" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label စိတ်အာဟာရ. Show all posts
Showing posts with label စိတ်အာဟာရ. Show all posts

February 28, 2011

ပထမခြေလှမ်း

~~~ ကြိုကြိုတင်တင် ပူပန်နေလည်း တွေ့ရမဲ့အဖြစ်တွေ... မပြောင်းလဲနိုင်... ဘာကိုမဆို ရင်ဆိုင်ဖို့ပဲ စဉ်းစားထားလိုက်တာ... တို့စိတ်ချမ်းသာမယ်။ တွေဝေနေရင် အချိန်ကုန်ရုံပဲ ဘာမှ မထူးဘူးကွယ်.... ဘဝကို ရပ်ဖို့ နည်းတွေမရှိ။ ကံကြမ္မာကို စိန်ခေါ်နိုင်ဖို့ တို့လှုပ်ရှားကြမယ်။ ယုံကြည်ခြေတစ်လှမ်း ခြေတစ်လှမ်း~~~

အဆိုတော် တင်ဇာမော်ရဲ့သီချင်းလေးပါ။ ဒီသီချင်းက ကျမ စိတ်ဓါတ်ကျတဲ့အခါတိုင်း အားပြန်တင်းဖို့ကြိုးစားတိုင်း နားထောင်ဖြစ်တဲ့ သီချင်းလေးပါ။ သီချင်းစာသားလေးတွေက တကယ်ကို စိတ်တက်ကြွစေပါတယ်။ ဒါပေမဲ့ နားထောင်မိတိုင်း တကယ် စိတ်ထဲမှာတွေးမိတာက သီချင်းခေါင်းစဉ်လေးပါ။ "ပထမခြေလှမ်း"တဲ့။

ဒီ "ပထမခြေလှမ်း"ဆိုတဲ့ပို့(စ်)လေးကို ရေးချင်နေတာ ကြာပါပြီ။ ဒီနေ့တော့ အားရက်ရတာနဲ့ ရေးလိုက်ပါတယ်။ ဖတ်ကြည့်ပေးကြပါဦး။

********************

ပထမခြေလှမ်းဆိုတာ မစခင်မှာ အရေးကြီးတာနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ရည်မှန်းချက်ပန်းတိုင်ကိုအရင်ဦးဆုံး ချမှတ်ဖို့ပါ။ ရည်မှန်းချက်ပန်းတိုင်ဆိုတာက ကိုယ်.. ဘယ်ကိုသွားမယ်ဆိုတာကို ချမှတ်ပေးတဲ့အရာဆိုတော့ သူရှိမှ ပထမခြေလှမ်းဆိုတာ ရှိမှာပါ။ ရည်မှန်းချက်ပန်းတိုင်ကို ချတဲ့နေရာမှာ ထည့်သွင်းစဉ်းစားရမှာက....
  • career (ဘယ်လို အလုပ်အကိုင်မျိုးကို လုပ်မလဲ)၊
  • attitude (ဘယ်လိုရှုထောင့်ကနေ ကြည့်မလဲ၊ ဘယ်လို အမြင်နဲ့ကြည့်မလဲ)၊
  • period (ဘယ်လောက်ကာလအတွင်းမှာ ပြီးဆုံးအောင်လုပ်မလဲ.. ရေတိုရည်မှန်းချက်လား... ရေလတ်ရည်မှန်းချက်လား.... ရေရှည်ရည်မှန်းချက်လား)၊
  • way (ဘယ်လိုရောက်အောင် ကြိုးစားမလဲ)၊
  • social involvement(ပတ်ဝန်းကျင်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ) .....ဒါတွေပါ စဉ်းစားဖို့လိုပါတယ်။
အဲ... ပန်းတိုင်ကို ချပြီးပြီဆိုရင်တော့ ဒုတိယအနေနဲ့က တိုးတက်မှုကိုတိုင်းတာဖို့ စံပေတံတစ်ခု ရှိရပါမယ်။ ကိုယ် ဘယ်လမ်းကိုသွားမယ်မှန်းလည်းမသိ၊ သွားနေတဲ့လမ်းကြောင်းမှာလည်း တိုးတက်မှုရှိမရှိကို တိုင်းတာပေးမဲ့အရာလည်းမရှိဘူးဆိုရင်တော့ အဲ့ဒီလူဟာ လမ်းပျောက်မှာ သေချာပါတယ်။ ဒီနှစ်ခုရှိမှ ပထမခြေလှမ်းကို စလှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒီနှစ်ခုကို ချမှတ်ပြီးပြီဆိုရင်တော့ "အဆိုးမြင်ခြင်း (Negative thinking)"တွေကို ဖျောက်လိုက်ဖို့ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဒီ အဆိုးမြင်ခြင်းက ကျမတို့ရဲ့ ရည်ရွယ်ချက်တွေ၊ ယတ္ထာဘူတာကျကျ တွေးခေါ်ပြုမူမှု၊ လုပ်ကိုင်နိုင်မှုတွေကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။
အဆိုးမြင်ခြင်းတွေကို ဖျောက်ပြီးပြီဆိုရင်တော့ ပထမခြေလှမ်းကို ယုံယုံကြည်ကြည်၊ သတ္တိရှိရှိနဲ့စပြီး ဇွဲရှိရှိနဲ့ ပန်းတိုင်ကိုရောက်အောင် သွားနိုင်ပြီလို့ ကျမထင်ပါတယ်။ ဒါပေမဲ့ လမ်းတစ်လျှောက်မှာတော့ ယုံကြည်ချက်၊ ဇွဲလုံ့လတို့ရှိဖို့လိုအပ်တဲ့အပြင် .... အဆိုးမြင်ဝါဒနဲ့ မကောင်းတဲ့စိတ်သဘောထားတွေ (ဒေါသ၊ ဝမ်းနည်းအားငယ်မှု၊ အချစ်၊ အမုန်း၊ သူများကိုအားကျခြင်း၊ မနာလိုခြင်းတွေ....) မရှိဖို့လည်း လိုအပ်ပါသေးတယ်။

"ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်"
"တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့ မလဲ" တဲ့။
ဒီစကားပုံလေးတွေက အလကားသက်သက် ပေါ်လာတာ မဟုတ်ပါဘူး။ ရည်ရွယ်တဲ့လမ်းက ဘယ်လောက်ဝေးနေပါစေ... မကောင်းမြင်တတ်တဲ့စိတ်၊ မကောင်းတဲ့စိတ်နေသဘောထားတွေကိုဖျောက်ပြီး ယုံကြည်ချက်၊ ဇွဲလုံ့လတို့နဲ့အတူ လျှောက်ရင် ပန်းတိုင်ဆိုတာ အသေအချာရောက်ရမှာပဲပေါ့...

Ref:
1. "ပထမခြေလှမ်း" သီချင်း By Tin Zar Maw
2. http://www.lifeoptimizer.org/2006/09/14/vision-the-first-step-of-life-optimization/

WITCH83
28th Feb 2011 (6:41PM)

To Continue Reading

October 18, 2010

မှတ်သားမိတဲ့ Quotes တစ်ချို့(၄)


မှတ်သားမိတဲ့ Quotes တစ်ချို့  အပိုင်း(၄)ကို ဆက်ရေးပါ့မယ်။ Quotesကို ကိုယ့်ဘာသာကိုယ် ဆိုရိုးစကားဆိုပြီး ဘာသာပြန်ထားတာ ဟုတ်ရောဟုတ်ရဲ့လား မသိပါဘူး။ မဟုတ်ရင်လည်း ပြင်ပေးကြပါဦး။း)

  • အပိုင်း(၃)အတွက် ပထမဆုံးရွေးထားတဲ့ ဆိုရိုးစကားကတော့ "သူဟာ ကိုယ် မဟုတ်ဘူး"တဲ့။
ဘုန်းဘုန်း အရှင်ဆေကိန္ဒဟောကြားခဲ့တဲ့စကားလေးပါ။ သိပ်ကိုမှန်တဲ့ စကားလေးပါပဲ။ သူဟာ ကိုယ်မဟုတ်ပါဘူး။ လူတွေက တစ်ခုခုဆိုရင် "ငါသာဆိုရင် အဲ့လို မလုပ်ဘူး။ ............ လို လုပ်မှာ"ဆိုပြီး သူများကို အပြစ်တင် ပြောဆိုတတ်ကြပါတယ်။ ဒါပေမဲ့ ခက်တာက၊ အဲ့ဒီလူတွေ မေ့နေတာက .... သူက ကိုယ်မဟုတ်ဘူးလေ။ ဘယ်လိုလုပ် ကိုယ်လုပ်သလို သူက လိုက်လုပ်မှာလဲ။ အဲဒီ သူကလည်း ကိုယ်ဖြစ်လို့ မရဘူးလေ။ ဖြစ်ရင် ရှုပ်ကုန်မှာပေါ့။

အဲဒီတော့ ကိုယ့်စိတ်တိုင်းကျတွေ ဖြစ်မလာတဲ့အခါ.... သူများကို အားမလိုအားမရဖြစ်တဲ့အခါ.... စိတ်ဆိုးတဲ့အခါ ... နှလုံးသွင်းရမှာက... အေးလေ။ သူက ကိုယ်မှမဟုတ်တာပဲ။ ဘယ်လိုလုပ် ကိုယ်ဖြစ်စေချင်သလို ဖြစ်မှာလဲ၊ ကိုယ်လုပ်သလို လိုက်လုပ်မှာလဲဆိုပြီး စိတ်ဖြေလိုက်တာကမှ မှန်ကန်တယ်၊ တရားနည်းလမ်းကျတယ် ထင်ပါတယ်။ ကိုယ့်စိတ်ကိုလည်း ငြိမ်းချမ်းစေမှာ ဖြစ်ပါတယ်။

  • ဒုတိယမြောက် quoteလေးကတော့ "မိမိကိုယ်ကို အပြည့်အဝ လက်ခံလိုက်ပါ" တဲ့။
အရမ်းကို မှန်တဲ့စကားတစ်ခွန်းပါပဲ။ အဲ့ဒီ "Accept who you are completely"ဆိုတဲ့စကားဟာ တကယ့်ကို မိမိကိုယ်တိုင်ရဲ့ ပျော်ရွှင်မှု၊ တန်ဖိုးထားမှု၊ ဘဝအောင်မြင်မှုအတွက် သိပ်ကို အရေးပါတဲ့ စကား ဖြစ်ပါတယ်။ လူတစ်ယောက်မှာ ကိုယ့်ရဲ့ အားနည်းချက်၊ အားသာချက်၊ ကောင်းတဲ့အကျင့်၊ ဆိုးတဲ့ အကျင့်တွေကို ကိုယ့်ကိုကိုယ် ပြန်သုံးသပ်သင့်ပြီး အဲ့ဒီ အချက်တွေအားလုံးကို (မိမိကိုယ်ကို မလိမ်ဘဲ) အပြည့်အဝ လက်ခံသင့်ပါတယ်။ အဲ့လို လက်ခံလိုက်မှလဲ ကိုယ့်ကိုကိုယ် သေချာမြင်နိုင်ပြီး အားနည်းချက်တွေကို ပြုပြင်၊ အားသာချက်တွေကို အသုံးချ၊ ကောင်းတဲ့အကျင့်တွေကို ဆက်ထိန်း၊ ဆိုးတဲ့အကျင့်တွေကိုဖျောက်နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုကိုယ် ပိုတန်ဖိုးထားနိုင်တဲ့၊ အောင်မြင်ပျော်ရွှင်တဲ့ဘဝကို ရနိုင်မယ်လို့ ထင်ပါတယ်။ လောလောဆယ်တော့ ကျမကိုယ်တိုင်လည်း ကိုယ့်ကိုကိုယ်၁၀၀% လက်ခံနိုင်တဲ့သူဖြစ်ဖို့ ကြိုးစားနေပါတယ်။း)

  • နောက်... တတိယမြောက် quote ကတော့ "ရှိတာနဲ့ ရောင့်ရဲနိုင်ပါစေ"တဲ့။
ကျမတို့တော်တော်များများ မှားယွင်းစွာ ယုံကြည်လက်ခံနေကြတဲ့  အချက်တစ်ခုကတော့ "ပျော်ရွှင်မှုဆိုတာ ကိုယ့်မှာမရှိတာကို ရအောင်လုပ်နိုင်တဲ့အရာ"လို့ ထင်နေကြတာပါပဲ။ ဒါပေမဲ့ တကယ်က ပျော်ရွှင်မှုဆိုတာ ကိုယ့်မှာရှိတဲ့အရာကို သိရှိလက်ခံနိုင်တာပါပဲ။ မိမိကိုယ်ကို ရောင့်ရဲနိုင်မှသာ ဒီလောကကြီးမှာ နေပျော်မှာပါ။ ပျော်ရွှင်မှုကို ဖန်တီးနိုင်မှာပါ။ ရောင့်ရဲခြင်းက ဘုရားတရားတော်နဲ့လည်း ညီပါတယ်။ ဒါကြောင့် ရောင့်ရဲပြီး ပျော်ရွှင်ကြပါစို့လား သူငယ်ချင်းတို့ရေ....


ကဲ.... သုံးခုလည်း ရေးပြီးသွားပြီဆိုတော့ ဒီပို့(စ်)ကို ဒီမှာ ရပ်ပါမယ်။ နောက် အပိုင်းတွေလည်း လာပါဦးမယ်။

စာကြွင်းအနေနဲ့ကတော့ ဒီ မှတ်သားမိတဲ့ Quotes တစ်ချို့ပို့(စ်)တွေက ကျမကိုယ်ကျမ ကျမရဲ့စိတ်ကို ဆုံးမဖို့လိုလာတဲ့အခါ ကိုယ်ဖတ်ဖူး၊ ကြားဖူးတဲ့ စကားတွေကို နှလုံးသွင်းတဲ့ quote တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖတ်ရတာ quoteတွေက အဆီငေါ်တည့်ချင်မှ တည့်ပါလိမ့်မယ်။ အမှားလေးများပါရင် ခွင့်လွှတ်ပေးကြပါလို့။

ကျေးဇူးတင်လျက်
WITCH83


To Continue Reading

September 27, 2010

မှတ်သားမိတဲ့ Quotes တစ်ချို့(၃)

ဒီဘလော့ကို လာဖတ်ကြတဲ့ သူငယ်ချင်းတွေတော့ မသိပါဘူး။ ကိုယ်ကိုတိုင်ကတော့ ဒီဘလော့ကို မကြိုက်ပါဘူး။ post အတင်ကြဲတဲ့အပြင် ကိုယ်တိုင်ရေးမဟုတ်ဘဲ Shared postတွေများလို့ပါ။ ဒါကြောင့် ကိုယ်လည်း blogging လို့သာ ပြောနေတာ... သူများတွေရေးထားတဲ့ ဘလော့လေးတွေ လိုက်ဖတ်တာများပါတယ်။
တကယ်တော့ ကိုယ်တိုင်ရေးချင်တဲ့ အကြောင်းအရာတွေက အများကြီးပါ။ ဒါပေမဲ့ တကယ်ရေးမယ်ဆိုတော့ ရေးရမှာ နည်းနည်းခက်သလိုပါပဲ။ ဒါကြောင့် ဒီနေ့တော့ ...... "မှတ်သားမိတဲ့ Quotes တစ်ချို့"ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုယ်တိုင်ရေး postကို တင်ချင်ပါတယ်။ ရေးရလွယ်ပြီး သူများတွေအတွက်လည်း အကျိုးရှိမယ်ထင်လို့ပါ။ ဖတ်ကြည့်ပေးကြပါဦးနော်..... :)

တကယ်တော့ quotes တွေဟာ ကျွန်မတို့လူသားတွေအတွက် တကယ်ကို အရေးပါပြီး အသုံးဝင်တယ်လို့ ထင်ပါတယ်။ ဆုတောင်းရုံနဲ့ မဖြစ်နိုင်တဲ့အခါ၊ ကိုယ့်စိတ်ငြိမ်းချမ်းတည်ငြိမ်အောင် လုပ်ဖို့လိုအပ်လာတဲ့အခါ၊ ကိုယ့် ယုံကြည်မှုတွေ ပိုပြီးခိုင်မာဖို့ လိုအပ်လာတဲ့အခါ ပညာရှိတို့ ပြောကြားခဲ့တဲ့ ဒီစကားလေးတွေဟာ သိပ်အသုံးဝင်ပါတယ်။ စိတ်အာဟာရလေးတွေပေါ့။ အမလေး.... နိဒါန်းကလည်း ချီနေလိုက်တာနော်.... လိုရင်းကို မရောက်နိုင်တော့ဘူး။ စရေးတော့မယ်နော်.... အများကြီး တစ်ခါတည်း မရေးနိုင်လို့ အပိုင်းနဲ့ ခွဲရေးဖို့ စဉ်းစားထားပါတယ်။း)
(၁) ပထမဆုံးတစ်ခုက...."အရိပ်ကိုလို နေပူကစောင့်....တဲ့... စောင့်နေရတာ ကြာတယ်။ အပူခံပြီး စောင့်မနေနဲ့။ နေရိပ်တဲ့ဆီ အမြန်လျှောက်သွားလိုက်"

တဲ့။ ဆရာတော် အရှင်ဆေကိန္ဒ ပြောကြားခဲ့တဲ့ စကားစုလေးပါ။ original သဘောကတော့ နေပူခံပြီးရင် အရိပ်လာမယ်လို့ အားပေးတာပါ။ ဒါပေမဲ့ ဆရာတော်က အေးလာမှာပဲဆိုပြီး နေပူမှာ ရပ်စောင့်နေမဲ့အစား အချိန်မဆွဲဘဲ နေရိပ်မဲ့နေရာကို အမြန်ရှာပြီး သွားဖို့ တိုက်တွန်းဆုံးမထားတာပါ။ ဒီစကားစုလေးကို ဒုတိယနှစ်လောက်တုန်းက အစ်မဝင်းကွဲတစ်ယောက် ပေးတဲ့ ဆရာတော် အရှင်ဆေကိန္ဒ၏ အသိပေးစကားစုများဆိုတဲ့ စာအုပ်သေးသေးလေးကနေ ဖတ်သိခဲ့ရတာပါ။ အပိုင်းတော့ မမှတ်မိပါဘူး။ အပိုင်း (၃)ပိုင်း ရှိတာတော့ မှတ်မိပါတယ်။

(၂) နောက်ထပ် အဲ့စာအုပ်လေးတွေကပဲ မှတ်သားမိတဲ့ စကားစုလေးတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ "လူ့ပတ်ဝန်းကျင်ကို ဂရုစိုက်လွန်းရင် လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို ရောက်သွားမယ်။ လူ့ပတ်ဝန်းကျင်ကို ဂရမုစိုက်လွန်းရင်လည်း လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်ကို ရောက်တတ်တယ်။ " တဲ့.... အရမ်းကို မှန်ကန်တဲ့ စကားစုလေးပါ။ ဆရာတော်က ပတ်ဝန်းကျင်ဆိုတာကြီးကို ဂရုအစိုက်လွန်ပြီး လူ့အသိုင်းအဝိုင်းမှာ ကိုယ့်ကိုကိုယ် လှောင်မပိတ်ထားမိအောင်၊ ပတ်ဝန်းကျင်ကိုစွန့်ပယ်ပြီး ထင်ရာမဆိုင်းဖြစ်အောင် ဆုံးမထားတဲ့ အလယ်အလတ်ကျင့်နည်းလေးတစ်ခုပါပဲ။ အရမ်းကို မှန်ကန်ပြီး အကျိုးရှိတဲ့ စကားစုလေးပါပဲ။

အဲ့ဒီအချိန်ကတည်းက တမင်တကာ မှတ်သားတာမျိုးမဟုတ်ဘဲ ခုချိန်ထိ ခေါင်းထဲဆွဲနေတဲ့ ကိုယ်တိုင်လည်း ကျင့်သုံးတဲ့ စကားစုလေးပါ။ သူငယ်ချင်းတွေကို ပြန်ပြီး ဝေမျှလိုက်ပါတယ်နော်။ ဒါပေမဲ့ သိပြီးသားလည်း ဖြစ်ချင်ဖြစ်ကြမှာပါ။

(၃) နောက်တစ်ခုက "မုန်တိုင်းပြီးရင် လေပြေလာမယ်" ဆိုတဲ့ quote လေးပါပဲ။ ဂုဏ်ထူးတန်းတက်နေတဲ့ အ ချိန်လောက်တုန်းက magazineတစ်စောင်ကနေ ဖတ်ရတဲ့ ဆောင်းပါးတစ်ပုဒ်ကနေ ရခဲ့တဲ့ ဆောင်ပုဒ်လေးတစ်ခုပါ။ မိသားစုမှာ တကယ်ကို စီးပွားရေးရော၊ လူမှုရေးပါ မုန်တိုင်းထန်ခဲ့တဲ့အချိန်၊ ကိုယ်ကိုတိုင်လည်း ကိုယ်ရေးကိုယ်တာကိစ္စတွေ အဆင်မပြေနေတဲ့အချိန်မှာ ရလိုက်တဲ့ အားဆေးကောင်းတစ်ခုပါပဲ။ သိပ်မှန်တဲ့ စကားစုလေးဆိုလည်း မမှားပါဘူး။ အဆိုးတွေပြီးရင် အကောင်းတွေ လာမှာပဲလေ။ လောကကြီးမှာ ဘယ်အရာမှ တသမတ်တည်း ဖြစ်နေမယ်ဆိုတာ မရှိပါဘူး။ စာရေးစရာကတော့ အဲ့ဒီဆောင်ပုဒ်နဲ့အတူ ပြောတာတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကိုယ့်စိတ်ထဲ ဆွဲသွားတာကတော့.... မုန်တိုင်းပြီးရင် လေပြေလာမယ်.... ဆိုတာပါပဲ.... စိတ်ညစ်စရာတွေ အရမ်းများခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ ကိုယ့်အာရုံတွေကို အိမ်ကအလုပ်တွေကို တတ်နိုင်သလောက် ကူလုပ်ပေးရင်း၊ juniorတွေကို စာပြန်သင်ရင်း၊ စာကြိုးစားရင်း အမြဲတမ်း ပြုံးပျော်ပြီးနေနိုင်တဲ့သူဖြစ်အောင် ကူညီပေးခဲ့တဲ့ စကားစုလေးပဲ ဖြစ်ပါတယ်။ သမီးက livelyမဖြစ်ဘူး။ အမြဲတမ်း ခပ်တည်တည်နဲ့ဆိုပြီး မချင့်မရဲနဲ့ အမြဲ ပြောတတ်တဲ့ အဒေါ် လက်ဖျားခါသွားတဲ့အထိပါပဲ။ ပညာရေးအပိုင်းမှာလည်း UCSYတက်ခဲ့တဲ့တစ်လျှောက် မရဘူးခဲ့တဲ့ resultကိုလည်း ပထမဆုံး ရခဲ့ပါတယ်။ :)

(၄) နောက်တစ်ခုကတော့ ဆရာမဂျူးရေးတဲ့ 'စောင့်ဆိုင်းခြင်း၏ နိယာမ' ဝတ္ထုထဲက စကားစုလေးပါ။ quoteလို့ ပြောလို့ ရမရတော့ မသိပါဘူး။ အဲဒီစကားစုလေးကတော့ "ကိုယ်လိုချင်တဲ့ တစ်စုံတစ်ခုကို ရရှိခြင်းနဲ့၊ ရရှိလို့ ပျော်ရွှင်ခြင်းကြားက ဝှက်ဖဲကတော့ အချိန် ပါပဲ " တဲ့.... စာသားကတော့ အဲ့အတိုင်း အတိအကျတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာမပြောချင်တာ အဲ့ဒီသဘောတရားပါပဲ။ ဖတ်ပြီးပြီးချင်းလုံးဝကို လက်ခံပြီး စိတ်ထဲအမြဲစွဲသွားတဲ့ စကားစုလေးပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် walkmanတစ်ခုကို ဟိုးငယ်ငယ်တုန်းက လိုချင်ခဲ့ပေမဲ့ ခုချိန်မှာ ကိုယ့်ကိုလာပေးရင် ဘယ်ပျော်တော့မလဲလေ... နော်?? iPodလေးလိုချင်တာပေါ့။ mp3 player ဆိုရင်တောင် ဟုတ်တုတ်တုတ်... :P.... အကောင်းပြောနေရင်း ဖောက်လာပြီ။ ကျွန်မပြောချင်တာက အချိန်ဆိုတဲ့ ဝှက်ဖဲလေးနဲ့ တွဲပါနေတဲ့ ပြောင်းလဲခြင်းတရားပါ။ စာဖတ်သူတို့ နားလည်လိမ့်မယ်ထင်ပါတယ်။

ကဲ.... ရေးရင်း ရေးရင်းနဲ့တော့ post တစ်ခုစာ လုံလောက်သွားပြီ ထင်ပါတယ်။ ကိုယ်တိုင်ရေး post count လည်း တိုးပြီပေါ့။ နောက်မှပဲ အပိုင်း(၂)ကို ဆက်ရေးပါတော့မယ်။
ကျေးဇူးတင်လျှက်
WITCH83

To Continue Reading

October 21, 2009

The Lion and the Gazelle

Every morning in Africa, a gazelle awakens. He has only one thought on his mind: To be able to run faster than the fastest lion. If he cannot, then he will be eaten.
Every morning in Africa a lion awakens. He has only one thought on his mind: To be able to run faster than the slowest gazelle. If he cannot, he will die of hunger.

Whether you choose to be a gazelle or a lion is of no consequence. It is enough to know that with the rising of the sun, you must run.

And you must run faster than you did yesterday.This is the race of life."
- African Proverb

To Continue Reading

October 19, 2009

လိပ်ပြာ

တစ်ခါက လူတစ်ယောက်ဟာ လိပ်ပြာဖြစ်လာမယ့် ပိုးအိမ်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်။ တစ်နေ့တော့ ပိုးအိမ်လေးမှာ အပေါက်သေးသေးလေးတစ်ခု ပေါ်လာပါတယ်။ ပိုးအိမ်လေးကို ယူလာတဲ့သူကလည်း အဲဒီအပေါက်လေးကနေ လိပ်ပြာလေး တိုးထွက်နေတာကို စိတ်ဝင်တစားနဲ့ နာရီပေါင်းများစွာ ထိုင်ကြည့်နေမိပါတယ်။ ကြည့်နေတုန်းမှာဘဲ လိပ်ပြာလေးအပေါက်ကနေ ဆက်မထွက်နိုင်ရှာတော့ဘဲ ရပ်သွားပါတယ်။ သူ့ကိုကြည့်ရတာ အစွမ်းကုန်ကြိုးစားခဲ့ပြီး အပေါက်ကနေ ဆက်ထွက်နိုင်စွမ်း မရှိတော့တဲ့ပုံပါဘဲ။

ထိုင်ကြည့်နေတဲ့သူလည်း လိပ်ပြာလေးကို ကူညီဖို့ ဆုံးဖြတ်လိုက်ပြီး ကတ်ကြေးနဲ့ ပိုးအိမ်လေးကို ညှပ်ပြီးခွဲပေးလိုက်ပါတယ်။ အဲဒီအခါမှာ လိပ်ပြာလေးပိုးအိမ်ထဲကနေ အလွယ်တကူဘဲ ထွက်လာနိုင်ပါတယ်။ လိပ်ပြာလေးရဲ့ ကိုယ်ခန္ဓာဟာ နုနယ်တင်းရင်းလွန်းနေပြီး အတောင်ပံလေးတွေဟာလည်း တုန်ရိချိတဲ့နေပါတယ်။

အဲဒီလူလည်း လိပ်ပြာလေးရဲ့ ကိုယ်ခန္ဓာ အချိန်တန်ရင် အနေတော်ကျုံ့သွားပြီး အတောင်ပံတွေကလည်း ကိုယ်ခန္ဓာကို ထိန်းနိုင်တဲ့အထိ ကြီးလာမည့်အချိန်ကို ဆက်ပြီးစောင့်ကြည့်နေပါတယ်။ ဒါပေမယ့် တစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။ ဖြစ်မလာဘဲနဲ့ လိပ်ပြာလေးဟာ ဒီလိုနုနယ်တင်းရင်းတဲ့ ကိုယ်ခန္ဓာလေးရယ်၊ ချိနဲ့နဲ့တောင်ပံလေးရယ်နဲ့ဘဲ အသက်ထက်ဆုံး နေသွားရရှာပါတယ်။ သူဘယ်တော့မှ ပျံနိုင်စွမ်း မရရှိခဲ့ရှာပါဘူး။

လိပ်ပြာလေးကို ကြင်နာသနားတာကြောင့် ခပ်မြန်မြန်ကူညီလိုက်တဲ့လူ နားမလည်ခဲ့တဲ့အချက်က လိပ်ပြာလေးအပေါက်က တိုးထွက်နေစဉ်မှာ အားစိုက်ထုတ်လိုက်တိုင်း အားစိုက်ထုတ်လိုက်တိုင်း သူ့ကိုယ်ခန္ဓာထဲကထွက်လာတဲ့ အရည်တွေဟာ အတောင်ပံ တွေဆီကို ရောက်သွားကြပြီး အတောင်ပံတွေကို ပိုပြီးသန်စွမ်းလာစေပါတယ်။ ဒါပေမယ့် ပိုးအိမ်ရဲ့အပေါက်က သေးသေးလေးဖြစ်နေရခြင်းနဲ့ အဲဒီအပေါက်သေးသေးလေးက တိုးထွက်နိုင်ဖို့ လိပ်ပြာလေးရဲ့ ရုန်းကန်အားစိုက်ထုတ်ရမှုတွေဟာ လိပ်ပြာလေး ပိုးအိမ်ထဲက အောင်အောင်မြင်မြင် ထွက်လာနိုင်တဲ့အချိန်မှာ အဆင်သင့် ပျံသန်းနိုင်စွမ်းရှိတဲ့ အတောင်ပံတစ်စုံ ရဖို့အတွက်ပါဘဲ။

တစ်ခါတစ်ရံ လူ့ဘဝမှာ ပင်ပင်ပန်းပန်း ရုန်းကန်ကြိုးစားရမှုတွေဟာ ကျွန်တော်တို့ရဲ့ဘ၀မှာ လိုကို လိုအပ်တဲ့အရာတွေပါ။ ဘ၀ကို အခက်အခဲ မရှိဘဲ ဖြတ်သန်းသွားရတယ်ဆိုရင် ကျွန်တော်တို့တစ်တွေ ချိနဲ့အားနည်းသူတွေ ဖြစ်သွားကြမှာပါ။ ကိုယ်တကယ် သန်စွမ်းသင့်သလောက် သန်စွမ်းလာမှာ မဟုတ်တော့ပါဘူး။ လိပ်ပြာလေး ဘယ်တော့မှ ပျံသန်းနိုင်စွမ်း မရရှိတော့သလိုမျိုးပေါ့။

အခက်အခဲတွေက ကျွန်တော်တို့တတွေကို တကယ်ဘဲပိုမိုပြီး ရင့်ကျက်သန်မာစေပါတယ်။ အခက်အခဲတွေကြုံတွေ့စဉ်မှာ အစွမ်းကုန် စိုက်ထုတ်ခဲ့တဲ့ အင်အားတွေကလည်းနောင်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ စွမ်းရည်တွေအဖြစ်ပြောင်းလဲသွားပြီး ကိုယ့်ဘ၀မှာ အမြဲအထောက်အကူ ပြုနေတော့မှာပါ။ ပြဿနာတွေ အတားအဆီးတွေကြုံနေစဉ်မှာ ဖြတ်ကျော်ချင်ဇောနဲ့ အစွမ်းကုန် ကြိုးစားရုန်းကန်ပြီး အောင်မြင်သွားတဲ့အခါမှာ အသီးအပွင့်ခံစားရတဲ့ အတွေ့အကြုံကို အားလုံးလည်း ခံစားတွေ့ကြုံဖူးကြမယ်ထင်ပါတယ်။ လူ့ဘ၀မှာ ရုန်းကန်လှုပ်ရှားနေရသရွေ့ အခက်အခဲနဲ့ကတော့ ကင်းနိုင်ကြမယ်မထင်ပါဘူး။ အားလုံး အသန်မာဆုံး အတောင်ပံတွေနဲ့ ပျံသန်းနေတဲ့ လိပ်ပြာလေးတွေ ဖြစ်ကြပါစေလို့ ....
I just post the original article.Source; Forward Mail.
To Continue Reading

May 28, 2009

ဂျပန်နိုင်ငံကို တိုးတတ်စေခဲ့တဲ့ စကားတစ်ခွန်း.....


ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့...စစ်ရှုံးသူနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ အဓိက ပါဝင်ခဲ့တယ်..။သူတိုက်ထားတဲ့ စစ်ကုန်ကျစရိတ် ၊ သူသိမ်းပိုက်ထားလို့ စစ်ရှုံးတော့ ပြန်လည်ပေးချေရမဲ့ စစ်လျော်ကြေး နှစ်ပေါင်းများစွာတောင်မှ ကျေနိုင်ပါ့မလား..။ ဂျပန်ကို စစ်တိုက်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက လူဦးရေနှင့် နိုင်ငံအကျယ်အ၀န်းကြောင့်...။ကမ္ဘာမှာ စတုတ္တလူဦးရေ အများဆုံးနိုင်ငံ...။ဒါပေမဲ့ စစ်ရှုံးတော့ နိုင်ငံရှိ စစ်သား ၊ အမျိုးသားတော်တော် များများက ဂျပန်ထုံးစံအတိုင်း အရှုံးကို အသက်နဲ့လဲပြီး ကိုယ့်ကိုယ်ကိုသတ်သေခဲ့ကြတယ်..။ ဂျပန်မှာ ပေးရမဲ့ စစ်လျော်ကြေးတွေ ၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အမေရိကန်က စစ်ရေးအရ ကာကွယ်ချုပ်ကိုင် ထားခဲ့လို ဂျပန်မှာ စစ်ရေးမရှိ ၊ စီးပွားရေး...နိတ္ထိနဲ့..ဘယ်က စရမှန်းမသိဖြစ်နေချိန်နေ့စဉ် ကိုယ့်ကိုယ်သတ်သေသူတွေ အဆက်မပြတ် ..၊ ဒီအချိန်မှာ စကားတစ်ခွန်း ထွက်ပေါ်လာတယ်..။



“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။”


ဘယ်လောက်ခက်ခဲနေပါစေ...ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။ရှစ်ခါလဲရင် ကိုးခါထမယ်။ အကြိမ်တစ်ရာလဲရင် တစ်ရာ့တစ်ကြိမ်ထမယ်..။

ဒီစကားကြားရတော့ စိတ်ပျက်အားငယ်နေတဲ့ ဂျပန်တွေ ကိုယ့်နိုင်ငံကို အမေရိကန်က စစ်ရေးအရ သိမ်းပိုက်ချုပ်ကိုင်ထားလို့ စိတ်ပျက်နေတဲ့ စစ်သားတွေ အာလုံးတတ်ကြွလာပြီး သူတို့ရဲ့ အင်အားခွန်အားတွေ အားလုံးကို စက်ရုံတွေမှာ အသုံးချရင်း ဂျပန်နိုင်ငံဟာ ကမ္ဘာကို စီးပွားရေးနဲ့ ချုပ်ကိုင်လာ ဦးမော့ လာနိုင်ခဲ့တယ်..။ ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးထုတ်ကုန်အဖြစ် ကမ္ဘာကို တိုးဝင်တဲ့ စီးပွားရေးက အမွှေးပွရုပ်တွေပါ....



သူငယ်ချင်းတို့ရေ....ဘ၀မှာ အကြိမ်ကြိမ် ဘယ်လိုပဲ လဲကျကျ ၊ အကြိမ်ကြိမ်ပြန်ထလိုက်စမ်းပါဗျာ..။ဘ၀ဆိုတာ ဒီလိုပါပဲ... လဲကျရင် .လူးလဲထရင်း ရင်ဆိုင်ဖြတ်သန်းရတာပါ..။ တစ်ခါတစ်လေစိတ်ပျက်အားငယ်စိတ် ဝင်လာရင် ကျွန်တော်ပြောတဲ့ စကားလေး မှတ်ထားပေးပါ...။ပြီးတော့ ကြွေးကြော်လိုက်စမ်းပါ....။

“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။”




zaw357@gmail.com ဘာသာပြန်သည်..။

ကျွန်မရဲ့အမြင်

ဒီ post လေးကတော့ ကိုzaw357 ပလာတာ ၀ယ်စားရင်း ထုတ်ပေးလိုက်တဲ့ စာရွက်လေးထဲကပါ..။ အကြောင်းအရာ အပြည့်အစုံမပါပေမဲ့ ဘယ်သူရေးမှန်းလဲ မသိပေမဲ့ တန်ဖိုးရှိလို့ share ပေးထားတဲ့ post လေးပါ။ ကျွန်မ သဘောကျလို့ ပြန်ဖော်ပြလိုက်ပါတယ်။ ကျွန်မတို့ လူသားတွေ ဖြတ်သန်းရတဲ့ ဘဝတစ်လျှောက်မှာ အောင်မြင်မှုတွေ၊ ကံကောင်းမှုတွေနဲ့ကြီး ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ရှုံးနိမ့်မှုတွေ၊ ကံဆိုးမှုတွေလည်း ရှိတတ်ကြပါတယ်။ ဒါပေမဲ့ အဲလို ဆိုးရွားမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ဓါတ်ကျနေစရာ မလိုပါဘူး။ ကြိုးစားတိုင်း အောင်မြင်တတ်ကြတာ၊ ကံကောင်းတတ်ကြတာ မဟုတ်ပါဘူး။ အမြဲတမ်း မအောင်မြင်နိုင်သလို အမြဲတမ်းလည်း မရှုံးနိမ့်နိုင်ပါဘူး။ အောင်မြင်မှု၊ အဆင်ပြေမှုတွေ တွေ့တဲ့အခါ စံစားပြီး ရှုံးနိမ့်မှုတွေ၊ ကံဆိုးမှုတွေ တွေ့ကြုံရတဲ့အခါ လက်ခံလိုက်ပါ။ လူတစ်ယောက်ရဲ့တန်ဖိုးဟာ ကံဆိုးမှုတွေ၊ အဆင်ပြေမှုတွေအပေါ် ဘယ်လိုသည်းခံပြီး ရင်ဆိုင်နိုင်တယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ရှုံးနိမ့်မှုတွေကနေ သင်ခန်းစာယူပြီး ပြန်ပြီးကြိုးစားနိုင်ပါတယ်။ ပထမအကြိမ် ရှုံးနိမ့်ရင် ဒုတိယအကြိမ် ကြိုးစားလိုက်ပါ။ ဒုတိယအကြိမ် ရှုံးနိမ့်ရင် တတိယအကြိမ် ကြိုးစားလို့ရပါတယ်။ တစ်ချိန်မှာတော့ အောင်မြင်ရမှာပါ။ လဲကျသွားတဲ့ အကြိမ်အရေအတွက်ထက် ပြန်ထလာတဲ့အကြိမအရေအတွက် တစ်ကြိမ်ပိုဖို့ပဲ လိုပါတယ်။ ခုနှစ်ခါလဲရင် ရှစ်ခါ ထကြမယ်လေ.....

source; http://zaw357.multiply.com/journal/item/206
To Continue Reading

May 09, 2009

မှတ်သားမိတဲ့ Quotes တစ်ချို့ (၂)


ကျွန်မကြိုက်တဲ့ quotes တစ်ချို့ (၂)လို့ ရေးထားတာပါ။ Sync ဖြစ်အောင် မှတ်သားမိတဲ့ Quotes တစ်ချို့ (၂)လို့ ပြောင်းလိုက်တာပါ။

Life Philosophy လေးတွေပါ။ သဘောကျလို့  ပြန် share လိုက်ပါတယ်။



  • Do not let what you cannot do interfere with what you can do..... John Wooden

  • You can't make someone else's choices.You shouldn't let someone else make yours..... Colin Powell


  • When an affliction happens to you, you either let it defeat you,or you defeat it.....Rosalind Russell

  • You will never achieve what you never begin...
    The measure of a man is the way he bears up under misfortune.
    Don't wait for your ship to come in, swim out to it.
    Man cannot discover new oceans unless he has the courage to lose sight of the shore.....Andre Gide

  • Find something you love to doand you'll never have to work a day in your life.....Harvey Mackay

  • You can do what you think you can do and you cannot do what you think you cannot.....Ben Stein

  • Find something you love to doand you'll never have to work a day in your life.....Harvey Mackay
source; http://www.isopersonals.com/


အချိန်မရလို့  မူရင်းအတိုင်းပဲ ဖော်ပြလိုက်ပါတယ်။း) To Continue Reading

April 23, 2009

ငါးရှဥ့်ပုံပြင်

ဒီတစ်ခါတော့ မနိုင်းနိုင်းစနေ ဘာသာပြန်ထားတဲ့ post ကိုတင်ပါမယ်။
ဂျပန်တွေရဲ့ ရာဇဝင်ပုံပြင်လို့ သိရပါတယ်။
ပုံပြင်လေးကတော့ .....
"ရှေးရှေးတုန်းက ဂျပန်တံငါတွေ ငါးရှဥ့်ဖမ်းထွက်ကြတော့ သူတို့ရဲ့လှေကသေးတာကြောင့် လှေဝမ်းထဲ ဖမ်းရထားတဲ့ ငါးရှဥ့်တွေဟာ ကမ်းမကပ်ခင်သေကုန်ကြတယ်။ ဒါပေမယ့် တံငါတစ်ဦးရဲ့ လှေအပြင်အဆင်တွေက တစ်ခြားတံငါသည်တွေရဲ့ လှေနဲ့တူတယ်ဆိုပေမယ့် သူဖမ်းရတဲ့ ငါးရှဥ့်တွေကကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေသေးတာကို တွေ့ရတယ်။ ဒါကြောင့်သူ့ငါးရှဥ့်အရှင်တွေက တစ်ခြားသူတွေထက် အမြဲဈေးကောင်း ပိုရခဲ့တယ်။နှစ်ကြာလာတော့ အဲဒီတံငါသည်ဟာ စုဆောင်းမိပြီး အရွယ်ထောက်လာတာကြောင့်ငါးဖမ်းမထွက်ခဲ့တော့ဘူး။ ဒါပေမယ့် သားကို ငါးရှဥ့်ဖမ်းတဲ့ လျှို့ဝှက်ချက်သင်ပေးလိုက်တယ်။

အဲဒီလျှို့ဝှက်ချက်က တံငါသည်ဟာ လှေဝမ်းထဲမှာ Catfish လို့ခေါ်တဲ့ ငါးတစ်ချို့ထည့်ထားပြီး ဖမ်းရတဲ့ငါးရှဥ့်ကို Catfish နဲ့အတူ ရောထည့်ထားလိုက်တယ်။ ရောထည့်ခံရတဲ့ ငါးနှစ်မျိုးဟာ အချင်းချင်း ကိုက်ဖြတ်ကြတယ်။ Catfish ရဲ့ တိုက်ခိုက်မှုကို ငါးရှဥ့်က မဖြစ်မနေ ပြန်ခုခံခဲ့ရတယ်။ ငါးရှဥ့်ရဲ့ "အသက်ရှင်ရေး"ဆိုတဲ့ သဘာဝစိတ်က အပြန်အလှန် တိုက်ခိုက်မှုအောက်မှာ အလိုအလျှောက် ထကြွလာခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ကမ်းကပ်တဲ့အထိ မသေဘဲ ရှိနေခဲ့တာဖြစ်တယ်။

တံငါသည်က ဆက်ပြီး သားကို ပြောပြခဲ့တယ်။ ကမ်းမကပ်ခင် သေရတဲ့ ငါးရှဥ့်တွေက သူတို့ကို ဖမ်းမိသွားပြီ။ ဘယ်လိုပဲရုန်းရုန်း လွတ်တော့မှာ မဟုတ်ဘူးဆိုပြီး သေဖို့ကိုပဲ စောင့်နေခဲ့ကြလို့ သူတို့ရဲ့ အသက်ရှင်ဖို့ဆိုတဲ့ မျှော်လင့်ချက်က အလွယ်တကူ ပျက်စီးခဲ့ရတယ်။ ဒါကြောင့် လှေဝမ်းထဲမှာ ကြာကြာမနေရဘဲ အချိန်တိုအတွင်း သေသွားကြတာဖြစ်တယ်။

တံငါသည်က စိန်ခေါ်မှုတွေကို သတ္တိရှိရှိရင်ဆိုင်ဖို့၊ စိန်ခေါ်မှုကြောင့် ဘဝရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ မျှော်လင့်ချက်က ပိုပြီးပြည့်စုံလာမယ့်အကြောင်း သားကို သင်ပြပေးခဲ့တယ်။ "

ဂျပန်မိဘတွေက ကိုယ့်သားသမီး ကြီးပြင်းလို့ နားလည်မှုအတင့်သင့် ရှိလာတဲ့အခါ ဒီပုံပြင်ကို ပြောပြလေ့ရှိကြတယ်။ ဒါကြောင့် ဂျပန်လူမျိုးတွေရဲ့ ဘဝစိန်ခေါ်မှုတွေကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စွမ်းရည်တွေကြောင့် ဂျပန်နိုင်ငံက ယနေ့အာရှမှာ အတိုးတက်ဆုံး နိုင်ငံဖြစ်ခဲ့တယ်။

Catfish ကို မြန်မာလို ငါးခူလို့ခေါ်တယ် ထင်ပါတယ်။ ပုံရှာကြည့်တာ ငါးခူနဲ့တူနေလို့။

source;နိုင်းနိုင်းစနေ ဘာသာပြန်သည်။


To Continue Reading

April 01, 2009

မှတ်သားမိတဲ့ Quotes တစ်ချို့ (၁)

ကျွန်မကြိုက်တဲ့ Quotes တစ်ချို့ (၁)ဆိုပြီး ရေးထားတာပါ။ နောက်မှ ရေးထားတဲ့ ပို့(စ်)အားလုံး sync ဖြစ်အောင် မှတ်သားမိတဲ့ Quotes တစ်ချို့ (၁)ဆိုပြီး ပြောင်းလိုက်တာပါ။ (၁) ပျော်ရွှင်မှု တံခါးပေါက်တစ်ပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက်တံခါး တစ်ပေါက် ပွင့်လာတယ်။ ဒါပေမဲ့ အချိန် တော်တော်များများမှာ ပိတ်သွားတဲ တံခါးကို ငေးမှိုင်ထိုင်တွေး နေတာန့ဲပဲ ကျွန်မတို့ အတွက် ပွင့်လာတဲ့ နောက်တံခါးကို သတိမမူမိနိုင်တော့ဘူး။
Anonymous

(၂) ကျွန်မတို့ ဟာ မဆုံးရှုံးရမချင်း ဘာတွေပိုင်ဆိုင်ထားသလဲဆိုတာ သတိမထားမိကြဘူး။ အဲဒီအတိုင်းပဲ။ ကျွန်မတို့ ဆီ ပစ္စည်းတစ်ချို့ ရောက်လာတဲ့ အချိန်ကြမှ အရင်က ဒါတွေ ဘ၀မှာ လစ်ဟာနေခဲ့ပါလားဆိုတာ သိလာရတတ်ပါတယ်။
Anonymous

(၃) သင့်ကိုမွေးဖွားလာတုန်းက သင်ဟာ ငိုနေခဲ့ပါတယ်။ ဒါပေမဲ့ သင့်ဘေးပတ်လည်က လူတွေ အားလုံး ပြုံးနေခဲ့ကြပါတယ်။ သင် သေသွားပြီ ဆိုရင်တော့ ဒီလိုဖြစ်အောင် အခုကတည်းက နေနိုင်အောင် ကြိုးစားပါ။ သေခါနီးအချိန်မှာ သင်ပတ်လည်က လူတွေ အားလုံး ငိုနေကြပေမဲ့ သင်ဟာ ပြုံးနေနိုင်သူပေါ့။
Anonymous

(၄) ဘဝမှာ ဝေဝေဝါးဝါးနဲ့ ဝေးသွားတဲ့ကိစ္စတွေကလည်း အများကြီးပါ....
ကိုညီလင်းဆက်ရဲ့ "တိုတိုလေးနဲ့ တိုးတိုးလေး" ကဗျာမှ

(၅) အချစ်စစ်ဆိုတာ ချစ်နိုင်တဲ့အချိန်၊ ချစ်ခွင့်ရတဲ့အချိန်မှာ တန်ဖိုးထား ချစ်နေဖို့နဲ့ လက်လွတ်သင့်တဲ့ အချိန် ကြုံလာရင် လက်လွတ်တတ်ဖို့ပါပဲ။ တစ်ခုကို လက်လွတ်တတ်မှ ကျန်အရာအားလုံးကို ပိုင်ဆိုင်ခွင့်ရှိမယ်။ လှည့်စားတတ်တဲ့ ကံကြမ္မာစက်ကွင်းထဲကနေ ကျွန်မတို့ လွတ်မြောက်ပါစေ....
မနိုင်းနိုင်းစနေရဲ့ “ခင်ပွန်းရဲ့ချစ်သူ” ဝထ္တုကောက်နုတ်ချက်မှ

(၆) Our greatest glories in lives are not in the times we fail, but in the times we try again.
witch83
To Continue Reading

March 20, 2009

ဘာသာပြန် (၁)





Girl Friends' Week အတွက် သူငယ်ချင်းတစ်ယောက် ပို့ ပေးတဲ့ Forward mail တစ်စောင်ကရတာပါ။ သဘောကျမိလို့ ဘာသာပြန်လိုက်တာပါ။ original mail ထဲက pictures တွေလည်းတင်ပေးလိုက်ပါတယ်။
လူတိုင်း အကောင်းမြင်ဝါဒကို ကျင့်သုံးနိုင်ကြပါစေ။

  • မနက် မနက် နောင်တတွေနဲ့ အိပ်ရာကနိုးထဖို့ ဘဝဟာ သိပ်ကိုတိုတောင်းလွန်းပါတယ်။ အဲဒါကြောင့် သင့်အပေါ်ကောင်းတဲ့သူတွေကို ချစ်ခင်ပါ။ တန်ဖိုးထားပါ။
  • သင့်ကို သဘောမကျတဲ့သူတွေကိုလည်း ချစ်ခင်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ သင့်ဘက်က ချစ်လို့ ရနေလို့ ပါ။
  • ဖြစ်သမျှအကြောင်းတရားတိုင်းမှာ အကျိုးတရားတစ်ခုစီ ရှိနေတယ်ဆိုတာ သင်ယုံကြည်လိုက်ပါ။ ဖြစ်သမျှတိုင်းဟာ အမြဲမဆိုးနိုင်ပါဘူး။ အဆိုးထဲကကောင်းကို ရှာကြည့်ပါ။
  • တကယ်လို့ များ နောက်တစ်ကြိမ်ဆိုတာ ရှိခဲ့မယ်ဆိုရင်တော့ အဲဒီအခွင့်အရေးကို သင့်လက်နှစ်ဖက်နဲ့ အမိအရဖမ်းယူပါ။ အဲလိုလုပ်လိုက်လို့  သင့်ဘဝကိုပြောင်းလဲစေမယ်ဆိုလည်း လက်ခံလိုက်ပါ။
  • မြတ်စွာဘုရားက "ဘဝဆိုတာ လွယ်ကူတယ်"လို့ မဟောခဲ့ပါဘူး။ "မိမိကိုယ်ကိုသာ ကိုးကွယ်ရာ"လို့ ဟောခဲ့တာပါ။ အားထုတ်ရကြိုးနပ်တယ် လို့ ပဲဟောခဲ့တာပါ။
To Continue Reading

March 17, 2009

MINDSET

email နှင့်ဆောင်းပါးများကိုဖတ်ပြီး ခံစားမိတာလေးများကို mindset post များအဖြစ်ပြန်လည်တင်ထားတာပါ။ ဘဝအောင်မြင်ရေး အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိစေရန် ရည်ရွယ်၍ ပြန်လည်ဖြန့်ဝေပါတယ်။ နောင်လည်း အလျင်းသင့်သလိုဖော်ပြသွားပါမယ်။
original writer များကိုမသိတဲ့အတွက် မဖော်ပြထားပါဘူး။ Please don't mind about that.

It's called Mindset!!

As my friend was passing the elephants, he suddenly stopped, confused by the fact that these huge creatures were being held by only a small rope tied to their front leg. No chains, no cages.

It was obvious that the elephants could, at anytime, break away from the ropes they were tied to but for some reason, they did not. My friend saw a trainer nearby and asked why these beautiful, magnificent animals just stood there and made no attempt to get away.
     "Well," he said, "when they are very young and much smaller, we use the same size rope to tie them and, at that age, it's enough to hold them. As they grow up, they are conditioned to believe they cannot break away. They believe the rope can still hold them, so they never try to break free." 
     My friend was amazed. These animals could at any time break free from their bonds but because they believed they couldn't, they were stuck right where they were. Like the elephants, how many of us go through life hanging onto a belief that we cannot do something, simply because we failed at it once before? So make an attempt to grow further.... Why shouldn't we try it again? 


"YOUR ATTEMPT MAY FAIL, BUT NEVER FAIL TO MAKE AN ATTEMPT."
To Continue Reading

ရောင့်ရဲခြင်း

Forward mail တစ်ခုက ရတာပါ။ မနိုင်းနိုင်းစနေ ရဲ့ post လေးပါ။ ဖတ်ကြည့်ကြပါဦး။


"ကျေနပ်တယ်၊ ပြည့်စုံတယ်" ဆိုတာ ကိုယ်လိုချင်တာကို ရသွားလို့ မဟုတ်ဘူး။ ရှိတာနဲ့ ရောင့်ရဲတင့်တိမ် နေတာဖြစ်တယ်။

မိတ်ဆွေတစ်ဦးနဲ့ စကားပြောဖြစ်တော့ သူ့မှာ အလုပ်နှစ်ခုရှိပေမယ့် ဝင်ငွေနည်းတဲ့အကြောင်း ဒါပေမယ့်
ကျွန်တော့်ကို ပြောပြတယ်။ နည်းပါးတဲ့ သူ့ဝင်ငွေကို ချွေတာသုံးမှ မိဘ၊ ယောက္ခမ၊ မိန်းမနဲ့ ကလေးတို့ရဲ့အသုံးစရိတ်အပြင် မိသားစုစားဝတ်နေရေး ဖူလုံမှာဖြစ်တယ်။ ဒါနဲ့များ သူဘာကြောင့် ပျော်ရွှင်နေသလဲဆိုတာကို ကျွန်တော်စဉ်းစားလို့ မရခဲ့ဘူး။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အိန္ဒိယမှာ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့တဲ့အဖြစ်ကြောင့်လို့ သူကရှင်းပြပါတယ်။ အဲဒီတုန်းက ကိစ္စတစ်ခုကြောင့် သူဟာ အကြီးအကျယ် နလန်မထူနိုင်အောင် စိတ်ပျက်ခဲ့လို့ အိန္ဒိယကို စိတ်ပြေလက်ပျောက် ခရီးထွက်ခဲ့တယ်။ တစ်နေရာမှာ အိန္ဒိယမိခင်တစ်ဦးဟာ ကလေးငယ်တစ်ယောက်ရဲ့ ညာလက်ကို ဓားနဲ့လှီးဖြတ်နေတာ တွေ့လိုက်တယ်။ အကူအညီမဲ့ မိခင်ရဲ့မျက်လုံးနဲ့ ကလေးငယ်ရဲ့ နာကျင်အော်ညည်းသံကို ယနေ့ထက်တိုင် သူကြားယောင်ဆဲ ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။

သားလက်ကို ဘာကြောင့် အမေဖြတ်ရသလဲလို့ ကျွန်တော်မေးမိတယ်။ ကလေးငယ် အရမ်းဆိုးလို့လား? လက်မှာ အနာရောဂါတစ်ခုခု ကူးစက်နေလို့လား? တစ်ခုမှ မဟုတ်ပါဘူး... တောင်းရမ်းစားသောက် နိုင်အောင်လို့ လို့ မိတ်ဆွေက ဖြေပါတယ်။ မိခင်တစ်ဦးက သားကို တမင်တကာ ဒဏ်ရာ အနာတရဖြစ်အောင် လုပ်ရတာဟာ လမ်းပေါ်မှာ တောင်းရမ်းစားသောက်နိုင်အောင် ဖြစ်တယ်။

အဲဒီအဖြစ်အပျက်ကို ကြည့်ပြီး စားလက်စ ပေါင်မုန့်ကို လွတ်ချမိတဲ့အထိ သူအံ့သြတုန်လှုပ် သွားခဲ့မိတယ်။ တဆက်တည်းမှာပဲ လွတ်ကျသွားတဲ့ ပေါင်မုန့်ကို ဝိုင်းလုဖို့ ကလေးတစ်သိုက် သူ့အနား ချက်ချင်းရောက်လာခဲ့တယ်။ သဲတွေပေနေတဲ့ ပေါင်မုန့်ကို ဝိုင်းလုကြတာဟာ ငတ်မွတ်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ တုန့်ပြန်မှုဆိုတာ သူနားလည်လိုက်တယ်။

ဒီမြင်ကွင်းက သူ့ကိုချောက်ချားစေခဲ့ပြန်တယ်။ လမ်းညွှန်ကို အနီးအနား ပေါင်မုန့်ဆိုင်တစ်ဆိုင် မောင်းပို့ခိုင်းပြီး ဆိုင်ထဲရှိသမျှ ပေါင်မုန့်အားလုံးကို သူဝယ်ယူလိုက်တယ်။ ပေါင်မုန့်အားလုံးရဲ့ တန်ဖိုးက ၁ဝဝကျပ်တောင်(ထိုင်ဝမ်ငွေ) မပြည့်ခဲ့ပေမယ့် ပေါင်မုန့်အထုပ် ၄ဝဝ ရခဲ့တယ်။ (တစ်ထုတ်ကို ၂၅ဆင့် မကျခဲ့ဘူး) နောက်ပြီး ငွေတစ်ရာနဲ့ နေ့စဉ် အသုံးအဆောင်တစ်ချို့ ဝယ်လိုက်တယ်။

ပေါင်မုန့်၊ အသုံးအဆောင် အပြည့်တင်ထားတဲ့ ကားနဲ့ လမ်းပေါ်မှာတွေ့တဲ့ မသန်မစွမ်း ကလေးငယ်တွေကို သူဝေမျှပေးလိုက်တယ်။ ကလေးတွေက ဝမ်းသာအားရ သူ့ကို အလေးပြန်ပြုခဲ့တယ်။ ၂၅ဆင့်တောင် တန်ဖိုးမရှိတဲ့ ပေါင်မုန့်တစ်ချပ်အတွက် လူတစ်ချို့က ဘာဖြစ်လို့ ဒီလောက်ပျော်ရွှင်ရတယ် ဆိုတဲ့ ခံစားချက်ကို သူပထမဆုံး ခံစားလိုက်မိတယ်။

"ငါဟာ ကံကောင်းတဲ့လူ၊ ငါ့ခန္ဓာကိုယ်က မချွတ်မယွင်း ပြည့်စုံနေတယ်။ အလုပ်ရှိတယ်။ မိသားစုရှိတယ်။ စားစရာတွေကို ကြိုက်တယ်၊ မကြိုက်ဘူးလို့ ဂျီးများဖို့ အခွင့်အရေးရှိတယ်။ ဝတ်ဖို့ အဝတ်အစားရှိတယ်။ ဒီကလူတွေ မရှိတာတွေကို ပိုင်ဆိုင်ဖို့ ငါ့မှာ အခွင့်အရေး ရှိခဲ့တယ်" လို့ သူရေရွတ်ခဲ့မိတယ်။

မိတ်ဆွေရဲ့ အဖြစ်အပျက်ကို နားထောင်ပြီး ကျွန်တော်ခံစားကြည့်တယ်။ တွေးကြည့်တယ်။ "ငါ့ဘဝ တကယ်ပဲဆိုးသလား? ဆိုးရင်လဲ ဆိုးခဲ့နိုင်တယ်။ ဒါပေမယ့် ဒီပုံပြင်ကိုနားထောင်ပြီး ငါ့ဘဝ ဒီလောက်မဆိုးတော့ဘူး။ ခင်ဗျားရော?

ဒါမှမဟုတ် ငါ့ဘဝ ကံဆိုးလိုက်တာလို့ နောင်တစ်ချိန်ချိန်မှာ ခင်ဗျားထင်ခဲ့တဲ့တစ်နေ့ လမ်းပေါ်မှာ တောင်းရမ်းစားဖို့ လက်တစ်ဖက် ဆုံးရှုံးရတဲ့ ကလေးငယ်ကို တွေးမြင်ကြည့်လိုက်ပါ။

"ကျေနပ်တယ်၊ ပြည့်စုံတယ်" ဆိုတာ ကိုယ်လိုချင်တာကို ရသွားလို့ မဟုတ်ဘူး။ ရှိတာနဲ့ ရောင့်ရဲတင့်တိမ် နေတာဖြစ်တယ်။

မူရင်း.... ထိုင်ဝမ် စာရေးဆရာ Hong Wen Yong (候文詠) ၏ "ဘဝ" အား ဘာသာပြန်ခံစားသည်။

နိုင်းနိုင်းစနေ
To Continue Reading

March 12, 2009

ကိုယ့်ကိုယ်ကို မကန့်သတ်ပါနဲ့

"ဒါကိုငါလုပ်နိုင်မှာ မဟုတ်ဘူး"ဆိုတဲ့ စကားဟာ "နံရံ" ဖြစ်ပါတယ်။လေးဘက်လေးတန် နံရံကြီးဖြစ် ပါတယ်။ ဒီနံရံကို ကိုယ်ကိုယ်တိုင်တည်ဆောက်လိုက်တာပါ။ Mindset တစ်ခုသာ ဖြစ် ပါတယ်။ အပျက်သဘောနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက် တာပါ။မကန့် သတ်ပါနဲ့ (မလုပ်နိုင်ပါဘူး။ လုပ်ရင်လဲဖြစ်မှာ မဟုတ်ဘူး) ဆိုတာ ကိုယ့်စိတ်ကို ကန့်သတ်လိုက် တာပါ။ ကန့်သတ်လိုက်တာနဲ့ တပြိုင်နက် ဟိုတုန်းကကျရှုံးခဲ့တာတွေကိုပဲ ပြန်တွေးမိလျက်သားဖြစ်သွားမှာပါ။
စာရေးဆရာဖြစ်ချင်ပေမယ့် ငါစာမရေးတတ်ပါဘူးလို့တွေးပြီး ဘာမှမရေးဖြစ်တဲ့လူတွေအပုံကြီးပါ။ English, Computer Technology, Medicine, Foreign Languauges စတဲ့ကျွမ်းကျင်မှုဆိုင်ရာတွေ လေ့လာတော့မယ်ဆိုရင် ကိုယ့်ထက်ပိုတော်တဲ့လူတွေကြည့်ပြီး "ငါကသူ့ လိုမတော်ဘူး၊ ဖြစ်မှာမဟုတ်ပါဘူးလို့" အားလျှော့ပြီး ဆက်မလုပ်ဖြစ်တာပါ။ အဲလိုလူတွေရှိတယ်ဆိုရင် အထိရောက်ဆုံးအကြံပေးပါရစေ။ "ကိုယ်လုပ်မယ့်ပညာရပ်(သို့မဟုတ်) အလုပ် " ကိုစိတ်ဝင်စားမှုအပြည့်နဲ့ တတ်မြောက်ချင်တယ်ဆိုတဲ့ထက်သန်စိတ်နဲ့ လူတိုင်းမွေးတည်းက မတတ်ဘူး၊ သူများလုပ်နိုင်ရင် ငါလဲလုပ်နိုင်ရမယ်ဆိုပြီး ဇွဲ ရှိရှိ ကြိုးစားပါ "။
နောက်တစ်ခုက ကျွန်မကို လူတစ်ယောက်ကပြောဘူးတယ်။ "လောကမှာကိုယ့်ရဲ့စွမ်းအင်တွေ ကိုနှိမ်ထားတာ တစ်ယောက်ပဲရှိတယ်တဲ့၊ အဲဒါ မိမိကိုယ်တိုင်ပါပဲ "တဲ့။ စိတ်စေရာ ဖြစ်နေ၊ လှုပ်ရှားနေရတဲ့ လူ့ ဘ၀မှာကိုယ့်ရဲ့စိတ်စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်တဲ့လူက တစ်နေ့မှာ သူဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။
အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်နေတာဟာ မိမိကိုယ်ကိုယ် ပြန်နှိပ်စက်နေ သလိုဖြစ်ပါလိမ့်မယ်။ To Continue Reading

March 11, 2009

ပြောဖို့ ခက်ပါတယ်

ပြောဖို့ ခက်ပါတယ်

တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဘုရင်ကြီးရဲ့ ဘေးနားမှာ သက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့ အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာ ထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား ခေါ်သွားသတဲ့။တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ လက်ညိုးဟာ ရောင်ကိုင်းပြီး အနာလည်း အတော်လေး ရင်းလာတယ်။ ဘုရင်ကြီးက သူ့ အပါးတော်မြဲကိုမေးတယ်။" မောင်မင်း၊ ငါကိုယ်တော်မြတ် မွေးတဲ့ခွေးက ငါ့ကို ပြန်ကိုက်တယ်ဆိုတော့ ဒါ မကောင်းတဲ့ အတိတ်နိမိတ်ပဲ မဟုတ်လား" တဲ့။"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ အပါးတော်မြဲက ပြန်ဖြေတယ်။နောက်တော့ လက်ညိုးရဲ့ အနာက အခြေအနေ အတော်လေးဆိုးလာတော့ ဘုရင်ကြီးဟာ သူ့ရဲ့ လက်ညိုးကို ဖြတ်ပစ်လိုက်ရတယ်။"ဟယ် ငါ့ကိုယ်တော်ရဲ့ လက်ညိုးတော် ဖြတ်ပစ်လိုက်ရပြီ။ ဒါ မကောင်းတဲ့ လက္ခဏာပဲ၊ မောင်မင်း။ ဘယ်လို အဆိုးတွေများ ကြုံလာဦးမလဲ မသိဘူး။ လျှောက်စမ်းပါဦး" လို့ ဘုရင်ကြီးက သူ့ အပါးတော်မြဲကို အကြံဉာဏ်တောင်းသတဲ့။"ကောင်းသလား၊ ဆိုးသလား ဆိုတာ ပြောဖို့ခက်ပါတယ် အရှင်မင်းကြီး" လို့ပဲ အပါးတော်မြဲက ထပ်ဖြေလိုက်တယ်။ လက်ညိုးတော် ပြတ်လို့ စိတ်တိုနေရတဲ့ကြားထဲ ဒီကောင်က အခုထိ စကားအကောင်းမပြောဘူးဆိုပြီး ဘုရင်ကြီးက အတော်လေးတင်းသွားတယ်။ ဒါနဲ့ အဲ့ဒီ အပါးတော်မြဲကို ထောင်ချပစ်လိုက်တယ်။တစ်နေ့တော့ ဘုရင်ကြီးဟာ တောထဲကို အမဲလိုက်ထွက်သတဲ့။ စာစကားနဲ့ဆို တောကစားထွက်တာပေါ့ ။ သမင်ကို သဲကြီးမဲကြီး လိုက်ဖို့ပဲ အားသန်နေတော့ တစ်ယောက်တည်း လိုက်ရင်းလိုက်ရင်းနဲ့ပဲ တောဖွက်ခံလိုက်ရတယ်။ တောထဲမှာ လမ်းပျောက်သွားတယ်။ ဆက်သွားလေ တောနက်လေ ဖြစ်နေတယ်။ ကံများ ဆိုးချင်တော့ တောထဲမှာ နေကြတဲ့ လူရိုင်းတွေဟာ သူ့ကို တွေ့ပြီး ဖမ်းသွားတယ်။ သူတို့ကတော့ ဘုရင်မှန်း ဘယ်သိမှာလဲ။ လူရိုင်းဆိုတော့လည်း ဘုရင်ဆိုတာ ဘာကောင်မှန်းတောင် သိမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဓလေ့က လူတစ်ယောက်ယောက် ဖမ်းပြီး နတ်ဘုရားကို ယဇ်ပူဇော်ရတယ်။ ယဇ်ပူဇော်ဖို့ သတ်မယ်လို့ ကြံရွယ်နေတုန်းမှာပဲ သူတို့ရဲ့ အကြီးအကဲ သတိထားမိသွားတာက ဘုရင်ကြီးမှာ လက်ညိုးတစ်ချောင်းမပါဘူး ဆိုတာပဲ။ အင်္ဂါမစုံတဲ့ လူတစ်ယောက်ကို ယဇ်ပူဇော်ရင် နတ်ဘုရားက စိတ်တိုလိမ့်မယ်ဆိုပြီး ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက်တယ်။ ဘုရင်ကြီး နန်းတော်ကို ပြန်ရောက်တော့ သူ့ အပါးတော်မြဲ ပြောတဲ့ "ကောင်းသလား၊ ဆိုသလား ပြောဖို့ခက်ပါတယ်" ဆိုတဲ့ စကားကို သွားသတိရတယ်။ အကယ်၍သာ သူ လက်ညိုး မပြတ်ခဲ့ဘူးဆိုရင် တောထဲမှာ ယဇ်ပူဇော်ခံရလို့ သေပြီလေ။ဒါနဲ့ ပညာရှိလေး အပါးတော်မြဲကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးလိုက်တယ်။ နောက်ပြီး ဘုရင်ကြီးက စိတ်လိုက်မာန်ပါ လုပ်မိတဲ့အတွက် သူ့ကို တောင်းပန်စကား ပြောတော့တယ်။ စိတ်မကောင်းတဲ့ မျက်နှာနဲ့ တောင်းပန်စကားပြောနေတဲ့ ဘုရင်ကြီးကို စိတ်တစ်ချက်မကွက်ဘဲ "အရှင်မင်းကြီး အခုလို ဖမ်းထားတာ ကျွန်တော်မျိုးအတွက် အကျိုးယုတ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ဘုရား" လို့ လျှောက်တင်လိုက်တယ်။ဒီစကားကို ကြားရတော့ ဘုရင်ကြီး အတော်လေး အံ့အားသင့်သွားတယ်။ ဘာကြောင့်ပါလိမ့်လို့လဲ အတော်လေး စဉ်းစားရခက်သွားတယ်။ အပါးတော်မြဲက သူ အဖမ်းခံထားရတာ အဆိုးချည်း မဟုတ်ပါဘူးလို့ ဘာလို့ ပြောတာလဲ။ဒီလိုလေ။ အကယ်၍သာ ဘုရင်ကြီးက အပါးတော်မြဲကို ချုပ်နှောင်မထားဘူးဆိုရင် အခုလို တောကစားထွက်တော့ သူလည်း ဘုရင်ကြီးနဲ့အတူ ထပ်ကြပ်မကွာ လိုက်ပါရမှာပေါ့။ ဘုရင်ကြီးကို ယဇ်ပူဇော်ဖို့ မသင့်လျော်ဘူးလို့ လူရိုင်းတွေက ဆုံးဖြတ်လိုက်တာနဲ့ နောက်တစ်ယောက်ခေါ်ပြီး သတ်မှာပဲ။ ဒါဆို အပါးတော်မြဲ အလှည့်လေ။ သူသာ ဘုရင်ကြီးနဲ့ လိုက်သွားခဲ့ရင် အသက်ခံရမှာတော့ မုချမသွေပါပဲ။ပုံပြင်လေးကတော့ ဒါပါပဲ။

ပုံပြင်လေးရဲ့ အနှစ်သာရ
ဒီလောကမှာ ဖြစ်ပျက်နေတဲ့ အရာမှန်သမျှကို ဒါအကောင်းပဲ၊ ဒါအဆိုးပဲလို့ တရားသေ သက်မှတ်လို့ မရကောင်းပါဘူး။ တခါတလေမှာ အကောင်းတွေဆိုပြီး ဆုတ်ကိုင်ထားတဲ့ အရာတွေဟာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် အဆိုးတွေ ဖြစ်သွားတတ်ပါတယ်။ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။ အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ် ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။ မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။


As I got this story from a forward mail, I dont really know the original writer. But, I do appreciate with his/her idea and I want to share this with all of you !
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer