" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

December 28, 2013

သတင်းစုံလင်မှာ..

စာမရေးဖြစ်တာ တစ်လကျော်သွားပါပြီ။ ( အလုပ်တွေ ရှုပ်နေလို့ပါ။ အလုပ်ရသွားပြီး အလုပ်သစ်မှာ အလုပ်တွေအရမ်းရှုပ်နေတာရယ်.... ကျမကို အစစအရာရာ ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့၊ ကျမရဲ့ ဒုတိယအမေလို့ပြောရင်ရတဲ့ ကြီးဒေါ် စလုံးကို လာလည်နေလို့ ဟိုဒီလိုက်ပို့နေတာရယ်၊ အရမ်းခင်ရတဲ့ သူငယ်ချင်းတစ်ယောက် ဆေးရုံတက်နေရတာရယ်ကြောင့် လူဟာ စိတ်ရော၊ လူပါ မအားရပါဘူး။ ) စာမရေးတာလည်း ကြာပြီမို့ အချိန်ရတဲ့ ဒီနေ့မှာ စာရေးဖြစ်အောင် ရေးလိုက်ပါတယ်။ ခေါင်းစဉ်တစ်ခုချင်းစီ ပို့(စ်)ခွဲမတင်ဘဲ အားလုံးပေါင်းပြီး သတင်းအနေနဲ့ ပို့(စ်)တင်လိုက်ပါတယ်။

About The Job Search

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ အလုပ်ဗီဇာတိုးတာ အဆင်မပြေတဲ့အကြောင်းကို ဒီဘလော့ပေါ်မှာ တစ်ခါရေးဖူးပါတယ်။ အလုပ်ဗီဇာမတိုးခင်က ကိုယ်.. ကိုင်တာက EP ပါ။ ကုမ္ဗဏီကလည်း EPလခပဲ ပေးတာပါ။ ဒါပေမဲ့ ကိုယ်က လုပ်သက်ရင့်လာတာရယ်၊ အသက်ကြီးလာတာရယ်၊ MOM က သတ်မှတ်ချက်တွေ ပိုမြင့်လာတာရယ်တွေကြောင့် EP renewal အတွက်ဆို တိုးပေးရမဲ့ ပမာဏက အရမ်းများလာပါတယ်။ အရင်တစ်ခေါက်တိုးတုန်းက သတ်မှတ်ချက်နဲ့ညီအောင် (၅၀၀)လိုက်တိုးပေးပေမဲ့ ဒီတစ်ခေါက်က တိုးရင် (၅၀၀)မကတိုးပေးရမှာဖြစ်ပြီး ကုမ္ဗဏီကလည်း အလုပ်မဖြစ်တာ့ ဘယ်လိုမှ တိုးပေးလို့မဖြစ်ပါဘူး။ ဒီတော့ ကုမ္ဗဏီက ကိုယ်ရတဲ့ allowance တွေကို basic salary ထဲထည့်၊ ပိုက်ဆံ (၂၀၀)ထပ်တိုးပေး၊ ရာထူးပြောင်းပေးပြီး appealပြန်တင်တော့လည်း approveမဖြစ်ပါဘူး။ အဲ့ဒါနဲ့ မန်နေဂျာမက MOM officer နဲ့စကားသွားပြောတော့ second appeal တင်ခိုင်းပြီး temporary အနေနဲ့ အလုပ်ဗီဇာကို တစ်လတိုးပေးပါတယ်။ အဲ့ဒီ second appealလည်း rejectဖြစ်ပါတယ်။ နောက်တော့ HR agentကနေတဆင့် fresh application တင်ကြည့်ပါတယ်။ အဲ့ဒါလည်း reject ပါ။ ကုမ္ဗဏီမှာက SPassအတွက်လည်း head count မပြည့်တော့ နောက်ဆုံးမှာ အဲ့အလုပ်ကနေ ထွက်လိုက်ရပါတယ်။ အဲ့လို ဗီဇာပြဿနာတွေတက်နေတဲ့ တစ်လအတွင်းမှာ အလုပ်တွေ လျှောက်ပေမဲ့ ဘာအင်တာဗျူးမှ မရပါဘူး။ အဲ့ဒီ တစ်လကျော်ကာလအတွင်းမှာ လူက တော်တော် စိတ်ညစ်ခဲ့ရပါတယ်။

အလုပ်ဗီဇာအတွက် ကြိုးစားနေတုန်းမှာ ICA ကို စာလှမ်းပို့လိုက်ပါတယ်။ ကျောင်းတက်တုန်းက service obligation ယူထားတဲ့အကြောင်း၊ အလုပ်လုပ်တာ နှစ်မပြည့်သေးတဲ့အကြောင်း၊ ခုလက်ရှိ အလုပ်ဗီဇာပြဿနာတက်နေတဲ့အကြောင်းတွေပြောပြီး တစ်ခုခုစီစဉ်ပေးဖို့ပြောတော့ MOM officer က long term pass လျှောက်ပြီး အလုပ်ရှာပါ၊ ltp proccessing time အတွက်လည်း visit visa လျှောက်လို့ရတယ်ဆိုပြီး reply ပြန်လာပါတယ်။ အဲ့ဒါနဲ့ ICA သွားပြီး visit visaသွားလျှောက်လိုက်တော့ ဗီဇာ(၂)လပေးပြီး  ltp ကိုတော့ onlineကနေ လျှောက်ခိုင်းပါတယ်။ ( ဒီနေရာမှာ... ကျမရဲ့ ဗီဇာကိစ္စအတွက် လိုအပ်တဲ့အခေါက်တိုင်းမှာ လိုလိုလားလား၊ မငြီးမငြူနဲ့ မေတ္တာဖြင့် ICA မှာ လိုက်ကူညီပေးတဲ့ သူငယ်ချင်း Black Rose Queen တို့ လင်မယားကို အထူးပဲ ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ Friends in need are Friends in deed. ^^)

ဒီလိုနဲ့ အလုပ်ရှာလိုက်တာ (၃)လကျော်၊ (၄)လလောက်ကို ကြာသွားပါတယ်.... :(... အလုပ်တွေက offer ရပေမဲ့... ရတဲ့အလုပ်တွေက တစ်ခါတစ်လေ ကိုယ်လုပ်ချင်တာနဲ့  မကိုက်၊ တစ်ခါတစ်လေ လခနည်း၊ တစ်ခါတစ်လေ ကုမ္ဗဏီကသေး ဖြစ်နေပါတယ်။ လိုချင်တာတွေကျတော့ မရပါဘူး။ ကိုယ်ကလည်း ဒီလိုပြဿနာမျိုးနောက်တစ်ခါ ထပ်မကြုံချင်တာရော၊ နောက်နှစ် ဂျူလိုင်လကျော်ရရင် အလုပ် pass တွေ ပိုခက်တော့မှာရော၊ လက်ရှိလည်း long term pass ကိုင်ထားတာရောကြောင့်ပါ...  ရေရှည်လုပ်လို့ရမဲ့၊ ကိုယ်နဲ့ အဆင်ပြေမဲ့ အလုပ်ကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်ရှာလိုက်ပါတယ်။

အလုပ်ရှာနေတုန်း ပထမနှစ်လကျော်လောက်အထိတော့ ကိုယ်စုထားတာတွေနဲ့ နေလို့ဖြစ်ပေမဲ့ မြန်မာသံရုံးမှာ ပတ်(စ်)ပို့တိုးပြီး အခွန်တွေဆောင်ပြီးနောက်ပိုင်းတော့ အိမ်ကို မျက်နှာပုပူနဲ့ပဲ ပိုက်ဆံပြန်မှာရပါတော့တယ်။ အောက်တိုဘာလလယ်လောက်ရောက်တော့ လူလည်း depression ဝင်လာပါတော့တယ်။ အရင်တုန်းက ရတာတွေထဲက သိပ်မဆိုးတာကို ယူလိုက်မိရင်ကောင်းသားလို့ တွေးမိလာပါတယ်။ ( စကားချပ်။    ။ ဒီလို အဆင်မပြေတဲ့ (၃)လကျော် (၄)လအတွင်းမှာ .. ကိုယ့်ကို အစစအရာရာ ဂရုစိုက်ကြတဲ့... လိုအပ်လာရင် ကူညီပေးကြတဲ့... ကိုယ်ညီးရင် စိတ်ရှည်ရှည်နဲ့ နားထောင်ပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမဟာ စိတ်ဓါတ်သိပ်မကျလွယ်ပေမဲ့၊ ပျော်ပျော်နေတတ်ပေမဲ့ .... တကယ်တော့ ကျမမှာလည်း စိတ်ဓါတ်ကျနေချိန်၊ စိတ်ညစ်နေချိန်တွေ ရှိပါတယ်။  We come to know who are REAL when we are in our hard times.. )

နောက်ဆုံးတော့ ကိုယ်အရမ်းလိုချင်ခဲ့တဲ့ ကုမ္ဗဏီတွေထဲက နိုဝင်ဘာလဆန်းမှာ တစ်ခု၊ လလယ်မှာ တစ်ခု ရလာပါတယ်။ နိုဝင်ဘာလလယ်မှာ offer ရတဲ့ အလုပ် nature ကို ပိုကြိုက်ပေမဲ့ ကိုယ်အရင်လက်ခံထားတဲ့အလုပ်က Spass ကို နှစ်နှစ်ဗီဇာရပြီးတဲ့အပြင် လက်မှတ်မထိုးရသေးတာကလွဲရင် အစစအရာရာ အကုန်လုပ်ပြီးနေပါပြီ။ နောက်ပြီး ခုလက်ရှိကုမ္ဗဏီကလည်း ပိုကြီးတာကြောင့် ပိုသေချာတဲ့ လက်ရှိအလုပ်ကိုပဲ ယူလိုက်ပါတယ်။ ( ခုတော့ သူ့ကို ရွေးလိုက်မိတာကို နောင်တရချင်ချင်ဖြစ်နေပါပြီ။ =S နောင် အေးအေးဆေးဆေးဖြစ်သွားတဲ့အခါကျမှ အလုပ်အသစ်အကြောင်းကို ရေးပါမယ်။ )

Miss Earth 2013ပြိုင်ပွဲ

Miss Earth ပွဲကိုတော့ အစကတည်းက စိတ်သိပ်မဝင်စားပါဘူး။ Big 4 Pageant မှာပါပေမဲ့ မနှစ်က လာဘ်ယူတယ်လို့ confirm လုပ်လို့ရတဲ့ ဗွီဒီယိုဖိုင်ပြန့်ပြီး တော်တော် နာမည်ကြီးခဲ့၊ နာမည် ပျက်ခဲ့တဲ့ organization ပါ။  နောက်ပြီး မြန်မာမယ်လည်း ဝင်မပြိုင်တာကြောင့် မကြည့်ဖြစ်ပါဘူး။ ဒါပေမဲ့ ဘယ်သူတွေ ဆုရသွားတယ်ဆိုတာတော့ သတင်းတွေ လိုက်ဖတ်ဖြစ်ပါတယ်။

Miss Earth 2013 ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတာပါ။ ဖိလစ်ပိုင်က မနှစ်ကလည်း host country ပါ။ ဒီဇင်ဘာလ (၇)ရက်နေ့မှာ final ကျင်းပခဲ့ပြီး ဗီနီဇွဲလားအလှမယ် Alyz Henrichက သရဖူဆောင်းသွားပါတယ်။ ဆုရသွားတဲ့ ဗီနီဇွဲလားအလှမယ်ကို တော်တော် သဘောကျပါတယ်။ တော်တော်လေးကို ဆွဲဆောင်မှုရှိပြီး ကိုယ်လုံးလည်း လှပါတယ်။ တစ်ချက်တစ်ချက်လည်း ဗီနီဇွဲလားအလှမယ် Miss Universe 2009, Stefanie နဲ့ ဆင်ပါတယ်။ သူဟာ Best in evening gown ဆုရခဲ့ပြီး swimsuit မှာလည်း top-3 ဝင်ခဲ့ပါတယ်။

ME2012 & ME2013 during the ME2013 competition





1RU (Miss Air)ဆုကို Austriaအလှမယ် Katia Wagnar, 2RU (Miss Water) ဆုကို ယိုးဒယားအလှမယ် Punika Kulsoontornrut နဲ့ 3RU ( Miss Fire)ဆုကို ကိုရီးယားအလှမယ် Catharina Choi တို့က ဆုရသွားပါတယ်။

Miss Air 2013, Austria
Miss Water 2013, Thailand
Miss Fire 2013, Korea
Special Award ရသွားသူတွေစာရင်းကိုတော့ အောက်က screen shotမှာ ကြည့်လို့ရပါတယ်။


ဒီပြိုင်ပွဲမှာအင်ဒီးယားအလှမယ်ကို သဘောကျမိပေမဲ့ semi-finalist ကိုတောင် မဝင်ခဲ့ပါဘူး။ သူဟာ grand shotတွေအပြင် candid photoတွေ၊ လျှပ်တပြတ်ပုံတွေမှာပါ လှတာပါ။ Personality လည်း ကောင်းမဲ့ပုံပါပဲ။ ဘာလို့ semi တောင် မပါလည်း မသိဘူး။

Sobhita Dhulipala, Miss Earth India 2013
ဒီပွဲမှာ နောက်ထပ် သတိထားမိတဲ့မယ်ကတော့  ဖိလစ်ပိုင်အလှမယ်.. Angelee ပါ။ သူဟာ တခြား ဖိလစ်ပိုင်မယ်တွေနဲ့မတူဘဲ ကိုယ်လုံးက တော်တော်ကြီးကို ကျစ်လစ်ပြီး လှပါတယ်။ ဒါဟာ Miss Universe Phillipine 2009, Venus Raj ပြီးရင် နောက်ထပ် ကိုယ်လုံးလှတဲ့ နောက်ထပ် ဖိလစ်ပိုင်အလှမယ်ပါ။



27th SEA Game

အလုပ်သစ်က အိမ်နဲ့ လှမ်းတဲ့အပြင် အိမ်ပြန်ချိန်လည်း နောက်ကျတာမို့ SEA Game ဖွင့်ပွဲနေ့က ကိုယ်အိမ်ပြန်ရောက်တော့ ပွဲက ပြီးခါနီးနေပါပြီ။ ဗိုက်ကလည်း အရမ်းဆာနေတော့ ညစာပြင်နေ၊ စားနေတာနဲ့မကြည့်လိုက်ပါဘူး။ လူတွေရဲ့ အပြောအရတော့ ခမ်းနားတယ် သိရပါတယ်။ ပိတ်ပွဲနေ့ကတော့ နည်းနည်း ကြည့်လိုက်ရပါတယ်။ ဖွင့်ပွဲကိုမကြည့်ရလို့ သေချာမသိရပေမဲ့ သေချာတာကတော့ ပိတ်ပွဲအစီအစဉ်က နည်းနည်း ပျင်းစရာကောင်းတယ်ဆိုတာပါပဲ။ ခြင်းလုံးအစီအစဉ်တော့ မဆိုးပါဘူး။ အဆိုတော်တွေကို playback နဲ့ဆိုခိုင်းတာတော့ နည်းနည်း ဂွမ်းပါတယ်။ နောက်နှစ်မှာ လက်ခံကျင်းပမဲ့ စလုံးက အမြည်းကပြတဲ့အဖွဲကတာတော်တော် မိုက်ပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးကန်တာတွေကိုလည်း မကြည့်ရပေမဲ့ ကြားရတဲ့သတင်းတွေကတော့ အားရစရာပါ။ ဖလားမရပေမဲ့ အိမ်ရှင်အနေနဲ့ သန့်သန့်ရှင်းရှင်းနဲ့ ကစားတာ၊ နောက်ဆုံးအချိန်အထိ မလျော့တမ်း ဇွဲနဲ့ပြိုင်တာတွေဟာ တကယ်ကို ကြားရတာ ဝမ်းသာစရာပါ။


   

Miss International 2013

MI2013 ပွဲကိုလည်း အရှေ့ ကပြောခဲ့တာတွေအတိုင်းပဲ ပြောပါမယ်။ မအားလို့ မကြည့်ဖြစ်ပါဘူး။ :P  ဒါပေမဲ့ ကိုယ်.. စိတ်ဝင်စားတဲ့ပွဲမို့.. အလုပ်ကနေ အိမ်ပြန်ရောက်ရင်တော့ ဓါတ်ပုံတွေလိုက်ကြည့်၊ သတင်းတွေ လိုက်ဖတ်ပါတယ်။ တကယ့် final ကျင်းပတဲ့နေ့ကလည်း ကြားရက်ကြီးဆိုတော့ မကြည့်လိုက်ရပါဘူး။ youtube ကနေ အပိုင်း၊ အပိုင်းတွေလိုက်ရှာကြည့်ပြီး မှတ်ချက်ပေးမိတာကတော့ stage စင်ဟာ အဆင့်မမီဘူးဆိုတာပါပဲ။ ဂျပန်ဟာ ဒီနှစ် သူတို့ ဆုမရနိုင်တာ သိလို့လား၊ ဒါမှမဟုတ် စပွန်ဆာသိပ်မရလို့လား မသိပါဘူး။ ဒီနှစ်ရဲ့ stage အပြင်အဆင် အတော် ဂွမ်းပါတယ်။ နောက်ပြီး special award တွေလည်း အရင်နှစ်လို မများပါဘူး။ 

နောက်တစ်ခုက တကယ်ဆို မနှစ်က Miss International 2013 ဆုကို ရခဲ့တဲ့ ဂျပန်အလှမယ် Ikumi က တက်ရမှာဖြစ်ပေမဲ့ သူ့အကြောင်းကို သတင်းသမားနဲ့ပေါင်းပြီး သူကိုယ်တိုင် scandal အတုလုပ်ခဲ့လို့ဆိုပြီး ဒီပွဲကို တက်ရောက်ခွင့်ပိတ်ထားပါတယ်။ တော်သေးတယ်။ သရဖူ ပြန်အသိမ်းမခံရလို့။ Ikumi အစား Miss International 2008 winner, စပိန်အလှမယ်က ပွဲတက်ပါတယ်။

Miss Myanmar International 2013 ပြိုင်ပွဲပြီးခါစတုန်းက ဂုဏ်ရည့်ကို သိပ်မကြိုက်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့မှာ ပြင်ဆင်ချိန်တွေ အများကြီး ရှိပါသေးတယ်ဆိုပြီး စိတ်ဖြေခဲ့ပါတယ်။ တကယ်လည်း သူ့ မျက်နှာစာအုပ်ကနေ သူပြင်ဆင်နေတာတွေ တွေ့ရပါတယ်။ တကယ့်ပွဲမှာလည်း အဝတ်အစား၊ ကိုယ်လုံးနဲ့ စိတ်ဓါတ်ရေးရာပိုင်းတွေမှာ သေချာပြင်ဆင်ထားတာ မြင်ရပါတယ်။ 



ဒါပေမဲ့ ထင်ထားတဲ့အတိုင်းပဲ သူ... semi မပါခဲ့ပါဘူး။ အင်တာနက်ဆုအနေနဲ့ကလည်း သူ့ကို vote ပေးတဲ့သူတွေ ရှိနေကြသေးပေမဲ့ မြန်မာပရိသတ်တွေလည်း ပွဲတိုင်း ထိုင် vote ပေးနေရတော့ နည်းနည်း ပင်ပန်းပြီး၊ အားလျော့လာပါပုံရပါတယ်။ SEA game နဲ့တိုက်နေတာလည်း ပါပါလိမ့်မယ်။ မနှစ်က မြန်မာမယ်နဲ့ အင်တာနက်ဆုကို အပြိုင်လုခဲ့တဲ့ မကာအိုအလှမယ် Miss Internet ဆုကို ရသွားပါတယ်။ 





အောက်ကပုံကတော့ ဒီဇင်ဘာ(၁၇)ရက်နေ့ညတုန်းက ကျမတင်ထားတဲ့ FB status ကို screenshot ဆွဲပြီး ဒီမှာ ပြန်တင်ပေးထားတာပါ။

အိမ်ပြန်ရောက်ရောက်ချင်း သတင်းတွေ လိုက်ဖတ်တော့ ဖိလစ်ပိုင်အလှမယ် ဆုရသွားတယ်ဆိုတော့ ဟင်င်င်င် ဆိုပြီး ဖြစ်သွားပါတယ်။ ကိုယ်သိသလောက်တော့  ဖိလစ်ပိုင်အလှမယ် Bea Rose Santiago ဟာ လူလည်း သိပ်မလှပါဘူး။ ကိုယ်လုံးလည်း မလှပါဘူး။ ဒါပေမဲ့ ကိုယ်ရဲ့ မသိစိတ်က ဖဦးထုတ်တွေကို အမြင်ကပ်တာကို ဖျောက်ပြီး ... ဘာbiasမှ မပါဘဲ သူပြိုင်ပွဲဝင်ထားတဲ့ ဗွီဒီယိုတွေကိုကြည့်ပြီး  သေချာဝေဖန်သုံးသပ်မယ်ဆိုရင်တော့... သူက ကျက်သရေရှိပါတယ်။ နောက်ပြီး အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ auraလည်း ရှိပါတယ်။ လမ်းလျှောက်တာလည်း လှပါတယ်။ လမ်းလျှောက်နေရင်၊ pose ပေးနေရင်လည်း expression ရှိပါတယ်။ သူဝတ်ထားတဲ့အဝတ်အစားကို ပေါ်အောင်နေတတ်ပါတယ်။ Miss Universe Phillipines Ariadaလို dull မဖြစ်ပါဘူး။ အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ final talk မှာလည်း ပြောသွားတာ အရမ်း ကောင်းပါတယ်။ English လည်း တော်တော် ကောင်းပါတယ်။ မနှစ်ကလည်း Timeless Beauty 2012 postမှာ ပြောဖူးပါတယ်။ ဂျပန်တွေဟာ sincere speech ပေးတဲ့မယ်တွေကို ရွေးပါတယ်။ ဒီနှစ်မှာလည်း sincere and reliable speech ပေးတဲ့မယ်တွေ top-5 ဝင်သွားတာ တွေ့နိုင်ပါတယ်။ Santiagoရဲ့ speechကတော့....
The whole world saw how my country, Philippines, suffered. The agony of my people was felt. But, one by one, country to country came to help. I would like to thank all the nations who helped my countries in our darkest hours. other countries helped. You have opened my heart and eyes on how important it is ...if we all to support each other. If I become a Miss International, I will uphlod international camaraderie to sustain the spirit of sympathy and continually share the message of hope. I believe that whatever calamity may come to us, as long as we work together, there will be hope.  

ပြောသွားတာ အရမ်း ကောင်းပါတယ်။ နားထောင်နေတဲ့၊ ကြည့်နေတဲ့သူတွေကို touch ဖြစ်စေပါတယ်။ ပြောနေတဲ့အချိန်မှာလည်း သူ တကယ်ကို ခံစားပြီး ပြောနေမှန်း သိသာပါတယ်။ သူကိုယ်တိုင်လည်း ပြောနေတဲ့အချိန်မှာ မျက်ရည်ဝဲနေပါတယ်။
1RU ဖြစ်တဲ့ နယ်သာလန်အလှမယ်ကတော့ မနှစ်က Miss Universe Netherland ပါ။ Nathalie ဟာ MU2012 ပွဲတုန်းက လူကြိုက်များခံခဲ့ရပြီး beauty expert တွေက သူ့ကို တော်တော်ကို အမှတ်ပေးခဲ့ကြတာပါ။ ဒါပေမဲ့ top-15 တောင် မဝင်ခဲ့ရှာပါဘူး။ MI2013 ပြိုင်ပွဲမှာတော့ first runner-up ဆုကို ရသွားခဲ့ပါတယ်။ တကယ်လို့သာ ဖိလစ်ပိုင်အလှမယ်ရဲ့ final speech ဟာ အဲ့လောက် မကောင်းခဲ့ရင် Nathalie တစ်ယောက် သရဖူဆောင်းကောင်း ဆောင်းနိုင်မယ်လို့ ထင်ပါတယ်။ Nathalie ဟာ 1RU အပြင်ကို Miss Friendship ဆုကိုလည်း ရပါသေးတယ်။  

LtoR: 1RU, MI2013 and 2RU
Miss International 2013
First Runner-Up, Miss Friendship 2013
Second Runner-up
Best National Costume, Aruba
Miss Internet 2013, Macau
Miss Photogenic, Lithuania

    
+ + + + + + + + 

ရေးရင်းရေးရင်းနဲ့  စာလည်း တော်တော် ရှည်သွားပါပြီ။ ကျမရဲ့ သတင်းစုံလင်ပို့(စ်)ကို ဒီနေရာမှာ အဆုံးသတ်ပါရစေ။ အားလုံးပဲ Happy Weekends, Happy Holidays ပါ။ =)

Regards,
witch83 (28/12/2013; 10:52PM; GMT+8) 
To Continue Reading

November 26, 2013

News on Miss Grand International 2013

The first edition of Miss Grand International 2013 was held in Thailand from 3rd of November to 19th of November. Live Streaming of Press Conference, Preliminary Competition and Final Night events were televised from Channel 7 and Youtube channels. 75 beauty pageants came to compete and 4 contestants left during the competition. Miss Ukraine had to go back due to her father's health while Miss Denmark and Miss Sweden left because of the “cultural differences” (according to Miss Sweden’s Facebook status). Miss Singapore also had to resign from the competition after breaking the pageant’s rules and regulations.

Final Coronation Night

The final coronation night was held in Bangkok, Thailand on 19th November 2013. 22-year old Janelee Chaparro from Puerto Rico was crowned on that night. (She also competed in Miss World 2012 and placed Top30, Top 40 Beach Fashion, Top 47 Top Model and Top 10 World Fashion Designer Dress.)



Janelee Chaparro, MGI2013
Miss Grand Inter 2013 with the MGI Founder

The runner-ups were
~ 1RU: Chantel Martinez from Dominican Republic (my fav)
In addition to 1RU, she won "Best in Evening Gown" award and placed Top20 Best in Swimsuit. ( She is also a crossover from Miss Supranational 2012 where she placed Top20, and Miss Global Team International placing 4RU & Caribbean Queen)






~ 2RU: Denisa Paseciakova from Slovak Republic .
I noticed her only on the final night and she was amazingly gorgeous in her black gown. She also placed Top10 "Best in Evening Gown" and Top20 "Best in Swimsuit". (She is a crossover from Miss Tourism Queen International 2013 where she won Miss Bikini of the world.)


At MGI2013 Press Conference


~ 3RU: Ali Forbes from Philippines 
She was great on final night. When her name was called out as a third runner-up, she seemed to be disappointed .
She also placed Top10 Best in Evening Gowns, Top20 Best in Swimsuit and Top10 Best in National Costume.



~ 4RU: Kelly Maguire from Australia.
She placed Top10 Best in Evening Gown
(Crossover from Miss International 2009 and Miss Earth 2010)


Below are collage and group photos of Top5 finalists.

L to R: MGI2013, 1RU, 4RU, 2RU, 3RU 
Top5


The Top10 semi-finalists excluding Top5 finalists were from Brazil, Cuba (My Fav), Latvia, Sri Lanka and Venezuela (My Fav).

Top10 Finalists

The Top20 out of Top10 finalists came from China, Ecuador, Macedonia (My Fav), Netherlands (My Fav), Pakistan, Myanmar( My native country girl), Thailand, Colombia, Zimbabwe and USA (My Fav).

Top20 Finalists
Miss Myanmar, Htar Htet Htet (Top20 Finalist)
Top20 finalists before calling out the Top10

Special Awards


(1) Best in Swimsuit

~ Miss Latvia, Kristine Rancane won the "Best in Swimsuit" award.
( She is also a Top10 Finalist and Top10 Best in Evening Gown.)



The Top20 finalists in Swimsuit are:






Miss Cuba in SS

(2) Best in National Costume

~ "Best in National Costume" award went to Miss China, Jie Pan.  She is also a Top20 Finalist.




Top10 Finalists in national costumes are

Miss Myanmar's National Costume

(3) Best in Evening Gown
As for this award, Miss Dominican Republic won it.



(4) Miss Popular

Miss Myanmar, Htar Htet Htet received this award. ^^


Congratulations to all winners. The news for Miss Grand International 2013 ends here. However, as a bonus, I would like to give some more information about our Miss Myanmar. ;)
+ + + + + + + + + +

She is a beautiful Arakan (Rakhine ethic) girl with an attractive face. Needless to say she has a great body as she is a gymnastic girl. She played acrobatics since she was 6 and played it for 10 years. After that, due to her health problem, she stopped playing it and working as an acrobatics instructor for children. She is also a BE (IT) holder as well. Among MM misses who went for international competition, her catwalk is the best and I find her really great. It would be better if she is bolder than this and a little bit taller. :)

In my opinion, Nang Khin Zay Yar (Miss Myanmar International 2013) has the best personality so far. But, among all Myanmar misses, I find Htar Htet Htet is the best. She has beauty pageant material. She's the very first Myanmar Miss that I gave so much time to support. I have hoped that she would be in Top10 semi, but, she ended up with Top20.

Whatever it is, without the help of Internet votes, Htar Htet Htet is the first Miss Myanmar who could go into quarter finalist at an international competition.
( Khin Wint Wah got Miss Internet and this brought her into quarter finalist at Miss Supranational 2013 (Top20 = Top19 + Miss Internet), the owner of Supra org nevertheless said KWW would be in even if she didn't get Miss Internet. However, there is no official news for that.)

Below are a few photos of Htar Htet Htet during Miss Grand International 2013 competition activities.

Arrived BKK Airport on Nov 3
Posing for MGI official photo shoot


At Press Conference









If you want to know more about Htar Htet Htet, you can read here. ( Written in Burmese!)

Thank you for reading this post. :)
witch83 (26/11/2013; 8:09PM; GMT+8)

References
1. http://www.missgrandinternational.com
2. http://en.wikipedia.org/wiki/Miss_Grand_International_2013
3. http://globalbeauties.com/missgrandintl/
4. http://missosology.org/other-pageants/miss-grand-international/5091-post-review-miss-grand-international-2013/
5. http://www.mizzimaburmese.com/2013-11-11-11-35-35/item/13248-2013-10-15-03-02-10
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer