" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

December 15, 2010

ကြောက်စိတ်

ဆရာမောင်သစ်ဆင်းရေးတဲ့ "ကြောက်စိတ်" အပါအဝင် ဆောင်းပါးပေါင်းချုပ်စာအုပ်လေးကို ၂၀၀၄ခုနှစ်ထဲမှာ သူနဲ့ခင်မင်တဲ့သူဆီကနေတဆင့် ငှားဖတ်ဖူးပါတယ်။ အဲ့စာအုပ်ထဲက ဆောင်းပါးတိုင်းလိုလိုကို ကြိုက်ခဲ့ပါတယ်။ အကြိုက်ဆုံးကတော့ လိမ်ညာတာနဲ့ဆိုင်တဲ့ဆောင်းပါးရယ်၊ ပြုပြင်ပြောင်းလဲရေးနဲ့ဆိုင်တဲ့ ဆောင်းပါးရယ်၊ ကြောက်စိတ်ဆိုတဲ့ ဆောင်းပါးလေးရယ်ပါ။ ဝမ်းနည်းဖို့ကောင်းတာက အဲ့စာအုပ်လေးဟာ ထုတ်ပြီးနောက်မကြာခင်မှာ ပြန်အသိမ်းခံရတယ်လို့ ဆိုပါတယ်။ ကြိုက်လွန်းလို့ မိတ္တူကူးထားချင်ပေမဲ့ ကိုယ့်ဆိုင်ကစက်ကပျက်နေပြီး လက်ထဲမှာလည်း ပိုက်ဆံမရှိတာနဲ့ မကူးဖြစ်လိုက်ပါဘူး။ ဆရာ့ဆီမှာလည်း အဲ့စာအုပ်က တစ်အုပ်ပဲရှိတော့ သူကလည်း ပျောက်မှာကြောက်ပြီး ကြားလူက အသည်းအသန် ပြန်တောင်းနေတာနဲ့ အမြန်ဖတ်ပြီး ပြန်ပေးလိုက်ရပါတယ်။ အခုတော့ Facebook ပေါ်မှာ "ကြောက်စိတ်"post လေး အမှတ်မထင်တွေ့ရလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ ကျေးဇူးတင်ပါတယ်။

*************************************


ကြောက်စိတ်


ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်းအထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်း ဆရာတော် ဆီမှာပညာသင်ကြားခဲ့ရတယ်။တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာသေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက် ဟဲ့...... ငလွင်မရသေးဘူးလား လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက် ရတော့တယ်။ ငလွင်......လာခဲ့ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
ဟဲ့...ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်
လုပ်နိုင်တော့မှာလဲ လို့မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့။
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်. အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီးကြည့်တယ်။ တစ်တန်းလုံး ကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။ "ဒါ မင်းအဖြေလား"။ "ဟုတ်ပါတယ် ဆရာ"၊ "အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း" နည်းနည်း အံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု သံသယဖြစ်စရာရှိကြောင်း။ ဘုရားသားတော် တို့မည်သည်.....



ရသတဏှာဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင် နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။

တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။ "မင်း ငါ့ကို နောက်တာလား" "ဟာ.......မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ" ကဲအားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ....မင်းကစ၊ သူဖြေတာ မှန်သလား၊
မှားသလား။
ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်းသားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုဘဲထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။
ဟေ့ကောင်.......ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။
တကယ်တော့ ဆရာကမှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှန်....အဲ...မှားပါတယ် နောက်တစ်ယောက် မှားပါတယ်
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော်
ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။
လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကိုကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ.........။ ခက်ထန်တဲ့ အမူအရာတွေ။ ။

အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။ လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီးပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။ ကျွန်တော့ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။

သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။ ကျွန်တော့အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ် ထင်လာကြရင်ဖြင့်......ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ ကြည့်ရင် တစ်ကမ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမယ့်....... ကျွန်တော်
အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။

သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့.......
"ဘယ်လိုဖြစ်နေကြတာလဲကွာ" "ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ" "ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ.................................."
"တော်...... စာအုပ်ထဲက ဟာတွေလာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့် ၀င်ငွေက ဘယ်လောက်..............................."
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက် မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံး တွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်.......။

(မောင်သစ်ဆင်း)
To Continue Reading

December 12, 2010

ကြုံရဆုံရ မြန်မာတို့ဘဝ

မနိုင်းနိုင်းစနေရဲ့ ကျွန်မနဲ့ အနီရောင်စာအုပ်လေး ကိုဖတ်ပြီး ရေးချင်တာတွေကို Facebook မှာ ချရေးထားတဲ့ post ကို ပြန် share တာပါ။ ကျေးဇူးတင်ပါတယ်။

*****************************************

နိုင်ငံခြားဆိုရင် ရွှေလီနယ်စပ်နဲ့ စလုံးကလွဲရင် ဘယ်နေရာမှ မရောက်ဖူးပါဘူး။ စလုံးလေဆိပ်မှာလည်း စဝင်တုန်းက IPA letter ပြပြီး ရန်ကုန်ပြန်တော့လည်း Student Passပြပြီး အဝင်အထွက်လုပ်ခဲ့တာပါ။ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ကျောင်းသားဖြစ်နေသေးလို့ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေသေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မြန်မာဆိုရင် အနှိမ်ခံရတာတော့ ဘယ်နေရာရောက်ရောက် တူလိမ့်မယ် ထင်ပါတယ်။ ကျောင်းမှာဆိုလည်း နိုင်ငံခြားသားတွေနဲ့ ပရောဂျက်လုပ်ရင် တစ်ချို့သော ဘဝင်မြောက်တဲ့သူတွေရဲ့ အနိုင်ကျင့်တာကို ခံရတတ်ပါတယ်။ (တကယ်တော့ သူတို့လည်း သေချာသိလားဆိုတော့ မသိ။ ) အပြင်မှာလည်း လူတွေက "Where are you from"လို့မေးလိုက်လို့ "Myanmar"လို့ဖြေပြီးရင် (များသောအားဖြင့်) မျက်နှာထား ပြောင်းသွားတာပါပဲ။ ဆက်ပြီးပြောရင် "နင်... ဘယ်လိုလုပ် အင်္ဂလိပ်စကား ပြောတတ်တာလဲ..." မေးတော့တာပါပဲ။ တစ်ခါကဆိုရင် ငါ...မြန်မာတွေကို မကြိုက်ဘူးလို့ ပေါ်တင်ပြောတဲ့ စလုံးတစ်ယောက်နဲ့ ကြုံဖူးပါတယ်။ ညံ့တယ်ဆိုပဲ။ အဲဒါနဲ့ နင်... မြန်မာဘယ်နှစ်ယောက်နဲ့ တွေ့ဖူးလဲ.... ညံ့တယ်လို့ ပြောရလောက်တဲ့ ကိစ္စမျိုးတွေရှိခဲ့လို့လား ... ဘယ်လိုမျိုးတွေ တွေ့ခဲ့ရလို့လဲဆိုတော့ အီး... အား... နဲ့။ IT ကျောင်းသူဆိုလို့ စကားပြောကြည့်တော့လည်း ဘာမှသေသေချာချာ ရေရေရာရာမသိ၊ တတ်ယောက်ကား လျှောက်ရွှီး။ ( ကိုယ်ဘာမှမသိတဲ့သူတောင် သူ့လိုမဟုတ်ဘူး.... :P )

အချိန်ပိုင်းအလုပ်မှာဆိုရင်လည်း များသောအားဖြင့် ပညာနည်းပြီး ဗဟုသုတနည်းသူတွေများတော့ ပိုဆိုးပါတယ်။ သူတို့ကိုယ်တိုင်က ဘာမှမဟုတ်ဘဲ မြန်မာဆိုတာနဲ့ နှိမ်ချင်တော့တာပါပဲ။ "You hear, Myanmar Girl" ဆိုပြီး ပြောတာတွေ ခဏခဏ ကြုံဖူးပါတယ် , "Girl" "Girl" ဆိုပြီး မဆိုင်တာတွေ လျှောက်ခိုင်းတော့တာပါပဲ။ အကျိုးဆက်အနေနဲ့ မြန်မာတစ်ချို့ မြန်မာလို့ အထင်ခံရမှာ ကြောက်လာကြတာပါပဲ။ စလုံးဟန်ဆောင်လာတာကြပါပဲ။ တစ်ချို့ဆို မြန်မာလို့ အထင်ခံရမှာဆိုးလို့ မြန်မာအချင်းချင်း အလုပ်မှာ စကား မပြောပါဘူး။ မြန်မာတွေနဲ့ မပေါင်းပါဘူး။ ဒီလိုဆိုရင် မြန်မာဟာ မြန်မာမဟုတ်ရင် ဘာဘာလဲ? ကျမကတော့ အဲဒါမျိုးတွေ လက်မခံပါဘူး။ မဆိုင်ပဲ အနိုင်ကျင့်ပြီး ခိုင်းရင် မလုပ်ပေးပါဘူး။ "ဒါ ငါ့အလုပ်မဟုတ်ဘူး" လို့ ခပ်တည်တည်ပဲ ပြန်ပြောလိုက်တာ များပါတယ်.... ကံကောင်းတာက ကိုယ်နဲ့တွဲရတဲ့ Full-timer တွေ ကောင်းနေလို့။ ငါ့လူကို လာမခိုင်းနဲ့... ကိုယ့်အလုပ်ကိုယ်လုပ်ဆိုပြီး စွာပေးကြတယ်။ :) (လူတွေကတော့ brand full-timerရော၊ part-timerပါ တော်တော်စွာကြတာပဲလို့ ပြောကြမယ်ထင်ပါတယ်။ ) ဒါပေမဲ့...မြန်မာတော်တော်များက အဲ့လိုခိုင်းရင် လုပ်ပေးလိုက်ကြပါတယ်။ ဒါမျိုးလုပ်ရင် လက်မခံပါနဲ့။ အနိုင်ကျင့်တယ်ဆိုတာ သူတို့ လုပ်လို့ရလို့ လုပ်တာပါ။ မရရင် သူတို့ မလုပ်ရဲပါဘူး။

တစ်ခါကဆိုရင် စလုံး customer တစ်ယောက်နဲ့ စကားများဖူးပါတယ်။ စစချင်း ဖဦးထုပ်လားလို့မေးပါတယ်။ မျက်နှာကြည့်တာနဲ့ ဒီ နှာဘူး .... date လုပ်ဖို့ပြောတော့မယ်ဆိုတာ သိပါတယ်။ မဟုတ်ဘူး... ငါ မြန်မာ လို့ပြောတော့ ...သြော်...မြန်မာလား... ဖဦးထုပ်ထင်လို့ ... အပျိုလားတဲ့။ ... အေး ...ဟုတ်တယ်ဆိုပြီး ခပ်တည်တည်နဲံ သူ့မျက်နှာစိုက်ကြည့်ပြောလိုကတော့ မြန်မာတွေက So Funny နော်တဲ့.... Why do you say so? လို့ပြန်မေးတော့ their English ဆိုးဖာနီတဲ့... ကောင်းလိုက်တဲ့ ပုဇွန်တောင်ဈေးခြင်း။ အေးပေါ့... သူတို့ပြောတာ ရီရမှာပေါ့ .. သူတို့က Singlish နဲ့မှ မပြောတာ...လို့ ပြန်ပြောလိုက်တော့ သူတော်တော် ဒေါသထွက်သွားတယ်။ ( ဒါတောင် ကိုယ်က တစ်ခွန်းလေးပဲ ပြန်ပြောရသေးတာ) သူက မပြီးဘူး...


နင် WP နဲ့ အလုပ်လုပ်နေတာမဟုတ်လားတဲ့.... မဟုတ်ဘူး.... ငါ NTU မှာ ကျောင်းတက်နေတာ student လို့ ပြောပြီး ခပ်တည်တည်နဲ့ လှည့်ထွက်ခဲ့ပစ်လိုက်တယ်။ CCTV camera ထဲမှာ ပါသွားမယ်။ သူ တိုင်ရင် သက်တောင့်သက်တာနဲ့ pay မဆိုးတဲ့ အလုပ်ကလေး ပြုတ်မယ်မှန်း သိရက်နဲ့ လုပ်လိုက်မိတာပါ။ တဆက်တည်းမှာပဲ Agent Fees တွေ အများကြီးပေးထားပြီး မဖြစ်စလောက်လခလေးနဲ့ WP ကိုင်ပြီး Full-time လုပ်နေတဲ့ မြန်မာမလေးတွေကို သနားမိပါတယ်။ မြန်မာတွေက ဖဦးထုပ်နဲ့ဆင်ပြီး ဖဦးထုပ်တွေကလည်း အဲ့ကိစ္စက လွယ်လွန်းတော့ တော်တော်ခက်ပါတယ်။ သူငယ်ချင်းတစ်ယောက်ဆိုမြန်မာပါလို့ပြောနေတဲ့ကြားက အတင်းဇွတ်လုပ်နေလို့ Supervisor ဝင်ပါရတဲ့အထိ ဖြစ်ဖူးပါတယ်။ ဒါတောင် သကောင့်သားက ဆိုင်ရှေ့မှာ ရပ်စောင့်နေလို့ သူ့ဘဲလာကြိုခိုင်းရပါတယ်။

ဒါပေမဲ့.... ပြောမဲ့သာပြောနေတာပါ။ နိုင်ငံခြားသားမှ မဟုတ်ပါဘူး။ အိမ်ထောင်ရှိတဲ့ တစ်ချို့သော မြန်မာငါးခုံးမတွေလည်း ဒီလိုပါပဲ။ (ကိုယ်တိုင်လည်း ကြုံဖူးပါတယ်။ အဲ့လူ မျက်နှာကို ပိတ်ရိုက်ပစ်ချင်စိတ်ကို တော်တော်ထိန်းခဲ့ရပါတယ်။ အလုပ်ပြုတ်ရုံတင်မဟုတ်ဘဲ ရဲစခန်းပါရောက်မှာကိုး ... ) မြန်မာယောကျာင်္းတွေ၊ အားကိုးရှာနေတဲ့ မြန်မာမလေးတွေကို ဖျက်ဆီးနေကြတာလည်း မကြားချင်မှ အဆုံးပါ။ သူငယ်ချင်းတစ်ယောက်နေတဲ့ အိမ်မှာဆို အဲ့ဒီ PR holder ကိုမြန်မာက တနင်္ဂနွေတိုင်း ခပ်တုံးတုံးပုံစံနဲ့ မြန်မာမလေးတွေကို တစ်လှည့်စီ ခေါ်လာတတ်ပါတယ်။ မိန်းမလည်း ရန်ကုန်မှာ ရှိပါတယ်။ အဲ့သူငယ်ချင်းအစ်မလည်း တစ်ရက်ကျ ကောင်မလေးတစ်ယောက်ကို "ဟဲ့...ညည်းတို့က ဘာလဲဆိုတော့ ... ရည်းစားတဲ့....ညည်း စလုံးမှာ ဘာလုပ်နေလဲဖိုတော့ စက်ရုံမှာ WP တဲ့.... အဲဒါနဲ့.... အေး... အဲ့လူမှာ မိန်းမရှိတယ်။ အပတ်စဉ်လည်း မိန်းကလေးတွေ ခေါ်လာတတ်တယ်" ပြောပြီး အိမ်ပြောင်းတော့တာပါပဲ။

ဒီနေရာမှာ ပြောချင်တာက မြန်မာမိန်းကလေးတစ်ချို့ အယုံလွယ်တာပါပဲ။ အားကိုးရှာလွယ် ကြတာပါပဲ။ သူများနိုင်ငံမှာ အလုပ်လုပ်ဖို့ စွန့်စားပြီးတောင် ထွက်လာကြပြီပဲ။ ဘာလို့ ဒီလို ဖြစ်နေစရာလိုလဲ? ကိုယ့်အလုပ်ကိုယ် တာဝန်ကျေအောင် လုပ်ပြီး ကိုယ့်ကို အကာအကွယ်ပေးမဲ့ ruleတွေ၊ ရပိုင်ခွင့်တွေ ဘာတွေရှိလဲလေ့လာပါ။ စလုံးက မိန်းကလေးတွေအတွက် တော်တော်လုံခြုံတဲ့နေရာပါ။ ဒီနိုင်ငံသားတွေရဲ စိတ်ဓါတ်အဆင့်အတန်းနဲံ ယဥိကျေးမှုကို ဖယ်လိုက်ရင် နေလို့ကောင်းတဲ့ တိုင်းပြည်ပါ။ (မမြင်ဘူး မူးဖြစ်ထင်နေမိသလားတော့ မသိပါဘူး။ )

မနိုင်းပြောတာ ပြန်ပြောကြပါစို့။ စာအုပ်အနီလေးကြောင့် အနှိမ်ခံရတယ်။ ထိုင်းလေဆိပ်က မယုံဘူး။ အနောက်နိုင်ငံတွေက အထင်သေးတယ်။ အနောက်နိုင်ငံသားတွေက ဥရောပသား မဟုတ်ရင် နှိမ်ကြတာပါပဲ။ မြန်မာဆို ပိုဆိုးမှာပေါ့။ ထားလိုက်ပါတော့။ ပြောချင်တာ ဒါ မဟုတ်ပါဘူး။ စာအုပ်အနီလေး အကြောင်းပြောချင်တာပါ။ အနှိမ်ခံရတဲ့ အကြောင်းရင်းတွေ စဉ်းစားကြည့်ရအောင်။
  • အစိုးရကြောင့် ... ဒီကိစ္စထားလိုက်တော့။ ကျမတို့ အားလုံး ပူးပေါင်းကြရင်တောင် ပြုပြင်ဖို့ အရမ်းဝေးတဲ့ကိစ္စ.... (ကျမဝန်ခံပါတယ်... ကျမကြောက်တတ်တယ်... တစ်ကိုယ်ကောင်း ဆန်တယ်... ကျမ ဘဝကို အဲ့ဒီအတွက် မစတေးရဲဘူး.... ကိုယ်ကိုကိုယ် ချစ်တယ်... မိသားစုကို ချစ်တယ်.... ကျမလိုလူမျိုးတွေ များလို့ သူရဲကောင်းတွေ စတေးနေရတာ၊ မြန်မာပြည်နိုင်ငံရေး ဒီလို ဖြစ်နေတာ... DASSK ကို ကျမ အရမ်း လေးစားတယ်။ သူ့မှာရှိတဲ့ မိန်းမတစ်ယောက်ရဲ့ အားမာန်၊ မျိုးချစ်စိတ် ... ဒါတွေကို ကြက်သီးထတယ်။ ဗိုလ်ချုပ်အောင်ဆန်းသမီး ပီသတယ်။ ဒါပေမဲ့ .... ဒီနိုင်ငံကို နည်းမှန်လမ်းမှန်နဲ့၊ တိုင်းပြည်အကျိုးကို တကယ်ကြည့်မဲ့ (စလုံးလို မလေးလက်အောက်ခံ၊ အနှိမ်ခံ တံငါရွာလေးကနေ ခုလိုဖြစ်အောင်လုပ်နိုင်တဲ့) နိုင်ငံခေါင်းဆောင်ဆိုရင် DASSKမှ မဟုတ်ဘူး။ ဘယ်သူကိုမဆို ထောက်ခံပါတယ်။ ကြိုဆိုပါတယ်။ အန်တီစုကလည်း သူ အုပ်ချုပ်မယ်တော့ မပြောပါဘူး။ စစ်မှန်တဲ့ ဒီမိုကရေစီရရင် လေဆိပ်ကို လမ်းလျှောက်ပြန်မယ် ပြောခဲ့တာပဲ.....) ဒါပေမဲ့ ....မနိုင်းကို comment ရေးသွားတဲ့ fan တစ်ယောက်ပြောသလိုပေါ့ ... "ကြံဖန်ပြီး အကောင်းမြင်ရမယ် ဆိုရင်တော့ မြောက်ကိုရီးယားလို နိုင်ငံထဲကနေ ပေးမထွက်ဘဲ ခိုးထွက်ရင်လည်း အကျဉ်းစခန်း ပို့မယ် ဆိုတာမျိုး လုပ်မထားတာပဲ ကျွန်တော်တို့မှာ ကံကောင်းနေသလိုလို။" .... ကျမတို့ကံကောင်းပါသေးတယ်။
  • Professional living work မှာ အရည်အချင်း မပြည့်ဝလို့.... ဒီကိစ္စကတော့ ကျမတို့ ပြုပြင်လို့ရပါတယ်။ အရည်အချင်း မပြည့်ဝဘူးလို့ပြောရင် မြန်မာပြည်ပညာရေးစနစ်က ပါလာပါတယ်။ (ဒါနဲ့ ပတ်သတ်ပြီး MZ မှာလည်း comment ဝင်ပေးဘူးပါတယ်။ ကိုယ့်ဘလော့မှာလည်း UCSYမှာ မောင်ငယ်၊ ညီမငယ်များသို့....ဆိုပြီး ရေးဖူးပါတယ်။ အပိုင်း(၁) ပဲရေးလို့ Choco ဆက်ရေးခိုင်းဖူးပါတယ်။ စာမေးပွဲပြီးရင်တော့ ပြန်ရေးပါ့မယ်။ :) ... ) ပြောချင်တာက စနစ်မကောင်းတာပါ။ လက်တွေ့ပိုင်းအားနည်းမှုများတာပါ။ သင်ရိုးတွေ ကောင်းပါတယ်။ Learning by heart, Studying to get the answer from the teachers အကျင့်တွေကို ဖျောက်ပစ်ပြီး Concept ပိုင်နိုင်အောင်ကြည့်တဲ့ Self Studyပုံစံ ပြောင်းလိုက်ရင် အဆင်ပြေသွားမှာပါ။ Theoryပဲသင်ပေးပြီး Solutionတွေ ရအောင် မရမချင်း ရှာခိုင်းတဲ့ ၊ ကိုယ့်အားကိုယ်ကိုးပြီး အဖြေရှာတတ်အောင် လေ့ကျင့်ပေးတဲ့ teacher ဒေါ်စံပယ်သိန်း၊ ဆရာ ဦးဇော်မင်းဦး၊ ဆရာ ဦးကျော်ကျော်စိုးနဲ့ ဆရာဦးထွန်းနိုင်တို့ကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်။
  • နောက်တစ်ခုက communication problemပါ။ တခြားနိုင်ငံက မြန်မာတွေတော့ မသိပါဘူး။ စလုံးမှာတော့ မြန်မာတော်တော်များများ အင်္ဂလိပ်စာ ညံ့တယ်ထင်ပါတယ်။ (အားလုံးကို မဆိုလိုပါ။) ကိုယ်က ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သူ့ကို စကား မပေါက်ရင် အလကားပါပဲ။ ဒီတော့ မြန်မာတွေ အင်္ဂလိပ်စာ တိုးတက်အောင် ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဒီပို့စ်ကိုရေးနေတဲ့ ကျမကိုယ်တိုင်လည်း အင်္ဂလိပ်စာ ညံ့ပါသေးတယ်။ ကြိုးစားနေဆဲပါ။ ခုထိလည်း ငါးပိ အင်္ဂလိပ်နဲ့ ထစ်ငေါ့... ထစ်ငေါ့ ... ပြောနေတုန်းပါ။ ဒီတော့ အတူတကွ ကြိုးစားကြရအောင်လေ....

နောက်ဆုံးပြောချင်တာကတော့ မြန်မာတွေ မညံ့ပါဘူး။ ဒါကြောင့် ကြိုးစားကြပါ။ မြန်မာဟာ (နိုင်ငံသားပြောင်းခဲ့ရင်တောင်) မြန်မာပါပဲ။ (စာအုပ် အရောင် မပြောင်းခဲ့တဲ့ မနိုင်းကိုလည်း လေးစားပါတယ်)။

မြန်မာဖြစ်ရတာ ရှက်စရာ မဟုတ်ပါဘူး။ မြန်မာတွေ တော်တယ်၊ အရည်အချင်းရှိတယ်ဆိုပြီး နိုင်ငံတကာအလယ်မှာ မော်ကြွားနိုင်အောင် အတူတကွ ကြိုးစားကြပါစို့လား သူငယ်ချင်းတို့ရေ...

မချော ( အစိမ်းရောင်လွင်ပြင်) ပြောသလို "တစ်နေ့နေ့တစ်ချိန်ချိန်တော့ ကိုယ့်နိုင်ငံနံမည်ကြားလိုက်ယုံနဲ့ အထင်ကြီးတဲ့ လေးစားတဲ့အကြည့်တွေနဲ့ ပြန်အကြည့်ခံရမဲ့အချိန် ရှိလာဦးမယ်လို့ မျှော်လင့်ချင်ပါတယ်..." ပြောရင်း ဒီ ပို့စ်လေးကို နိဂုံးချုပ်ပါရစေ...။ ။


WITCH83 To Continue Reading

October 18, 2010

မှတ်သားမိတဲ့ Quotes တစ်ချို့(၄)


မှတ်သားမိတဲ့ Quotes တစ်ချို့  အပိုင်း(၄)ကို ဆက်ရေးပါ့မယ်။ Quotesကို ကိုယ့်ဘာသာကိုယ် ဆိုရိုးစကားဆိုပြီး ဘာသာပြန်ထားတာ ဟုတ်ရောဟုတ်ရဲ့လား မသိပါဘူး။ မဟုတ်ရင်လည်း ပြင်ပေးကြပါဦး။း)

  • အပိုင်း(၃)အတွက် ပထမဆုံးရွေးထားတဲ့ ဆိုရိုးစကားကတော့ "သူဟာ ကိုယ် မဟုတ်ဘူး"တဲ့။
ဘုန်းဘုန်း အရှင်ဆေကိန္ဒဟောကြားခဲ့တဲ့စကားလေးပါ။ သိပ်ကိုမှန်တဲ့ စကားလေးပါပဲ။ သူဟာ ကိုယ်မဟုတ်ပါဘူး။ လူတွေက တစ်ခုခုဆိုရင် "ငါသာဆိုရင် အဲ့လို မလုပ်ဘူး။ ............ လို လုပ်မှာ"ဆိုပြီး သူများကို အပြစ်တင် ပြောဆိုတတ်ကြပါတယ်။ ဒါပေမဲ့ ခက်တာက၊ အဲ့ဒီလူတွေ မေ့နေတာက .... သူက ကိုယ်မဟုတ်ဘူးလေ။ ဘယ်လိုလုပ် ကိုယ်လုပ်သလို သူက လိုက်လုပ်မှာလဲ။ အဲဒီ သူကလည်း ကိုယ်ဖြစ်လို့ မရဘူးလေ။ ဖြစ်ရင် ရှုပ်ကုန်မှာပေါ့။

အဲဒီတော့ ကိုယ့်စိတ်တိုင်းကျတွေ ဖြစ်မလာတဲ့အခါ.... သူများကို အားမလိုအားမရဖြစ်တဲ့အခါ.... စိတ်ဆိုးတဲ့အခါ ... နှလုံးသွင်းရမှာက... အေးလေ။ သူက ကိုယ်မှမဟုတ်တာပဲ။ ဘယ်လိုလုပ် ကိုယ်ဖြစ်စေချင်သလို ဖြစ်မှာလဲ၊ ကိုယ်လုပ်သလို လိုက်လုပ်မှာလဲဆိုပြီး စိတ်ဖြေလိုက်တာကမှ မှန်ကန်တယ်၊ တရားနည်းလမ်းကျတယ် ထင်ပါတယ်။ ကိုယ့်စိတ်ကိုလည်း ငြိမ်းချမ်းစေမှာ ဖြစ်ပါတယ်။

  • ဒုတိယမြောက် quoteလေးကတော့ "မိမိကိုယ်ကို အပြည့်အဝ လက်ခံလိုက်ပါ" တဲ့။
အရမ်းကို မှန်တဲ့စကားတစ်ခွန်းပါပဲ။ အဲ့ဒီ "Accept who you are completely"ဆိုတဲ့စကားဟာ တကယ့်ကို မိမိကိုယ်တိုင်ရဲ့ ပျော်ရွှင်မှု၊ တန်ဖိုးထားမှု၊ ဘဝအောင်မြင်မှုအတွက် သိပ်ကို အရေးပါတဲ့ စကား ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်၊ ကောင်းတဲ့အကျင့်၊ ဆိုးတဲ့ အကျင့်တွေကို ကိုယ့်ကိုကိုယ် ပြန်သုံးသပ်သင့်ပြီး အဲ့ဒီ အချက်တွေအားလုံးကို (မိမိကိုယ်ကို မလိမ်ဘဲ) အပြည့်အဝ လက်ခံသင့်ပါတယ်။ အဲ့လို လက်ခံလိုက်မှလဲ ကိုယ့်ကိုကိုယ် သေချာမြင်နိုင်ပြီး အားနည်းချက်တွေကို ပြုပြင်၊ အားသာချက်တွေကို အသုံးချ၊ ကောင်းတဲ့အကျင့်တွေကို ဆက်ထိန်း၊ ဆိုးတဲ့အကျင့်တွေကိုဖျောက်နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုကိုယ် ပိုတန်ဖိုးထားနိုင်တဲ့၊ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ရနိုင်မယ်လို့ ထင်ပါတယ်။ လောလောဆယ်တော့ ကျမကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ်၁၀၀% လက်ခံနိုင်တဲ့သူဖြစ်ဖို့ ကြိုးစားနေပါတယ်။း)

  • နောက်... တတိယမြောက် quote ကတော့ "ရှိတာနဲ့ ရောင့်ရဲနိုင်ပါစေ"တဲ့။
ကျမတို့တော်တော်များများ မှားယွင်းစွာ ယုံကြည်လက်ခံနေကြတဲ့  အချက်တစ်ခုကတော့ "ပျော်ရွှင်မှုဆိုတာ ကိုယ့်မှာမရှိတာကို ရအောင်လုပ်နိုင်တဲ့အရာ"လို့ ထင်နေကြတာပါပဲ။ ဒါပေမဲ့ တကယ်က ပျော်ရွှင်မှုဆိုတာ ကိုယ့်မှာရှိတဲ့အရာကို သိရှိလက်ခံနိုင်တာပါပဲ။ မိမိကိုယ်ကို ရောင့်ရဲနိုင်မှသာ ဒီလောကကြီးမှာ နေပျော်မှာပါ။ ပျော်ရွှင်မှုကို ဖန်တီးနိုင်မှာပါ။ ရောင့်ရဲခြင်းက ဘုရားတရားတော်နဲ့လည်း ညီပါတယ်။ ဒါကြောင့် ရောင့်ရဲပြီး ပျော်ရွှင်ကြပါစို့လား သူငယ်ချင်းတို့ရေ....


ကဲ.... သုံးခုလည်း ရေးပြီးသွားပြီဆိုတော့ ဒီပို့(စ်)ကို ဒီမှာ ရပ်ပါမယ်။ နောက် အပိုင်းတွေလည်း လာပါဦးမယ်။

စာကြွင်းအနေနဲ့ကတော့ ဒီ မှတ်သားမိတဲ့ Quotes တစ်ချို့ပို့(စ်)တွေက ကျမကိုယ်ကျမ ကျမရဲ့စိတ်ကို ဆုံးမဖို့လိုလာတဲ့အခါ ကိုယ်ဖတ်ဖူး၊ ကြားဖူးတဲ့ စကားတွေကို နှလုံးသွင်းတဲ့ quote တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖတ်ရတာ quoteတွေက အဆီငေါ်တည့်ချင်မှ တည့်ပါလိမ့်မယ်။ အမှားလေးများပါရင် ခွင့်လွှတ်ပေးကြပါလို့။

ကျေးဇူးတင်လျက်
WITCH83


To Continue Reading

October 12, 2010

လင်မယားဟာသ

လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အလွန် စိတ်တိုနေကြသည်။

ယောင်္ကျားဖြစ်သူသည် အလုပ်မှ အိမ်သို့ နေ့စဉ် နေ့လည်စာပြန်စားလေ့ ရှိသည်။

နေ့လည်ခင်းသို့ ရောက်သောအခါ ယောင်္ကျားဖြစ်သူက အလုပ်မှနေ၍ မိန်းမဖြစ်သူဆီကို ဖုန်းဆက်ကာ မေးသည်။

ယောင်္ကျား ။ ။ "ဒီနေ့ ဘာ ဟင်းလဲဟေ့".....
မိန်းမ ။ ။ "အဆိပ်"
ယောင်္ကျား ။ ။ "အေး... ကောင်းတယ်။ မင်း ငါ့ကို ထမင်းစား စောင့်မနေနဲ့တော့။ အရင်စားထားနှင့်လိုက်" .....

Internet မှ ဟာသကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ ။

Witch83 To Continue Reading

October 11, 2010

ထိပ်ဆုံးသို့

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပေသမို့
ဖန်ဖန်လေအားအင်တိုးလို့ရယ်
ကြိုးလျှောက်ရပြန်...

ခါတလေတကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု...
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား...

စခဲ့မိဟာပေါ့
တစ်နေ့မှာဆုံးရာရောက်ပါလိမ့်
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့် လူသား။ ။

ငယ်ငယ်လေးတုန်းက သင်ခဲ့ရတဲ့ ကဗျာလေးပါ။ To Continue Reading

September 27, 2010

မှတ်သားမိတဲ့ Quotes တစ်ချို့(၃)

ဒီဘလော့ကို လာဖတ်ကြတဲ့ သူငယ်ချင်းတွေတော့ မသိပါဘူး။ ကိုယ်ကိုတိုင်ကတော့ ဒီဘလော့ကို မကြိုက်ပါဘူး။ post အတင်ကြဲတဲ့အပြင် ကိုယ်တိုင်ရေးမဟုတ်ဘဲ Shared postတွေများလို့ပါ။ ဒါကြောင့် ကိုယ်လည်း blogging လို့သာ ပြောနေတာ... သူများတွေရေးထားတဲ့ ဘလော့လေးတွေ လိုက်ဖတ်တာများပါတယ်။
တကယ်တော့ ကိုယ်တိုင်ရေးချင်တဲ့ အကြောင်းအရာတွေက အများကြီးပါ။ ဒါပေမဲ့ တကယ်ရေးမယ်ဆိုတော့ ရေးရမှာ နည်းနည်းခက်သလိုပါပဲ။ ဒါကြောင့် ဒီနေ့တော့ ...... "မှတ်သားမိတဲ့ Quotes တစ်ချို့"ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်တိုင်ရေး postကို တင်ချင်ပါတယ်။ ရေးရလွယ်ပြီး သူများတွေအတွက်လည်း အကျိုးရှိမယ်ထင်လို့ပါ။ ဖတ်ကြည့်ပေးကြပါဦးနော်..... :)

တကယ်တော့ quotes တွေဟာ ကျွန်မတို့လူသားတွေအတွက် တကယ်ကို အရေးပါပြီး အသုံးဝင်တယ်လို့ ထင်ပါတယ်။ ဆုတောင်းရုံနဲ့ မဖြစ်နိုင်တဲ့အခါ၊ ကိုယ့်စိတ်ငြိမ်းချမ်းတည်ငြိမ်အောင် လုပ်ဖို့လိုအပ်လာတဲ့အခါ၊ ကိုယ့် ယုံကြည်မှုတွေ ပိုပြီးခိုင်မာဖို့ လိုအပ်လာတဲ့အခါ ပညာရှိတို့ ပြောကြားခဲ့တဲ့ ဒီစကားလေးတွေဟာ သိပ်အသုံးဝင်ပါတယ်။ စိတ်အာဟာရလေးတွေပေါ့။ အမလေး.... နိဒါန်းကလည်း ချီနေလိုက်တာနော်.... လိုရင်းကို မရောက်နိုင်တော့ဘူး။ စရေးတော့မယ်နော်.... အများကြီး တစ်ခါတည်း မရေးနိုင်လို့ အပိုင်းနဲ့ ခွဲရေးဖို့ စဉ်းစားထားပါတယ်။း)
(၁) ပထမဆုံးတစ်ခုက...."အရိပ်ကိုလို နေပူကစောင့်....တဲ့... စောင့်နေရတာ ကြာတယ်။ အပူခံပြီး စောင့်မနေနဲ့။ နေရိပ်တဲ့ဆီ အမြန်လျှောက်သွားလိုက်"

တဲ့။ ဆရာတော် အရှင်ဆေကိန္ဒ ပြောကြားခဲ့တဲ့ စကားစုလေးပါ။ original သဘောကတော့ နေပူခံပြီးရင် အရိပ်လာမယ်လို့ အားပေးတာပါ။ ဒါပေမဲ့ ဆရာတော်က အေးလာမှာပဲဆိုပြီး နေပူမှာ ရပ်စောင့်နေမဲ့အစား အချိန်မဆွဲဘဲ နေရိပ်မဲ့နေရာကို အမြန်ရှာပြီး သွားဖို့ တိုက်တွန်းဆုံးမထားတာပါ။ ဒီစကားစုလေးကို ဒုတိယနှစ်လောက်တုန်းက အစ်မဝင်းကွဲတစ်ယောက် ပေးတဲ့ ဆရာတော် အရှင်ဆေကိန္ဒ၏ အသိပေးစကားစုများဆိုတဲ့ စာအုပ်သေးသေးလေးကနေ ဖတ်သိခဲ့ရတာပါ။ အပိုင်းတော့ မမှတ်မိပါဘူး။ အပိုင်း (၃)ပိုင်း ရှိတာတော့ မှတ်မိပါတယ်။

(၂) နောက်ထပ် အဲ့စာအုပ်လေးတွေကပဲ မှတ်သားမိတဲ့ စကားစုလေးတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ "လူ့ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းရင် လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို ရောက်သွားမယ်။ လူ့ပတ်ဝန်းကျင်ကို ဂရမုစိုက်လွန်းရင်လည်း လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို ရောက်တတ်တယ်။ " တဲ့.... အရမ်းကို မှန်ကန်တဲ့ စကားစုလေးပါ။ ဆရာတော်က ပတ်ဝန်းကျင်ဆိုတာကြီးကို ဂရုအစိုက်လွန်ပြီး လူ့အသိုင်းအဝိုင်းမှာ ကိုယ့်ကိုကိုယ် လှောင်မပိတ်ထားမိအောင်၊ ပတ်ဝန်းကျင်ကိုစွန့်ပယ်ပြီး ထင်ရာမဆိုင်းဖြစ်အောင် ဆုံးမထားတဲ့ အလယ်အလတ်ကျင့်နည်းလေးတစ်ခုပါပဲ။ အရမ်းကို မှန်ကန်ပြီး အကျိုးရှိတဲ့ စကားစုလေးပါပဲ။

အဲ့ဒီအချိန်ကတည်းက တမင်တကာ မှတ်သားတာမျိုးမဟုတ်ဘဲ ခုချိန်ထိ ခေါင်းထဲဆွဲနေတဲ့ ကိုယ်တိုင်လည်း ကျင့်သုံးတဲ့ စကားစုလေးပါ။ သူငယ်ချင်းတွေကို ပြန်ပြီး ဝေမျှလိုက်ပါတယ်နော်။ ဒါပေမဲ့ သိပြီးသားလည်း ဖြစ်ချင်ဖြစ်ကြမှာပါ။

(၃) နောက်တစ်ခုက "မုန်တိုင်းပြီးရင် လေပြေလာမယ်" ဆိုတဲ့ quote လေးပါပဲ။ ဂုဏ်ထူးတန်းတက်နေတဲ့ အ ချိန်လောက်တုန်းက magazineတစ်စောင်ကနေ ဖတ်ရတဲ့ ဆောင်းပါးတစ်ပုဒ်ကနေ ရခဲ့တဲ့ ဆောင်ပုဒ်လေးတစ်ခုပါ။ မိသားစုမှာ တကယ်ကို စီးပွားရေးရော၊ လူမှုရေးပါ မုန်တိုင်းထန်ခဲ့တဲ့အချိန်၊ ကိုယ်ကိုတိုင်လည်း ကိုယ်ရေးကိုယ်တာကိစ္စတွေ အဆင်မပြေနေတဲ့အချိန်မှာ ရလိုက်တဲ့ အားဆေးကောင်းတစ်ခုပါပဲ။ သိပ်မှန်တဲ့ စကားစုလေးဆိုလည်း မမှားပါဘူး။ အဆိုးတွေပြီးရင် အကောင်းတွေ လာမှာပဲလေ။ လောကကြီးမှာ ဘယ်အရာမှ တသမတ်တည်း ဖြစ်နေမယ်ဆိုတာ မရှိပါဘူး။ စာရေးစရာကတော့ အဲ့ဒီဆောင်ပုဒ်နဲ့အတူ ပြောတာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ထဲ ဆွဲသွားတာကတော့.... မုန်တိုင်းပြီးရင် လေပြေလာမယ်.... ဆိုတာပါပဲ.... စိတ်ညစ်စရာတွေ အရမ်းများခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ ကိုယ့်အာရုံတွေကို အိမ်ကအလုပ်တွေကို တတ်နိုင်သလောက် ကူလုပ်ပေးရင်း၊ juniorတွေကို စာပြန်သင်ရင်း၊ စာကြိုးစားရင်း အမြဲတမ်း ပြုံးပျော်ပြီးနေနိုင်တဲ့သူဖြစ်အောင် ကူညီပေးခဲ့တဲ့ စကားစုလေးပဲ ဖြစ်ပါတယ်။ သမီးက livelyမဖြစ်ဘူး။ အမြဲတမ်း ခပ်တည်တည်နဲ့ဆိုပြီး မချင့်မရဲနဲ့ အမြဲ ပြောတတ်တဲ့ အဒေါ် လက်ဖျားခါသွားတဲ့အထိပါပဲ။ ပညာရေးအပိုင်းမှာလည်း UCSYတက်ခဲ့တဲ့တစ်လျှောက် မရဘူးခဲ့တဲ့ resultကိုလည်း ပထမဆုံး ရခဲ့ပါတယ်။ :)

(၄) နောက်တစ်ခုကတော့ ဆရာမဂျူးရေးတဲ့ 'စောင့်ဆိုင်းခြင်း၏ နိယာမ' ဝတ္ထုထဲက စကားစုလေးပါ။ quoteလို့ ပြောလို့ ရမရတော့ မသိပါဘူး။ အဲဒီစကားစုလေးကတော့ "ကိုယ်လိုချင်တဲ့ တစ်စုံတစ်ခုကို ရရှိခြင်းနဲ့၊ ရရှိလို့ ပျော်ရွှင်ခြင်းကြားက ဝှက်ဖဲကတော့ အချိန် ပါပဲ " တဲ့.... စာသားကတော့ အဲ့အတိုင်း အတိအကျတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာမပြောချင်တာ အဲ့ဒီသဘောတရားပါပဲ။ ဖတ်ပြီးပြီးချင်းလုံးဝကို လက်ခံပြီး စိတ်ထဲအမြဲစွဲသွားတဲ့ စကားစုလေးပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် walkmanတစ်ခုကို ဟိုးငယ်ငယ်တုန်းက လိုချင်ခဲ့ပေမဲ့ ခုချိန်မှာ ကိုယ့်ကိုလာပေးရင် ဘယ်ပျော်တော့မလဲလေ... နော်?? iPodလေးလိုချင်တာပေါ့။ mp3 player ဆိုရင်တောင် ဟုတ်တုတ်တုတ်... :P.... အကောင်းပြောနေရင်း ဖောက်လာပြီ။ ကျွန်မပြောချင်တာက အချိန်ဆိုတဲ့ ဝှက်ဖဲလေးနဲ့ တွဲပါနေတဲ့ ပြောင်းလဲခြင်းတရားပါ။ စာဖတ်သူတို့ နားလည်လိမ့်မယ်ထင်ပါတယ်။

ကဲ.... ရေးရင်း ရေးရင်းနဲ့တော့ post တစ်ခုစာ လုံလောက်သွားပြီ ထင်ပါတယ်။ ကိုယ်တိုင်ရေး post count လည်း တိုးပြီပေါ့။ နောက်မှပဲ အပိုင်း(၂)ကို ဆက်ရေးပါတော့မယ်။
ကျေးဇူးတင်လျှက်
WITCH83

To Continue Reading

September 21, 2010

အကယ်၍.....

ကျမရဲ့ အဖိုးနဲ့အဖွားနှစ်ဦးအနက်မှာ အဖွားက တရှောင်ရှောင်နဲ့မို့ အဖွားပဲ ဆေးခန်း အမြဲ သွားနေရတာပါ။ ဆေးရုံပေါ်မှာ တစ်လလောက် ခဏခဏ ... တင်တင်ထားရတာလည်း အဖွားပါပဲ။ အဖိုးကတော့ ဒေါင်ဒေါင်မြည်ပါတယ်။ နေမကောင်းဘူးလို့ သိပ်မကြားဖူးပါဘူး။ ဒါပေမဲ့.... ဒီနှစ် မေလထဲမှာ စာမေးပွဲပြီးလို့ ရန်ကုန် တစ်ခေါက်ပြန်လို့ အဖိုးနဲ့တွေ့တော့ သူ... တော်တော် ပိန်သွားပါတယ်။ "အဖိုး... ပိန်သွားတယ်နော်"လို့ ပြောတော့ ရာသီဥတု ပူလို့ အစာမစားနိုင်ဘူး ပြောပါတယ်။ ကျောက်ကပ် မကောင်းဘူးလို့လည်း ပြောပါသေးတယ်။ ဒါပေမဲ့ လူကြီးမို့ ဖြစ်တတ်တာကတစ်ကြောင်း၊ အဖွားလို အခြေအနေ မဆိုးတာကတစ်ကြောင်းကြောင့် အမှုမဲ့၊ အမှတ်မဲ့နဲ့ပဲ ထားလိုက်မိပါတယ်။
အဖိုးနဲ့ဆို စစ်တပ်ကပီပီ စစ်တပ်စကား ပြောလွန်းလို့ သူနဲ့ စကားပြောရင် လေပေးမဖြောင့်ပါဘူး။ ပိုဆိုးတာက ကိုယ်သိပ်ချစ်တဲ့ မေမေနဲ့ အဒေါ်တွေကို အပြစ် အရမ်း ပြောတာပါ။ စကားကလည်းများလွန်းတော့ သူနဲ့ စကားပြောမိရင် အနည်းဆုံး တစ်နာရီလောက် ထိုင်နားထောင်ပေးရပါတယ်။ စ...ပြောကတည်းက ကိုယ့်အတွေးနဲ့ ဆန့်ကျင်တာတွေကို ပြောတတ်တာမို့ နာရီဝက်လောက် ကြာလာရင် တော်တော် စိတ်ညစ်လာတတ်ပါတယ်။ ခေါင်းလည်း ကိုက်လာပါတယ်။ ကြားနေကျ ဓါတ်ပြားကြီးကတော့ ..... သူ ငယ်ငယ်က စစ်အတွေ့အကြုံတွေ ပထမဆုံးစပြော၊ နောက်... စစ်တပ်ကောင်းကြောင်းပြော၊ ပြီးရင် DASSK မကောင်းကြောင်းပြော၊ နောက် မောင်နှမဝင်းကွဲတွေထဲက သူမကြိုက်တဲ့သူတွေ အကြောင်း (ကိုယ့် ညီမအရင်း အငယ်ဆုံးမလည်း ပါပါတယ်။ ) ပြော...... အဲ နောက်ဆုံးကျ ကိုယ့်အဒေါ်တွေ၊ အမေတွေ ပါလာတော့ပါပဲ.... ကိုယ်ကလည်း အဲ့အချိန် ရောက်ရင် ပြန် ခံပြောတော့တာပါပဲ။ မိုက်မိုက်ရိုင်းရိုင်း ပြန်မပြောတာကလွဲရင် ခံပြောပါတယ်။ ကိုယ့်ကို ချစ်မှန်းသိလို့၊ ခံပြောလည်း
မဆူတတ်တာမို့၊ ရူးသလို ပေါသလိုနဲ့ သူပြောတဲ့စကားတွေကို ပြန်ပြန် ခံပြောတတ်ပါတယ်။ ဒါပေမဲ့ ဒီ စက်တင်ဘာလ လဆန်းလောက်က အဖိုးနေမကောင်းဘူးလို့ မောင်ဝင်းကွဲ တစ်ယောက်ဆီက email လာပြီး (၁၀)ရက်လောက်အကြာမှာ အဖိုးဆုံးသွားပါတယ်။ အရမ်းကို မြန်လွန်းပါတယ်။ စိတ်ထဲမှာ အဲ့လောက် မြန်မယ်လို့ မထင်ပါဘူး။ တကယ်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ ဆုံးသွားပြီလို့ သိလိုက်တဲ့အချိန်မှာ ပထမဆုံး ဖြစ်တာက အရမ်း အံ့သြသွားတာပါပဲ။ ပြီးတော့ ကိုယ်, ရန်ကုန်ပြန်တုန်းက ခံပြောခဲ့တာကို ချက်ချင်း သတိရသွားပါတယ်။ တော်တော်ကို စိတ်မကောင်း ဖြစ်မိပါတယ်။ လောကကြီးမှာ ပြန်ပြီးနုတ်ယူလို့မရတဲ့ ကိစ္စတွေ အများကြီးရှိပါတယ်။ ပြီးတော့ ဒီလောကကြီးက မသေချာတဲ့ လောကကြီးပါ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာကို ဘယ်သူမှ မသိပါဘူး။ Apple ကုမ္ပဏီတည်ထောင်သူ Jobs Steveဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုချခါနီးတိုင်းမှာ "အကယ်၍..... ဒီနေ့ဟာ ငါ့ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင် ဒီနေ့မှာ ငါဘာတွေလုပ်မလဲ?" လို့ ကိုယ့်ကိုကိုယ် မေးလေ့ ရှိပါတယ်။ ကျမတို့ကရော? ကျမတို့ လူသားတော်တော်များများဟာ အဲ့ဒီ နောက်ဆုံးနေ့ဆိုတာကြီးကို မေ့ပြီး လောဘတွေ၊ ဒေါသတွေ၊ မောဟတွေနဲ့ ကိုယ့်ကိုကိုယ် လောင်ကျွမ်းနေကြတာပါ။ တကယ်တော့ ကျမတို့ရဲ့ နောက်ဆုံးနေ့ဆိုတာကလည်း လက်တကမ်းမှာပဲ ရှိတာပါ။ ဒါကြောင့် ကျမတို့လည်း "အကယ်၍..... ဒီနေ့ဟာ ငါတို့ရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့မယ်ဆိုရင်"ဆိုတဲ့ အသိလေးထားပြီး ဘဝကို ကောင်းမွန်အောင် ဖြတ်သန်းကြပါစို့လား သူငယ်ချင်းတို့ရေ........
To Continue Reading

Fried Plastic

Original Post အတိုင်း တင်ပေးလိုက်ပါတယ်။

အကြော်တွေ ကြွပ်ရွဖို့အတွက် ရေသန့်ဗူးတွေ ထည့်ကြော်ပါတယ် ဆိုတဲ့ သတင်းလေး မော်ဒန်ဂျာနယ်မှာ ပါလာတယ်။ အဲဒီဟာတွေ မစင်နဲ့ ရီတာက မေးလ်ကနေ ပို့ပေးလို့ ဖတ်လိုက်ရတယ်။ ဘာရယ်ညာရယ် မဟုတ်... ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖတ်စေချင်လို့ စာတွေကို ဆက်ဖြန့်ပေးလိုက်သေးတယ်။ အယုံလွယ်သူ မဟုတ်ပေမယ့် ဖျတ်ခနဲ ဖတ်လိုက်တဲ့အချိန်မှာ ဖြစ်နိုင် မဖြစ်နိုင် သေချာ မစဉ်းစား မဆင်ခြင်မိလိုက်ဘူး။ နောက်တနေ့မှာ ဖိုရမ်ဖတ်ဖြစ်တော့ ကယ်လ်ဗင်က အဲဒီအကြောင်းကို သေသေချာချာ ရှင်းပြထားတာ ဖတ်လိုက်ရတယ်။ သူ ရှင်းပြလိုက်တော့လည်း သြော်... ဒါလည်း ဟုတ်တာပဲ... ပေါ့။ ငါလည်း ချီးဘရိန်းပါလား ဆိုတာ သိလိုက်ရတယ်။

ပြင်းပြင်းထန်ထန် ရေးထားတဲ့ ဂရုဏာဒေါသတွေ ပါနေပေမယ့် စာရေးသူရဲ့ အရိုးခံစေတနာကို နားလည်မိတဲ့ ကျွန်တော်အတွက်... ကယ်လ်ဗင် ရေးထားတာလေးကို ကျွန်တော့်ဘလော့မှာ ထပ်ဆင့် ဝေမျှလိုက်ပါရစေ...

~~~
မြန်မာပြည်က တချို့သတင်းတွေက ရီရတယ်။ ကြက်ဥ အတုတုန်းကလည်း အမလေး သတင်းကဖြင့် အိုဆွေးလို့ မြုပ်တောင်နေပြီ သူက ၀ူးဝါးနဲ့။ နောက်ဆုံးတော့ တရုတ်ပြည်က ဓါတုဗေဒသမားတယောက်က ရေးတယ် .. သူပြောတဲ့ ဓါတုပစ္စည်းတွေ ပေါင်းပြီး လုပ်ပြီဆိုပါစို့ .. တဲ့။ ဘယ်ဒင်းက ဘယ်လောက်တန်တယ် ဘာညာနဲ့ ဈေးတွက်လိုက်တော့ ကြက်ဥတလုံး ပြား၈၀လောက် ကျနေတယ်။ အစစ်က အဲဒီတုန်းက ၃၅ပြားပဲ တန်တယ်။

ပလတ်စတစ်ဆန်တုန်းကလည်း တော်တော်လေး ရှင်းယူလိုက်ရတယ်။ ဒါမျိုးကျတော့ ကျွန်တော့်အိမ်က သိသဗျ။ ဟဲ့ငါ့သား... ကော်စေ့နဲ့ဆန် ဈေးချင်းက မိုးနဲ့မြေလို ကွာနေတာ... ပလတ်စတစ်ဆန်သာ ဆန်ဈေးနဲ့ ရောင်းလို့ကတော့ အိမ်ပေါင်ပြီးတောင် ၀ယ်ပစ်လိုက်မယ်ဆိုပဲ။

အခု ပလတ်စတစ်ကို ကြော်သတဲ့ .... အမယ် သမိုင်းလမ်းဆုံးက အကြော်ဆိုင်တောင် ပါလိုက်သေးတယ်။ ကျွန်တော်သိသလောက် သမိုင်းလမ်းဆုံးမှာ အကြော်ဆိုင် ကြီးကြီးမားမား မရှိဘူး။ သမိုင်းလမ်းဆုံ နီးနီးနားနား ရှိတဲ့ဆိုင်ကလည်း ဂလောက် မကြီးကျယ်လှဘူး။ အဲဒီနားက ရောင်းအကောင်းဆုံးဆိုင် ပြပါဆိုရင် လက်ဖက်ရည်ဆိုင်၊ ဒန်ပေါက်ဆိုင်နဲ့ လမ်းဆုံအရှေ့ဘက်ဒေါင့် အမှောင်ထဲမှာ ရောင်းတဲ့ ထမင်းကြော်ဆိုင်ပဲ ရှိတယ်။

သမိုင်းလမ်းဆုံးမှာ (နာမည်ကြီး) အကြော်ဆိုင် တစ်ဆိုင်မှ မရှိဘူး။ ၉၇/၉၈ လောက်ကနေ ၂၀၀၇ အထိ မရှိဘူး သေချာသဗျာ။ သတင်းမှာ ဓါတ်ပုံထည့်ထားတဲ့ အကြော်ဆိုင်ကို ကြည့်လိုက်ဦး... စုတ်ပြတ်သတ်နေတဲ့ မှန်ပုံးလေးတပုံးနဲ့။

လွန်ခဲ့တဲ့ ၂နှစ်က ကလမန်တီးက ငှက်ပျောသီးကြော်ဆိုင်မှာ အဲလို လုပ်ပါတယ်ဆိုပြီး ကောလဟာလဖြစ်လို့ သတင်းစာထဲတောင် ပါလိုက်သေးတယ်။ ပြီးမှ သတင်းက ရေရေရာရာ မဟုတ်ဘဲ ရောချမှန်းသိတော့ ရပ်သွားတာ။

ကျွန်တော်ပြောချင်တာက ... အဲဒီ သတင်းသမား မဟုတ်တဲ့ ရောတောပေါတော ဂျာနယ်သမားတွေရေးတဲ့ သတင်းကို ကိုယ့်အသိဥာဏ်လေးနဲ့တင် စဉ်းစားကြည့်ပါဗျာ။ ဆီတပုလင်းလောက် ဗူးသီးတစိတ်လောက် အဆုံးခံပြီး ကြော်ကြည့်ကြစမ်းပါ။ ဒီလိုသတင်းမျိုးရေးတဲ့ ဂျာနယ်နဲ့ ဂျာနယ်လစ် အတုအယောင်ကို စာပေအစည်းအရုံးက အရေးယူသင့်တယ်။

ပလတ်စတစ်ကို မီးမလောင်ဘဲ အရည်ပျော်ကျသွားအောင် ဆီထဲမှာ ထည့်ပြီး အပူပေးလို့ ရပါတယ်။ အရင်ဆုံး တွန့်လိမ်ရှုံ့တွသွားမယ် ပြီးရင် အရည်ပျော်ပြီး ဆီနဲ့ ရောသလိုလိုဖြစ်သွားမယ်။ အပူချိန် အဲဒီထက် ပိုမြင့်လာရင် မီးထလောင်ပြီး အငွေ့ပျံသွားမယ်။ ဆီကတော့ သေချာတယ် ပလတ်စတစ် PVC ပိုက် မီးလောင်ရင် ထွက်တဲ့ အနံ့ထွက်လာမှာ သေချာတယ်။ ခက်တာက ရေးတဲ့သူက ဒီထက်ပိုပြီး ရှေ့ဆက် မစဉ်းစားတော့ဘဲ ဇွတ်အတင်း ကောက်ချက်ချတော့တာပဲ။

ပလတ်စတစ်အရည်ဟာ အဲဒီဆီထဲက ထုတ်လိုက်တာနဲ့ ချက်ချင်းပြန်ခဲသွားမယ်။ ပြီးတော့ အဲဒီပလတ်စတစ် အခဲအစလေးတွေ အတုံးလေးတွေဟာ သဲမှုန်လေးတွေလောက်ထိ သေးငယ်နေရင်တောင် လူရဲ့ ပါးစပ်က မသိစရာ အကြောင်းမရှိဘူး။ ထမင်းစားလို့ သဲနှစ်မှုန်လောက်ပါရင်တောင် သိသေးတာ ပလတ်စတစ် အစအနတွေနဲ့ ရောကပ်နေတဲ့ အစားအသောက်ကို မသိဘဲ စားမိဖို့ဆိုတာ ဘယ်လိုစဉ်းစား စဉ်းစား မဖြစ်နိုင်ဘူး။ နောက်တခုက PVC အနံ့။ ကော်စေ့နံ့ဟာ သိပ်ပြင်းပါတယ်။ ဒီအနံ့လောက် ပြင်းတာကြီး ပါနေတဲ့ အစားအသောက်ကို ဘယ်သူက စားနိုင်မှာလဲ။

အနံ့နဲ့အရသာအပြင် အစားအသောက်ထဲ Non-Food Particle တွေ ပါနေတာ မသိဘဲ စားမိနိုင်လောက်တယ် ထင်တဲ့သူတွေဟာ တကယ်ပဲ အစားအသောက် မချက်ပြုတ် မကြော်လှော်ဖူးတာလား Reasonable မဟုတ်တဲ့ အချက်အလက်တွေ ဒီလောက် အများကြီး ပါနေရဲ့သားနဲ့ .. ဖြစ်နေရင် ဘယ်လို လုပ်မလဲ .. ဟုတ်နေရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့... ကိုယ့်ကိုယ်ကို မယုံကြည်စိတ်၊ အားမကိုးရဲတဲ့စိတ်ကြောင့် ဒီလို Hoax တွေ မြန်မာပြည်မှာ သိပ်အောင်မြင်နေတယ်လို့ ထင်ပါတယ်။

မြန်မာပြည်မှာ အနေများခဲ့သူဆိုတော့ မြန်မာတွေအကြောင်းပဲ သိတာပေါ့နော်။ မြန်မာတွေက ဟုတ်သော်ရှိ မဟုတ်သော်ရှိ... ဒါလေးလုပ်လိုက်လို့ ဒါလေး ပြောလိုက်လို့ ဒါလေး ယုံကြည်လိုက်လို့ ကိုယ့်အကျိုး မယုတ်ဘူး။ တော်ကြာ မလုပ်ဘဲနေပြီး ကိုယ့်အကျိုး စီးပွား ထိခိုက်နေရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ လူစားက များပါတယ်။ ဗေဒင်မေးတယ်... မယုံရင် ယတြာမချေနဲ့။ ယုံရင် ယတြာကို အပီအပြင်လုပ်။ ဒီလိုလည်း မဟုတ်ဘူး။ ယုံတော့ မယုံဘူး။ ဒါပေမယ့် စိတ်ချရအောင် ယတြာတော့ လုပ်ထားလိုက်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုး။

ကောလဟာလ တခုခုလွှင့်လိုက်ပြီဟေ့ဆိုရင် လူတွေက မဖြစ်နိုင်မှန်းသိလည်း... ဖြစ်ခဲ့ရင် ငါတာဝန် ယူနေရလိမ့်မယ် ဆိုပြီး မပြောဘဲ အောင့်ထားကြတယ်။ ဒီလို မပြောတဲ့သူတွေ များလာလေလေ အမှန်တရား ပျောက်ကွယ်လေလေ။ ကောလဟာလတွေ အောင်မြင်လာလေလေ။ ပညာတတ်တွေ ဆင်ခြင်နိုင်သူတွေ အကြောင်းအရာကို သိတဲ့သူတွေကမှ ဒါမဟုတ်ဘူး ဒါမမှန်ဘူး ဒါမှားနေတယ် လို့ ... မပြောဘဲနေကြရင် ဆရာဝန်ကြီးကတောင် ဒါမဟုတ်ဘူးလို့ မပြောဘူး၊ ဟိုပညာတတ်ကြီးတောင် ဒါမှားတယ် မပြောရင် ဟုတ်နေလို့ ဖြစ်ရမယ်ဆိုတဲ့ ကောက်ချက်က တန်းချကြတာ။ မြန်မာလူမျိုးဆိုတာ ဘာပြောပြော အများစုကတော့ ယုံကြတာပဲ ဆိုတဲ့ ချီးဘရိန်းအဆင့် ရောက်မှန်းမသိ ရောက်နေပြီ။

ဥုံမဏိ ပဒ္ဒမေဟုံ ဆိုတဲ့ မဟာယန ဂါထာကို အိမ်ထဲမှာ ကပ်ထားတဲ့ ထေရ၀ါဒတွေ။ ဤအိမ်/ကား/ဆိုင် သည် ဘုရားမေတ္တာရိပ်အောက်မှာ ရှိလို့ ရောက်လာသူအားလုံး အေးချမ်းသာယာကြပါစေဆိုတဲ့ .. အစိုးရနာမည်ကို ရောကောသောကော Marketing လုပ်ထားတဲ့ စာရွက်တွေ။ စင်ကာပူက မြန်မာတွေကို ဗီဇာမပေးတော့ဘူး လေယာဉ်တစင်းလုံး Reject လုပ်လိုက်တာတဲ့ ဆိုတာယုံတဲ့သူတွေ... တလနှစ်ခါလောက် စင်ကာပူနိုင်ငံရောက် မြန်မာတွေ ဘယ်လို အတိဒုက္ခရောက်နေပြီ၊ ဘယ်လို အနှိမ်ခံနေရပြီဆိုတာ ပေါ်လစီနဲ့ မထည့်မနေရ ဆောင်းပါးထည့်ရတဲ့ ဂျာနယ်တွေ... ကလေးအသားခါးသည် ခွေးအသားချိုသည်... ဆိုတဲ့ စာတွေ အိမ်ပေါင်းများစွာမှာ မြင်ရတဲ့နောက်.... ကောလဟာလ မှန်သမျှ ၀ိုင်းဝန်း အဖြေရှာ အမှန်တရား ရှာဖွေပြီး ကိုယ်ပိုင် ဘလော့ဂ်ဖြစ်ဖြစ် Reply mail ဖြစ်ဖြစ် website ဖြစ်ဖြစ် ပြန်လည် မျှဝေ စေချင်ပါတယ်ခင်ဗျာ။

Posted by JulyDream

To Continue Reading

September 15, 2010

အချိန်၏တန်ဖိုး

Can Refer to Relization Of Time
  • ဆယ်နှစ်တာရဲ့တန်ဖိုးကို သိချင်ရင် အခုမှပူပူနွေးနွေး ကွာရှင်းပြီးခါစ ဇနီးမောင်နှံကို မေးကြည့်လိုက်ပါ။
  • လေးနှစ်တာရဲ့တန်ဖိုးကို သိချင်ရင် ဘွဲ့ရတစ်သောက်ကို မေးကြည့်လိုက်ပါ။
  • တစ်နှစ်တာရဲ့တန်ဖိုးကို သိချင်ရင် အတန်းတင်စာမေးပွဲကျထားတဲ့ ကျောင်းသားတစ်ယောက်ကို မေးကြည့်လိုက်ပါ။

  • တစ်လတာရဲ့တန်ဖိုးကို သိချင်ရင် နေ့မစေ့လမစေ့ကလေးကို မီးဖွားထားတဲ့ သားသည်မအေတစ်ယောက်ကို မေးကြည့်လိုက်ပါ။
  • ရက်သတ္တပတ်ရဲ့တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်က စာတည်းကို မေးကြည့်လိုက်ပါ။
  • တစ်နာရီရဲ့တန်ဖိုးကို သိချင်ရင် တွေ့ကြဖို့ချိန်းထားလေတဲ့ ချစ်သူနှစ်ဦးကို မေးကြည့်လိုက်ပါ။
  • တစ်မိနစ်တန်ဖိုးကို သိချင်ရင် ရထားဖြစ်စေ၊ ဘတ်စကားဖြစ်စေ၊ လေယာဉ်ဖြစ်စေ မမီလိုက်တဲ့ သူတစ်ယောက်ကို မေးကြည့်လိုက်ပါ။
  • တစ်စက္ကန့်ရဲ့တန်ဖိုးကို သိချင်ရင် မတော်တဆထိခိုက်မှု တစ်ခုခုမှာ အသက်ရှင်ကျန်ရစ်ခဲ့သူကို မေးကြည့်လိုက်ပါ။
  • တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံတစ်ပုံတန်ဖိုးကို သိချင်ရင် အိုလံပစ်ပြေးပွဲမှာ ဒုတိယငွေတံဆိပ်ကိုသာ ရလိုက်သူကို မေးကြည့်လိုက်ပါ။
အချိန်က လူကိုမစောင့်ဘူးနော်။ ကိုယ့်မှာရှိတဲ့အချိန်တိုင်း၊ အချိန်တိုင်းကို တန်ဖိုးထားကြပါ။ အထူးသဖြင့် အဲဒီကိုယ့်မှာရှိနေတဲ့ အချိန်လေးကို ကိုယ်ချစ်ခင်တဲ့သူနဲ့အတူနေခွင့်ရမယ်ဆိုရင် ပိုတောင် တန်ဖိုးထားသင့်ပါတယ်။ အဲ....မိတ်ဆွေတစ်ယောက်ရဲ့တန်ဖိုးကိုသိချင်ရင်တော့ တစ်ယောက်လောက် အဆုံးရှုံးခံကြည့်လိုက်ရုံပေါ့ရှင်။

ငွေကို ငွေနဲ့လျော်လို့ရတယ်။
အချစ်ကို အချစ်နဲ့လျော်လို့ရတယ်။
ဒါပေမယ့် ကုန်ဆုံးသွားတဲ့ အချိန်တွေကိုတော့ ဘာနဲ့မှလျော်လို့မရတော့ဘူး။ ။

Source; Internet To Continue Reading

September 07, 2010

မဆော့နဲ့

မမရဲ့အင်းကျီကိုချွတ်လိုက်
မမရဲ့ စကပ်ကိုလဲချွတ်
မမရဲ့ ဘရာစီရာကိုလဲချွတ်လိုက်
မမရဲ့ အတွင်းခံဘောင်းဘီပါချွတ်

နောက်မှတ်ထား မမရဲ့ အဝတ်အစားတွေကိုယူမဆော့နဲ့.......
To Continue Reading

September 04, 2010

" အသိညဏ်ပိုင်းမှာ ကျွန် မခံတဲ့သူ ".....by ဆရာတော် ဦးဇောတိက

အသိညဏ်ပိုင်းမှာ ကျွန်,မခံတဲ့သူ & လွတ်လပ်တဲ့စိတ်ဓာတ်

ကိုယ့်ရဲ့ လွတ်လွတ်လပ်လပ် လေ့လာခွင့် စူးစမ်းခွင့် ၊ ကိုယ့်ရဲ့ တွေးခေါ်နိုင်တဲ့စွမ်းရည် ( intellectual rights and powers ) ကို လုံးဝ အထိမခံပဲ စောင့်ရှောက်တဲ့သူမှာပဲ လွတ်လပ်တဲ့စိတ်ဓာတ် ရှိတယ်လို့ ဆိုနိုင်တယ် ။ အသိညဏ်ပိုင်းမှာ ကျွန်မခံတဲ့သူ၊ အမွေခံလာတဲ့ အယူအဆ တွေကို ကျေနပ်မနေတဲ့သူ၊ အမှန်တရားဆိုတဲ့ အလင်းရောင်ကို ဘက်မလိုက်ပဲ ရင်ဖွင့်ကြိုဆိုတဲ့သူ၊ မနက်စောစော နေထွက်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသလို မှန်ကန်တဲ့ အသိသစ် အမြင်သစ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့သူမှသာ လွတ်လပ်တဲ့စိတ်ဓာတ် ရှိတယ် ကိုယ့်ညဏ်နဲ့ကိုယ် နားလည်တဲ့ အယူအဆကိုပဲ လက်ခံမယ် ။ ကိုယ်နားမလည်နိုင်တာတွေကို နားမလည်ပေမဲ့ လက်ခံရမယ်လို့ ပြောတာကိုတော့ လုံးဝလက်မခံဘူး ။ အယူအဆတခုကို လက်ခံတာ လက်မခံတာဟာ ကိုယ့်အခွင့်အရေးပဲ ။ ကိုယ် မချစ်နိုင်တဲ့သူကိုချစ်ရမယ်လို့ အတင်းအကျပ် ခိုင်းလို့မရသလိုပဲ ကိုယ် မယုံတာကို ယုံရမယ်လို့ အတင်းအကျပ် ခိုင်းလို့မရပါဘူး ။ သူများနဲ့မတူတဲ့ အယူအဆ ကိုလဲ ကိုယ်ကြိုက်ရင်လက်ခံမယ်။ ကိုယ့်အယူအဆကို အများမကြိုက်လည်း ကိုယ့်အယူအဆကို ကိုယ် လက်ခံတာဟာ ကိုယ့်အခွင့်အရေးပဲ ။ အဲဒါ ဘယ်သူမှ ကန့်ကွက်ပိုင်ခွင့်မရှိဘူး ။ ဒါဟာကိုယ့်ရဲ့ ........intellectual rights........ပဲ ။ ကိုယ့်ရဲ့ intellectual powers (စဉ်းစားနိုင် ၊ တွေးခေါ်နိုင်၊ ဝေဖန်စမ်းစစ်နိုင် ၊ စူးစမ်းရှာဖွေနိုင်တဲ့ စွမ်းရည်သတ္တိ)ကိုလည်း အထိမခံဘူး ။ "စဉ်းစားနေစရာ မလိုဘူး မင်းကဘယ်လောက်ညဏ်ရှိလို့လဲ ".... ဆိုတဲ့ အပြောမျိုးကို လုံးဝ လက်မခံဘူး ။ ကိုယ့်မှာရှိသလောက်ညဏ်နဲ့စဉ်းစားရမှာ ကိုယ့်အခွင့်အရေး နဲ့ ကိုယ့်တာဝန်ပဲ ။ ဒီအခွင့်အရေးကိုလည်း လက်လွတ် ဆုံးရှုံး မခံနိုင်ဘူး ။ ဒီတာဝန်ကိုလဲ ဘယ်သူ့ကိုမှ မလွှဲနိုင်ဘူး။
  • ဒီတာဝန်ကို သူများကိုလွှဲလိုက်ရင် ကိုယ့်ဘဝကို သူများလက်ထဲ လွှဲလိုက်တာနဲ့ အတူတူပဲ။
  • ဒီတာဝန်ကို သူများကိုလွှဲလိုက်တာဟာ ကိုယ့်ရဲ့ လွတ်လပ်မှုကိုပါ သူများလက်မှာ အပ်နှံထားလိုက်တာနဲ့ အတူတူပဲ။
  • ယုံခိုင်းတာကို ယုံတာဟာ အသိညဏ်ပိုင်းမှာ ကျွန်ခံလိုက်တာပဲ ။
မှားသလား? မှန်သလား? ဆိုတာကို မေးခွင့်တောင်မပေးပဲ ယုံခိုင်းတာတွေကို ယုံနေကြလို့၊ အယူသည်းမှုတွေကို ယုံနေကြလို့ ပြဿနာတွေ ဖြစ်လာတဲ့အခါ အကြောင်းအကျိုးကိုက်အောင် ဆွေးနွေးတဲ့နည်းနဲ့ ဖြေရှင်းလို့မရတော့ဘူး။ " ငါတို့အယူအဆပဲ မှန်တယ် သူတို့အယူအဆမှားတယ်ဆိုတဲ့ အတွေးအခေါ်မျိုး၊ သဘောထားမျိုးကြောင့် ကမ္ဘာကြီးမှာကြုံနေရတဲ့ပြဿနာတွေကို အဖြေရှာလို့မရဘူး ။ ငါတို့နဲ့အယူအဆ မတူတဲ့သူဟာ ငါတို့ရန်သူပဲလို့ သဘောထားနေကြလို့ ဆွေးနွေးလို့မရဘူး ။ အဖြေရှာလို့မရဘူး ။

လွတ်လပ်တဲ့စိတ်ဓာတ် မရှိသူတွေကြောင့် ပြဿနာတွေ ဖြေရှင်းရ ခက်နေတာပါ ။ လွတ်လပ်တဲ့စိတ်ဓာတ် ရှိကြရင် အစကတည်းက တော်တော်များများ ပြဿနာတွေဟာ ဖြစ်လာမှာတောင်မဟုတ်ဘူး ။ ဘာသာရေး အယူအဆ မတူလို့ ပြဿနာတွေဖြစ်ကြတယ်။ နိုင်ငံရေး အယူအဆ မတူလို့ ပြဿနာတွေဖြစ်ကြတယ်။ ဘာသာရေး နဲ့ နိုင်ငံရေး တွဲလိုက်ရင် ပိုဆိုးတယ် ။ ဘာသာရေးစစ်ပွဲတွေ ဖြစ်တယ် ။ နိုင်ငံရေး စစ်ပွဲတွေ ဖြစ်တယ် ။ ဘယ်သူမှန်သလဲ ။ ဘယ်သူမှ မမှန်ဘူး ဆိုတဲ့ အဖြေပဲထွက်တယ် ။ အားလုံးဟာ အယူသည်းမှုတွေမှာ အခြေခံပြီး သဘောထားကွဲလွဲတာပဲ ။ အဲဒီ အယူသည်းမှုတွေကိုသာ " ဒီ အယူသည်းမှုတွေဟာ မမှန်ဘူး ၊ အကျိုးမရှိဘူး "ဆိုပြီး မစွဲလန်းတော့ရင် ပြဿနာတွေ ဖြေရှင်းရတာ လွယ်သွားမယ်။ ရှေးတုန်းက လူတွေဟာ သဘာဝတရားအကြောင်းကို သူတို့ လက်လှမ်းမှီသလောက် တွေးခေါ်ပြီး စဉ်းစားပြီး အဖြေရှာခဲ့တယ် ။ သူတို့ လက်လှမ်းမှီသလောက် တွေးခေါ်ပြီး စဉ်းစားပြီး အဖြေရှာခဲ့တယ် ။ သူတို့ခေတ်က စာပေအရေးအသားလည်း မထွန်းကားသေးလို့ တစ်ဆင့်စကား တစ်ဆင့်ကြား နည်းနဲ့ လက်ဆင့်ကမ်းလာကြရတယ် ။ ဘာသာရေးမှာလဲ အဓိက အချက်က အမှန်တရားနှင့် လွတ်လပ်မှုကိုရှာတာဘဲ။ စိတ်ဆင်းရဲမှုရဲ့ အကြောင်းမှန်ကိုရှာတာ ။ စိတ်ဆင်းရဲမှုနည်းအောင်နေနည်းကို လေ့လာတာ။ စိတ်ထားကောင်းဖို့၊ စိတိထား သန့်ရှင်းအောင်လုပ်နည်းကို လေ့လာတာ။ ဒါကြောင့်.... မျက်ကန်းယုံကြည်မှု မဖြစ်ရဘူး။ ယုံကြည်မှုက အဓိကလို့ပြောလာရင် ကိုယ့်လွတ်လပ်မှု့ကို သူလက်ထဲရောက်အောင်လုပ်ပြီး သူ့ကိုယ့်ကျိုးရအောင် လုပ်တော့မယ်ဆိုတာ သေချာတယ်။

နိုင်ငံရေးမှာလဲ အမှန်တရားနဲ့ လွတ်လပ်မှုဟာ အဓိကဖြစ်တယ်..... ဘယ်လိုဥပဒေမျိုးလဲ အုပ်ချုပ်ရင် လူများစု စားဝတ်နေရေး အဆင်ပြေမလဲ ဆိုတာကို လေ့လာတာ ။ စိတ်ချမ်းသာမှု ရှိဖို့ အဆင်ပြေဖို့ဆိုတာ လွတ်လပ်မှုရှိမှ ဖြစ်မယ် ။ ဒါကြောင့် လွတ်လွတ်လပ်လပ် လုပ်နိုင်အောင် လွတ်လွတ်လပ်လပ် ပြောနိုင်အောင်၊ လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်နိုင်အောင် ဘယ်လို အစီအစဉ်နဲ့ လုပ်ရင်ရမလဲ ဆိုတာကို လေ့လာတာ ။ တစ်ဦးရဲ့ လွတ်လပ်မှုဟာ နောက်တစ်ဦးရဲ့ လွတ်လပ်မှုကို မဖျက်ဆီးအောင် ဘယ်လိုလုပ်မလဲ ။ မမျှတမှုတွေ .... မတရားမှုတွေ .......မရိုးသားမှုတွေ ... လိမ်ညာမှုတွေ မရှိအောင် ဘယ်လိုလုပ်မလဲ ...အဲဒါတွေကိုလေ့လာတာ နိုင်ငံရေး ..... ဒီနေရာမှာလဲ အဓိက အချက်က အမှန်တရားနဲ့ လွတ်လပ်မှုဘဲ ဖြစ်တယ် လှည့်စားမှုတွေဟာ နိုင်ငံရေး အစစ် မဟုတ်ဘူး လှည့်စားတာဟာ ....ကိုယ့်လွတ်လပ်မှုကို သူ့လက်ထဲရောက်အောင်လုပ်ပြီး ...သူ့ကိုယ့်ကျိုးကို ရှာဖို့ လုပ်တာ ... တဘက်သတ် သဘောထားကို... ပြင်းပြင်းထန်ထန်ဆုတ်ကိုင် ထားတာဟာ ကိုယ်ကျိုးကို အဓိကထားလို့ဘဲ ။ အမှန်တရားနဲ့ တရားမျှတမှုကို တကယ် မလိုလားလို့ဘဲ အမှန်တရားနဲ့တရားမျှတမှုကိုတကယ်လိုလားတဲ့သူဟာ တဘက်သက် သဘောထားကို လက်မခံဘူး ။ လက်ကိုင်မထားဘူး ။ သဘောထားမတူတာ အမြင်မတူတာကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အမျှတဆုံးအဖြေ . ... အကောင်းဆုံးအဖြေကို.... မရမချင်းရှာနေမယ် .... သဘောထား မတူတဲ့သူတွေရှိနေမှ ပိုပြီးထောင့်စေ့အောင် သဘောထား မတူတဲ့သူတွေရှိနေမှ ပိုပြီးထောင့်စေ့အောင်စဉ်းစားနိုင်မယ် ။ ဒါမှ အကောင်းဆုံးအဖြေကိုရမယ် ။ အားလုံးတိုးတက်ဖို့ဆိုတာ... အားလုံးလက်တွဲပြီးလုပ်မှ ရတယ် ။ လက်မတွဲရင် အင်အားတွေကို စုစည်းလို့ မရဘူး ။ မြင်းလေးကောင်တပ်ထားတဲ့ ရထားဟာ.... မြင်းတွေက ဆွဲတာ မညီရင် ခရီးမတွင်ဘူး ။ ဘယ်ဘက်မြင်း ဘယ်ဘက်ကိုဆွဲပြီး ညာဘက်မြင်းက ညာဘက်ကိုဆွဲနေမယ် ။ အလယ်က မြင်းနှစ်ကောင်က မဆွဲဘဲနေမယ်ဆိုရင် ခရီးမရောက်နိုင်ဘူး ............ အားလုံးက လွတ်လပ်မှုနဲ့ အမှန်တရားကို ............လိုလားရင် ညီညွတ်မယ် ။ အသိအမြင်တွေ တိုးလာတဲ့ အခါမှာ အရင်တုန်းက သိထားတာတွေမှာ.... လွဲနေတာ မပြည့်စုံတာတွေကို မှန်အောင်ပြည့်စုံအောင် ပြင်ရမှာဘဲ...... ငါတို့သိထားတာဟာ နည်းနည်းမှ မလွဲဘူး ။ ပြည့်စုံတယ် ။ ပြင်ဖို့မလိုဘူးလို့ မျက်စိမှိတ်ပြီးပြောနေတဲ့သူဟာ အမှန်တရားကို တန်ဖိုးမထားတဲ့သူ...... လွတ်လပ်မှုကို တန်ဖိုးမထားတဲ့သူ၊ လွတ်လပ်မှုမရှိတဲ့သူဖြစ်တယ် .... အဲဒီလိုလူတွေဟာ သူတစ်ပါးကိုလဲ လွတ်လပ်မှုမရှိအောင်လုပ်တယ် အဆင်မပြေမှုတွေဖြစ်အောင်လုပ်တယ် ။ လွတ်လပ်မှုနဲ့ အမှန်တရားဟာ စိတ်ကိုအားရှိစေတယ် သတ္တိရှိစေတယ် ။ စိတ်မှာ တကယ် အားရှိချင်ရင် ၊ သတ္တိရှိချင်ရင် ၊ လွတ်လပ်မှုနဲ့ အမှန်တရားကို မြတ်နိုးတဲ့ စိတ် ၊ လွတ်လပ်မှုနဲ့ အမှန်တရားကို ဘာနဲ့မှ မလဲနိုင်တဲ့ စိတ်ရှိရမယ်ူ လူတွေကို ကြည့်တဲ့ အခါ လူတွေနဲ့ စကားပြောကြည့်တဲ့ အခါ သူတို့မှာ အားမရှိဘူး ဆိုတာတွေ့ရတယ် ။ ဘာဖြစ်လို့လဲ ။ သူတို့စိတ်မှာ လွတ်လပ်မှု မရှိဘူး ။ သတ္တိရှိတဲ့သူအားရှိတဲ့သူကို စကားပြောတဲ့အခါ....... လေ့လာကြည့်ပါ သူ့ရင်ထဲမှာ လွတ်လပ်မှုနဲ့ အမှန်တရားရှိနေတယ် ။ လူအများစုက.... လွတ်လပ်မှုနဲ့ အမှန်တရားကို တကယ်မြတ်နိုးလာရင..် မှားယွင်းနေတဲ့ အယူအဆတွေ ပျောက်သွားမယ် ....... ဒါမှ လူ့လောကကြီးဟာ ပိုပြီး အဆင်ပြေလာမယ်။ ဒါကြောင့်လောကကြီး အဆင်ပြေဖို့ဆိုတာ လူတွေ ငွေကြေး ချမ်းသာယုံနဲ့မရဘူး ။ လူတွေရဲ့ရင်ထဲ နှလုံးသားထဲမှာ လွတ်လပ်မှုနဲ့အမှန်တရားကိုမြတ်နိုးတဲ့စိတ်ရှိဖို့လိုတယ်။ လွတ်လပ်မှုနဲ့ အမှန်တရားဟာ အင်မတန်အရသာရှိပါတယ် ။ စိတ်ကိုပေါ့ပါးစေတယ် ။ ရွှင်လန်းစေတယ် ။ ဒီအရသာကို လူတွေများများ ခံစားတတ်အောင် နည်းအမျိုးမျိုးနဲ့ လုပ်ပေးရမယ်........ ဒါကိုမိဘတွေက အရင်ဆုံး ..လုပ်ပေးဖို့လိုတယ် ။ နောက်တော့ ကျောင်းဆရာ၊ ဆရာမတွေက လုပ်ပေးဖို့လိုတယ် ... ဒီလိုလုပ်ပေးတာဟာ လောကကြီးရဲ့ အကျိုးကို အကောင်းဆုံးနည်းနဲ့ လုပ်တာဘဲ ။ ဘုန်းကြီးကိုယ်တိုင်လဲ အဲဒါကိုဘဲ ဦးစားပေးပြီးလုပ်ပါတယ် ။ ကိုယ်တိုင်လဲ .. လွတ်လပ်မှုနဲ့ အမှန်တရားကို တန်ဖိုးထားတဲ့ စိတ်နဲ့နေမယ် ။ ကိုယ်ချစ်တဲ့သူတွေကိုလဲ လွတ်လပ်မှုနဲ့ အမှန်တရားကို တစ်နေ့ထက်တစ်နေ့ ပိုချစ်တတ်အောင် .... ပိုခံစားတတ်အောင် ပြောနေမယ် ............. ဆွေးနွေးနေမယ် ...... ဒီလိုပြောတော့ ကိုယ်မချစ်တဲ့သူတွေကိုတော့ မပြောဘူးလို့ အဓိပ္ပါယ်ပေါက်သွားတယ် ။ ဒီလိုတော့ မဆိုလိုပါဘူး......... အားလုံးကိုပြောချင်လို့ ဒီစာကိုရေးနေတာပါ ........

ဆရာတော် ဦးဇောတိက

To Continue Reading

August 31, 2010

ရေစက်ကလေးတွေ


၁ + ၁ =၂
တစ်နဲ့တစ်ပေါင်းရင် နှစ်ရတာဟုတ်ပေမဲ့ ရေတစ်စက်နဲ့ ရေတစ်စက်ပေါင်းတဲ့ အခါမှာတော့ နှစ်စက်မရဘူး။ ရေတစ်စက်ပဲရတယ်နော်။ ဒါပေမဲ့ ရေစက်လေးတော့ ပိုကြီးသွားတယ်။ ဒါကြောင့် တွေ့ဖို့ရှိကြတဲ့ ရေစက်လေးတွေကို အတူတူပေါင်းစပ်ပြီး ရေစက်တွေ မခြောက်ခမ်းခင် တန်ဖိုးထားကြပါစို့လား သူငယ်ချင်းတို့ရေ။ ။ To Continue Reading

August 27, 2010

Relationship (DID I MARRY THE RIGHT PERSON?)


This is a very good article. Those who are still single may learn something from here... Those who are already married may take it as a guideline to improve your marriage & relationship ...


DID I MARRY THE RIGHT PERSON?

During one of our seminars, a woman asked a common question. She said, 'How do I know if I married the right person?'
I noticed that there was a large man sitting next to her so I said, 'It depends. Is that your husband?'
In all seriousness, she answered 'How do you know?'

Let me answer this question because the chances are good that it's weighing on your mind.

Here's the answer.

EVERY relationship has a cycle. In the beginning, you fell in love with your spouse/partner. You anticipated their call, wanted their touch, and liked their idiosyncrasies (unconventional behavior/habit).

Falling in love with your spouse wasn't hard. In fact, it was a completely natural and spontaneous experience. You didn't have to DO anything. That's why it's called 'falling' in love... Because it's happening TO YOU.

People in love sometimes say, 'I was swept off my feet.' Think about the imagery of that expression.
It implies that you were just standing there; doing nothing, and then something came along and happened TO YOU.


Falling in love is easy. It's a passive and spontaneous experience. But after a few years of marriage, the euphoria (excitement) of love fades. It's the natural cycle of EVERY relationship. Slowly but surely, phone calls become a bother (if they come at all), touch is not always welcome (when it happens), and your spouse's idiosyncrasies, instead of being cute, drive you nuts.

The symptoms of this stage vary with every relationship, but if you think about your marriage, you will notice a dramatic difference between the initial stage when you were in love and a much duller or even angry subsequent stage.

At this point, you and/or your spouse might start asking, 'Did I marry the right person?' And as you and your spouse reflect on the euphoria of the love you once had, you may begin to desire that experience with someone else. This is when marriages breakdown.

People blame their spouse for their unhappiness and look outside their marriage for fulfillment.

Extramarital fulfillment comes in all shapes and sizes. Infidelity is the most obvious. But sometimes people turn to work, a hobby, a friendship, excessive TV, or abusive substances.

But the answer to this dilemma does NOT lie outside your marriage. It lies within it. I'm not saying that you couldn't fall in love with someone else. You could.

And TEMPORARILY you'd feel better. But you'd be in the same situation a few years later. Because (listen carefully to this):

THE KEY TO SUCCEEDING IN MARRIAGE IS NOT FINDING THE RIGHT PERSON; IT'S LEARNING TO LOVE THE PERSON YOU FOUND.

SUSTAINING love is not a passive or spontaneous experience. It'll NEVER just happen to you. You can't 'find' LASTING love. You have to 'make' it day in and day out. That's why we have the __expression 'the labor of love.'
Because it takes time, effort, and energy. And most importantly, it takes WISDOM. You have to know WHAT TO DO to make your marriage work.



Make no mistake about it. Love is NOT a mystery. There are specific things you can do (with or without your spouse) to succeed with your marriage.

Just as there are physical laws of the universe (such as gravity), there are also laws for relationships.

Just as the right diet and exercise program makes you physically stronger, certain habits in your relationship WILL make your marriage stronger. It's a direct cause and effect. If you know and apply the laws, the results are predictable... you can 'make' love.

Love in marriage is indeed a 'decision'... Not just a feeling.

Remember always this:

"God determines who walks into your life.It is up to you to decide who you let to walk away,who you let to stay, and who you refuse to let go."

Relationshp is about making the person the right person, for no one come as the right person...

Source; Internet
project အတွက် ebook တွေ လျှောက်ရှာရင်း တွေ့ခဲ့တဲ့ pdf file လေးပါ။ author name လည်း မပါပါဘူး။ ကြိုက်လို့ လိုက်မယ်ထင်တဲ့ပုံတွေ ရှာပြီး ပြန် share လိုက်တာပါ။ Triangle ပုံကတော့ ကိုယ့်ဘာသာလုပ်ထားတာပါ။ ။ To Continue Reading

May 05, 2010

Meaning of 0 to 9

သူငယ်ချင်းတို့ရေ......
အင်္ဂလိပ် အက္ခရာ 0 to 9 မှာ meaningကိုယ်စီ ရှိကြတယ်ဆိုတာ.....
roman ဂဏန်းအက္ခရာ I, II, III, IV, .... နဲ့ခွဲခြားဖို့ arabic alogrithm ကို တည်ဆောက်ပြီး 1,2,3,4,.... ဖြစ်လာတယ်ပြောတာပဲ....
အောက်က ပုံတွေကို ကြည့်လိုက်နော်... အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်..... angle လေးတွေနဲ့ ခွဲ .... ခွဲသွားတာ....း)







Source ; http://groups.yahoo.com/group/new_fun_and_fun_only

To Continue Reading

January 18, 2010

ရေးမိရေးရာ (၁)

  • ကံကောင်းချင်တော့ G2000က style pantကို ၁၉ကျပ်နဲ့ ရခဲ့တယ်။ ကံမကောင်းချင်တော့ အိတ်ကပ်က အပိတ်ကြီး ဖြစ်နေတယ်။
  • ကံကောင်းချင်တော့ ဖုန်းအိတ်လေးက ဘောင်းဘီမှာ ချိတ်လို့အဆင်ပြေတယ်။


  • အဲ့နေ့က ..... ကံမကောင်းချင်တော့ လွယ်အိတ်ထဲမှာကျန်ခဲ့တဲ့ဖုန်းကို တကူးတက ပြန်သွားယူတယ်။
    ကံမကောင်းချင်တော့ ဖုန်းအိတ်လေးကို လက်မှာချိတ်မိတယ်။ handset လေး ပျောက်သွားတယ်။
  • ကံကောင်းချင်တော့ အဲ့နေ့ကျမှ ဖုန်းအိတ်ထဲမှာ ထည့်နေကျ cardပေါင်းစုံ မထည့်မိဘူး။
ဘာရယ်မဟုတ်ပါဘူး။ စိတ်ထဲရှိရာ လျှောက်ရေးမိတာပါ။ blog လေးကို ဖုန်ခါတာ.... :) To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer