" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label ရေးမိသမျှ. Show all posts
Showing posts with label ရေးမိသမျှ. Show all posts

December 28, 2013

သတင်းစုံလင်မှာ..

စာမရေးဖြစ်တာ တစ်လကျော်သွားပါပြီ။ ( အလုပ်တွေ ရှုပ်နေလို့ပါ။ အလုပ်ရသွားပြီး အလုပ်သစ်မှာ အလုပ်တွေအရမ်းရှုပ်နေတာရယ်.... ကျမကို အစစအရာရာ ကြည့်ရှုစောင့်ရှောက်ခဲ့တဲ့၊ ကျမရဲ့ ဒုတိယအမေလို့ပြောရင်ရတဲ့ ကြီးဒေါ် စလုံးကို လာလည်နေလို့ ဟိုဒီလိုက်ပို့နေတာရယ်၊ အရမ်းခင်ရတဲ့ သူငယ်ချင်းတစ်ယောက် ဆေးရုံတက်နေရတာရယ်ကြောင့် လူဟာ စိတ်ရော၊ လူပါ မအားရပါဘူး။ ) စာမရေးတာလည်း ကြာပြီမို့ အချိန်ရတဲ့ ဒီနေ့မှာ စာရေးဖြစ်အောင် ရေးလိုက်ပါတယ်။ ခေါင်းစဉ်တစ်ခုချင်းစီ ပို့(စ်)ခွဲမတင်ဘဲ အားလုံးပေါင်းပြီး သတင်းအနေနဲ့ ပို့(စ်)တင်လိုက်ပါတယ်။

About The Job Search

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ အလုပ်ဗီဇာတိုးတာ အဆင်မပြေတဲ့အကြောင်းကို ဒီဘလော့ပေါ်မှာ တစ်ခါရေးဖူးပါတယ်။ အလုပ်ဗီဇာမတိုးခင်က ကိုယ်.. ကိုင်တာက EP ပါ။ ကုမ္ဗဏီကလည်း EPလခပဲ ပေးတာပါ။ ဒါပေမဲ့ ကိုယ်က လုပ်သက်ရင့်လာတာရယ်၊ အသက်ကြီးလာတာရယ်၊ MOM က သတ်မှတ်ချက်တွေ ပိုမြင့်လာတာရယ်တွေကြောင့် EP renewal အတွက်ဆို တိုးပေးရမဲ့ ပမာဏက အရမ်းများလာပါတယ်။ အရင်တစ်ခေါက်တိုးတုန်းက သတ်မှတ်ချက်နဲ့ညီအောင် (၅၀၀)လိုက်တိုးပေးပေမဲ့ ဒီတစ်ခေါက်က တိုးရင် (၅၀၀)မကတိုးပေးရမှာဖြစ်ပြီး ကုမ္ဗဏီကလည်း အလုပ်မဖြစ်တာ့ ဘယ်လိုမှ တိုးပေးလို့မဖြစ်ပါဘူး။ ဒီတော့ ကုမ္ဗဏီက ကိုယ်ရတဲ့ allowance တွေကို basic salary ထဲထည့်၊ ပိုက်ဆံ (၂၀၀)ထပ်တိုးပေး၊ ရာထူးပြောင်းပေးပြီး appealပြန်တင်တော့လည်း approveမဖြစ်ပါဘူး။ အဲ့ဒါနဲ့ မန်နေဂျာမက MOM officer နဲ့စကားသွားပြောတော့ second appeal တင်ခိုင်းပြီး temporary အနေနဲ့ အလုပ်ဗီဇာကို တစ်လတိုးပေးပါတယ်။ အဲ့ဒီ second appealလည်း rejectဖြစ်ပါတယ်။ နောက်တော့ HR agentကနေတဆင့် fresh application တင်ကြည့်ပါတယ်။ အဲ့ဒါလည်း reject ပါ။ ကုမ္ဗဏီမှာက SPassအတွက်လည်း head count မပြည့်တော့ နောက်ဆုံးမှာ အဲ့အလုပ်ကနေ ထွက်လိုက်ရပါတယ်။ အဲ့လို ဗီဇာပြဿနာတွေတက်နေတဲ့ တစ်လအတွင်းမှာ အလုပ်တွေ လျှောက်ပေမဲ့ ဘာအင်တာဗျူးမှ မရပါဘူး။ အဲ့ဒီ တစ်လကျော်ကာလအတွင်းမှာ လူက တော်တော် စိတ်ညစ်ခဲ့ရပါတယ်။

အလုပ်ဗီဇာအတွက် ကြိုးစားနေတုန်းမှာ ICA ကို စာလှမ်းပို့လိုက်ပါတယ်။ ကျောင်းတက်တုန်းက service obligation ယူထားတဲ့အကြောင်း၊ အလုပ်လုပ်တာ နှစ်မပြည့်သေးတဲ့အကြောင်း၊ ခုလက်ရှိ အလုပ်ဗီဇာပြဿနာတက်နေတဲ့အကြောင်းတွေပြောပြီး တစ်ခုခုစီစဉ်ပေးဖို့ပြောတော့ MOM officer က long term pass လျှောက်ပြီး အလုပ်ရှာပါ၊ ltp proccessing time အတွက်လည်း visit visa လျှောက်လို့ရတယ်ဆိုပြီး reply ပြန်လာပါတယ်။ အဲ့ဒါနဲ့ ICA သွားပြီး visit visaသွားလျှောက်လိုက်တော့ ဗီဇာ(၂)လပေးပြီး  ltp ကိုတော့ onlineကနေ လျှောက်ခိုင်းပါတယ်။ ( ဒီနေရာမှာ... ကျမရဲ့ ဗီဇာကိစ္စအတွက် လိုအပ်တဲ့အခေါက်တိုင်းမှာ လိုလိုလားလား၊ မငြီးမငြူနဲ့ မေတ္တာဖြင့် ICA မှာ လိုက်ကူညီပေးတဲ့ သူငယ်ချင်း Black Rose Queen တို့ လင်မယားကို အထူးပဲ ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ Friends in need are Friends in deed. ^^)

ဒီလိုနဲ့ အလုပ်ရှာလိုက်တာ (၃)လကျော်၊ (၄)လလောက်ကို ကြာသွားပါတယ်.... :(... အလုပ်တွေက offer ရပေမဲ့... ရတဲ့အလုပ်တွေက တစ်ခါတစ်လေ ကိုယ်လုပ်ချင်တာနဲ့  မကိုက်၊ တစ်ခါတစ်လေ လခနည်း၊ တစ်ခါတစ်လေ ကုမ္ဗဏီကသေး ဖြစ်နေပါတယ်။ လိုချင်တာတွေကျတော့ မရပါဘူး။ ကိုယ်ကလည်း ဒီလိုပြဿနာမျိုးနောက်တစ်ခါ ထပ်မကြုံချင်တာရော၊ နောက်နှစ် ဂျူလိုင်လကျော်ရရင် အလုပ် pass တွေ ပိုခက်တော့မှာရော၊ လက်ရှိလည်း long term pass ကိုင်ထားတာရောကြောင့်ပါ...  ရေရှည်လုပ်လို့ရမဲ့၊ ကိုယ်နဲ့ အဆင်ပြေမဲ့ အလုပ်ကိုပဲ စိတ်ရှည်ရှည်နဲ့ စောင့်ရှာလိုက်ပါတယ်။

အလုပ်ရှာနေတုန်း ပထမနှစ်လကျော်လောက်အထိတော့ ကိုယ်စုထားတာတွေနဲ့ နေလို့ဖြစ်ပေမဲ့ မြန်မာသံရုံးမှာ ပတ်(စ်)ပို့တိုးပြီး အခွန်တွေဆောင်ပြီးနောက်ပိုင်းတော့ အိမ်ကို မျက်နှာပုပူနဲ့ပဲ ပိုက်ဆံပြန်မှာရပါတော့တယ်။ အောက်တိုဘာလလယ်လောက်ရောက်တော့ လူလည်း depression ဝင်လာပါတော့တယ်။ အရင်တုန်းက ရတာတွေထဲက သိပ်မဆိုးတာကို ယူလိုက်မိရင်ကောင်းသားလို့ တွေးမိလာပါတယ်။ ( စကားချပ်။    ။ ဒီလို အဆင်မပြေတဲ့ (၃)လကျော် (၄)လအတွင်းမှာ .. ကိုယ့်ကို အစစအရာရာ ဂရုစိုက်ကြတဲ့... လိုအပ်လာရင် ကူညီပေးကြတဲ့... ကိုယ်ညီးရင် စိတ်ရှည်ရှည်နဲ့ နားထောင်ပေးကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမဟာ စိတ်ဓါတ်သိပ်မကျလွယ်ပေမဲ့၊ ပျော်ပျော်နေတတ်ပေမဲ့ .... တကယ်တော့ ကျမမှာလည်း စိတ်ဓါတ်ကျနေချိန်၊ စိတ်ညစ်နေချိန်တွေ ရှိပါတယ်။  We come to know who are REAL when we are in our hard times.. )

နောက်ဆုံးတော့ ကိုယ်အရမ်းလိုချင်ခဲ့တဲ့ ကုမ္ဗဏီတွေထဲက နိုဝင်ဘာလဆန်းမှာ တစ်ခု၊ လလယ်မှာ တစ်ခု ရလာပါတယ်။ နိုဝင်ဘာလလယ်မှာ offer ရတဲ့ အလုပ် nature ကို ပိုကြိုက်ပေမဲ့ ကိုယ်အရင်လက်ခံထားတဲ့အလုပ်က Spass ကို နှစ်နှစ်ဗီဇာရပြီးတဲ့အပြင် လက်မှတ်မထိုးရသေးတာကလွဲရင် အစစအရာရာ အကုန်လုပ်ပြီးနေပါပြီ။ နောက်ပြီး ခုလက်ရှိကုမ္ဗဏီကလည်း ပိုကြီးတာကြောင့် ပိုသေချာတဲ့ လက်ရှိအလုပ်ကိုပဲ ယူလိုက်ပါတယ်။ ( ခုတော့ သူ့ကို ရွေးလိုက်မိတာကို နောင်တရချင်ချင်ဖြစ်နေပါပြီ။ =S နောင် အေးအေးဆေးဆေးဖြစ်သွားတဲ့အခါကျမှ အလုပ်အသစ်အကြောင်းကို ရေးပါမယ်။ )

Miss Earth 2013ပြိုင်ပွဲ

Miss Earth ပွဲကိုတော့ အစကတည်းက စိတ်သိပ်မဝင်စားပါဘူး။ Big 4 Pageant မှာပါပေမဲ့ မနှစ်က လာဘ်ယူတယ်လို့ confirm လုပ်လို့ရတဲ့ ဗွီဒီယိုဖိုင်ပြန့်ပြီး တော်တော် နာမည်ကြီးခဲ့၊ နာမည် ပျက်ခဲ့တဲ့ organization ပါ။  နောက်ပြီး မြန်မာမယ်လည်း ဝင်မပြိုင်တာကြောင့် မကြည့်ဖြစ်ပါဘူး။ ဒါပေမဲ့ ဘယ်သူတွေ ဆုရသွားတယ်ဆိုတာတော့ သတင်းတွေ လိုက်ဖတ်ဖြစ်ပါတယ်။

Miss Earth 2013 ပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတာပါ။ ဖိလစ်ပိုင်က မနှစ်ကလည်း host country ပါ။ ဒီဇင်ဘာလ (၇)ရက်နေ့မှာ final ကျင်းပခဲ့ပြီး ဗီနီဇွဲလားအလှမယ် Alyz Henrichက သရဖူဆောင်းသွားပါတယ်။ ဆုရသွားတဲ့ ဗီနီဇွဲလားအလှမယ်ကို တော်တော် သဘောကျပါတယ်။ တော်တော်လေးကို ဆွဲဆောင်မှုရှိပြီး ကိုယ်လုံးလည်း လှပါတယ်။ တစ်ချက်တစ်ချက်လည်း ဗီနီဇွဲလားအလှမယ် Miss Universe 2009, Stefanie နဲ့ ဆင်ပါတယ်။ သူဟာ Best in evening gown ဆုရခဲ့ပြီး swimsuit မှာလည်း top-3 ဝင်ခဲ့ပါတယ်။

ME2012 & ME2013 during the ME2013 competition





1RU (Miss Air)ဆုကို Austriaအလှမယ် Katia Wagnar, 2RU (Miss Water) ဆုကို ယိုးဒယားအလှမယ် Punika Kulsoontornrut နဲ့ 3RU ( Miss Fire)ဆုကို ကိုရီးယားအလှမယ် Catharina Choi တို့က ဆုရသွားပါတယ်။

Miss Air 2013, Austria
Miss Water 2013, Thailand
Miss Fire 2013, Korea
Special Award ရသွားသူတွေစာရင်းကိုတော့ အောက်က screen shotမှာ ကြည့်လို့ရပါတယ်။


ဒီပြိုင်ပွဲမှာအင်ဒီးယားအလှမယ်ကို သဘောကျမိပေမဲ့ semi-finalist ကိုတောင် မဝင်ခဲ့ပါဘူး။ သူဟာ grand shotတွေအပြင် candid photoတွေ၊ လျှပ်တပြတ်ပုံတွေမှာပါ လှတာပါ။ Personality လည်း ကောင်းမဲ့ပုံပါပဲ။ ဘာလို့ semi တောင် မပါလည်း မသိဘူး။

Sobhita Dhulipala, Miss Earth India 2013
ဒီပွဲမှာ နောက်ထပ် သတိထားမိတဲ့မယ်ကတော့  ဖိလစ်ပိုင်အလှမယ်.. Angelee ပါ။ သူဟာ တခြား ဖိလစ်ပိုင်မယ်တွေနဲ့မတူဘဲ ကိုယ်လုံးက တော်တော်ကြီးကို ကျစ်လစ်ပြီး လှပါတယ်။ ဒါဟာ Miss Universe Phillipine 2009, Venus Raj ပြီးရင် နောက်ထပ် ကိုယ်လုံးလှတဲ့ နောက်ထပ် ဖိလစ်ပိုင်အလှမယ်ပါ။



27th SEA Game

အလုပ်သစ်က အိမ်နဲ့ လှမ်းတဲ့အပြင် အိမ်ပြန်ချိန်လည်း နောက်ကျတာမို့ SEA Game ဖွင့်ပွဲနေ့က ကိုယ်အိမ်ပြန်ရောက်တော့ ပွဲက ပြီးခါနီးနေပါပြီ။ ဗိုက်ကလည်း အရမ်းဆာနေတော့ ညစာပြင်နေ၊ စားနေတာနဲ့မကြည့်လိုက်ပါဘူး။ လူတွေရဲ့ အပြောအရတော့ ခမ်းနားတယ် သိရပါတယ်။ ပိတ်ပွဲနေ့ကတော့ နည်းနည်း ကြည့်လိုက်ရပါတယ်။ ဖွင့်ပွဲကိုမကြည့်ရလို့ သေချာမသိရပေမဲ့ သေချာတာကတော့ ပိတ်ပွဲအစီအစဉ်က နည်းနည်း ပျင်းစရာကောင်းတယ်ဆိုတာပါပဲ။ ခြင်းလုံးအစီအစဉ်တော့ မဆိုးပါဘူး။ အဆိုတော်တွေကို playback နဲ့ဆိုခိုင်းတာတော့ နည်းနည်း ဂွမ်းပါတယ်။ နောက်နှစ်မှာ လက်ခံကျင်းပမဲ့ စလုံးက အမြည်းကပြတဲ့အဖွဲကတာတော်တော် မိုက်ပါတယ်။ မြန်မာအမျိုးသမီး ဘောလုံးကန်တာတွေကိုလည်း မကြည့်ရပေမဲ့ ကြားရတဲ့သတင်းတွေကတော့ အားရစရာပါ။ ဖလားမရပေမဲ့ အိမ်ရှင်အနေနဲ့ သန့်သန့်ရှင်းရှင်းနဲ့ ကစားတာ၊ နောက်ဆုံးအချိန်အထိ မလျော့တမ်း ဇွဲနဲ့ပြိုင်တာတွေဟာ တကယ်ကို ကြားရတာ ဝမ်းသာစရာပါ။


   

Miss International 2013

MI2013 ပွဲကိုလည်း အရှေ့ ကပြောခဲ့တာတွေအတိုင်းပဲ ပြောပါမယ်။ မအားလို့ မကြည့်ဖြစ်ပါဘူး။ :P  ဒါပေမဲ့ ကိုယ်.. စိတ်ဝင်စားတဲ့ပွဲမို့.. အလုပ်ကနေ အိမ်ပြန်ရောက်ရင်တော့ ဓါတ်ပုံတွေလိုက်ကြည့်၊ သတင်းတွေ လိုက်ဖတ်ပါတယ်။ တကယ့် final ကျင်းပတဲ့နေ့ကလည်း ကြားရက်ကြီးဆိုတော့ မကြည့်လိုက်ရပါဘူး။ youtube ကနေ အပိုင်း၊ အပိုင်းတွေလိုက်ရှာကြည့်ပြီး မှတ်ချက်ပေးမိတာကတော့ stage စင်ဟာ အဆင့်မမီဘူးဆိုတာပါပဲ။ ဂျပန်ဟာ ဒီနှစ် သူတို့ ဆုမရနိုင်တာ သိလို့လား၊ ဒါမှမဟုတ် စပွန်ဆာသိပ်မရလို့လား မသိပါဘူး။ ဒီနှစ်ရဲ့ stage အပြင်အဆင် အတော် ဂွမ်းပါတယ်။ နောက်ပြီး special award တွေလည်း အရင်နှစ်လို မများပါဘူး။ 

နောက်တစ်ခုက တကယ်ဆို မနှစ်က Miss International 2013 ဆုကို ရခဲ့တဲ့ ဂျပန်အလှမယ် Ikumi က တက်ရမှာဖြစ်ပေမဲ့ သူ့အကြောင်းကို သတင်းသမားနဲ့ပေါင်းပြီး သူကိုယ်တိုင် scandal အတုလုပ်ခဲ့လို့ဆိုပြီး ဒီပွဲကို တက်ရောက်ခွင့်ပိတ်ထားပါတယ်။ တော်သေးတယ်။ သရဖူ ပြန်အသိမ်းမခံရလို့။ Ikumi အစား Miss International 2008 winner, စပိန်အလှမယ်က ပွဲတက်ပါတယ်။

Miss Myanmar International 2013 ပြိုင်ပွဲပြီးခါစတုန်းက ဂုဏ်ရည့်ကို သိပ်မကြိုက်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့မှာ ပြင်ဆင်ချိန်တွေ အများကြီး ရှိပါသေးတယ်ဆိုပြီး စိတ်ဖြေခဲ့ပါတယ်။ တကယ်လည်း သူ့ မျက်နှာစာအုပ်ကနေ သူပြင်ဆင်နေတာတွေ တွေ့ရပါတယ်။ တကယ့်ပွဲမှာလည်း အဝတ်အစား၊ ကိုယ်လုံးနဲ့ စိတ်ဓါတ်ရေးရာပိုင်းတွေမှာ သေချာပြင်ဆင်ထားတာ မြင်ရပါတယ်။ 



ဒါပေမဲ့ ထင်ထားတဲ့အတိုင်းပဲ သူ... semi မပါခဲ့ပါဘူး။ အင်တာနက်ဆုအနေနဲ့ကလည်း သူ့ကို vote ပေးတဲ့သူတွေ ရှိနေကြသေးပေမဲ့ မြန်မာပရိသတ်တွေလည်း ပွဲတိုင်း ထိုင် vote ပေးနေရတော့ နည်းနည်း ပင်ပန်းပြီး၊ အားလျော့လာပါပုံရပါတယ်။ SEA game နဲ့တိုက်နေတာလည်း ပါပါလိမ့်မယ်။ မနှစ်က မြန်မာမယ်နဲ့ အင်တာနက်ဆုကို အပြိုင်လုခဲ့တဲ့ မကာအိုအလှမယ် Miss Internet ဆုကို ရသွားပါတယ်။ 





အောက်ကပုံကတော့ ဒီဇင်ဘာ(၁၇)ရက်နေ့ညတုန်းက ကျမတင်ထားတဲ့ FB status ကို screenshot ဆွဲပြီး ဒီမှာ ပြန်တင်ပေးထားတာပါ။

အိမ်ပြန်ရောက်ရောက်ချင်း သတင်းတွေ လိုက်ဖတ်တော့ ဖိလစ်ပိုင်အလှမယ် ဆုရသွားတယ်ဆိုတော့ ဟင်င်င်င် ဆိုပြီး ဖြစ်သွားပါတယ်။ ကိုယ်သိသလောက်တော့  ဖိလစ်ပိုင်အလှမယ် Bea Rose Santiago ဟာ လူလည်း သိပ်မလှပါဘူး။ ကိုယ်လုံးလည်း မလှပါဘူး။ ဒါပေမဲ့ ကိုယ်ရဲ့ မသိစိတ်က ဖဦးထုတ်တွေကို အမြင်ကပ်တာကို ဖျောက်ပြီး ... ဘာbiasမှ မပါဘဲ သူပြိုင်ပွဲဝင်ထားတဲ့ ဗွီဒီယိုတွေကိုကြည့်ပြီး  သေချာဝေဖန်သုံးသပ်မယ်ဆိုရင်တော့... သူက ကျက်သရေရှိပါတယ်။ နောက်ပြီး အလှမယ်တစ်ယောက်မှာ ရှိသင့်တဲ့ auraလည်း ရှိပါတယ်။ လမ်းလျှောက်တာလည်း လှပါတယ်။ လမ်းလျှောက်နေရင်၊ pose ပေးနေရင်လည်း expression ရှိပါတယ်။ သူဝတ်ထားတဲ့အဝတ်အစားကို ပေါ်အောင်နေတတ်ပါတယ်။ Miss Universe Phillipines Ariadaလို dull မဖြစ်ပါဘူး။ အရေးအကြီးဆုံးအပိုင်းဖြစ်တဲ့ final talk မှာလည်း ပြောသွားတာ အရမ်း ကောင်းပါတယ်။ English လည်း တော်တော် ကောင်းပါတယ်။ မနှစ်ကလည်း Timeless Beauty 2012 postမှာ ပြောဖူးပါတယ်။ ဂျပန်တွေဟာ sincere speech ပေးတဲ့မယ်တွေကို ရွေးပါတယ်။ ဒီနှစ်မှာလည်း sincere and reliable speech ပေးတဲ့မယ်တွေ top-5 ဝင်သွားတာ တွေ့နိုင်ပါတယ်။ Santiagoရဲ့ speechကတော့....
The whole world saw how my country, Philippines, suffered. The agony of my people was felt. But, one by one, country to country came to help. I would like to thank all the nations who helped my countries in our darkest hours. other countries helped. You have opened my heart and eyes on how important it is ...if we all to support each other. If I become a Miss International, I will uphlod international camaraderie to sustain the spirit of sympathy and continually share the message of hope. I believe that whatever calamity may come to us, as long as we work together, there will be hope.  

ပြောသွားတာ အရမ်း ကောင်းပါတယ်။ နားထောင်နေတဲ့၊ ကြည့်နေတဲ့သူတွေကို touch ဖြစ်စေပါတယ်။ ပြောနေတဲ့အချိန်မှာလည်း သူ တကယ်ကို ခံစားပြီး ပြောနေမှန်း သိသာပါတယ်။ သူကိုယ်တိုင်လည်း ပြောနေတဲ့အချိန်မှာ မျက်ရည်ဝဲနေပါတယ်။
1RU ဖြစ်တဲ့ နယ်သာလန်အလှမယ်ကတော့ မနှစ်က Miss Universe Netherland ပါ။ Nathalie ဟာ MU2012 ပွဲတုန်းက လူကြိုက်များခံခဲ့ရပြီး beauty expert တွေက သူ့ကို တော်တော်ကို အမှတ်ပေးခဲ့ကြတာပါ။ ဒါပေမဲ့ top-15 တောင် မဝင်ခဲ့ရှာပါဘူး။ MI2013 ပြိုင်ပွဲမှာတော့ first runner-up ဆုကို ရသွားခဲ့ပါတယ်။ တကယ်လို့သာ ဖိလစ်ပိုင်အလှမယ်ရဲ့ final speech ဟာ အဲ့လောက် မကောင်းခဲ့ရင် Nathalie တစ်ယောက် သရဖူဆောင်းကောင်း ဆောင်းနိုင်မယ်လို့ ထင်ပါတယ်။ Nathalie ဟာ 1RU အပြင်ကို Miss Friendship ဆုကိုလည်း ရပါသေးတယ်။  

LtoR: 1RU, MI2013 and 2RU
Miss International 2013
First Runner-Up, Miss Friendship 2013
Second Runner-up
Best National Costume, Aruba
Miss Internet 2013, Macau
Miss Photogenic, Lithuania

    
+ + + + + + + + 

ရေးရင်းရေးရင်းနဲ့  စာလည်း တော်တော် ရှည်သွားပါပြီ။ ကျမရဲ့ သတင်းစုံလင်ပို့(စ်)ကို ဒီနေရာမှာ အဆုံးသတ်ပါရစေ။ အားလုံးပဲ Happy Weekends, Happy Holidays ပါ။ =)

Regards,
witch83 (28/12/2013; 10:52PM; GMT+8) 
To Continue Reading

March 16, 2013

စကားပြောခြင်းဆိုရာဝယ်...

လူရယ်လို့ဖြစ်လာပြီး လူ့လောကကြီးမှာ ကျင်လည်ရုန်းကန်ရတဲ့အခါ "စကားပြောခြင်း"ဆိုတဲ့ အတတ်ပညာဟာ မရှိမဖြစ် လိုအပ်ပါတယ်။ လူမှုပတ်ဝန်းကျင်မှာ စကားပြောခြင်းဟာ တကယ်ကို အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာမို့ ကျမတို့အားလုံးဟာ စကားကောင်းကောင်းပြောတတ်ဖို့တော့ လိုပါလိမ့်မယ်။ စကားပြောခြင်းကပဲ... ကိုယ့်ကို လူတွေ ချစ်ခင်ကူညီချင်လာစေနိုင်သလို ကိုယ့်ကိုမုန်းသူတွေ တပုံတပင်ရှိအောင်လည်း လုပ်ဆောင်နိုင်ပါတယ်။ အဲ့တော့ စကားကို ကောင်းကောင်းပြောဖို့လိုပါမယ်။

စကားပြောကြတဲ့အခါမှာ "ငါ့စကားနွားရ"သဘောမျိုး မပြောမိအောင်၊ သူများ ဒုက္ခရောက်မဲ့စကားမျိုးတွေမပြောမိအောင် ကြိုးစားကြဖို့ လိုမယ်ထင်ပါတယ်။ နောက်တစ်ခုက ပြစ်တင်ဝေဖန်တဲ့သဘောနဲ့ အလွယ်တကူ မပြောဖို့လည်း သတိထားသင့်ပါတယ်။ "Do not criticize someone easily. Go walk into his/her shoes and you will know what his/her life is like"တဲ့.. ကိုယ်တိုင်မလုပ်ကြည့်ရသေးပဲနဲ့၊ ကိုယ်တိုင်တွေ့ကြုံမခံစားရသေးပဲနဲ့ သူများကို မဝေဖန်သင့်ပါဘူး။ ကျမကြည့်နေရသလောက်ကတော့  လူတော်တော်များများဟာ (အထူးသဖြင့် ဖွဘုတ်ပေါ်မှာ) .. ကိုယ်တိုင်ကတော့ ဘာမှ မလုပ်ဘဲနဲ့ သူများကို ဝေဖန်အပြစ်တင်ရင်းနဲ့ပဲ အချိန်တွေဖြုန်းနေကြသလိုပါပဲ။

မန်လည်ဆရာတော်ဘုရားကြီးက မာဃဒေဝလင်္ကာ (၂၆၁) မှာ...
" လောကီလူတမ်း ၊ လူ့နှုတ်ခမ်းကား၊
ချီးမွမ်းကဲ့ရဲ့ ၊ ဖြစ်ခဲ့တက်ခဲ့ရှင့် ၊
 ပြစ်ဖွဲကြည်ညို ၊ ပြောကြဆိုလည်း ၊
 ပြောဆိုသူနှင့် ၊ နှိုင်းကာချင့်တည့် ၊ 
ယခင်ထိုသူ ၊ ယုတ်မြတ်ဟူသည် ၊ 
အယူတူမျှ ၊ ကြည်ညိုကြ၏"
ဆိုပြီး ရေးသားခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ " လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဝေဖန်ပြောဆိုခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း.. စတာတွေကို ပြုလုပ်တဲ့အခါမှာ ကိုယ့်ရဲ့စိတ်သဘောထား၊ အယူအဆနဲ့ နှိုင်းယှဉ်ပြီး ပြောခြင်းသာဖြစ်ပြီး..
ယုတ်ညံ့ခြင်း ၊ မြင့်မြတ်ခြင်းဟူသည်မှာလည်း တစ်ဦးနှင့်တစ်ဦး သဘောအယူအဆခြင်း တူညီကြလျှင်
ယုတ်ညံ့သူဖြစ်စေ ၊ မြင့်မြတ်သူဖြစ်စေ တစ်ဦးနှင့်တစ်ဦး ကြည်ညိုကြသည်သာဖြစ်သည်" လို့ ဆိုလိုတာပါ။ [Ref:2]

မြတ်စွာဘုရားက သူတစ်ပါးနဲ့ မိမိကိုယ်တိုင်မှာ နှစ်ဦးထဲက တစ်ဦးချင်းအတွက် (သို့မဟုတ်) နှစ်ဦးလုံးအတွက် အကျိုးမရှိဘူးဆိုရင် အဲ့ဒီစကားကို မပြောဖို့ ဟောကြားခဲ့ပါတယ်။
  • မှန်ကန်၊ အကျိုးရှိ၊ ကြားသူနှစ်သက် သောစကား
  • မှန်ကန်၊ အကျိုးရှိ၊ ကြားသူမနှစ်သက်သောစကား
  • မှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
  • မှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
  • မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူနှစ်သက်သောစကား
  • မမှန်ကန်၊ အကျိုးမရှိ၊ ကြားသူမနှစ်သက်သောစကား
ဆိုပြီး စကားကြီး (၆)ခွန်းရှိတဲ့အထဲကမှ ပထမစကားနှစ်မျိုးကိုသာ ပြောသင့်တယ်လို့ ဟောကြားခဲ့ပါတယ်။

နောက်ပြီး ဝစီကံဟာ အရေးကြီးတဲ့ အမှုဖြစ်တာမို့ စကားပြောမယ်ဆိုရင် ကောင်းမွန်မှန်ကန်ပြီး အကျိုးရှိတဲ့စကားကိုသာ ပြောသင့်ပါတယ်။ ကိုယ့်ခံစားချက် ( ချစ်ခြင်း၊ မုန်းခြင်း..) တွေ၊ အယူအဆတွေပေါ်မူတည်ပြီး သူများကို အကျိုးမဲ့အောင် လျှောက်မပြောသင့်ပါဘူး။

ဒါကြောင့် မြတ်စွာဘုရားက အံ(၅)၊ ဝါစာ(၂၁၃)ထဲမှာ ...

"ပြောသင့်တဲ့အချိန်မှပြော၊ 
အမှန်ကိုပြော၊
 နူးညံ့သိမ်မွေ့စွာပြော၊ 
အကျိုးရှိမှပြော၊
 မေတ္တာရှေ့ထား၍ပြော"
 ဆိုပြီး ဟောကြားခဲ့ပါတယ်။ [Ref:1]

ကိုယ်က ဗုဒ္ဓဘာသာမို့ မြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့ယှဉ်ပြီး ပြောနေပေမဲ့ တကယ့်တကယ်တော့ ဘယ်ဘာသာရဲ့ဘုရားကမှ သူများအကျိုးမဲ့စေမဲ့ မဟုတ်တန်းတရားပြောပါလို့ မိန့်ခဲ့မှာမဟုတ်ပါဘူး။ ဘယ်ဘာသာပဲဖြစ်ဖြစ် တကယ်ဆန်းစစ်ကြည့်ရင် အားလုံးက မေတ္တာတရားကိုသာလျှင်   အခြေခံထားကြမှာပါပဲ။ နောက်ပြီး..  ဘာသာရေးရှုထောင့်က မပြောဘုူးဆိုရင်တောင် ဒါဟာ လောကနီတိအရ လက်ခံကျင့်သုံးသင့်တဲ့လမ်းစဉ်ပါပဲ။ "စကား၊စကားပြောပါများ... စကားထဲက ဇာတိပြ" ဆိုတဲ့ဆိုရိုးလည်း ရှိတာမို့ မကောင်းတဲ့ဇာတိရှိသူ မဖြစ်ရလေအောင် စကားကောင်းပြောနိုင်အောင် ကောင်းမွန်တဲ့အမြင်၊ ကောင်းမွန်တဲ့ ခံယူချက်တွေ ရှိသင့်ပါတယ်။ သူများကို ဝေဖန်ပြစ်တင်၊ မကောင်းပြောဆိုတာမျိုး မလုပ်သင့်ပါဘူး။

ဒါကြောင့်မို့လို့ လူသားအားလုံး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မှန်ကန်သော၊ ကောင်းမွန်သော၊ အကျိုးရှိသောစကားများကို မေတ္တာရှေ့ထားပြီး ပြောနိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီပို့(စ်)လေးကို နိဂုံးချုပ်လိုက်ပါတယ်။

မှတ်ချက်။    ။
ဒီပို့(စ်)ကို ရေးဖြစ်သွားစေတာကတော့ World of Wisdom FB page မှ တရားစာသားကိုတွေ့သွားတာကနေ စတာပါ.. စိတ်ထဲမှာ စကားပြောခြင်းအကြောင်းကို စာရေးချင်နေတာမို့ ဒီစာသားလေးကို တွေ့ပြီးတဲ့နောက်မှာတော့ ... google လုပ်ရင်းက zawlay1979 နဲ့ yatanavasa ဘလော့တွေက ပို့(စ်)နှစ်ခုကို အခြေခံကာ စိတ်ထဲ ဘဝင်မကျတာလေးတွေနဲ့ပေါင်းပြီး ဒီပို့(စ်)ကို ရေးပါတယ်။

မြင်ရတွေ့ရတာတွေ ဘဝင်မကျလို့ ရေးတာဆိုပေမဲ့ ...ကျမကိုယ်တိုင်ဟာလည်း  ခင်မင်ရင်းနှီးတဲ့သူတွေနဲ့တွေ့ရင် စကား အင်မတန်များပြီး တောင်စဉ်ရေမရလျှောက်ပြောတတ်တဲ့သူပါ။  တစ်ခါတစ်ရံလည်း ရှေ့နောက်မဆင်ခြင်ဘဲ ပြောတတ်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ပြုပြင်ရဦးမှာပါ။ ဒါပေမဲ့ သူများရဲ့ အဖျင်း၊ သူများရဲု့အားနည်းချက်နဲ့ သူများဒုက္ခရောက်မဲ့စကားမျိုးတွေတော့ မပြောပါဘူး။

နောက်ပြီး..အိမ်မှာ..  ကိုယ်က အကြီးဖြစ်ပြီး၊ ရန်ကုန်မှာတုန်းကလည်း အငယ်တန်းလေးတွေကို စကာင်္ပူမထွက်လာခင်အထိ စာသင်တဲ့အလုပ်လုပ်ခဲ့သူမို့ နည်းနည်းတော့ ဆရာလုပ်တတ်ပါတယ်။ ဆရာမကြီးလေသံနဲ့ ရေးထားသလိုကြီး ဖြစ်နေရင် ဒီစာကို လာဖတ်သူတွေ ကျမကို ခွင့်လွှတ်ပေးကြပါ။ :)

Regards,
witch83(16/03/2013; 10:20PM; GMT+8)

Reference:
1. http://www.worldofwisdom.asia/
2. http://zawlay1979.blogspot.sg/2011/02/blog-post_4999.html
3. http://yatanavasa.blogspot.sg/2011/08/blog-post_11.html

To Continue Reading

December 31, 2012

၂၀၁၂ မှသည် ၂၀၁၃ဆီသို့


Photo Source; ASEAN community

နှစ်သစ်အတွက် ပါးချင်တဲ့ စကား :)
ဒီကနေ့ဟာ.. (၂၀၁၂)ခုနှစ်ရဲ့နောက်ဆုံးနေ့လေးဖြစ်ပြီး.. မနက်ဖြန်ဆို (၂၀၁၃)ခုနှစ်ကို ရောက်ပါတော့မယ်။ (၂၀၁၂)ခုနှစ်အတွက် နောက်ဆုံးပို့(စ်)လေးကို ရေးမယ်ဆိုပြီး  ပုံတွေရှာတော့ ဒီပုံလေးကို အကြိုက်ဆုံးပါပဲ။  ဒါကြောင့် ဒီပုံလေးကိုပဲ ဒီပို့(စ်)အတွက် သုံးလိုက်ပါတယ်။

ပုံထဲကအတိုင်း (၂၀၁၂) ကုန်သွားပေမဲ့၊ ပျက်သွားပေမဲ့.. ဒီနှစ်ထဲမှာ... ကျမတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာကတော့ မပျောက်ပျက်သွားပါဘူး။ ဒါကို သမိုင်းလို့ ခေါ်ပါတယ်။ ကျမတို့အားလုံးဟာ တကယ်တော့ "ကိုယ့်သမိုင်းကိုယ်ရေးနေကြသူများ" သာ ဖြစ်ကြပါတယ်။ သမိုင်းစာအုပ်မှာ ထင်ကျန်ခဲ့သူများတော့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမဲ့.. ကိုယ့် မိသားစုဝင်များ၊ နောင်လာနောက်သားများအတွက်.. အနည်းဆုံး ကိုယ့်ကိုကိုယ်အတွက်.. ဒီလောကကြီးက မထွက်သွားခင်အချိန်မှာ... နောင်တ နည်းနိုင်သမျှနည်းသော.. " ကောင်းမွန်သောသမိုင်း "များကို ရေးနိုင်၊ ချန်ထားနိုင်သူများ ဖြစ်ကြပါစေ။

နောက်တစ်ခုက.. နှစ်ဟောင်းကုန်သွားပေမဲ့ နှစ်ဟောင်းမှာလုပ်ခဲ့တာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ရှေ့ နှစ်တွေမှာ ခံစားရမှာပါ။ ဒါကြောင့် (၂၀၁၂)မှာ ကိုယ်လုပ်ခဲ့သမျှကို ပြန်လည်ဆန်းစစ်ပြီး (၂၀၁၃)မှာ.. သူပြီးရင် လာမဲ့ရှေ့နှစ်တွေအတွက် ပြင်ဆင်နိုင်ကြပါစေ။

နောက်ဆုံးအနေနဲ့ကတော့ အရင်ကပို့(စ်)တွေမှာ.. ပြောထားတာလေးပဲ စကားပြန်ပါးပါရစေ။
အဲဒါကတော့ သူများတွေကို.. ဝေဖန်အပြစ်တင်တာတွေလျှော့ပြီး "မိမိကိုယ်ကို ကောင်းအောင် အရင် ကြိုးစားကြပါ။"..လို့။ ကိုယ်ကောင်းပြီးနောက်တော့.. ပတ်ဝန်းကျင်ကောင်းဖို့ ကြိုးစားပါ။ အားလုံး ဒီလိုပဲ ကောင်းကြရင်.. တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ကောင်းသွားမှာပါ။ ဒါကြောင့် မိမိနဲ့မိမိပတ်ဝန်းကျင် ကောင်းမွန်အောင် အရင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ လူမျိုးအတွက်၊ နိုင်ငံအတွက်.. ဒါတွေက နည်းနည်းဝေးပြီး အလှမ်းကျယ်ပါတယ်။ မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ကောင်းအောင် အရင် ပြုပြင်ပါ။ အားလုံးက .. ဒီလို ကြိုးစားကြမယ်ဆိုရင် တစ်နိုင်ငံလုံး ကောင်းသွားပါလိမ့်မယ်။

နှစ်သစ်လက်ဆောင်
ဘလော့မိတ်ဆွေတွေနဲ့ စာဖတ်သူတွေ သတိထားမိလားတော့ မသိပါဘူး။ ပြီးခဲ့တဲ့ (၄)၊ (၅)ရက်လောက်တုန်းကတည်းက ... နှစ်သစ်လက်ဆောင်ဆိုပြီး Note Gadget လေးတစ်ခုကို side bar ပေါ်မှာ တင်ထားပါတယ်။ ဆရာမောင်သစ်ဆင်းရေးတဲ့ "ကြောက်စိတ်" ဆိုတဲ့ဆောင်းပါးလေးကို ဝေမျှထားတာပါ။ သိပ်ကိုကောင်းပြီး ဖတ်သင့်တဲ့ ဆောင်းပါးလေးမို့ ဖတ်ကြည့်ကြပါဦး။ :)

ကျမနဲ့ (၂၀၁၂)ခုနှစ်
နှစ်ကုန်ပိုင်းမှာ မေမေ.. နေမကောင်းဖြစ်တာမို့ စိတ်နည်းနည်း ရှုပ်ရတာရယ်၊ ဒီဇင်ဘာလဆန်းမှာ... ခါးနာ.. ခါးနာပြီး ပျောက်သွားတော့.. flu ဖြစ်.. flu ပြီးတော့ အစာအိမ်နာ.. နောက် X'Mas ရောက်ခါနီး.. တစ်ယောက်တည်း ဖြစ်နေလို့ စိတ်မကြည်လင်ခဲ့တာရယ်ကလွဲရင်...
(၂၀၁၂)ခုနှစ်ဟာ ကျမအတွက် ကောင်းတဲ့နှစ်တစ်ခုလို့ ပြောလို့ရပါတယ်။
  • မိသားစုကို ကောင်းကောင်း ထောက်ပံ့ခွင့်ရတဲ့နှစ်၊ လုပ်ပေးစရာရှိတာတွေ လုပ်ပေးနိုင်တဲ့နှစ်မို့ ကျေနပ်မိပါတယ်။
  • ညီမရဲ့ မင်္ဂလာဆောင်ကြောင့် ဇူလိုင်လမှာ ပျော်ဖို့ကောင်းတဲ့ ခရီးတစ်ခုကို သွားခဲ့ရပြီး.. နိုဝင်ဘာလမှာလည်း ရန်ကုန်ပြန်ခဲ့ရတဲ့အတွက်လည်း ပျော်ပါတယ်။ 
  • ဇူလိုင်လမှာ မမျှော်လင့်ဘဲ.. လခတိုးသွားတဲ့အတွက်လည်း တော်တော် ပျော်ပါတယ်။
  • နောက်ပြီး ပြန်ဆပ်စရာမလိုသေးပေမဲ့ NTU school loan ကို ဇန်နဝါရီလကစပြီး installment repayment plan ကို အကောင်အထည်ဖော်ခဲ့တဲ့ အတွက် ခုဆို (၃)ပုံ(၂)ပုံလောက်ကို ကျေသွားပါပြီ။ အဲ့ဒီအတွက်လည်း အရမ်းကို ကျေနပ်ပါတယ်။ =)
    ( ဒီနေရာမှာ NTU က သူငယ်ချင်းတွေကို တစ်ခု ပြောချင်ပါတယ်။ School loan ဟာ ဘွဲ့ရပြီး (၂)နှစ်ကြာရင် စဆပ်ရပါတယ်။ တစ်လကို အနည်းဆုံး S$100 ဆပ်ရပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်း မဆပ်ရင် အနောက်က လိုက်လာပါလိမ့်မယ်။ နောက်ပြီး ပိုက်ဆံကို မဆပ်ဘဲ ရန်ကုန်ပြန်သွားတာတို့၊ ရှောင်နေတာတို့ကိုလည်း မလုပ်စေချင်ပါဘူး။ နောက်ကလူတွေ ပိုက်ဆံ ချေးမရဘဲ ဖြစ်နေပါဦးမယ်။ နောက်တစ်ခုက (၂)နှစ်ကြာမှာ စဆပ်ရတာဆိုပေမဲ့ အတိုးကတော့ ဘွဲ့ရတဲ့နေ့ကတည်းက စတက်နေပါပြီ။ တခြားဘဏ်တွေကတော့ ဘယ်လောက်မှန်းမသိပေမဲ့ OCBC ကတော့ ၄.၇၅%ပါ။ ဘွဲ့ရတဲ့နေ့ဆိုတာကလည်း convocation date မဟုတ်ပါဘူး။ conferrment letter ရတဲ့နေ့ပါ။ အဲ့ဒီတော့ မြန်မြန် ပြန်ဆပ်လေ.. ကောင်းလေပါပဲ။ များသောအားဖြင့် မြန်မာကျောင်းသား အတော်များများဟာ ဒါကို မသိကြပါဘူး။ ကျမလည်း မသိခဲ့ပါဘူး။ ပိုက်ဆံဆုဖို့ တခြားဘဏ်အကောင့် သွားဖွင့်တော့မှ သိခဲ့တာပါ။ )
  • နောက်ဆုံးအနေနဲ့ကတော့ ကိုယ်.. ချစ်ရတဲ့သူတစ်ယောက်ကို သိပ်ချစ်နေမိပြီဆိုတာ မမျှော်လင့်ဘဲ သိရှိခဲ့ရပြီး .. သူနဲ့ သူငယ်ချင်းကောင်းအနေနဲ့ ပတ်သတ်ဆက်ဆံခွင့်ရတာကို တကယ် ကျေနပ်မိပါတယ်။ အချစ်ဆိုတာ ပေါင်းစပ်မှ အချစ်ဖြစ်တာ မဟုတ်ပါဘူး။ ပိုင်ဆိုင်ရမှအချစ်ဆိုတာ အမြဲ မမှန်ကန်ပါဘူး။ စွန့်လွှတ်ခြင်းမှာလည်း အနုပညာဆိုတာ ရှိပါတယ်။ ဘယ်လိုတွေးတွေး.. မဖြစ်နိုင်တာမို့.. ဆိုင်သူနဲ့သာ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ( တွယ်တာလှပေမယ့်၊ ကွယ်ရာကပဲ ချစ်ပါရစေ.. ဆရာ မောင်စိန်ဝင်းရဲ့ ကဗျာစာသားကို ယူထားတာပါ။)

(၂၀၁၂)ခုနှစ်အတွက် နောက်ဆုံးကဗျာ
ပြောရရင်တော့ ကျမဟာ ကဗျာဆရာမ မဟုတ်ပါ။ ကာရံတွေ နဘေတွေလည်း မသိပါ။ ဘဝတစ်လျှောက်လုံးမှာ စိတ်အရမ်းပေါက်လာတဲ့အချိန်တွေမှာ... ကဗျာလို့ထင်ရတဲ့စာ (၄) (၅)ပုဒ်လောက် ရေးဖူးပါတယ်။ အောက်မှာလည်း ကဗျာထင်ရတဲ့ စာစုတစ်ခုကို share ပြီး ဒီပို့(စ်)ကလေးကို အဆုံးသတ်ခွင့်ပြုပါ။ အားလုံးပဲ Happy New Year ပါ... :)

A Year May Come
A Year May Go
But, I will keep going on...!
And, everything I have done each year will be my history!
So, let me say something here to all my supporters, admirers and haters,
I truly appreciate the existence of you all..
Cause you all are my motivations that make me who I am now!
Thank you!


Love and Peace, 
witch83
(31/12/12; 3:28PM; GMT+8)
To Continue Reading

December 13, 2012

ရေးမိရေးရာ ( ခုတလော စိတ်ထဲ ခိုးလို့ခုလုဖြစ်နေသော အရာလေးများ)

စာရေးသူ၏အမှာ

ဒီပို့(စ်)က စိတ်ထဲ ဘဝင်မကျတာလေးတွေ၊ ခိုးလို့ခုလုဖြစ်နေတာလေးတွေကို... လျှောက်ရေးထားတာပါ။
ရေးချင်တဲ့ ပို့(စ်)တွေရှိပေမဲ့ တကယ်တမ်းရေးမယ်ဆိုတော့ ... အဲ့ဒီပို့(စ်)တွေက ...အချိန် သေချာပေးပြီး.. လေ့လာပြီးမှ ရေးလို့ကောင်းမှာမို့ ကြားဖြတ်ပို့(စ်)အနေနဲ့ ဒီပို့(စ်)ကိုရေးပြီး ဆားချက်လိုက်တာပါ။ :)
(၁) အထက်တန်းကျောင်း ပညာအရည်အချင်းသာရှိတဲ့ မြန်မာတစ်ယောက်အတွက် ... SPass  လျှောက်တာ ...agent က ဘွဲ့ ရအဖြစ် လိမ်ထားတာကို MOM က ဖမ်းမိ..
ရန်ကုန်မပြန်ခင် အောက်တိုဘာလကုန်ခါနီးတုန်းက ဒီသတင်းကို ဖတ်ရတာပါ။  ဒီသတင်းကိုဖတ်မိတော့... ဒီနှစ်အတွက် 39 offenders မှာ ဘယ်လူမျိုး၊ ဘယ်နှစ်ယောက်ပါတယ် မပြောထားဘဲ၊ (၃၉)ယောက်ထဲမှာမှ.. မြန်မာလူမျိုး... နာမည် ဘယ်သူ... လိမ်ပါတယ်၊ အခု တရားရုံးတင်ပြီး ဘယ်လို အပြစ်ပေးမယ်ဆိုတာကို စောင့်နေပါတယ်... ဆိုပြီးရေးထားတာကို လုံးဝ (လုံးဝ) ဘဝင်မကျမပါဘူး။ ပြီးတော့ အဲ့ဒီ အင်္ဂလိပ်လိုရေးထားတဲ့ orginial သတင်းလင့်(ခ်)ကို FB ပေါ်မှာ မြန်မာတွေ share ကြတာကို မြင်ရတဲ့အခါ တော်တော် စိတ်.အနှောင့်အယှက် ဖြစ်ရပါတယ်။  ကိုယ့်ပေါင်ကိုယ်လှန်ထောင်း... ကိုယ့်လူမျိုးကိုယ် ပြန်အရှက်ခွဲနေလိုက်ကြတာ။ အဲ့ဒါကြောင့် ... share ထားတဲ့သူတွေ အများကြီးထဲကမှ ကိုယ်နဲ့ တော်တော်ရင်းနှီးပြီး စကားကို သမာသမတ်ပြောတတ်တဲ့သူငယ်ချင်း ရဲ့ link ပေါ်မှာ မနေနိုင်မထိုင်နိုင် comment တက်ရေးမိပါသေးတယ်။ လိမ်တာ မကောင်းပေမဲ့၊ မလုပ်သင့်ပေမဲ့ ... အဲ့ဒီ သတင်းမှာ ethics မရှိတဲ့အကြောင်း။ လိမ်တာမိတဲ့ လူ(၃၉)ယောက်မှာ မြန်မာတစ်ယောက်တည်းရဲ့ နာမည်၊ အသက်ကို ဖော်ပြထားတာ လွန်တဲ့အကြောင်း ဝင်ပြောလိုက်ပါသေးတယ်။

အဲ့လိုပြောပြီး သိပ်မကြာခင်မှာပဲ FB ပေါ်က Myanmar Page တစ်ခုက.. ဒီသတင်းကို မြန်မာလို ဘာသာပြန်ပြီး publicly share လုပ်တော့ ရင်ထဲ တော်တော် မကောင်းပါဘူး။

False Data ပေးတာ မှားယွင်းပေမဲ့ ကာယကံရှင် ကိုယ်တိုင်တောင် အဲ့လို လိမ်ထားတယ် သိချင်မှသိမှာပါ။  ငွေရဖို့သာသိတဲ့... သု့ရဲ့ MM agentက လုပ်ချင်ရာ လုပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ မြန်မာ agent တွေ.. မြန်မာတွေဆီက အခကြေးငွေတွေ အလွန်အကျွံတောင်း.. ဒီရောက်ရင် သူများတွေနဲ့ပေါင်း... ကိုယ့်လူမျိုးကိုယ်... မတရားတွေလုပ်... ဒါတွေဟာ... မကြားချင်မှအဆုံးပါ။ ဒီလိုမျိုးဇာတ်လမ်းတွေဟာ စလုံးမှာမှ မဟုတ်ပါဘူး။ နေရာတကာမှာ ဖြစ်ပျက်နေတာပါ။ ခံရတဲ့သူတွေဟာ ဘယ်လိုမှလုပ်လို့မရလို့ ( တစ်ချို့ဆို...အကြွေးတွေနဲ့လာခဲ့တာမို့) ဒီလိုပဲ ငြိမ်ခံပြီး ရုန်းကန်နေရတာတွေ အများကြီးပါ။ ဒါမှမဟုတ်.. မလွှဲသာမရှောင်သာမို့.. လိမ်ရတာလည်း ဖြစ်နိုင်တာပဲဟာ။ ဒါမျိုးမလုပ်နဲ့... လုပ်ရင် ဒီလိုဖြစ်တတ်တယ်ဆိုပြီး ပညာပေးတဲ့သဘောနဲ့ ဝေမျှတယ်ဆိုလည်း အမည်တွေ ဘာတွေ မပါသင့်ပါဘူး။ သူများကို အရှက်ခွဲသလို မလုပ်သင့်ပါဘူး။ မုဒိန်းကျင့်၊ ဓါးပြတိုက်၊ ခိုးဆိုးလုယက်နေတာမှ မဟုတ်တာ။

(၂) လုပ်အားခနှင့် နေထိုင်ရသော ပတ်ဝန်းကျင်ကို မကျေနပ်၍ SMRT မှ ဆန္ဒပြသော ဘတ်(စ်)ကားမောင်းသူ ဝန်ထမ်း (၆၀၀)ကို အပြစ်ပေး၊ စင်္ကာပူမှနှင်ထုတ်... 
သူတို့ ဆန္ဒစပြတဲ့နေ့က နိုဝင်ဘာလ (၂၆)ရက်နေ့.. ရုံးမှာ အလုပ်ရှုပ်နေပါတယ်။ အဲ့ဒီသတင်း မဖတ်မိပါဘူး။ ရုံးအပြန် သူငယ်ချင်းနဲ့ချိန်းထာတာ.. ဘတ်(စ်)နဲ့ဆို တိုက်ရိုက်ရောက်တာမို့... ဘတ်(စ်)ကားဂိတ်မှာ ကား..စောင့်လိုက်တာ၊ နာရီဝက်မက စောင့်လိုက်ရပါတယ်။ သူငယ်ချင်းနဲ့တွေ့တော့ .. သူက .. အဲ့ဒီသတင်းကို ပြောပြပါတယ်။ (၂၇)ရက်နေ့မှာလည်း ဆက်..ဆန္ဒပြတယ်လို့ သိရပါတယ်။ အဲ့ဒီ case အပြီး.. နောက်နေ့မနက်ရောက်တော့ Straits Times သတင်းစာထဲမှာ ခေါင်းဆောင်(၄)ယောက်ရဲ့ ဓါတ်ပုံတွေ၊ နာမည်၊ အသက်တွေဖော်ပြပြီး စာလုံးအမဲကြီးတွေနဲ့ သတင်းပါလာပါတယ်။ Criminal တွေကို ဖြစ်လို့။

ဒီလို SMRTကဝန်ထမ်းတွေ ဆန္ဒပြတာဟာ စည်းကမ်းတင်းကျပ်တဲ့ စင်္ကာပူနိုင်ငံတွင်းမှာ (၂၆) နှစ် ကြာ ဆန္ဒပြ တောင်းဆိုမှုမရှိခဲ့ခြင်းကို အဆုံးသတ် သွားစေတယ်လို့ စလုံးသတင်းစာတွေက ပြောပါတယ်။ (ကမ်းလက်) ဒီလို ဆန္ဒပြတာမျိုးဆိုရင် စလုံးအစိုးရက လုံးဝ လက်မခံပါဘူး။ ဒီ..စင်္ကာပူနိုင်ငံမှာ လူ(၃)ယောက်ထက် ပိုပြီး တွဲမလျှောက်ရတဲ့ နေရာတွေ ရှိပါတယ် (ဥပမာ... Orchard Road)။ လူအများနဲ့လုပ်မဲ့ social/ religion/ cultural eventတွေ ရှိတယ်၊ လုပ်ချင်တယ်ဆိုလည်း town councilကို ကြိုအကြောင်းရပါတယ်။ ဟိုတလောက စလုံးမှာ လာဖွင့်တဲ့ နယူးဇီလန်စားသောက်ဆိုင်ဖွင့်ပွဲမှာ .. အကြောင်းမကြားဘဲ.. လူ ဆယ်ယောက်ကျော်လောက် လမ်းမပေါ်မှာ ကလိုက်လို့ Fine ထိလိုက်ပါသေးတယ်။ ပြီးတော့ စလုံးမှာ... အစားအသောက်ကိစ္စကလွဲရင် လူစုပြီး.. freedom of speech ဆိုတာမျိုးလုပ်လို့မရဘူးလို့ တစ်နေရာမှာ ဖတ်ဖူးပါတယ်။ အဲ့ဒါကြောင့် ပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့တဲ့ ဇာဂနာရဲ့ Surving Beauty Showမှာတောင်.. ရုပ်ရှင်အတို (၅)ကား ပြပြီးတဲ့အချိန်မှာ နောက်ကျန်တဲ့(၇)ကားကို ပေးမပြရတော့ပါဘူး။

စင်္ကာပူအစိုးရဘက်က ဒီကိစ္စကို ဆန္ဒပြပါတယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်မပြောပေမဲ့ ... စလုံးရဲ့ အလုပ်လုပ်တဲ့ပုံစံအတိုင်း .. ပြင်းပြင်းထန်ထန် အပြစ်ပေးပါတယ်။ ခေါင်းဆောင်(၄)ယောက်ကို တရားရုံးတင်ပါတယ်။ သူတို့ဟာ ငွေဒဏ် (သို့) ထောင်ဒဏ်၊ ဒါမှမဟုတ်.. နှစ်မျိုးစလုံး ဒဏ်ပေးခံရနိုင်ပါတယ်။ ဆန္ဒပြသူအားလုံးကို တရုတ်ပြည်ပြန်ခိုင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်... အမှုစစ်တာပြီးသွားရင်.. အပြစ်ခံစရာရှိတာခံပြီးရင် သူတို့ နိုင်ငံသူတို့ ပြန်ရမှာပါ။ ပြည်နှင်တယ်ဆိုပါတော့။ ခုလောလောဆယ်တော့ Passport တွေ သိမ်းထားပါတယ်။ တရုတ်သံရုံးကလည်း လုပ်စရာရှိတာတွေ လိုက်လုပ်ပေးနေပါတယ်။ တရုတ်အစိုးရကလည်း သူ့လူတွေအတွက် စိုးရိမ်တယ်လို့ ဆိုပါတယ်။ ( မြန်မာပြည်အစိုးရ၊ မြန်မာသံရုံးဆို.. ဒီလို လိုက်လုပ်ပေးပါ့မလားပဲ...) December (၆)ရက်နေ့တုန်းကတော့ ခေါင်းဆောင် (၁)ယောက်ကို စလုံးဒ်ါလာ ၂၀၀၀၀၊ ကျန်တဲ့ ခေါင်းဆောင် (၃)ယောက်ကို စလုံး ဒေါ်လာ ၁၀၀၀၀စီနဲ့ အာမခံထားပြီး လွှတ်ပေးလိုက်ပါတယ်လို့ Channel News Aisa ထဲမှာ ဖတ်လိုက်ရပါတယ်။ နိုင်ငံကူးလတ်မှတ်တွေတော့ သိမ်းထားတုန်းပဲလို့ သိရပါတယ်။ စင်္ကာပူအစိုးရဟာ ကော်လာပြာအလုပ်သမားတွေကို နိုင်ငံထဲခေါ်ပြီး အလုပ်ခေါ်ခိုင်းတဲ့ ပေါ်လစီကို ပြန်လည်သုံးသပ်နေပြီလို့ သတင်းစာတွေထဲမှာလည်း ဖော်ပြထားပါတယ်။ စင်္ကာပူအစိုးရက ဒီလူတွေကို အပြစ်ပေးတာ နောင်ကျဉ်အောင် လုပ်တာပါ.. ထပ်လုပ်မဲ့သူတွေကိုလည်း.. မလုပ်ရဲအောင် ..စံပြ ..လုပ်ပေးလိုက်တာပါ။ သူ့အရပ်နဲ့သူ့ဇာတ်၊ သူ့နိုင်ငံစည်းမျဉ်းနဲ့ အပြစ်ပေးတာ ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ လူပုံတွေကို သတင်းစာထဲထည့်တာ သိပ်.. သဘောမကျပါဘူး။

ဒါပေမဲ့ SMRT ကိုလည်း သတိပေးတာမျိုး လုပ်သင့်ပါတယ်။ အရင် SMRT က CEO ဟာ တကယ့်ကို အမြတ်အစွန်းရရှိရေးကိုသာ... ဦးစားပေးတဲ့သူပါ။ Maintenance လုပ်သင့်သလောက် မလုပ်လို့ ရထားတွေ ဟိုမှာပိတ်၊ ဒီမှာပိတ်၊ ရထားလမ်းတွေပျက်ဖြစ်ခဲ့တာ သိပ်မကြာသေးပါဘူး။ ပြီးတော့ ဟိုတလောက SMRT ဝန်ထမ်းတွေထဲကမှ စလုံးတွေနဲ့ ပီအာတွေကို လစာတိုးပေးပါတယ်။ နိုင်ငံခြားသားတွေကိုတော့ မတိုးပေးပါဘူး။ ဒါကို တရုတ်တွေက မကျေနပ်ကြပါဘူး။ (ကိုယ်သာဆိုလည်း ကိုယ့်ကုမ္ပဏီမှာ စလုံးနဲ့ PR တွေကိုပဲ လခတိုးပေးပြီး ကိုယ့်ကိုချန်ထားခဲ့ရင် ခံစားရမှာပါပဲ။) သူ့လူမျိုးတွေကိုတိုးပေးရတဲ့ ရည်ရွယ်ချက်က သူတို့တွေ ဒီအလုပ်ကို လုပ်ချင်စိတ်ရှိလာအောင် စွဲဆောင်လိုက်တာပါ။ (စင်္ကာပူရီးယန်းတွေဟာ ဒီလို ကားမောင်း၊ ရထားမောင်းတဲ့အလုပ်မျိုး မလုပ်ချင်ကြပါဘူး။ ဒါကြောင့် ယာဉ်မောင်းသူ တော်တော်များများဟာ နိုင်ငံခြားသားတွေပါ။) မိဘဟာ သူ့သားသမီးအရင်းကို ပိုဂရုစိုက်တဲ့သဘောပါ။ နည်းနည်းတော့ မမျှတပေမဲ့ ဒါက လက်ခံနိုင်ပါသေးတယ်။  ဒါပေမဲ့ ကားမောင်းတဲ့သူတွေကို ဆောက်လုပ်ရေးဝန်ထမ်းတွေနဲ့ အတူထားတာကတော့ သိပ်..မကောင်းပါဘူး။ ကားမောင်းတဲ့သူဟာ ညဘက် အိပ်ရေးဝအောင် အိပ်ဖို့ လိုပါတယ်။ ပြီးတော့ ဆောက်လုပ်ရေးဝန်ထမ်းနဲ့ ကားမောင်းတဲ့သူတွေရဲ့ အဆင့်အတန်းကလည်း မတူပါဘူး။ နေပုံထိုင်ပုံလည်း မတူပါဘုး။ ကားမောင်းတဲ့သူတွေဟာ ဘွဲ့ရတွေပါ။ အလုပ်မှာ good working condition မပေးတဲ့SMRT ကိုလည်း အရေးယူသင့်ပါတယ်။ ဒါမှသာ.. ဒီလိုလုပ်နေတဲ့ တခြားကုမ္ပဏီတွေလည်း ဆင်ခြင်ကြမှာပါ။

လက်ပတောင်းတောင်ကိစ္စ
ဒီကိစ္စမှာ အစိုးရ၊ တရုတ်ကုမ္ပဏီ၊ ပြည်သူလူထု နိုင်ငံရေးသမားအချို့ ...အားလုံးမှားတယ်လို့ ထင်ပါတယ်။

ကျမအမြင်မှာတော့ ဘုန်းကြီးတွေဟာ နိုင်ငံရေးနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ဒီလိုတော့ မဆိုင်ဘူး မပြောနဲ့။ ဦးဥတ္တမလည်း နိုင်ငံရေးပါခဲ့တာပဲလို့ ငြင်းချင်ရင် ငြင်းလို့ ရပါတယ်။ ဒါပေမဲ့ ကျမ အမြင်မှာတော့... မြတ်စွာဘုရားရဲ့ တရားတော်အရ.. ဘုရားသားတော်တွေဟာ နိုင်ငံရေး ဝင်မပါသင့်ဘူးလို့ပဲ ထင်ပါတယ်။ ပြီးတော့ ...များသောအားဖြင့်က.. ဘုန်းဘုန်းတွေဟာ လောကီအရေးကို သိပ်..မသိပါဘူး။ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဘုန်းဘုန်းတွေပြောရင် လူတွေက လက်ခံတတ်ကြပါတယ်။ လူတွေက ဘုန်းဘုန်းတွေအပေါ်မှာ အဲ့ဒီအချက်ကိုကိုင်ပြီး အသုံးချနေတယ်လို့ ခံစားရပါတယ်။

ဒါပေမဲ့ အစိုးရဘက်ကလည်း အဲ့လိုမျိုး . အကြမ်းဖက်တာမျိုး မလုပ်သင့်ပါဘူး။ တရားမဝင် သပိတ်စခန်းဖွင့်ထားရင်တောင်မှ ရိုဟင်ဂျာတွေလို အကြမ်းဖက်နေတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပါ။ ညှိနှိုင်းပေးစရာရှိတာ ညှိပေးလိုက်ရင် အဆင်ပြေသွားမှာပါ။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီး ဘုန်းဘုန်းတွေကို ဒီလိုလုပ်တာ အံ့သြလို့ မဆုံးပါဘူး။ ရွှေဝါရောင်တော်လှန်ရေးပြီးတာဖြင့် ဘယ်လောက်မှ မကြာသေးပါဘူး။ အဆိုးဆုံးက သံဃာတော်တွေ ခံစားနေရတာတွေပါပဲ။

 မြေအသိမ်းခံရတဲ့သူတွေရဲ့ ခံစားချက်ကို (ကိုယ်ကိုတိုင်လည်း အိမ်အသိမ်းခံရဖူးသူမို့...) ကောင်းကောင်း နားလည်ပါတယ်။ အိမ်စုတ် (၄) (၅)လုံးတောင်မရှိတဲ့၊ ကိုယ်ထူကိုယ်ထ နိုင်လွန်ကတ္တရာလမ်းချောတွေရှိတဲ့၊ ရပ်ကွက်အတွင်း လမ်းဖွဲ့စည်းပုံကောင်းတဲ့၊ အငြိမ်းစားတွေအနေများတဲ့၊ ပြည်လမ်းမဘေးမှာတင်ရှိတဲ့ ကျမတို့ရပ်ကွက်လေးကို သတ်မှတ်ရက်အတွင်း ဆင်းပေးရင်ဆင်းပေး၊ မဆင်းပေးရင် ဘူဒိုဇာနဲ့ ကလော်ချမယ်ဆိုပြီး မတရားသိမ်းသွားခဲ့တာပါ။ ဦးသန်းရွှေအမျိုးရှိတယ်ဆိုတည်း လှည်းတန်းဂုံးကျော်တံတားနားက အိမ်တွေထက် အများကြီး သာပါတယ်။ ပြန်ပေးတော့ ခိုအိမ်လို တိုက်ခန်းအစုတ်အပြတ်တွေ ပေးခဲ့တာပါ။ ကိုယ့်ရပ်ကွက်မှာတောင် ကိုယ် ပြန်မရပါဘူး။ အိမ်ငှားတွေ တိုက်ခန်းအလကားရသွားတာကို မုဒိတာပွားနိုင်ပေမဲ့ အိမ်ပိုင်ရှင်တစ်ချို့ ဘဝပျက်ကုန်ကြတာတော့ ရင်နာစရာကြီးပါ။ (၁၉၉၆/၉၇) နှစ်ပိုင်းမှာစဖြစ်ပြီး ... (၂၀၀၂)ခုနှစ်မှာ ရှိသမျှလမ်းထွက်ပေါက်တွေကိုပိတ်ပြီး ညသန်းခေါင်ကျော်ကြီးမှ... မဆင်းပေးတဲ့ အိမ်(၂၀)ကျော်ထဲက ကျောထောက်နောက်ခံမရှိတဲ့ အိမ် (၆)အိမ်၊ (၇)အိမ်ကလူတွေကို.. စံပြ.. ရိုက်နှက်ပြီး အကုန်လုံးကို ဆင်းခိုင်းခဲ့တာပါ။ ဒီလို ကိစ္စဖြစ်ခဲ့တာ ရန်ကုန်မြို့ထဲမှာ ဖြစ်ခဲ့တာပါ။ အဲ့ဒီအိမ်ဟာ ကျမအဖိုး တသက်လုံး စုဆောင်းထားတဲ့ငွေနဲ့ မြေဝယ်ပြီး.. သူကိုယ်တိုင် ဒီဇိုင်းဆွဲ၊ သူကိုယ်တိုင် ကြီးကြပ်ပြီး ဆောက်ခဲ့တာပါ။ အိပ်မက်.. သိပ်မမက်တတ်တဲ့ ကျမဟာ အဲ့ဒီ အောက်ထပ်က အုတ်နဲ့ အပေါ်ထပ်က ရေနံချေးတွေဝအောင်သုတ်ပြီး ဆောက်ထားတဲ့ ပျဉ်အိမ်လေးကို အသက်တော်တော်ကြီးတဲ့အထိ အိပ်မက်ထဲမှာ ပါပါလာတတ်ပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝကို ရောက်တဲ့အထိတိုင်အောင်...အဲ့ဒီဘက်ကို အကြောင်းတိုက်ဆိုင်လို့ရောက်သွားရင်  မကြည့်မိအောင် မျက်စိကို သတိထားပြီး ထိန်းရပါတယ်။ (ကြည့်မိရင် နှမြောလို့၊ စိတ်မကောင်းဖြစ်လို့)... နောက်ပိုင်းမှသာ ဆုံးရှုံးဖို့ပါလို့ ဆုံးရတာပါပဲ။ ရန်သူမျိုးငါးပါးဒဏ်ဆိုတာ ရှောင်လွှဲလို့မှ မရတာဆိုပြီး ဖြေတတ်သွားတာပါ။

ဒါကြောင့်.. လယ်မြေအသိမ်းခံရတဲ့သူတွေကို တကယ်ပဲ ကိုယ်ချင်းစာပါတယ်။ တောင်သူလယ်သမားတွေအတွက်တော့ လယ်ရှိမှ လုပ်ကိုင်စားသောက်နိုင်မှာပါ။ ဒါပေမဲ့ လယ်စိုက်ဖို့ သိပ်မဖြစ်ထွန်းတဲ့.. ကြေးနှီထွက်တဲ့နေရာမှာ... အားလုံး အဆင်ပြေအောင် ညှိပြီး၊ ကိုယ့်အတွက်လည်း အကျိုးရှိ၊ နိုင်ငံလည်း အကျိုးရှိအောင် လုပ်သင့်တယ်လို့ ထင်ပါတယ်။ခေတ်ကြီးလည်း ပြောင်းလာပါပြီ။ ကိုယ်ကျေနပ်လောက်အောင်ညှိပေးမယ်။ (၃)ဘက်လုံးအကျိုးရှိမယ်ဆိုရင် ဒီစီမံကိန်းကို လက်ခံလိုက်သင့်ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး သူများတွေရဲ့ comment တစ်ချို့ကို သဘောကျလို့ အောက်မှာ ပြန်လည် ဝေမျှလိုက်ပါတယ်။ ဖတ်ကြည့်ပါဦး။ (စကားချပ်။     ။ writer တွေကို credit ပေးထားပါတယ်။ ဒါပေမဲ့ ကာယကံရှင်တွေက မကြိုက်ဘူးဆိုရင် အချိန်မရွေး ပြန်ဖျက်ပေးပါ့မယ်။ ကျေးဇူးတင်ပါတယ်။)
  • နိုင်ငံပိုင်စာချုပ်စာတမ်းတစ်ခုတွင် အများပြည်သူ အကျိုးစီးပွား ကာကွယ်ရမည့် အချက်များ ပြတ်ပြတ်သားသား ထည့်ထားခဲ့ရမည်ကို မသိသားဆိုးဝါးခြင်း (သို့မဟုတ်) ပေါ့လျော့ခြင်း၊ ထည့်တွက်ခဲ့သည် ဆိုပါကလည်း လူအများကျေနပ်သည်ထိ သိသာထင်ရှားအောင် ပွင့်ပွင့်လင်းလင်း ချမပြခြင်း၊ ပွင့်လင်းမြင်သာမှုဆိုသည်မှာ အုပ်ချုပ်ခံများအတွက် ကျေနပ်မှုပေးရုံသာမက အုပ်ချုပ်သူအတွက်ပါ ဖိစီးမှုလျော့ပါးစေသည် ဆိုသည့်ကောင်းကွက်ကို သေသေချာချာ သဘောမပေါက်သေးခြင်း၊ တစ်ဖက်၏ သဘောထားကို မငြင်းဆန်နိုင်သလောက် အခြားတစ်ဖက်၏ ဆန္ဒကို အလေးမထားခြင်း သို့မဟုတ် လျှော့တွက်ခြင်း၊ တာဝန်ယူမှုမရှိခြင်း၊ တာဝန်မခံလိုခြင်း၊ အတိတ်က အမှားအယွင်းများ၊ လွဲချော်သော စီမံခန့်ခွဲမှုများကို ရိုးရိုးသားသား ဝန်မခံခြင်း သို့မဟုတ် ကာကွယ်ထောက်ထားစရာများဖြင့် အကျပ်အတည်းဆိုက်နေခြင်း၊ နည်းနည်းလေးမှ အလျှော့မပေးလို/နိုင်ခြင်း၊ သုညသို့မဟုတ် တစ်ရာရာခိုင်နှုန်းကိုသာ တွေးတတ်ခြင်း၊ အမြင်မတူသူများနှင့် ဆွေးနွေးတိုင်ပင်မှု ရှိဟန်မတူခြင်း၊ ပြဿနာဖြစ်လာသောအခါ ပြေပြေလည်လည်ရှင်းရန် အခြား ဖြစ်နိုင်ခြေ နည်းလမ်းများကို ဦးနှောက်သုံးပြီး မစဉ်းစားခြင်း၊ အဆိုးဆုံးကတော့ အကျင့်ဟောင်းကို မဖျောက်နိုင်ခြင်း။ (အသရေဖျက်ခြင်းမဟုတ်၊ အပြုသဘော ဝေဖန်ခြင်းမျှသာ။) By Pandora
  •  ဆဲချင်ကြလဲ အားလုံးဝိုင်း ဆဲကြဗျာ။ ဒီပွဲမှာ မြန်မာနိုင်ငံ ရဲ့ ၂နှစ်သားဒီမိုကရေစီ မရင့်ကျက်သေးကြောင်း၊ ကလေးအဆင့်ပဲရှိသေးကြောင်းကမ္ဘာကို ပြလိုက်တာပဲ။ ကျွန်တော်ကတော့ ဒီကိစ္စမှာ သုံးဘက်လုံးမှားတယ်ယူဆပါတယ်၊ လက်ရှိအစိုးရဟာ အရင်အစိုးရလက်ထက်က အထုပ်တွေကို လက်ဆင့်ကမ်းကာကွယ်နေတာ ရပ်သင့်ပါပြီ၊ ဒေသခံတွေအတွက် ထည့်သွင်း စဉ်းစားထားခြင်းမရှိတဲ့ Project မှန်သမျှ ပြန်သုံးသပ်ပြီး Revise လုပ်သင့်ပါပြီ၊ မြန်မာနိုင်ငံ သည် Sovereign State ဖြစ်တဲ့အတွက်၊ နိုင်ငံအကျိုး၊ လူထုအကျိုး အတွက် မှန်ကန်စွာ Revise လုပ်ခြင်းကို ဘယ်နိုင်ငံမှ အပြစ်ပြောလို့မရပါ၊ Investor ဆိုတာ မတောင်းရင်တော့ အလိုလိုပေးမှာ မဟုတ်ပါ၊ မပေးလို့မရတဲ့ ဥပဒေ စည်းမျည်း ရှိလျှင် ပေးကြမှာပါ၊ လက်တင် အမေရိကက Belize နိုင်ငံဟာ မဟော်ဂနီသစ် ကောင်းထွက် လို့ နာမည်ကြီးပါတယ်၊ သူ့ဆီမှာ သစ်ခုတ်ခြင်ရင် ခုတ်တဲ့ အပင် အရေအတွက် အတိုင်း အစားထိုးပြန်စိုက် ပြီး ရှင်ပြီ သေချာမှ သစ်ပေးခုတ်ပါတယ်၊ ဒါ့အပြင် သစ်အလုံးလိုက် ပေးမပို့ပါဘူး၊ အချောထည်စက်ရုံများထောင်ခိုင်းပြီး အချောထည်များပဲ Export ပေးပါတယ်၊ တချက်ခုတ်သုံချက်ပြတ်ပေါ့၊ Investor တွေက လိုချင်တော့လာရတာပဲ၊ Investor ဆိုတာ လွယ်ရင်တော့လုပ်မှာပဲ၊ မလွယ်လဲလာလုပ်ကြတာပါပဲ၊ နဲနဲမြတ်တာနဲ့ များများမြတ်တာပဲကွာတာကိုး၊ မလွယ် ရင် လူသန့်သွားပါတယ်၊ နောက်တခု Pacific Ocean ထဲက Nauru ဆိုတဲ့ကျွန်းနိုင်ငံသေးသေးလေး၊ ၈မိုင်ပါတ်လည်ပဲရှိတယ်၊ လူဦးရေက ၁သောင်းမပြည့်ဘူး၊ ဖော့စဖိတ်ထွက်တယ်၊ ကိုလိုနီတွေရဲ့ ခေါင်းပုံဖြတ်တာာ တသက်လုံးခံခဲ့ရတယ်၊ ဩစတျေးလျား အဓိကပေါ့၊ လွတ်လပ်ရေးလဲရရော၊ ၊ ဖော့စဖိတ် တဝက်ကျော်ကုန်ပြီ၊၊ကျွန်းလဲရစရာမရှိတော့ဘူး၊ အဲဒီမှာ ဩစတျေးလျားကို တရားစွဲတာ နိုင်သွားတော့ ဩစတျေးလျားက ကျွန်းသားတိုင်းကို တလ AUD ၂၅၀၀ ထောက်ပံ့ရတယ်၊ Nauru ကျွန်းသားတွေ ဩစတျေးလျားမှာနေချင်ရင် PR တန်းပေးရတယ်၊ ခုချိန်မှာ Pacific Island တွေထဲမှာ တဦးချင်းဝင်ငွေအမြင့်ဆုံးပဲ၊ သူ့ဆီမှာ ဖော့စဖိတ်တူးချင်ရင် ကျွန်းသားတွေအတွက် ရန်ပုံငွေထူပေးရတယ်၊ ဖော့စဖိတ်ကုန်သွားရင် ကမ္ဘာ တည်သရွေ့စားလောက်အောင်၊ ဒါလဲလာတူးကြတာပဲ၊ အရင်တုံးကတော့ကျွန်တော်တို့မမာနိုင်ဘူး၊ Sanctions တွေကြောင့်၊ အခုမာလို့ရပြီ၊ မြန်မာ့ကျွန်း၊ ကျောက်စိမ်း၊ ပတ္တမြား၊ ကြေးနီ၊ စသည်ဖြင့် ကမ္ထာ မှာနာမည်ကြီးတယ်၊ မြန်မာကရတာအနဲဆုံးပဲ၊ ကြားပွဲစားနဲ့ ဝိသမ Investor တွေကပိုရနေတယ်၊ ခုကြေးနီကိစ္စ အစိုးရက တရုပ်ကုမ္ပဏီကို Agreement Revise ပြန်လုပ်ခိုင်းလို့ရပါတယ်၊ Revise လုပ်တာနဲ့ Cancel လုပ်တာမတူပါ၊ ဒေသခံတွေ အတွက် အကျိုးအမြတ်ကျေနပ်အောင်ခွဲပေးလိုက်ရင်ပြီးသွားမှာပါ၊ Environmental Rehabilitation ပါပါရပါမည်၊ ဆန္နပြတာကို အလွံအကျွံအင်အားသုံးဖြေရှင်းတာအလွန်မှားပါတယ်။ ဒေသခံတွေကကော?၊ စိးပွားဖြစ်လယ်စိုက်လို့မရတဲ့မြေကို ပိုက်ထားပြီး၊၊ကျားကျားမီးယပ်ပဲဆိုပြီး ကဏ္ဏကောဇ လုပ်နေဘို့မသင့်ပါ၊ မိမိလည်းသူဌေးမဖြစ်လောက်၊ နိုင်ငံတော်ပြည်သူလည်း အကျိုးအမြတ် မရအောင်လုပ်နေကြရင် ဒီတိုင်းပြည် ဘယ်လိုပိုက်ဆံရှာ တိုးတက်တော့မလဲ?၊ တိုက်ရတောင်းရမှာက၊၊ရလာမဲ့အကျိုးအမြတ်ကိုထိုက်သင့်စွာရှယ်ပေးဘို့၊ လယ်မစိုက် တပိုင်ကြေးမချက်ပဲ နေထိုင်စားသောက်နိုင်ဘို့တောင်းရမှာပါ။ နိုင်ငံရေးအင်အားစုတွေကကော?၊ ပွဲဆူရင်ပြီးရော မြောက်မပေးသင့်ပါ၊ နိုင်ငံလည်းနာမည်ပျက်၊ လူတွေလဲနစ်နာပါတယ်၊ တိုင်းပြည်အတွက်၊လူထုအတွက်စေတနာထားရင်၊ ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာတဲ့ အဖြေကိုရအောင်ထုတ်ပြီး၊ အစိုးရကို Advocate လုပ် လူထုကို Educate လုပ်ရမှာ၊ နိုင်ငံရေးသမားတွေရဲ့တာဝန်ပါ။ (မှတ်ချက်၊ လက်ပံတောင်းတောင်ဖြစ်စဉ်တွင်၊ ထိခိုက်နစ်နာသူ အားလုံး အတွက် ကာယကံရှင်၊ မိသားစု များနည်းတူ အလွန်ဝမ်းနဲပါကြောင်း၊ (By Wanna More)  
  • နိုင်ငံရဲ့  စီမံကိန်းတွေ က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ်။ နောက်ပြီး ပြည်သူတွေကသာ ဒီစီမံကိန်းကို ရပ်ပေးပါ ရပ်ပေးပါ လို့ အော်နေကြတာ နိုင်ငံမှာ ကြွေးမီတွေက အရမ်း များနေပါတယ်။ အဲဒီ ကြွေးမီတွေကို ဘယ်သူ ဆပ်ပေးမှာလဲ... ပြည်သူတွေဆီက ပိုက်ဆံတောင်းပြီး ဆပ်ပေးမှာလား... စီမံကိန်းတစ်ခု ကို (အရင်အစိုးရက) လက်မှတ်ထိုးတဲ့ အခါ ဒီစီမံကိန်း မဖြစ်ရင် လျော်ကြေးဘယ်လောက် ဘယ်လောက် ပေးရမယ်ဆိုပြီး ထည့်ချုပ်ပြီးသားပါ၊ မြစ်ဆုံ ကိစ္စ တုံးကလည်း ကြားဖူးတာက မြစ်ဆုံစီမံကိန်းရဲ့ တန်ကြေးတင် ဒေါ်လာ ၂ ဘီလီယံ တန်တယ်လို့ ကြားဖူးတယ်။ လျော်ကြေးမဟုတ်သေးဘူးနော်.. တန်ကြေးပဲ ရှိသေးတယ်။ လုံးဝ ရပ်ဆိုင်းလိုက်တာနဲ့ လျော်ပေတော့ပဲ...။ ဒါပေမယ် မြစ်ဆုံက တစ်နိုင်ငံလုံးရဲ့ အသက်သွေး ဖြစ်တဲ့ အတွက် လျော်ရရင်တောင် တန်ပါသေးတယ်။ နိုင်ငံ တစ်ခုလုံးမှာ ရှိတဲ့ ယခု စီမံကိန်းလို မျိုးတွေ အားလုံးကို ရပ်ရမယ် ဆိုရင် လျော်ရမယ့် လျော်ကြေးက ဘယ်လောက်ရှိမလဲဆိုတာ မခန့် မှန်းနိုင်ပါဘူး။ အရင် (ချီးထုပ်) အစိုးရ က လက်မှတ်ထိုးခဲ့တယ်ဆိုတာလည်း ဦးသန်းရွှေ ရဲ့ ပိုင်ဆိုင်မှုအနေနဲ့ ထိုးတာမဟုတ်ပါဘူး၊ နိုင်ငံ့ ခေါင်းဆောင် အနေနဲ့ ထိုးတာပါ အဲဒါကြောင့် စီမံကိန်း အားလုံးဟာ အစိုးရ ဘယ်နှစ်ဆက်ပြောင်းပြောင်း နိုင်ငံရဲ့  အမွေ ဖြစ်သွားပါပြီ။ ဒါတွေအားလုံးကို လျော်ဖို့ ဘယ်က ပိုက်ဆံရပြီး ဘယ်လို ဆပ်ကြမှာလဲ... နိုင်ငံရဲ့  အခွန်တော်ကို ထမ်းဆောင်နေတဲ့ လူဟာ နိုင်ငံမှာ ရှိတဲ့ လူဦးရေ ရဲ့  ၁% ခန့် ပဲ ရှိတယ်လို့ ဖတ်ဖူးပါတယ်။ အဓိက ရတဲ့ ငွေဟာ အဲဒီ စီမံကိန်းတွေ ရောင်းစားတာနဲ့  ဌာနဆိုင်ရာတွေက ရတဲ့ ငွေ (ဥပမာ - စည်ပင်သာယာ) တွေနဲ့  နိုင်ငံ့ အရင်းအမြစ်တွေ ကို ထုတ်ရောင်းတဲ့ ဆီက ရတဲ့ ပိုက်ဆံနဲ့ ပဲ နိုင်ငံ ဆက်လက်ရပ်တည်နေရတာပါ။ ဘာလို့  Complain တက်ရလဲဆိုတော့ အကို ပြောတာတဲ့ အားလုံးကို Revise လုပ်သင့်တယ်ဆိုတာ ကလည်း Cancel နဲ့ မတူတာမှန်ပါတယ်။ ဟိုဘက်ကရော လက်ခံဦးမှပါ။ လက်မခံရင် လျော်ပေရော့ပဲ... အဲဒါကြောင့် နိုင်ငံ အတွက် ဝိုင်းဝန်းစဉ်းစားပေးကြပါ။ By Pixie Lay  
  • ဝေဖန်တာကျေးဇူးပါ၊ ကျွန်တော်ကိုယ်တိုင် ပါဝင်ခဲ့ဘူးတဲ့ Investment Project Agreement ချုပ်ဆိုတာနဲ့ပါတ်သက်ပြီးပြောရရင်၊ နိုင်ငံတော် အဆင့် ဘယ်စာချုပ်မှာမှ လျော်ကြေးဆိုတာမပါပါ၊ Government to Government (G to G), Government to Private/ Public (G to P) နုစ်မျိုးရှိရာမုာ၊ G to G project ကနဲပါတယ်၊ G to G မှာလဲ လျော်ကြေးဆိုတာမပါပါ၊ တရုတ်နဲ့က G to P တွေများပါတယ်၊ G to P မှာဘာပါလည်းဆိုတော့ Sovereign Guarantee ခေါ်တဲ့ Project ကို ပြည်သူပိုင် မသိမ်းပါဘူးဆိုတဲ့ အာမခံချက်နဲ့၊ ပြည်သူပိုင် သိမ်းခဲ့ရင် နစ်နာကြေး ပြန်ဖော်နိုင်အောင် ဗဟိုဘဏ်က State Bank Guarantee ထုတ်ပေးပါတယ်၊ တခြားနိုင်ငံတွေရဲ့ State Bank Guarantee က တန်ဘိုးအရှိဆုံး Guarantee တွေဖြစ်ပေမဲ့၊ Defacto အစိုးရ အုပ်ချုပ်ပြီး Sanction အောက်က Myanmar ရဲ့ Sovereign Guarantee နဲ့ State Bank Guarantee က ကမ္တာ့စာချုပ်စာတမ်းဈေးကွက်မှာ ငါးပြားမှမတန်ပါဘူး၊ နောက်ပြီးစာချုပ်တိုင်းမှာ Force Majeure ဆိုတာပါပါတယ်၊ Project လုပ်နေတဲ့နိုင်ငံမှာ စစ်ဖြစ်ခဲ့ရင်၊ "ဆန္န ပြပွဲဖြစ်ခဲ့ရင်"၊ သဘာဝဘေးကျရောက်ခဲ့ရင်၊ အစိုးရ (သို့) Investor က Notice ပေးပြီး တဘက်သတ်ရပ်လို့ရပါတယ်၊ ဘာလျော်ကြေးမှပေးစရာမလိုဘူး၊ ဒါကြောင့် ဦးသိန်းစိန် အစိုးရက မြစ်ဆုံကို ဖျက်သိမ်း (ပြည်သူပိုင်သိမ်း) တယ် မပြောဘဲ ရပ်ဆိုင်းတယ်လို့ပြောတာပါ၊ Force Majeure ကိုသုံးတာပါ၊ အင်မတန်ကောင်းတဲ့ရွှေ့ကွက်ပါ၊ ဒါကြောင့်တရုပ်တွေ ဘာမှလုပ်မရဘဲ ဟိုအော် ဒီအော် နဲ့ ပြန်ညှိမယ်လုပ်နေတာပါ၊ ဒီဥပမာကို ကြည့်ရင်၊ အစိုးရက Force Majeure သုံးပြီး Investor ကိုပြန်ညှိ ခိုင်းလို့ရကြောင်း ထင်ရှားပါတယ်၊ ကြေးနီတောင် ကိစ္စမှာ ကော်မရှင်ဖွဲ့တာ ပထမခြေလှမ်းပါ၊ မြစ်ဆုံတုံးက Without Notice လုပ်ခဲ့တဲ့အတွက် နောက်တခု ထပ်လုပ်ရင်မကောင်းတတ်လို့၊ ဆန္န ပြပွဲ နဲ့ ကော်မရှင်ကို ခေါင်းစဉ်တပ်၊ ဆင်ခြေဆင်လက် ပေးပြီး တရုတ်နဲ့ညှိ ဖို့ ဖြစ်နိုင်ပါတယ်၊ မယုံရင်ကြည့်ပါ တရုတ်က ပြန်ညှိ လာပါလိမ့်မယ်၊ Investor ဆိုတာ လျော်ကြေး လိုချင်တာမဟုတ်ပါ၊ စီးပွားရေးလုပ်ချင်လို့ အကျိုးအမြတ် များများရချင်လို့လာလုပ်တာပါ၊ ကြေးနီတောင် Investment Project Agreement ကို လူထုကြားချပြပြီး နားလည်သူများက တဖက်စောင်းနင်း ဖြစ်နေတဲ့ အချက်တွေပြင်၊ နှစ်ဘက်မျှတ အောင် ပြန်ရေး၊ ဒေသခံတွေ အတွက်၊ သဘာဝပတ်ဝန်းကျင် အတွက် အချက်တွေ ဖြည့်စွက် လိုက်ရင်၊ တရုတ် ငြင်းလို့မရပါဘူး၊ သူငြင်းရင် သူက စာချုပ်ဖောက်ဖျက်သူဖြစ်သွား ပါမယ်၊ အဲ စာချုပ်မှာ အဘ တို့အတွက် ပွဲခတွေ၊ ဆွေ ၇နှစ်ဆက် ပေးရမယ့်ကော်မရှင်တွေပါလို့ ချမပြရဲရင်တော့ မပြောတတ်ဘူး ဗျာ၊ ဥပမာပေးရရင် တောင်အမေရိက ဗင်နီဇွဲလား သမ္မတ Hugo Chavez က American ကိုကြည့်မရတော့ American ရေနံကုမ္မဏီတွေ နဲ့ နိုင်ငံတော် အဆင့် စာချုပ်ထားတဲ့လုပ်ကွက်တွေ အားလုံးကို ဘလိုင်းကြီး ပြည်သူပိုင်သိမ်းပြီး မောင်းထုတ်၊ ငါးပြားမှ နစ်နာကြေးမပေးနိုင်ဘူးကွာ ဆိုပြီး ထုတ်ပေးထားတဲ့ Guarantee တွေအားလုံး Cancel လုပ် လိုက်တာ American တွေ ကက်ကက်လန်အောင် အော်ယုံ ပဲတတ်နိုင်တယ် ဘာမှ လုပ်လို့မရ၊ တကမ္တာလုံးက တရားရုံးတွေမှာ တရား ပတ်စွဲလဲ ဒီနေ့ထိ ငါးပြားမှ မရသေးပါ၊ သူကတော့ လူဆိုးပေါ့ဗျာ၊ ဒါပေမဲ့ Sovereign State ဆိုတာ လုပ်ချင်ရင် လုပ်လို့ရကြောင်း ပြောတာပါ၊ နောက်တော့ ကျွန်တ်ာတို့ဇာတ်လိုက် တရုတ်က ဗင်နီဇွဲလား ကိုပြေးပြီး လုပ်ကွက်တွေ အားလုံးကို Take Over လုပ်လိုက်တာပါ၊ ဒါကြောင့် ကျွန်တော်တို့ လုပ်ရမှာက နိုင်ငံတော်အဆင့် ကော်မရှင်ဖွဲ့ပြီး ကြေးနီတောင် အပါအဝင် နိုင်ငံတော် အဆင့် စီမံကိန်း အားလုံးရဲ့ စာချုပ် တွေပြန်စိစစ် Investor တွေနဲ့ပြန်ညှိ ဖို့တောင်းဆိုရမှာပါ၊ စာချုပ် တွေ ဖျက်သိမ်းဖို့ကို အားမပေးပါ၊ အရင်စာချုပ်တွေပြန်ညှိ၊ နောက်လာမဲ့စာချုပ်တွေကို သေချာ စိစစ်ပြီး မသာမနာ ရအောင် အကြံပေးနိုင်တဲ့ တတ်သိပညာရှင်များ၊ နဲ့ပါ သင့်သူများပါတဲ့ Foreign Direct Investment Advisory ကော်မရှင်ကို မှန်ကန်စွာ ဖွဲ့နိုင်ရင် ပြည်တွင်းလဲ လေးစား၊ ပြည်ပလဲ လေးစားပြီး လက်ရှိပြသနာတွေ လဲပြေလည်၊ Investment အသစ်တွေလဲ ပိုပြီး ဝင်လာနိုင်ပါတယ်၊ By Wanna More
  • ဘာပဲဖြစ်ဖြစ် တခြားနိုင်ငံတွေကလိုမျိုး.. ခံခဲ့ရတဲ့ ပြည်သူနဲ့ သံဃာတော်တွေကို သမ္မတက တောင်းပန်လိုက်သင့်တယ်။  witch83 
  • သိုးကလေး ပြောသလို... အကြမ်းဖက်ဖြိုခွင်းမှု ကိစ္စကို ဘာ့ကြောင့်ဖြစ်တာလဲ သိအောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပီး စုံစမ်းရေး ကော်မရှင်ဖွဲ့ထားကြောင်း၊ ဒဏ်ရာရခဲ့တဲ့ သံဃာတော်များကို လိုအပ်တဲ့ စောင့်ရှောက်ကုသမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ၊ စီမံကိန်းရဲ့ အကြောင်းအရာ အစစ်အမှန်များကိုလဲ ကော်မရှင်က စုံစမ်းပီးတဲ့ အခါ ပြည်သူသိအောင် တင်ပြသွားမှာ ဖြစ်ကြောင်း၊ မည်သို့ကြောင့် ယခုကဲ့သို့ မီးလောင်နှိမ်နင်းမှု ဖြစ်ပေါ်ခဲ့သလဲ မသိရသေးပေမဲ့ ဖြစ်ခဲ့တဲ့ အကြောင်းအရာအတွက်တော့ ပြည်သူများအားလုံးနဲ့ ဒါဏ်ရာရ သံဃာများကို တောင်းပန်ကြောင်း၊ နောက်နောင် အဲ့ဒီလို အကြမ်းဖက်နှိမ်နင်းမှုမျိုး မဖြစ်ပေါ်အောင် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း...သမ္မကြီးက TV ကနေ.. အဲ့လိုမျိုးလေး တောင်းပန်သင့်ပါတယ်။ 
ဒါဆို မဖြစ်သင့်တာတွေ မဖြစ်တော့ဘဲ ပြည်သူတွေလည်း ကျေနပ်သွားမှာပါ။ ခုဆို တခြားနေရာတွေမှာပါ  ဆန္ဒပြနေပါပြီ။ ဒီလက်ပတောင်းတောင်အရေးကနေ တခြားနေရာတွေမှာပါ ပြန့်ပြီး မဖြစ်သင့်တာတွေ မဖြစ်အောင်လုပ်ဆောင်သင့်ပါတယ်လို့ပြောရင်း ဒီပို့(စ်)လေးကို အဆုံးသတ်လိုက်ပါတယ်။

Thank you for reading this post
13-12-12 ( 12:42PM; GMT+8)
To Continue Reading

November 15, 2012

တွေးမိသော အင်နားရှားသီအိုရီ

Inertia is the resistance of any physical object to a change in its state of motion or rest, or the tendency of an object to resist any change in its motion.
အင်နားရှားဆိုသည်မှာ အရာတ္ထုတစ်ခု၏ ရွေ့ လျှားနေသော၊ ရပ်နေသောအခြေအနေမှ ဆန့်ကျင်ဘက် အခြေအနေသို့ ပြောင်းလဲရန်ဆန့်ကျင်သောအား ဖြစ်သည်။
ဥပမာ။        ။  ဘတ်(စ်)ကားပေါ်တွင် မတ်တတ်ရပ်စီးလာသော လူတစ်ဦးသည် ရုတ်တရက် ကားဆောင့်ရပ်လိုက်သောအခါ ကားသွားရာလမ်းအတိုင်း ရှေ့ သို့ ငိုက်စိုက်လဲကျသွားသည်မှာ အင်နားရှားသဘောတရား ဖြစ်သည်။
အင်နားရှားသီအိုရီဟာ ရူပဗေဒဘာသာအတွက် တကယ့်ကို အရေးပါပြီး Newton First Law ရဲ့ အခြေခံလည်း ဖြစ်ပါတယ်။ အရွေ့  / အလျှင်သဘောတရားအတွက် ဖြစ်ပေမဲ့ ... ဒီလောကရဲ့ ပုံမှန်လှုပ်ရှားမှုတွေအတွက်လည်း မှန်သင့်သလောက် မှန်ပါတယ်။

ဥပမာ အနေနဲ့ ပြောရရင် ... 
~~ စာမေးပွဲမဖြေခင်နဲ့ ဖြေခါနီး စာကို အသည်းအသန် ကြိုးစားပြီး ကြည့်ခဲ့ပြီးတဲ့နောက် စာမေးပွဲနောက်ဆုံးနေ့ကိုကျော်... နောက်တစ်ရက်၊နှစ်ရက်လောက်အထိ... နေမထိ၊ ထိုင်မသာ ဖြစ်ရခြင်းဟာလည်း နေမြဲအတိုင်းနေလိုခြင်း (အင်နားရှား) ပဲ ဖြစ်ပါတယ်။
~~ ကျောင်းပိတ်ရက်ရှည်ကုန်လို့ ကျောင်းပြန်ဖွင့်ရင် ကျောင်းပြန်မတက်ချင်တာ လည်းအင်နာရှားပဲ ဖြစ်ပါတယ်။

ကိုယ်ကိုတိုင်အနေနဲ့ ဥပမာပေးရရင်တော့....
~~ ရုံးမှာ အမြဲတမ်း အလုပ်များနေရာက လွန်ခဲ့တဲ့ လေး..ငါးပတ်ကျော်လောက်ကစပြီး အလုပ်.. သိပ်...မရှိတော့ အတော် မနေတတ် မထိုင်တတ်ဖြစ်ခဲ့ပါတယ်။ အဲ့လိုဖြစ်လို့ စာလည်းမလုပ်ချင်တာနဲ့ blogging ဘက်ကိုလှည့်ပြီး စာရေး၊ စာဖတ် ပြန်လုပ်ရင်း နေသားကျလာပါတယ်။
~~ အလုပ်သိပ်မရှိရာကနေ... ပြန်..အလုပ်ရှုပ်လာတော့လည်း စိတ်က အလုပ်မလုပ်ချင်တော့ပါဘူး။ ရန်ကုန်မပြန်ခင် တစ်ပတ်လောက်အလိုမှာ အလုပ်နည်းနည်း ပြန်များလာတော့ အလုပ်လုပ်ရတာ စိတ်ထဲ သိပ်မပျော်တော့ပါဘူး။ ပြန်ရမဲ့ တစ်ပတ်.. တနလာင်္နေ့လည်းရောက်ရော ရုတ်တရက်ကြီး အလုပ် အရမ်း များသွားပြီး " Inertia, Intertia" လို့စိတ်ထဲကနေပြောပြီး အလုပ်တွေလုပ်ရင်းက ပို့(စ်)တစ်ပုဒ်တော့ တင်ဦးမယ်လို့ တေးထားလိုက်ပါတယ်။
တနင်္လာနေ့ကနေ..ကြာသာပတေးအထိ (၄)ရက်လုံး... ပေါ်လာတဲ့ issue တွေကိုရှင်း၊ hand over လုပ်စရာရှိတာတွေလုပ်၊ clear လုပ်စရာရှိတာတွေအပြီးသတ်။ ကြာသာပတေးမှာ ရုံးပြန်နောက်ကျ... သောကြာနေ့ မနက်အစောကြီး ရန်ကုန်ထပြန်... ဒါနဲ့ပဲ ပို့ (စ်)မရေးဖြစ်ပါဘူး။
~~  ရန်ကုန်ကနေ စလုံးကို ပြန်လာရမယ်ဆိုတော့ ဘယ်လိုမှ ပြန်မလာချင်တော့ပါဘူး။ သြော်... Intertia... Intertia... စလုံးကနေ ရန်ကုန်ပြန်မယ်ဆိုတော့ မပြန်ချင်ဘူးဆိုတာ မရှိသလိုပဲနော်!!!!

ရန်ကုန်ကပြန်ရောက်တော့ အရင်လောက် အလုပ်.. သိပ်မရှိတော့တာမို့ mood မပျောက်ခင်... ဒီပို့(စ်)ကိုမြန်မြန် ချရေးလိုက်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အင်နားရှားသီအိုရီနဲ့ စတင်ထိတွေ့ခဲ့ရတာကတော့ (၉)တန်းကျောင်းသူဘဝတုန်းက ရူပဗေဒဘာသာမှာပါ။ ဒါပေမဲ့ ရူပဗေဒကို သိပ်.. စိတ်မဝင်စားသူမို့၊ ပြီးတော့ (၁၀)တန်းပြီးလို့ တက္ကသိုလ်တက်တော့လည်း ရူပဗေဒကို မသင်ရတာမို့ ဒီ..သီအိုရီကို မေ့မေ့ပျောက်ပျောက်ပါပဲ။ ဒီသီအိုရီကို ခုချိန်ထိ မှတ်မိစေတာကတော့ ဆရာမ ဂျုးရဲ့ " စောင့်ဆိုင်းခြင်းနိယာမ" ဝတ္ထုတိုကို ဒုတိယအကြိမ်မြောက် ဖတ်ပြီးမှပါ။ (ပထဦးဆုံးအကြိမ်ဖတ်မိတုန်းက High School တက်တုန်းကပါ။ ဘယ်နှစ်တန်းတုန်းက ဖတ်ခဲ့တာလည်းတော့ မသိတော့ပါဘူး။ Physics ပဲ မသင်ရသေးတာလား၊ ငယ်သေးလို့ absorb လုပ်ပုံ မတူတာလားတော့ မသိပါဘူး။ အဲ့ဒီ အင်နားရှားသီအိုရီကို သတိမထားမိပါဘူး။ )

ဝတ္ထုတိုလေးရဲ့ အကျဉ်းချုပ်ကတော့.... တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတဲ့၊ အသွင်မတူတဲ့ လင်မယားမှာ ယောကျာင်္းဖြစ်သူက နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ နှစ်အနည်းငယ် ( သေချာ မမှတ်မိပါ။ (၃)နှစ်ထင်ပါသည်။) သွားရတော့ တစ်ယောက်တည်းကျန်ခဲ့တဲ့  မိန်းမနေရာကနေ စကားပြောတဲ့ပုံစံလေးပါ။ သွားခါစတုန်းက လွမ်းပြီး မနေတတ်၊မထိုင်တတ်ဖြစ်ပြီး လွမ်းခဲ့ရပေမဲ့ .... ကြာလာတော့ တစ်ယောက်တည်းနေရတဲ့ဘဝကို နှစ်သက်လာပြီး စည်းကမ်းကြီးတဲ့ ယောကျာင်္းလုပ်သူ မြန်မာပြည်ပြန်လာခါနီးမှာ ဝမ်းမသာနိုင်တော့တဲ့အကြောင်း၊ လေဆိပ်မှာ သွားကြိုရင် (၃)နှစ်ကြာခွဲနေရတဲ့ ယောကျာင်္း ပြန်လာလို့ ပျော်ရွှင်တဲ့ဟန်လုပ်ပြီး ပြုံးနိုင်ဖို့ ကြိုးစားရမဲ့အကြောင်း ရေးထားတာပါ။
အဲ့ဒီ ဝတ္ထုတိုထဲမှာ Juu ရေးထားတာတဲ့ အချက်နှစ်ချက်ကို ခုချိန်ထိ မှတ်မိနေပါသေးတယ်။

  • အင်နားရှားရဲ့ သီအိုရီအတိုင်း  ယောကျာင်္းထွက်သွားတဲ့အချိန်မှာ မခွဲနိုင်မခွာရက်ဖြစ်ရပြီး ပြန်လာခါနီးကျတော့ တစ်ယောက်တည်းနေရတဲ့ဘဝကို နေမြဲအတိုင်း  နေလိုတယ်ဆိုတာရယ်...
  • တစ်စုံတစ်ခုကို လိုချင်လို့ ..... စောင့်ဆိုင်းရတဲ့အရာကို ရရှိခြင်းနဲ့ ရရှိလို့ ပျော်ရွှင်ရခြင်းနှစ်ခုကြားက  ဝှက်ဖဲမှာ အဲ့ဒီအရာကို ရရှိတဲ့အချိန်ဖြစ်တယ်ဆိုတာရယ်ပါ။ ( ကိုယ်လိုချင်တာ/ ကိုယ်ဖြစ်ချင်တာကို ရလာတာ/ ဖြစ်လာတာကို ပျော်တယ်မပျော်ဘူးဆိုတာ ရလာတဲ့၊ ဖြစ်လာတဲ့ "အချိန်"ပေါ်မှာ မူတည်ပါတယ်။)
အဲ့ဒီနှစ်ချက်ထဲက ဒုတိယအချက်ကို ဒီဘလော့က Quote Post တစ်ခုမှာ ထည့်ရေးဖူးပါတယ်။ ခုတော့ ပထမအချက်အကြောင်းကို ရေးပါရစေ။
အဲ့ဒီ ဝတ္ထုကို ဒုတိယအကြိမ်ဖတ်ပြီး သတိထားမိသလောက်တော့ လူတွေဟာ လုပ်နေကျအရာတစ်ခု မလုပ်ရတော့ရင် မနေတတ်၊ မထိုင်တတ် ဖြစ်တတ်ကြပါတယ်။ အဲ.. မလုပ်ရတာကြာလာပြီဆိုရင်တော့ ပြန်လုပ်ရတဲ့အချိန်မှာ မလုပ်ချင်တော့ပါဘူး။ အထူးသဖြင့် ကိုယ့်အတွက် ပင်ပန်းခက်ခဲတဲ့အရာဆို ပိုဖြစ်တတ်ပါတယ်။
အချစ်၊ အမုန်းခံစားချက်မှာလည်း ဒီလိုပါပဲ။ "Love makes time pass, but time is certain to make love pass"တဲ့.... အဲ့လို ကြားဖူးပါတယ်။ "အချိန်ဟာ အကောင်းဆုံးသမားတော်"လို့လည်း ပြောတတ်ကြတယ် မဟုတ်လား???

ဒါကြောင့်... Change တစ်ခုလုပ်ဖို့လိုလာရင် ကောင်းသောပြောင်းလဲခြင်းသာဖြစ်ခဲ့မယ်ဆိုရင်... Inertia သဘော ( နေမြဲအတိုင်းနေလိုခြင်း) ကို သွေဖယ်ပြီး "adaptation time" ကျော်ရင်ရလာမဲ့ ကောင်းကျိုးလေးတွေကိုတွေးပြီး ပြောင်းလဲစရာရှိ ပြောင်းလဲရအောင်လို့ ပြောရင်း ဒီပို့(စ်)လေးကို နိဂုံးချုပ်လိုက်ပါတယ်။

Thank you for reading my blog post.
witch83
(15/11/12; 2:24 PM; GMT+8)
To Continue Reading

October 23, 2012

~.~.~ လွမ်းလို့ကျန်ရစ်ခဲ့ပါရစေ ~.~.~


မေ့လိုက်ပါနော်....
တွေဝေတတ်သူမို့
စွန့်စားခွင့်ရှိရင်တောင် မစွန့်စားရဲခဲ့ပါဘူး။

ထားခဲ့ပါနော်...
အရင်ဦးသူ ရှိပြီးသားမို့
အခွင့်ရှိမယ်ဆိုရင်တောင် မပေါင်းစပ်ချင်တော့ပါဘူး။
ခွင့်လွှတ်ပါနော်....
မစောင့်စားနိုင်သူမို့
စောင့်စားခွင့်ရှိမယ်ဆိုရင်တောင် မစောင့်စားနိုင်တော့ပါဘူး။

မိန်းမသားတစ်ယောက်ရဲ့ မာနနဲ့သိက္ခာ၊
ဦးနှောက်နဲ့ နှလုံးသား
ဒါတွေရဲ့ လွန်ဆွဲပွဲအပြီးမှာတော့
"စွန့်လွှတ်ခြင်းဟာလည်း အနုပညာပါပဲ"လို့ ဖြေတွေးရင်း....
လွမ်းလို့ ကျန်ရစ်ခဲ့မှာကို ဝမ်းသာပါတယ်လေ။
ချန်ရစ်သာ ထားခဲ့ပါတော့။
မချစ်တတ်သူလို့ စွပ်စွဲမှာကိုတော့ စိုးကြောက်မိတယ်လေး။        ။
witch83
23/10/2012 ( 12:25PM; GMT+8)
To Continue Reading

September 20, 2012

Hidden Camera တွေအကြောင်း တစေ့တစောင်း (၂)


 Hidden Camera တွေအကြောင်း တစေ့တစောင်း (၁)ရဲ့အဆက်ပါ။
************************************************


လူသိပ်များတဲ့ စင်္ကာပူက IT show တွေကို ကျောင်းတက်နေတဲ့နှစ်တွေမှာ ရှောင်ခဲ့ပေမဲ့ (ရှောင်လို့ရခဲ့ပေမဲ့ ) ကျမတို့ ကုမ္ပဏီက IT show မှာ သုံးလတစ်ကြိမ် ဝင် paritcipate လုပ်တော့ ရှောင်လို့ မရတော့ပါဘူး။ ပွဲနေ့ (၄)ရက်လုံးရှိနေရပါတယ်။ အဲ့ဒီမှာ Hidden camera တွေရဲ့ အန္တရာယ်ကို ပြန်သတိထားမိတော့တာပါပဲ။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ အရှေ့ က booth က 007 device တွေ ရောင်းလို့ပါပဲ။ ဆိုင်ခန်းကို နှစ်ခန်းတွဲငှားပြီး promoter တွေ အများကြီးနဲ့ အပီအပြင်ကို ရောင်းတာပါ။ ဈေးကလည်း ဝယ်ပျော်ပါတယ်။ ၂ခုဝယ်မှ စင်္ကာပူဒေါ်လာ (၉၉)ကျပ်ပါတဲ့ရှင်။ ဘောပန်၊ mp3၊ မျက်မှန်၊ နားကျပ်၊ နာရီ၊ in-car ပုံစံ အမျိုးမျိုးပါပဲ။ customer တွေ အားလုံးနီးပါးကလည်း ယောကျာင်္းတွေချည်းပါပဲ။ အဖိုးကြီးတွေ တော်တော်များပါတယ်။ လူ အရမ်းစည်ပြီး promotion အရမ်းပေးတဲ့ အဲ့boothကို ကြည့်မိတိုင်း စိတ်ပျက်မိပါတယ်။ စိတ်ပူမိပါတယ်။

ရှိုးပွဲပြီးသွားတော့ အဲ့ဒီ ကုမ္ပဏီရဲ့ websiteကို ရှာပြီး သူ့ product တွေရှာကြည့်မိပါသေးတယ်။ အောက်ကပုံတစ်ချို့က အဲ့ဆိုဒ်က ကူးလာတာပါ။ ကျန်တဲ့ ပုံတွေကတော့ google ကရလာတာပါ။





လက်ဖဝါး ဆိုဒ်(ဇ်) သာရှိတဲ့ ဓါတ်မီးပုံစံ surviliance camera
 wall-plug ပုံစံ hidden camera

 
$140.99 သာပေးရတဲ့ retail shop တွေမှာ ထားတဲ့ wall clock ပုံစံ hidden camera

ဒီ ကင်မရာလေးတွေဟာ နည်းမှန်လမ်းမှန်နဲ့ သုံးမယ်ဆိုရင်တော့ တော်တော်ကို အကျိုးရှိပြီး အသုံးဝင်မှာပါ။ ကျမတို့ရဲ့ အိုင်တီရှိုးက ဆိုင်နီးနားချင်း ကုမ္ပဏီကတော့ နည်းမှန် လမ်းမှန် ရောင်းတဲ့ကုမ္ပဏီလို့ ပြောလို့ရပါတယ်။ promoter တွေကိုလည်း ကုမ္ပဏီကတီရှပ် ဝတ်ခိုင်းပြီး၊ ဂျင်းဘောင်းဘီနဲ့ ရှုးအပိတ်စီးခိုင်းထားပါတယ်။ promoter လေးတွေကလည်း ကျောင်းသူ၊ ကျောင်းသားလေးတွေ ပါပဲ။ ဝယ်သူ ၉၀%လောက်က ယောကျာင်္းတွေ ဖြစ်နေတာကတော့ သူနဲ့ မဆိုင်ဘူးလို့ ဖြေတွေးရင်ရပါသေးတယ်။

ဒါပေမဲ့ အိုင်တီရှိုးမှာပါတဲ့ နောက် ကုမ္ပဏီတစ်ခုကတော့ တော်တော် ဆိုးပါတယ်။ သူ့ဆိုင်ခန်း ဘယ်နား ရှိမှန်းတော့ မသိပါဘူး။ စာရွက်လိုက်ဝေနေတဲ့ ကောင်မလေးနှစ်ယောက်ကိုတော့ တစ်နာရီခြားတစ်ခါဆိုသလို ကျမတို့နားမှာ တွေ့ရတတ်ပါတယ်။ နှစ်ယောက်လုံး အရမ်း ချောကြပါတယ်။ အရပ်အမြင့်ကြီးတွေနဲ့ ဆံပင်အရှည်တွေနဲ့ ပါ။ ပေါင်တံလေးတွေဆို ဖြောင့်ဆင်းပြီး ဖြူဖြူသွယ်သွယ်လေးတွေပါ။ ဒေါက်ဖိနပ် အမြင့်ကြီးစီးပြီး သူတို့ ကုမ္ပဏီရဲ့ ကြော်ငြာစာရွက်တွေ လိုက်ဝေနေတာပါ။ ဝတ်ထားတာကတော့ အမဲရောင်ဂါဝန်လေးတွေပါ။ ငယ်ငယ်တုန်းက အကျီင်္အဖြူပေါ်က ထပ်ဝတ်ရတဲ့ ကျောင်းဂါဝန်လေးလိုမျိုးပုံစံပါ။
အရှည်ကတော့ ပေါင်လယ်လောက်ပဲ ရှိပါတယ်။ အဲ့ဒီ အရှေ့  ဘက်က အဖုံးလေးရဲ့ အလယ်တည့်တည့်မှာ (၆)လက်မလောက်ရှိတဲ့ အကြောင်းလေးတစ်ကြောင်း ခွဲထားပါတယ်။ အနောက်ဘက်မှာ ခရော့(စ်) ပုံပဲရှိတာမို့ အောက်က ဘာမှဝတ်ထားပုံ မရပါဘူး။ စလုံးတရုတ်မတွေ ဘာမှ မရှိလို့သာ တော်ပါတော့တယ်။ မဟုတ်ရင် မတွေးရဲစရာပါ။ လှုပ်တာနဲ့ ပေါ်မှာပဲ။ သူတို့ ကြည့်ရတာလည်း စိတ်မသက်သာတဲ့ပုံတွေပါပဲ။ အဲ့ဒီ အခွဲကြောင်းလေးရှေ့ မှာ စာရွက်တွေနဲ့  မသိမသာ ကွယ်ထားကြပါတယ်။ သိတယ်မလား။ အိုင်တီးရှိုးဆိုတာာ လူတွေ ကျပ်သိပ်နေပြီး လူတစ်ချို့ကလည်း သူတို့နှစ်ယောက်ကို မြင်တာနဲ့ ပြူးပြဲပြီး ကြည့်ကြတာကိုး။
ပြောချင်တာက အဲ့ဒါ မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကို ပြောချင်တာပါ။ အဲ့လိုပုံနဲ့ marketing လုပ်မှတော့ သူဆွယ်နေတာ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးဆိုတာ သိသာပါတယ်။ သူ့ web site ကို ဝင်ကြည့်ကြည့်တော့ ကြော်ငြာပုံတစ်ချို့က တော်တော် ဆိုးပါတယ်။ အောက်ကပုံက သူတင်ထားတဲ့ပုံတွေထဲက တစ်ပုံပါ။


အဲ့ဒါ သူ့ကုမ္ပဏီရဲ့ တရားဝင် website မှာ တင်ထားတာပါ။

နိဂုံး

Hidden camera တွေရဲ့ရန်က လျှော့ချနိုင်တဲ့ နည်းတစ်ချို့ကတော့ ... Hidden camera တွေမှာ portable နဲ့ fixed ဆိုပြီး နှစ်မျိုးရှိပါတယ်။
  • portable တွေက လူအုပ်စု များတဲ့နေရာတွေ ( လမ်း၊ ပန်းခြံ၊ ကမ်းခြေ၊ shopping mallနဲ့ gym လို နေရာမျိုးတွေ) မှာ ရှိတတ်ပါတယ်။
  • fixed camera တွေကတော့ ဟိုတယ်၊ အကျီ င်္လဲခန်း၊ ရေချိုးခန်း၊ အိမ်သာလိုနေရာမျိုးတွေမှာ ဖွက်ထားတတ် ကြပါတယ်။
  • တကယ်လို့ စိတ်ထဲမှာ မလုံခြုံဖူးထင်ရင် normal မဟုတ်တဲ့ အပေါက်လိုမျိုးဟာတွေ ရှာကြည့်ပါ။ မှန်လိုဟာမျိုးနဲ့ cover လုပ်ထားရင်တော့ hidden camera ဖြစ်နိုင်ပါတယ်။
  • တခြား စစ်ဆေးနိုင်တဲ့ test မျိုးကတော့ ပစ္စည်းတစ်ခုဟာ သူစွမ်းဆောင်ရမဲ့ လုပ်ဆောင်ချက်ကို လုပ်နိုင် မလုပ်နိုင် စစ်ဆေးကြည့်တာပါပဲ။ ဥပမာ... ရေဒီယို ကင်မရာတစ်ခုဟာ ရေဒီယို ဖမ်းနားထောင်လို့ မရတာမျိုး။  နှီုးစက် နာရီတစ်ခုဟာ alarmပေးလို့ မရတာမျိုး။ 
နိဂုံးအနေနဲ့ ပြောချင်တာကတော့ တိုးတက်လာတဲ့ခေတ်ကြီးမှာ အရာရာတိုင်းဟာ အကောင်းနဲ့ အဆိုး တွဲနေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ကလည်း သူကောင်းဖို့ အတွက်သာ ကြည့်မှာ ဖြစ်ပြီး ဒီလို လူမိုက်အားပေးတွေ လုပ်ကြမှာပါပဲ။ အဓိကကတော့ ဒီလိုမျိုးတွေ ရှိတတ်တယ်ဆိုတာသိပြီး သတိထားကြဖို့ပါ။ ဒီလို device တွေ သုံးပြီး ကိုယ့်ကို ဗွီဒီယို၊ ဓါတ်ပုံ ရိုက်ဖို့ဆိုတာကလည်း နည်းနည်းတော့ သိသာမယ် ထင်ပါတယ်။
ဒီပို့(စ်)ကို ဖတ်ပြီးတော့ ကျီးလန့်စာတော့စားနေစရာတော့ မလိုပါဘူး။ ဗဟုသုတရစေဖို့ ရေးလိုက်တာပါ။ ဒါကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ဥပဒေတည်ဖို့ပဲ လိုပါတယ်။ ဒါပေမဲ့ သတိဆိုတာ ပိုတယ်တော့ မရှိပါဘူး။ ရေးထားတာ မုန့်လုံးစက္ကူကပ်သလိုဖြစ်နေရင် ခွင့်လွှတ်ပါ။ စာ.. သိပ် မရေးတတ်လို့ပါ။း)

စာကြွင်း။     ။ hidden camera လို့ပြောနေပြီး mobile phone က ကင်မရာတွေကိုလည်း ပေါ့သေးသေးတော့ မထင်လိုက်ကြပါနဲ့။ တကယ်တမ်းတော့ အင်တာနက်မှာ ပြန့်နေတဲ့ ပုံတွေ၊ movie clip တွေတော်တော်များများဟာ ဖုန်းကင်မရာနဲ့ ရိုက်တာပါ။း)

Reference
1. http://en.wikipedia.org/wiki/Closed-circuit_television
2. http://www.oprah.com/home/Hidden-Camera-Dangers
3. ပုံတစ်ချို့ကို IT show မှာ ဝင်ပါတဲ့ brand နှစ်ခုရဲ့ official websiteတွေက ယူထားပါတယ်။ ဒါပေမဲ့ ဒီမှာ မဖော်ပြထားပါဘူး။ တစ်ချို့ပုံတွေကတော့ ဂူးဂယ်(လ်)ကပါ။


WITCH83
20/09/2012 (9:09PM, GMT+8)
To Continue Reading

Hidden Camera တွေအကြောင်း တစေ့တစောင်း (၁)

Hidden Camera တွေအကြောင်းက ရေးချင်နေတာ ကြာပါပြီ။ အတိအကျ ပြောရရင် မနှစ်ကတည်းကပါ။ ဒါပေမဲ့လည်း ထုံးစံအတိုင်း အချိန်ဆွဲရင်း မရေးဖြစ်ပါဘူး။ အခုတော့ ရုံးမှာလည်း အလုပ်တွေပါးပြီး စာလုပ်ချင်စိတ်လည်း သိပ်မရှိတာမို့ data ရှာပြီး တစ်နေ့ နည်းနည်းချင်းစီ ရေးလိုက်ပါတယ်။ :)

အရင်တုန်းကတော့ Closed-Circuit TeleVision (CCTV) နဲ့ ပတ်သတ်ပြီး သတိထားဖို့၊ လက်ကိုင်ဖုန်းက camera တွေကို သတိထားဖို့၊ Botique တွေမှာ အဝတ်အစားတွေ try ရင် သတိထားဖို့ Internet ပေါ်မှတဆင့် (FB, email စသည်ဖြင့်) ဖတ်မိပါတယ်။ ဒါပေမဲ့ CCTV အကြောင်းတော့ မရေးချင်သေးပါဘူး။ မနှစ်ကမှ အကြောင်းတိုက်ဆိုင်မှုတွေများလာလို့ ဒီစာ ရေးချင်စိတ်တွေ ဖြစ်မိတာပါ။

Why?
CCTVတွေထားရချင်းရဲ့ အဓိက ရည်ရွယ်ချက်က ကောင်းပါတယ်။ Crime Prevention အတွက်ပါ။ နောက်ပြီး အန္တရာယ်များတဲ့ hazard zoneတွေမှာ control လုပ်ဖို့အတွက်ပါ။ အဓိက..ကတော့ monitoring လုပ်ဖို့ပါပဲ။ ဒါပေမဲ့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ CCTV (ခေါ်) hidden camera (ခေါ်) survilliance camera တွေဟာ ဈေးပေါလာတဲ့အပြင် ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲ အပြိုင်အဆိုင် ဝင်လာပြီး လူတွေကလည်း တလွဲတွေ အသုံးချနေကြပါတယ်။

ကျမနဲ့  CCTV
ဟိုး ငယ်ငယ်တုန်းကတော့ CCTV ဆို မြင်သာထင်သာရှိတဲ့ လေးထောင့် camera ကြီးတွေလို့ပဲ သိထားပါတယ်။ အဲ့ဒီ ပုံစံတွေပဲ မြင်ဖူးပါတယ်။ ရုပ်ရှင်တွေထဲမှာ နာရီ ကင်မရာ၊ ဘောပန်ကင်မရာ၊ mp3 ကင်မရာ စသည်ဖြင့်တွေ့ဖူးနေပေမဲ့ အပြင်မှာ လွယ်လွယ်နဲ့ရနိုင်မှန်း မသိခဲ့ပါဘူး။ ကိုယ့်ရှေ့ မှာ သုံးနေရင်တောင် ကင်မရာလို့ ထင်ခဲ့မိမှာ မဟုတ်ပါဘူး။

(၁) ကျမ ပထမဦးဆုံး ပတ်သတ်ခဲ့ရတဲ့ CCTV ကတော့ အထက်တန်းကျောင်းမှာတုန်းကပါ။ (၉)တန်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးက အတန်းတိုင်းမှာ CCTV တပ်ပါတယ်။ ထောင့်မှန်စတုဂံပုံစံ၊ digital camera အသေးစား အရွယ်လောက်ရှိတဲ့ CCTV လေးပါ။ အရောင်ကတော့ အဖြူရောင်ပါ။ အဲ့ဒီပုံစံကို ဂူးဂယ်(လ်)မှာ ရှာပေမဲ့ မတွေ့လို့ ခပ်ဆင်ဆင်ပုံကို တင်ထားပါတယ်။


(၂) အဲ့ပုံစံတွေ မဟုတ်ဘဲ တခြားပုံစံ စမြင်ဖူးတာကတော့ မီးလုံးကင်မရာပါ။ ဒီမှာ ကျောင်းတက်နေတုန်းက Robinsonကုန်တိုက်မှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ပါတယ်။ အဲ့ဒီမှာ ကိုယ့်ထက်အရင်ရောက်နေတဲ့ part-timer စလုံးကောင်မလေးက အရမ်း စပ်စုပါတယ်။ တအားလည်း စကားများပါတယ်။ စူပါဗိုက်ဇာလစ်တာနဲ့ ကျမကို စကား လာ..လာပြောပါတယ်။ တစ်နေ့တော့ အဲ့ကောင်မလေးကပဲ ကျမကို အဲ့ဒီ ကင်မရာလေးကို ပြပြီး ဘာလဲ သိလားလို့ မေးပါတယ်။ ပြီးတော့ သူက အဲ့ဒါ CCTV ဆိုပြီး ရှင်းပြပါတယ်။ အထဲမှာ ကင်မလေးက 180ံလည်နေတယ် ပြောပါတယ်။ အဲ့ဒီ ကင်မရာလေးကို  အပေါ်ကနေ မီးလုံးပုံစံဖြစ်အောင် cover အုပ်ထားပါတယ်။ တော်တော် အထူးအဆန်းဖြစ်ခဲ့ပါတယ်။ ( နာ... တော်တော်တုံးတာပါလားနော်...)


(၃) နောက်ထပ်ကြုံတွေ့ ခဲ့ရတဲ့ hidden camera ကတော့ ကျမနေခဲ့တဲ့ ဒုတိယအိမ်မှာပါ။ ဒါပေမဲ့ အဲ့ဒီမှာနေခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ အဲ့လို တပ်ထားမှန်း တကယ်.. မသိခဲ့ပါဘူး။ အိမ်ပြောင်းပြီးမှ သိရတာပါ။ အဲ့ဒီအိမ်လေးက တော်တော်ကောင်းပါတယ် ( အိမ်ကောင်းတာကို ပြောတာပါ။) ၂၄ထပ်အမြင့်ရှိပြီး (၁၉)လွှာမှာ တည်ရှိပါတယ်။ တစ်ထပ်မှာ အခန်း(၄)ခန်းပဲ ပါပါတယ်။ ဓါတ်လှေခါးလည်း နှစ်ခု ရှိပါတယ်။ အိမ်မှာလည်း ဝရန်တာလို အခန်းတစ်ခန်းရှိပြီး အဝတ်လှမ်းရတာလည်း အဆင်ပြေပါတယ်။ အခန်းတစ်ခန်းသပ်သပ်လို ဖြစ်နေတော့ မျက်စိမရှုပ်တဲ့ အပြင် ဝါးလုံးနဲ့ထုတ်ပြီး လှမ်းစရာ မလိုပါဘူး။ ဝရံတာကနေ အိမ်ထဲဝင်လာရင် ဘယ်ဘက်မှာ အိမ်ရှင်လင်မယားနေတဲ့ master room နဲ့ kitchen ရှိပါတယ်။ အလယ်မှာ ထမင်းစားခန်းလို ဟောအရှည်ကြီးရှိပြီးတော့ ညာဘက်မှာ common room နှစ်ခန်းရှိပါတယ်။ အဲ့ဒါကို ကျော်သွားရင် ဧည့်ခန်း၊ ဧည့်ခန်းပြီးရင် အပြင်ထွက်တဲ့ တံခါးမကြီး ရှိပါတယ်။ အဲ့တော့ တစ်အိမ်လုံးကို ခြုံမြင်ချင်ရင် ဝရံတာကအထွက်၊ master room နားက ထမင်းစားခန်းမှာ တစ်ခု၊ ဧည့်ခန်းညာဘက်ထောင့်မှာတစ်ခုထားမှ အဆင်ပြေပါတယ်။

အိမ်ပိုင်ရှင်က စလုံးတွေပါ။ ပိုက်ဆံလည်း ရှိကြပါတယ်။ တစ်အိမ်လုံးကို ပါကေးခင်းပြီး သထားပါတယ်။ မှန်ဗီဒို၊တီဗွီ၊ ပရိဘောဂ၊ kitchen utensils အားလုံး အကောင်းတွေချည်းပါပဲ။ အရုပ်တွေလည်း အများကြီး ရှိပါတယ်။ အမေရိကားကို ရုတ်တရက် မိသားစုအလိုက် သွားလိုက်ရလို့ အမြန် ပြောင်းသွားတာပါ။ ဘာ ပစ္စည်းမှ သိမ်းမသွားပါဘူး။ ကြိုက်တာ ယူသုံးဆိုပြီး အိမ်သူကြီး လင်မယားကို ပေးသွားပါတယ်။

အဲ့ဒီအိမ်ကိုသွားကြည့်တဲ့နေ့က အိမ်သူကြီးလင်မယားက အိမ်ကိုဧည့်သည် ခေါ်လို့ မရဘူးပြောပါတယ်။ အိမ်ပိုင်ရှင်က ပစ္စည်းတွေ အများကြီး ထားသွားတဲ့အတွက် တစ်ခုခု ဖြစ်မှာစိုးလို့လို့ ပြောပါတယ်။ အဲ့ကတည်းက စိတ်ထဲ တစ်မျိုး ဖြစ်မိပါတယ်။ ဒါပေမဲ့ အိမ်ကို ကြိုက်တာတစ်ကြောင်း၊ သူတို့ လင်မယားကလည်း အေးအေးဆေးဆေးပုံစံရှိပြီး ဖော်ရွေသလိုရှိတာကတစ်ကြောင်း၊ ဈေးလည်း သင့်တာကတစ်ကြောင်းကြောင့် mrt နဲ့ နည်းနည်းဝေးပေမဲ့ အဲ့ဒီအိမ်ကိုပဲ ရွေးလိုက်ပါတယ်။ တစ်နှစ်ခွဲလောက်နေပြီးတဲ့အခါမှာတော့ ညီအစ်မနှစ်ယောက်လုံး ကျောင်းလည်းပြီး၊ အလုပ်လည်း ကိုယ်စီရပြီမို့  အလုပ်နေရာနှစ်ခုနဲ့ center ကျတဲ့နေရာကို ရွှေ့  လိုက်ကြပါတယ်။

နောက် ပြောင်းရတဲ့ တခြားအချက်တစ်ချက်ကတော့ အိမ်ပြောင်းခါနီးတစ်လလောက်အလိုမှာ မီးက braker ခဏ ခဏ ကျပါတယ်။ နောက်ပြီး အိမ်ရှင်လင်မယားက ရန်ကုန်ကို နိုဝင်ဘာလဆန်းမှာ တစ်လလောက် ပြန်ဖို့ရှိပါတယ်။ ဘေးခန်းက မိသားစုကလည်း ကလေး ကျောင်းပိတ်လို့ နိုဝင်ဘာလလယ်ကျရင် ရန်ကုန်ပြန်ပြီး နှစ်လလောက်နေမယ်ဆိုတော့ ... ညီအစ်မနှစ်ယောက်တည်း အိမ်ကြီးထဲမှာ ကျန်ခဲ့ပြီး မီးပြဿနာတက်မှာ စိုးတာကြောင့်လည်း ပါပါတယ်။ အဲ့ဒါကြောင့် အောက်တိုဘာလအကုန်မှာ ကျမတို့ အိမ်ပြောင်းခဲ့ပါတယ်။ဖြစ်ချင်တော့ အစိုးရိမ်ကြီးတဲ့ လင်မယားက ကျမတို့ မပြောင်းခင် အောက်တိုဘာ (၃၀)ညမှာ CCTV camera တစ်ခုကို ကျမတို့ common rooms နှစ်ခန်းနဲ့  kitchen ကို မြင်ရတဲ့နေရာမှာ install လုပ်လိုက်ပါတယ်။ (၃၁)ရက်နေ့မှာ ကိုယ်တွေရှိနေသေးပေမဲ့ အဲ့ဒီနေ့မှာ အလုပ်သွားရပြီး အိမ်ရွှေ့ ဖို့လည်းရှိတာကြောင့် ကိုယ့်အာရုံနဲ့ ကိုယ် သတိမထားမိပါဘူး။ ဒါပေမဲ့  နိုဝင်ဘာ(၁)ရက်နေ့ နေ့လည်ခင်းမှာ ဘေးခန်းက ကလေးမလေးက အဲ့ဒါကို သတိထားမိပြီး သူ့အမေကို ပြပါတယ်။ အခန်းတံခါး အဖွင့်အပိတ်၊ လူအသွားအလာရှိရင် အဲ့မီးလုံးလေးက လင်းလာပါတယ်။ ကြည့်ရတာ motion ကို detect လုပ်ပြီး camera position ကို ရွှေ့ ပုံရပါတယ်။ အလျင်နဲ့ဆိုတော့ ကင်မရာအရွှေ့ မှာ ဝရံတာက ဝင်လာတဲ့ နေရောင်နဲ့  ပြန်ဟပ်ပြီး အဲ့ဒီ မီးလုံးကင်မရာလေး ထ..ထ.. လင်းပုံပါပဲ။

အဲ့လိုနဲ့ ညနေခင်းရောက်တော့ ဘေးခန်းက မိသားစုနဲ့၊ အိမ်သူကြီး လင်မယား စကားများကြပါတော့တယ်။ စကားများတော့မှ အိမ်ရှေ့ ခန်းမှာ တစ်ခုတပ်ဖူးတဲ့အကြောင်း ပေါ်လာပါတော့တယ်။ ကိုယ့်ဆီကို ဘေးခန်းကအစ်မ ဖုန်းဆက်လို့ သိလိုက်ရတဲ့အချိန်မှာ တော်တော် စိတ်ဆိုးပါတယ်။ ဒါ သူများရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်တာပါ။ မယုံကြည်ရင် လူငှား မတင်သင့်ပါဘူး။ ကိုယ့်ပစ္စည်း မဟုတ်လို့ တာဝန်ကြီးတယ်ဆိုရင်လည်း သော့ခတ်သိမ်းပြီး စတိုခန်းထဲထည့်ထားလို့ရပါတယ်။ ကင်မရာ တပ်ထားခဲ့တယ်ဆိုရင်လည်း ကြို..အသိပေးသင့်ပါတယ်။ စင်္ကာပူဥပဒေအရလည်း အိမ်မှာရှိတဲ့သူတွေကို ကြိုအကြောင်းကြားရပါတယ်။ အရုပ်ပဲ ဖမ်းခွင့်ရှိပါတယ်။ အသံ မဖမ်းရပါဘူး။ စောင့်ကြည့်ကင်မရာကို ထားရတဲ့ ရည်ရွယ်ချက်လည်း ပြောပြရပါတယ်။ (ဥပမာ.. ကလေးထိန်းကို monitor လုပ်ဖို့)။ ဒီကိစ္စက ရဲတိုင်လို့်ရပါတယ်။ ဒါကို သူတို့ကိုယ်တိုင်လည်း သိပုံ မရပါဘူး။ အစ်မတို့က အခန်းပဲဆိုင်တာ။ ညီမတို့နဲ့ ဆိုင်တဲ့ ထမင်းစားခန်းမှာတပ်တာ ဘာဖြစ်လဲဆိုပြီး စွာပါတယ်။ နောက်ဆုံးတော့ အဲ့ညပဲ ကင်မရာကိုဖြုတ်ပေးလိုက်ပါတယ်။ ဘေးခန်းက မိသားစုလည်း စိတ်ဆိုးပြီး အဲ့လမှာပဲ ချက်ချင်း အိမ်ပြောင်းပါတယ်။ ဒါပေမဲ့ နှစ်ခန်းလုံး လူသစ်တွေချည်းပဲမို့ ဘေးခန်းက မိသားစုပြောင်းပြီးတဲ့နောက် အဲ့ဒီ ကင်မရာတွေကို ပြန်တပ်လား၊ ပြန်မတပ်ဘူးလားဆိုတာတော့ ကျမလည်း သေချာ မသိပါဘူး။
ဒီတတိယမြောက် ကင်မရာကိစ္စကတော့ နည်းနည်း အန္တရာယ်များပါတယ်။ တွေးလေ.. မခံချင်စရာကောင်းလေပါ။ အကျယ်မချဲ့ ချင်လို့ ဒီကိစ္စကို ပြီးပေးလိုက်ပေမဲ့ တော်တော်ဆိုးတဲ့ကိစ္စပါ။ ကျောင်းတက်၊ အချိန်ပိုင်းအလုပ်တွေနဲ့  အပြင်မှာ ရှိနေတာကများပြီး... အိမ်မှာ ရှိရင်လည်း ဟင်းချက်တာကလွဲလို့ အခန်းထဲမှာနေတာများလို့သာ တော်ပါသေးတော့တယ်။

(၄) နောက်ထပ် ကိုယ်နဲ့ ထိတွေ့ရတဲ့ surviliance camera တွေကတော့ IP camera တွေပါ။ သိပ်..အထူးအဆန်း မဖြစ်ခဲ့ပါဘူး။ အန္တရာယ် ရှိတယ်လို့လည်း မယူဆမိပါဘူး။ ကင်မရာမှန်း သိသာတာကိုး။ security system အတွက် vpn နဲ့တွဲပြီး သုံးတာပါ။ ဒါပေမဲ့ CCTV အန္တရာယ်ကို ပြန်သတိထားမိတာကတော့ ကျမတို့ ကုမ္ပဏီ IT show မှာ ဝင်ပါလို့ အဲ့ဒီမှာ တာဝန်ကျတော့မှပါ။ ....

************************************************************************
အပိုင်း(၂) ဆက်ပါမည်။ ကိုရီးယားကားကို သဘောကျလို့ မဟုတ်ပါဘူး။ ရေးရင်း တအား ရှည်လာလို့ပါ။း)

မှတ်ချက်။  ။ ကင်မရာပုံတွေကို ဂူးဂယ်(လ်)က ရှာပြီး တင်ပါတယ်။

WITCH83
20/09/2012 ( 12:54PM, GMT+8)
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer