ်တွေများနေပြီး အိမ်မှာကလည်း အိမ်ရှင်ရဲ့ မိဘနှစ်ပါးလာလည်နေလို့ အိမ်နောက်ဖေးမှာ ဝင်မရှုပ်ချင်တာကြောင့် ရှိတာနဲ့ စားရင်စား၊ လွယ်ကုပြီး ချက်ရမြန်တာတွေစားရင်စား၊ အပြင်မှာ ထွက်စားရင်စားနေခဲ့တာ များပါတယ်။  (အဲ.. တရုတ်နှစ်ကူး ရက်ရှည်ပိတ်တုန်းက တစ်ရက်တော့ ညီမဖြစ်သူက မုန့် ဟင်းခါးစားချင်တယ်၊ လာစားမယ်ဆိုလို့ မုန့်ဟင်းခါးတော့ ချက်လိုက်ပါသေးတယ်။)
ဖြစ်သလိုစားရတာတွေ၊ အပြင်စာတွေစားရတာများလာလို့ ငြီးငွေ့နေတဲ့အတွက်ကြောင့် ဒီတစ်ပတ်စနေမှာ ဟင်းချက်ဖို့ သောကြာနေ့ညနေက ဈေးဝယ်ထွက်ခဲ့ပါတယ်။

ခေါက်ဆွဲကြော် (ရေခဲသေတ္တာရှင်းခြင်း)
စနေမနက် အိပ်ရာကနိုးတော့ အရင်ဆုံး မနက်စာစား၊ ရေခဲသေတ္တာရှင်း.. ပြီးတော့ ဝယ်လာတဲ့အသစ်တွေကို မချက်ခင် ရေခဲသေတ္တာထဲမှာ ရှိနေတဲ့ လက်ကျန်တွေကို  အရင် ရှင်းလိုက်ပါတယ်။ လက်ကျန်တွေဖြစ်တဲ့ minced pork ရယ်၊ ဝက်အူချောင်းရယ်၊ ကြက်အသည်းအမြစ်ရယ် မုန်လာဥနီတစ်တောင့်ရယ်၊ ဂေါ်ဖီတစ်စိတ်ရယ်၊ ငါးလုံး (၄)လုံးရယ်ကို ( အကုန်လုံး..  တို့စိ၊တို့စိ ကျန်တဲ့ဟာတွေကြီးပါ.. )  frozen ပဲစိမ်းစေ့လေးတွေနဲ့အတူရောပြီး ခေါက်ဆွဲကြော်လိုက်ပါတယ်။  

ခေါက်ဆွဲကြော်ပြီးသွားတော့ တစ်ပွဲထည့်ပြီး ရေနွေးနဲ့လွေးလိုက်ပါတယ်။ လက်ကျန်တွေရှင်းပြီး ကြော်ထားတာပေမဲ့ စားလို့ တော်တော် ကောင်းပါတယ်။း)

ကြက်သားကိုင်
စားသောက်ပြီး လုပ်စရာရှိတာတွေ လုပ်ပြီး နေ့လည်(၃)နာရီလောက်ကျတော့ ကြက်သားကိုင်ပါတယ်။
(မှတ်ချက်။    ။ ဒီလို ကြက်တစ်ကောင်လုံးကို ဝယ်တာ ဘဝမှာ ဒါ.. ပထမဦးဆုံးပါ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ကြက်သားပလာတာ စားချင်နေတာမို့ သောကြာနေ့တုန်းက ဈေးသွားဝယ်တော့ ကြက်သားရှာတဲ့အခါ.. ကြက်သားခုတ်ပြီးသား အထုပ်တွေက မရှိတော့ပါဘူး။ စနေနေ့ဆို super market မှာ ပိုပြီး လူများတတ်တာကြောင့် အကောင်ဖျက်ရမှာကို အင်မတန် စိတ်ညစ်ပေမဲ့ အကောင်လိုက်ကြီးကိုပဲ စိတ်လျှော့ပြီး ဝယ်ခဲ့ပါတယ်။)

ကြက်ကို အတုံးတုံးပြီးသွားတော့ ရေဆေး.. ရေဆေးပြီးတော့ အရိုးတွေသတ်သတ်ခွဲ၊ ကျန်တဲ့အသားတွေကို တစ်ဝက်စီ ခွဲလိုက်ပါတယ်။ ကျန်တဲ့တစ်ဝက်ကို ဘူးသီးနဲ့ ကာလသားဟင်းချက်ဖို့ ဘူးထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ခဲလိုက်ပါတယ်။ ကျန်တဲ့တစ်ဝက်ကိုတော့ ချင်း(ဂျင်း)မှုန့်၊ ဆား၊ နနွင်းမှုန့်၊ မဆလာတို့နဲ့နယ်ပြီး နှပ်ထားလိုက်ပါတယ်။ ကြက်သားနှပ်ထားတဲ့အချိန်မှာ ပလာတာ ကြော်ပါတယ်။ တစ်ယောက်တည်းစားမှာမို့ (၃)ချပ်ပဲ ကြော်ပါတယ်။

ပလာတာကြော်
ပလာတာကတော့ Spring Homeက plain roti parata ပါ။ မွှေးအောင် ထောပတ်နဲ့ ကြော်ပါတယ်။ အများကြီးထည့်စရာ မလိုပါဘူး။ ဆီနည်းနည်းနဲ့ မတူးအောင် ကြော်ချင်ရင်တော့ non-stick panကို ပူအောင်လုပ်လိုက်ပါ။ တော်တော်ပူပြီဆိုရင် ထောပတ်(သို့) ဆီအနည်းငယ်သာထည့်ပြီး တအိုးလုံး ဆီပြန့်သွားအောင် ဇွန်းနဲ့ ဖြန့်လိုက်ပါ။ ပြီးမှ parata ကိုထည့်လိုက်ရင် ချက်ချင်း ကြွတက်လာပါတယ်။ ကြွတက်လာတာနဲ့ တဖက်ကို အမြန်လှန်ပြီး မီးပိတ်လိုက်ပါ။ အဲ့လိုဆိုရင် ကြွပ်ကြွပ်အိအိနဲ့ မတူးတဲ့ ပလာတာကို ရပါလိမ့်မယ်။ ကြော်ပြီးသွားတော့ ပတ်စရာ ဆီစုတ်စက္ကူ မရှိတော့လို့ tissue paper တွေပဲ သုံးလိုက်ပါတယ်။ :P

အချဉ်ပြင်
ပလာတာကြော်ပြီးသွားတော့ အချဉ်လုပ်ပါတယ်။ ကြက်သွန်နီကို ပါးပါးလှီး၊ သံပုရာသီးညှစ်၊ အချဉ်သိပ်မပေါက်လို့ ready-made သံပုရာရည်တွေ လောင်းထည့်၊ ငြုပ်စိမ်းပါးပါးလှီးထည့်၊ ပူစီနံအရွက်တွေချွေထည့်ပြီးတဲ့အခါမှာတော့ အချဉ်ကိစ္စပြီးသွားပါတယ်။

အချဉ်လုပ်ပြီးတဲ့အချိန်မှာ အိမ်ရှင် ဟင်းချက်ချင်နေပုံပေါက်တာနဲ့ ကိုယ်လည်း ခဏရပ်ပြီး အခန်းထဲဝင်ကာ စာတွေလျှောက်ဖတ်နေလိုက်ပါတယ်။ နည်းနည်းကြာတော့ အပြင်ပြန်ထွက်ပြီး ဆီသတ်ဖို့လုပ်ပါတယ်။ မြန်တဲ့ဆီသတ်နည်းကို ပြောပြပါမယ်။

ကြက်သွန်ဆီချက်..ချက်
စလုံးက အိမ်နားနီးချင်းတွေ complain မတက်အောင်ရော၊ ကိုယ့်အိမ်မှာလည်း သိပ်မနံအောင်ရော.. လုပ်လို့ရတဲ့နည်းပါ။ ဘာမှ မခက်ပါဘူး။ အိုးပူအောင်ထား၊ ဆီထည့်၊ ကြက်သွန်ဖြူထောင်းထားတာထည့်၊ ကြော်ပြီးသား ကြက်သွန်နီကြော်ပစ်ထည့်၊ ငြုပ်စိမ်းမှုန့်ထည့်.. မီးပိတ်လိုက်ရင် မြန်လည်းမြန်၊ သိပ်လည်း အကြာကြီး မကြော်ရတဲ့ ကြက်သွန်ဆီချက် ရပါတယ်။ အညှော်လည်း အနည်းနဲ့အများတော့ သက်သာပါတယ်။ ဒီမှာက.. ကြက်သွန်နီအစိမ်းကိုဝယ်လည်း တစ်ကျပ်ခွဲလောက် ပေးရပါတယ်။ ပြီးရင် ဒီက ကြက်သွန်နီတွေက မခြောက်ပါဘူး။ အစိုဓါတ်ပါ.ပါတယ်။ ဟင်းမချက်တာကြာရင်လည်း ကြက်သွန်နီတွေ ရိလာပြီး လွှင့်ပစ်ရပါတယ်။ အဲ့ဒီတော့ ဈေးသိပ်မကွာတဲ့ ကြက်သွန်နီကြော်သုံးတာ ပို..အဆင်ပြေပါတယ်။ ကြက်သွန်အစိမ်းက အသုတ်သုတ်ဖို့ လောက်ပဲ ကောင်းပါတယ်။ ( ကိုယ့်အယူအဆနဲ့ကိုယ်ပါ။ မြန်ကောင်းသက်သာနည်းလေ..ဟဲ..ဟဲ..။ chocothazin .. နည်းယူလိုက ယူနိုင်ပါသည်။ :P )

ကြက်သားဟင်းချက်
ကြက်သွန်ဆီချက်သတ်ပြီးသွားတော့ နှပ်ထားတဲ့ ကြက်သားတုံးတွေကိုထည့်ပြီး မွှေ၊ ရေထည့်၊ Rendang sauce powder ထည့်ပြီး မွှေ.. ပြီးတော့ အဖုံးပိတ်ပြီး ချက်ထားလိုက်ပါတယ်။ တစ်ရေကုန်ခါနီးတော့ အာလူးထည့်၊ ဆီပြန်တော့ နူးနေပြီမို့ မဆာလာထည့်။ မီးပိတ်။ ခဏကြာတော့ မီးပြန်ဖွင့်။ ဆီကျန်ရေကျန်ဖြစ်အောင် ရေပြန်ထည့် ပွက်လာတော့ အိုးချ။ အလွန်မွှေးကြိုင်ပြီး အနံ့အရသာရှိသော ကြက်သားအာလူးဟင်း ရပါပြီ။ ^^

 
အရသာရှိသော ညနေစာ
ညနေဘက် ရေမိုးချိုး၊ ခေါင်းလျှော်ပြီးတဲ့အခါမှာတော့ ညနေစာပြင်ပါတော့တယ်။ ပလာတာပေါ်မှာ တင်ထားတဲ့ tissue paper တွေခွာပြီး ကတ်ကြေးနဲ့ သေးသေးလေးတွေဖြစ်အောင် ညှပ်ပါတယ်။ ပြီးတော့ ကြက်သားအာလူးထည့်၊ အချဉ်ထည့်ပြီး ရေနွေးကြမ်းနဲ့ လွေးလိုက်ပါတော့တယ်ရှင်။



အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။

Thank you for reading this post.
witch83 (17/02/2013; 4:03PM; GMT+8)
To Continue Reading

January 13, 2013

ဟင်းချက်ဖြစ်သော စနေနေ့ (12-01-2013)

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ရုံးအပြန် cold storage ထဲဝင်ပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ဝက်အူချို၊ နှလုံး၊ အသည်း နဲ့ အစာအိမ်၊ နံရိုးနဲ့ အသားကောင်းကောင်းတွေ သွားတွေ့ပါတယ်။ အဲ့ဒါနဲ့ပဲ  ဆေးရကြောရ ခက်တဲ့ အစာအိမ်ကလွဲရင်  ... ကျန်တာတွေ ဝယ်လာလိုက်ပါတယ်။ နောက်နေ့ညနေ ရုံးကပြန်လာတော့ နံရိုးနဲ့ အသားကို ကြံမဆိုင်နဲ့ ချက်လိုက်ပါတယ်။ ကျန်တာတွေတော့ တုတ်ထိုးလုပ်စားမယ်ဆိုပြီး ချန်ထားလိုက်ပါတယ်။


တုတ်ထိုးလုပ်မယ်ဆိုရင် ကိုယ်က နားရွက်နဲ့ လျှာလည်း ကြိုက်တာမို့ သောကြာနေ့ညနေ အလုပ်ကအပြန် NTUCမှာ ဝင်ရှာမယ် စဉ်းစားထားပေမဲ့ အဲ့ဒီနေ့က အလုပ်များနေပြီး အိမ်ပြန်နောက်ကျတဲ့အပြင် .. ဒီစနေ၊တနင်္ဂနွေမှာလည်း အလုပ် နည်းနည်း လုပ်ရအောင် ရုံးက laptop သယ်လာတာကြောင့် လေးနေတာနဲ့ ဈေးဝင်မဝယ်ဖြစ်တော့ပါဘူး။

+ + + + + + +

သောကြာနေ့ညဘက်... ညီမဖြစ်သူကို လာစားဖို့ ဖုန်းခေါ်တော့လည်း သူ့ပရောဂျက်က dead line နီးနေလို့ အလုပ်မှာ ပရိုဂရမ်သွားရေးနေရတာကြောင့် မလာနိုင်ဘူးဆိုပါတယ်။ ချစ်သုငယ်ချင်း Jasminebud ကလည်း full shift ဆင်းရမှာမို့ မလာနိုင်ပါဘူး။ ချက်ရမှာ တော်တော် ပျင်းသွားပါတယ်။

စနေနေ့ မနက်ရောက်တော့ ကျန်တာတွေ သွားရှာဝယ်သင့်မှန်းသိပေမဲ့ ပျင်းနေတာနဲ့ ဟိုယောင်ယောင်.. ဒီယောင်ယောင်လုပ်နေပြီး Brunch = Breakfast + lunchကို ( အိပ်ရာထနောက်ကျလို့... :P) ရှိတာနဲ့ စားလိုက်ပါတယ်။ Brunch စားပြီး နောက်မှ.. ချက်မဲ့ချက်တော့လည်း စုံအောင်ထည့်လိုက်ပါမယ်လေဆိုပြီး wet market မှာ ဈေးသွားဝယ်လိုက်ပါတယ်။ ဈေးသွားတဲ့အချိန်က (၁၂)နာရီကျော်နေပါပြီ။ :P ...ကံကောင်းစွာနဲ့ .. လက်ကျန် လျှာတစ်ချောင်း ရခဲ့ပါတယ်။ နှလုံး (ဈေးချိုလို့) နောက်တစ်ခုထပ်ဝယ်လိုက်ပါတယ်။ နားရွက်ကိုမေးတော့ တစ်ခေါင်းလုံးယူမှရမယ်ဆိုလို့ ကိုင်ရမှာ ကြောက်တာနဲ့ မဝယ်ခဲ့တော့ပါဘူး။

ဝက်သားတုတ်ထိုး ချက်နည်းကိုတော့ ဒီနေရာမှာ ရယူနိုင်ပါတယ်။ မဝတ်ရည် (Food House) ဆီမှာ ချက်နည်းပဲရေးထားလို့ အသားရေ ဆေးနည်းလေး.. သိသလောက် ပြောပြပါမယ်။ ကိုယ်ကိုတိုင်လည်း ချက်မယ်ဆိုမှ ဘယ်လို ဆေးရမယ်မှန်းမသိလို့ အိမ်ကို ဖုန်းဆက်ပြီး မေးထားတာပါ။ ;)
  • အူချိုကို ဒီမှာတော့ sweet instine လို့ခေါ်ပါတယ်။ အူချိုမှာ အပေါ်ပိုင်းပဲကောင်းပါတယ်။ အောက်ပိုင်းက ခါးပါတယ်။ တကယ်လို့များ အောက်ပိုင်းကအူဆိုရင်တော့ ပဲမှုန့်အစိမ်းနဲ့နယ်ပြီးမှ စင်အောင်ဆေးပါ။ အပေါ်ပိုင်းဆိုရင်တော့ ရေနဲ့ဆေးရုံနဲ့ ရပါတယ်။
  • နှလုံး ကတော့  အထဲကသွေးတွေ စင်အောင် ဆေးလိုက်ရင် ရပါတယ်။ ဆေးရတာ လွယ်ပါတယ်။
  • လျှာ ကိုတော့ ရေနွေးပူပူနဲ့ စိမ်လိုက်ရပါတယ်။ ရေနွေးနဲ့စိမ်လိုက်ရင် လျှာက အလွှာပါးတစ်ထပ်ပေါ်လာပြီး အဲ့ဒီကောင်ကို ဆွဲဖယ်ထုတ်ရပါတယ်။
  • အသည်း လည်း ရေနဲ့ပုံမှန်ဆေးလိုက်ရင် ရပါတယ်။ 
  • နားရွက်ဆိုရင်တော့ ဒါးနဲ့သေချာခြစ်ပြီး ဆေးပါ။
ဈေးဝယ်ပြီး အိမ်ပြန်ရောက်တော့ ဆေးကြောပြီး ( တော်တော်.. စိတ်ရှည်ရှည်ထားပြီး ဆေးလိုက်ရပါတယ်။) ..ဆား၊ အမွှေးအကြိုင်နဲ့ ထည့်စရာရှိတာတွေထည့်နယ်၊ ပြီးတော့ ရေခဲသေတ္တာထဲမှာ ထည့်ပြီးနှပ်ထားလိုက်ပါတယ်။ ညနေ.. (၃)နာရီလောက်ရောက်တော့မှ စချက်ပါတယ်။


ဝက်သားတုတ်ထိုးနဲ့ အတူစားဖို့ကိုတော့ ကြာဇံမကျော်တော့ဘဲ လွယ်ကုတဲ့ နာနတ်သီးထမင်းပဲကျော်စားလိုက်ပါတယ်။ နာနတ်သီးချက်နည်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Sauce --- ဆား အနည်းငယ်၊ ပဲငံပြာရည်ကြည်တစ်ဇွန်း၊ သကြား ဇွန်းသေးတစ်ဇွန်း၊ နနွင်းရှိရင် အနည်းငယ် ( အဝါရောင် လိုချင်လို့ပါ။)၊ ရှာလကာရည် အနည်းငယ် ကြက်သွန်ဖြူကြိုက်ရင် ထောင်းထည့်ပါ ပေါင်းပြီးဆော့(စ်)အရည်လုပ်ထားပါ။
  • နာနတ်သီးအစိတ်လေးတွေလှီးထားပါ။ အသီးအရွက်အနေနဲ့ကတော့ မုန်လာဥနီတို့၊ ပဲသီး အစိတ်လေးတွေလှီး ထည့်လို့ ရပါတယ်။ ပဲစိမ်းစေ့လည်း ထည့်လို့ရပါတယ်။ သီဟိုစေ့ အစိမ်းလေးတွေလည်း ထည့်ကျော်လို့ ရပါတယ်။ တခြားအစာအနေနဲ့ကတော့ ပုစွန်ခြောက်အကောင်လေးတွေ ထည့်လို့ရပါတယ်။ ( ကျမကတော့ ပုစွန်ခြောက်၊ နာနတ်သီးနဲ့ သီဟိုစေ့ပဲရှိလို့၊ ပဲစိမ်းစေ့လေးတွေကလည်း ခဲနေလို့..  ရှိတာပဲ ထည့်လိုက်ပါတယ်။)
  • အသားထည့်ချင်ရင် ကိုယ်နှစ်သက်ရာ အသားကို သင့်ရုံအရွယ် လှီးထားပါ။
  • ထမင်းကို အအေးခံထားပါ။
စချက်တော့မယ်ဆိုရင် အအေးခံထားတဲ့ထမင်းတစ်ပွဲစာကို ဆော့(စ်)နဲ့ ရောနယ်ထားလိုက်ပါ။
ဆီပူပေးပြီးရင် ကြက်သွန်ဖြူတစ်ပြားရိုက်ပြီး ဆီသတ်ပါ။ သီဟိုစေ့ အစိမ်းလေးတွေကို ထည့်ကျော်ပါ။ အသားထည့်ပါ။ နာနတ်သီး ထည့်ပါ။ တခြားအသီးအနှံတွေထည့်ပါ။ ရေနည်းနည်းထည့်ပြီး ဆီပြန်လာရင်.. ဆော့(စ်)နဲ့ရောနယ်ထားတဲ့ ထမင်းထည့်ပြီးကျော်ပေးပါ။  ကျက်ပြီဆိုရင်တော့ မွှေးပြီး ချိချဉ်အရသာရှိတဲ့ နာနတ်သီးထမင်းကြော်လေး ရပါပြီ။

+ + + + + + +

နာနတ်သီးထမင်းကြော်ပြီးတဲ့အချိန်မှာတော့ ဝက်သားတုတ်ထိုးတွေကို အရွယ်တော်လှီးပြီး ရေနွေးကြမ်းနဲ့ လွေးလိုက်ပါတော့တယ်။ ဘေးခန်းက မိသားစုကိုလည်း နည်းနည်း ပေးလိုက်ပါတယ်။ ဒီ weekend နှစ်ရက်လုံးလည်း ဝက်သားတုတ်ထိုးနဲ့ပဲ နှစ်ပါးသွားနေလိုက်ပါတော့တယ်။

စာကြွင်း
စာကြွင်းအနေနဲ့ကတော့ pork organ တွေဆေးပြီးတဲ့နောက်မှာ လူက မအီမလည် ဖြစ်သွားပါတယ်။ ဟင်းချက်ရတာကိုလည်း နည်းနည်း စိတ်ပျက်သွားပါတယ်။ နောက်တစ်ခေါက် ဝက်သားတုတ်ထိုး ထပ်ချက်စားဖို့ ဆိုတာကတော့ တော်တော်လေးကို စဉ်းစားရပါဦးမယ်။

witch83 ( 13-01-2012; 9:39PM; GMT+8)

To Continue Reading

October 01, 2012

ဟင်းချက်ဖြစ်တဲ့ သောကြာနေ့ည (28-09-2012)

မင်္ဂလာ တနလာင်္နေ့ပါ။  " ဟင်းချက်ဖြစ်တဲ့ သောကြာနေ့ည " post လေးတင်ချင်ပါတယ်။ ဖတ်ပေးကြပါဦး။ :)
**********

စင်္ကာပူရောက်ပြီး full-time စလုပ်ကတည်းက အီဖေကိုယ်အတွက်တော့  သောကြာနေ့ညနေဆိုတာ တန်ဖိုးထားစရာတစ်ခုလို အလိုလို ဖြစ်သွားပါတယ်။ များသောအားဖြင့်တော့ သူငယ်ချင်းနဲ့ ရုပ်ရှင်ကြည့်ရင်ကြည့်၊ shopping ထွက်ရင်ထွက်၊ အပြင်မှာ မုန့်ထွက်စားရင်စား၊ အဲ... အပြင်မထွက်ဖြစ်ရင်တော့ take away food ဝယ်လာပြီးစား၊ ဟင်းချက်ရင်လည်း လွယ်ပြီးမြန်မြန်ကျက်တဲ့ ရှုးရှဲ soup ချက်စားတတ်ပါတယ်။ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်..အဲ.. ခု..နောက်ပိုင်းတော့ NTUC က punch အချိုရည်လေးလည်း သောက်တတ်လာပါတယ်။ ဟဲ.. ဟဲ...
 သောကြာနေ့ဆို ဘာကြောင့်မှန်းမသိ အိမ်မှာ ဘာဆိုဘာမှမလုပ်ဘဲ သက်တောင့်သက်တာနေချင်တာ  အကျင့်လို ဖြစ်နေပါတယ်။ ပြီးတော့ သောကြာနေ့၊ စနေနေ့ညနေဟာ ညီမဖြစ်သူ အပြင်ထွက်နေကျမို့ ကျမအတွက်တော့ တစ်ယောက်တည်း နားအေးပါးအေး လွတ်လွတ်လပ်လပ် နေရတဲ့အချိန် ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတာကို ပြောရမယ်ဆိုရင်တော့ ... ကျမရဲ့ ညီမဖြစ်သူဟာ အင်မတိအင်မတန် အပျော်ကြိုက်သောသု၊ ပျော်ဖို့အတွက်ဆိုရင် အမြဲ up ဖြစ်နေသောသူ၊ အိမ်မှာရှိနေရင် အင်မတန် အသံထုတ်သူ ဖြစ်ပါတယ်။ ကိုယ့်လို သူက စကားမများပေမဲ့၊ မပျော်တဲ့.. အလုပ်နဲ့ အပြင်မှာ အဆင်မပြေခဲ့တဲ့ ခံစားချက်တွေကို ထုတ်မပြောဘဲ မြိုသိပ်ထားတတ်ပါတယ်။ ကြည့်ရတာ သူက ထွက်ပေါက်အနေနဲ့ အသံ ပြန်ထုတ်တယ်ထင်ပါတယ်။ သီချင်းအကျယ်ကြီးဖွင့်ပြီးကရင်က၊ ဒါမှမဟုတ်ရင် ကာရာအိုကေဆို... အဲ.. အဲ့လိုမှ မဟုတ်ရင်တော့ ရုပ်ရှင်ကို ကြည့်ကြည့်မကြည့်ကြည့် အကျယ်ကြီးဖွင့်ထားတတ်ပါတယ်။ ဗမာကားတစ်ချို့ဆို သူ.. ဖွင့်သာဖွင့်ထားတာ သေချာ မကြည့်ပါဘူး။
သူနဲ့ ဆန့်ကျင်ဘက် ကိုယ်ကတော့ မကျေနပ်တာ၊ စိတ်တိုလာတာတစ်ခုရှိပြီဆို တစ်ယောက်ယောက်ကို ပြောပြလိုက်ရမှ။  အိမ်က အမေနဲ့ အဒေါ်တွေဆို တော်တော် နားငြီးတာ။ အင်း... အဒေါ်တွေက ပို... နားငြီးမယ် ထင်ပါတယ်။ အမေလုပ်တဲ့သူကိုတော့ သူ. စိတ်ရှုပ်မှာစိုးလို့ တချို့ ဟာတွေကို မပြောပါဘူး။( တော်တော် ချစ်ဖို့ကောင်းတဲ့တူမနော်။) အဲ့လို အပြင်က မကျေနပ်တာတွေကို အိမ်ပြန်ရောက်ရင်အမြဲ ဖွင့်ထုတ်ပြောလေ့ရှိတဲ့ ကျမဟာ ပြောပြီးသွားရင်တော့ အိမ်မှာ နားအေးပါးအေးနေချင်ပါတယ်။ အဲ..အဲ.. အတင်း ပြောရင်း ပြောရင်းနဲ့   ခေါင်းစဉ်လွဲတော့မယ်။ သောကြာနေ့အကြောင်း ပြန်ဆက်ပါ့မယ်။
အေးအေးဆေးဆေးနေရတဲ့ ရက်သတ္တပတ်ရဲ့ အလုပ်လုပ်ရတဲ့ နောက်ဆုံးနေ့.. သောကြာနေ့ညနေဟာ ကျမအတွက်တော့ ဘာမှ မလုပ်တဲ့နေ့ပါ။း) ဒါပေမဲ့ ရုံးအပြန်မှာတော့ NTUC မှာ ဈေးဝင်ဝယ်လေ့ရှိပါတယ်။ အစားအသောက်ကြိုက်တဲ့ ကျမဟာ ကြားရက်တွေဆို မချက်တာများပေမဲ့ အပြင်မထွက်ဖြစ်တဲ့ စနေ၊တနင်္ဂနွေတွေဆိုရင် တစ်ခုခု လုပ်စားတတ်ပါတယ်။ ဒါပေမဲ့ ခုတစ်လော ဆက်တိုက် ချက်သလိုဖြစ်နေလို့ ... တနင်္ဂနွေနေ့မနက်မှာ သူငယ်ချင်းတစ်ယောက်ရဲ့  မွေးနေ့ပွဲလည်းရှိ၊ ညနေမှာ သူငယ်ချင်းအိမ်ပြောင်းတာကူဖို့လည်းရှိ၊ ပြီးတော့ ဖရီဇာအပေါ်ခန်းမှာ ခဲထားတဲ့ မုန့်ဟင်းခါးလည်းရှိတာကြောင့် ဒီတစ်ပတ်တော့ မချက်တော့ဘုးလို့ စဉ်းစားထားပါတယ်။ သောကြာနေ့ညနေမှာ ဟင်းချက်ဖို့ဆိုတာ ပို.. ဝေးပေါ့။ သို့သော်လည်း .. :P
ဒီတစ်ပတ် သောကြာနေ့ညနေ... ဈေးဝင်ဝယ်တာ ပေါင်မုန့်နဲ့ ဖျော်ရည်၊ ဘုရားပန်းနဲ့ အသီးဝယ်ဖို့ပါ။ ဒါပေမဲ့ Friday evening နဲ့ Saturday morning တွေမှာ ပုံမှန်ဆိုမကျန်တတ်တဲ့ ဝက်လက်အသားကောင်းကောင်း၊ နှလုံး၊ အသည်းနဲ့ တခြားဝက်ကလီဇာတွေကို ထူးထူးခြားခြား သွားတွေ့ပါတယ်။ အဲ့ဒီမှာ Friday evening ပေမဲ့ ဟင်းချက်ဖို့စိတ်ကူး ရသွားပါတယ်။
ဒါနဲ့ပဲ... ဝက်လက်တစ်ချောင်း၊ ဝက်နှလုံးတစ်ခု ဝယ်လိုက်မိပါတယ်။ အဲ့ဒါနဲ့အတူ ပဲပြား၊ pork stwed powder, နာနတ်ပွင့်၊ ကြက်ဥ၊ baby kailan တို့ကို ဝယ်ရပါတော့တယ်။ ကြံမဆိုင်ကတော့ ရေခဲသေတ္တာထဲမှာ ကျန်သေးတာမို့ မဝယ်ခဲ့ပါဘူး။ နားချင်တဲ့ သောကြာနေ့ညနေမှာ ဟင်းချက်ရမှာဆိုပေမဲ့ အိမ်အပြန်လမ်းမှာ အရင်သောကြာနေ့တွေနဲ့မတူ ခြေလှမ်းတွေ ပေါ့ပါးနေပါတယ်။ အိမ်ပြန်ရောက်တော့ (၈)နာရီစွန်းစွန်းရှိနေပါပြီ။ ဗိုက်ကလည်း ဆာတာတာမို့ ဒိန်ချဉ်ဖျော်ရည် တစ်ခွက်သောက်... ပြီးတော့.... အကျီ င်္လဲ၊ ကြက်ဥပြုတ်၊ အသားတွေဆေးပြီးတော့ ဝက်နှလုံးကိုတော့ အလုံးအတိုင်း၊ ဝက်လက်ကိုတော့ အတုံးအသေးပြန်တုံး... ဆား၊ချင်းမှုန့်၊ စတူးပေါင်ဒါမှုန့်၊ ပဲငံပြာရည်နှစ်ဇွန်း၊ ကြက်သွန်ဖြူအစိတ်သေးသေးလှီးထားတာလေးတွေနဲ့နယ်ပြီးနှပ်၊ ဆန်ဆေးပြီး ထမင်းချက်... အဲ့ဒီ အချိန်မှာ (၈)နာရီခွဲ ကျော်ပါပြီ။
ဟင်းမချက်မှီ....
ထမင်းအိုးခလုတ်နှိပ်ပြီးတဲ့အချိန်မှာ unknown call တစ်ခု ဝင်လာပါတယ်။ အိမ်ကထင်ပြီး ကိုင်လိုက်တဲ့အချိန်မှာ သူငယ်ချင်း ဖြစ်နေပါတယ်။
သူနဲ့ပြောပြီးတော့ ထမင်းကျက်နေပါပြီ။ ထမင်းတွေကို ပန်းကန်လုံးထဲပြောင်းထည့်၊ ထမင်းအိုးကို ရေစိမ်၊ ကြက်ဥကို အခွံခွာ၊ ပဲပြားကို တစ်တုံး ရှစ်စိတ်လှီး၊ rice cooker ကိုဆေး၊ အိုးဆေးပြီးတော့ မီးဖိုပေါ်တင်အပူပေး၊ ဆီ ထမင်းစားဇွန်း တစ်ဇွန်းခွဲထည့်၊ ဆီပူလာတော့ သကြားထည့်ပြီးမွှေ၊ ကြက်သွန်ဖြူတစ်ပြားရိုက်ထည့်ဆီသတ်၊ နာနတ်ပွင့် လေး၊ငါးပွင့်ထည့်၊ နှပ်ထားတဲ့အသားနဲ့လှိမ့်ပြီး အသားလေးတွေတင်းလာတဲ့အခါမှာတော့ ရေထည့်ပြီး ricer cooker အခွံထဲ ပြောင်းထည့်လိုက်ပါတယ်။
rice cooker ခလုတ်နှိပ်ပြီးတဲ့အခါမှာတော့ ကြံမဆိုင်ကိုလှီး၊ ခဏနေတော့ ကြက်ဥပြုတ်တွေ ဟင်းအိုးထဲထည့်၊

လှီးထားတဲ့ ကြံမဆိုင်နဲ့ ပဲပြား

ဟင်းနံ့ကလည်း မွှေးလာ...( ၉)နာရီကလည်း ကျော်ပြီ... ဗိုက်ကလည်း အရမ်းဆာလာတာနဲ့ နွားနို့တစ်ခွက်သောက်၊ ဟင်းကျက်ခါနီးတော့ လှီးထားတဲ့ ကြံမဆိုင်နဲ့ ပဲပြားထည့်၊ (၉း၃၀)လောက်မှာတော့ ဟင်းကျက်ပါပြီ။ ဗိုက်လည်း အရမ်းဆာနေပြီမို့ ကိုက်လန်လည်း မကြော်တော့ပါဘူး။
ဟင်းကျက်ပြီ။

ထမင်းဟင်းခူး .... ထုံးစံအတိုင်း မစားခင် ဓါတ်ပုံရိုက်၊ စားနေရင်း FB ပေါ် ဓါတ်ပုံတင်.. စားပြီး အိုးခွက်ဆေး။ FB ပေါ်တက်... Reply ပြန်... သူငယ်ချင်းဆီ ဖုန်းဆက်ပြီး အတင်းပြောပြီး (၁)နာရီလောက်မှာတော့ အိပ်ရာဝင်ခဲ့ပါတော့တယ်။
ထမင်းခူးပြီးပြီ


စနေ နေ့လယ်ခင်းတုန်းက ရိုက်ထားတာ... :)
 နောက်နေ့ စနေနေ့ အပြင် မထွက်ဖြစ်တာမို့ ချက်ထားတဲ့ ဝက်လက်ဟင်းချိုကို တနေကုန် ခဏခဏ စားဖြစ်နေတယ်ဆိုတာတော့ အထူး ပြောပြဖို့ လိုမယ်မထင်ပါဘူး ရှင်။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေ။

WITCH 83 ( 01/10/2012; 12:32PM; GMT+8)
To Continue Reading

April 30, 2009

မြန်မာ့ရိုးရာစားစရာများ (၁) ....နံနက်ခင်းစာများ


မနက်ဆို ဘုရင်လိုစား
နေ့ လည်ဆို မင်းသားလိုစား
ညဆို သူတောင်းစားလိုစားတဲ့ ......

အဲဒီဆိုရိုးစကားလေးကို အားလုံးပဲ ကြားဖူးကြမှာပါ။ ဆေးပညာအရလည်း အရမ်းကို မှန်ကန်တဲ့ ဆိုရိုးစကားလေးပါ။ မြန်မာလူမျိုးတွေဟာ မနက်စာကို ဘယ်တော့မှ ပြည့်ပြည့်ဝဝ မစားတတ်ကြပါဘူး။ အဲဒါဟာ အင်မတန်မှ မှားယွင်းတဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ မနက်ခင်းမှာ ပြည့်ပြည့်ဝဝစားထားမှ တစ်နေ့ လုံးအတွက် အားအင်တွေပြည့်ဝနေမှာပါ။ အဲဒါကြောင့် မြန်မာ့ရိုးရာ မနက်စာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


မုန့် ဟင်းခါးကတော့ မြန်မာလူမျိုး တော်တော်များများ ကြိုက်ကြတဲ့ အစားအစာပါပဲ။ ငါးပြုတ်ရည်၊ ပဲမှုန့် ၊ ဆန်မှုန့် ၊ ချင်း၊ စပါးလင်၊ ကြက်သွန်ဥ၊ ငှက်ပျောအူဖတ်တွေနဲ့  ချက်ထားတဲ့ မုန့် ဟင်းခါးဟင်းရည်မွှေးမွှေးနဲ့ အတူ မုန့် ဖတ်၊ မိမိနှစ်သက်ရာအကြော်(အကြော်အမျိုးမျိုး၊ ဘဲဥ၊ အီကြာကွေး)၊ ကြက်သွန်ဖြူ / နီဆီချက်တို့ နဲ့  တွဲဖက်ပြီး အရသာရှိစွာ စားသုံးနိုင်ပါတယ်။

မုန့် ဟင်းခါးမစားချင်ဘူးဆိုရင်တော့ ပဲပြုတ်နံပြား စားပေါ့။ ဂျုံနဲ့ လုပ်ပြီး ဖုတ်ထားတဲ့ ပူပူနွေးနွေးလေးမဲ့ မွှေးနေတဲ့ နံပြားကို ပဲပြုတ်ဆီဆမ်းလေးနဲ့  စားရတာ အင်မတန်မှ အရသာရှိပါတယ်။ coffee (သို့ မဟုတ်)ရေနွေးကြမ်း နဲ့ အရမ်းလိုက်ပါတယ်။ ကျွန်မရဲ့ one of the favourite dessert food ဖြစ်ပါတယ်။း)

နောက်ထပ် coffee (သို့ မဟုတ်)ရေနွေးကြမ်း နဲ့ အရမ်းလိုက်တဲ့ အစားအစာကိုတော့ ပဲပလာတာ၊ ဒါမှမဟုတ် အီကြာကွေးကိုစားပေါ့ ။

မုန့် ဟင်းခါးလည်းမစားချင်ဘူး၊ ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေလည်း စားရတာရိုးနေပြီဆိုရင် မန္တလေးစာ နန်းကြီးသုပ်စားနိုင်ပါတယ်။ ကျွန်မကတော့ နန်းကြီးသုပ်ဆိုရင် မန္တလေးstyle ပဲမှုန့် များများနဲ့  စိမ့်စိမ့်လေးမှ ကြိုက်ပါတယ်။ ရန်ကုန် style ချဉ်ငံစပ်ကို သိပ်မကြိုက်ပါဘူး။

ကောက်ညှင်းနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားချင်တယ်ဆိုရင်တော့ ဆီထမင်းကို ငါးခြောက်ဖုတ်နဲ့ တွဲပြီး သုံးဆောင်နိုင်ပါတယ်။ ဒါမှမဟုတ်ရင် ကောက်ညှင်းပေါင်း ပူပူလေးကို စားပေါ့။ ကောက်ညှင်းနဲ့ လုပ်ထားတဲ့ အစားအစာတွေဟာ များသောအားဖြင့် အစာမကြေတတ်ပါဘူး။ ကောက်ညှင်းစာကြိုက်တဲ့သူတွေ အစာကြေဆေးလေးတော့ ဆောင်ထားကြဦးနော်။

နံနက်ခင်းမှာ စားသုံးနိုင်တဲ့ တခြား မြန်မာ့ရိုးရာစားစရာတွေကတော့ အကြော်စုံ၊ ဆနွင်းမကင်း၊ သာကူပေါင်း၊ မုန့် စိမ်းပါင်း၊ မုန့် လင်မယားတို့ ပဲ ဖြစ်ပါတယ်။
 တရားစခန်းမှာတုန်းကတော့ ဗိုက်ပြည့်တဲ့ နံနက်စာတွေကျွေးပြီးရင် ကျောက်ကျောလိုဟာမျိုး ထပ်ကျွေးပါတယ်။ အုန်းနို့ နဲ့ ထိုးထားတဲ့ ကျောက်ကျောအမာ၊ အုန်းစိမ်းနဲ့ ထိုးထားတဲ့ ကျောက်ကျောအပျော့၊ ဖျော်ရည်နဲ့ ရောထိုးထားတဲ့ကျောက်ကျော စသည်ဖြင့်ပေါ့......

ကဲ....နံနက်ခင်းစာ တော်တော်များများကိုတော့ ပြောပြပြီးပြီနော်။ စားချင်ရင်လည်း monitor ကနေ ယူစားကြပေါ့။ ;) ရေးရင်းရေးရင်းနဲ့  လက်လည်းညောင်းလာပြီ....ဗိုက်လည်းဆာလာပြီ။ lunch သွားစားလိုက်ဦးမယ်။ see u all :D

Images Source; Forward Email To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer