" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

February 14, 2013

သောကခြေရာ

တွယ်တာလှပေမယ့်၊
ကွယ်ရာကပဲ ချစ်တော့မယ်။

အဆင်ခက်လေတော့၊
မကြင်ရက်တယ် သခင်ဆိုမလား၊
ငြင်ငြိုရင် ကိုယ့်အပြစ်ပါပဲ၊
စိတ်ညစ်တယ်ကွယ်။

သံယောဇဉ်ခွေကာရစ်ပေမယ့်၊
ပြန်ပြောလျှင် ဝေဒနာဖြစ်ရုံမို့၊
ချစ်တတ်သူ အမူလုပ်ပါလို့၊
မပူရုပ်လို ဟန်ဆောင်တင်းပေမယ့်၊
ရင်တွင်းမှာ မကြည်မွေ့လေတော့၊
သည်နေ့လဲ စိတ်ညစ်တယ်၊
သိပ်ချစ်တယ်လို့ မဆိုသာတော့။

နှုတ်ဖျားမှာ မေတ္တာမရှိပါဘူး၊
အကြည့်ဆုံ ဝေဒနာနွေးတွေက၊
အကြင်နာ ခြေရာလေးတွေပဲ၊
အတွေးမှာ ရစ်တဝဲနဲ့၊
ချစ်သည်းရယ် ဘာသာဖြေလို့၊
မာယာတွေ ဟန်ဆောင်ထိန်းကာ၊
သူစိမ်းတွေပေါ့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)
 

စကားကြွင်း။      ။Sis Jasmine  ဆီက ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့  ဒီ... "သောကခြေရာ"ဆိုတဲ့ ကဗျာလေးကိုတွေ့ပြီး ကြိုက်လွန်းလို့  အရင်နှစ်.. ဒီဇင်ဘာလ (၂၆)ရက်နေ့တုန်းကဒီဘလော့ပေါ်မှာ    တင်ဖူးပါတယ်။ ဒါပေမဲ့ ဘယ်လိုက ဘယ်လို ဖြစ်သွားလဲ မသိပါဘူး။ Spam moderation ထိသွားပုံ ရပါတယ်။ ဘလော့ပေါ်မှာ လုံးဝ မရှိတော့ပါဘူး။ ဒါကြောင့် ဒီနေ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့မှာ Valentines' Day အမှတ်တရအနေနဲ့ ပြန်တင်လိုက်ပါတယ်။ အောက်က screen shot တွေကတော့ မေး(လ်)ထဲကနေ ပြန်ယူထားတာပါ။း)

witch83 (14/02/2013; 8:00AM; GMT+8)

5 comments:

  1. ဘယ်အချိန်ဘယ်ကာလပဲဖြစ်ဖြစ်ဖတ်လိုက်တိုင်း
    ရင်ထဲကိုထိတဲ့ကဗျာလေးပေါ့
    ဘယ်တော့မှလဲ မရိုးနိုင်တဲ့
    တွယ်တာလှပေမယ့် ကွယ်ရာကပဲချစ်တော့မယ် တဲ့လေ........

    ReplyDelete
  2. ဆရာကဗျာတွေရှိတယ်နော် အားတဲ့တနေ့ရှာပေးမယ်

    ReplyDelete
  3. ကျေးဇူးပါ.. အစ်မရေ..း)

    ReplyDelete
  4. အိုးးး
    မိုးနတ်သိပ်နှစ်သက်မိရတဲ့ ကဗျာလေးပါ....
    မဂျီးဂျက်ပြောသလို ဘယ်အချိန်ဖတ်ဖတ်မရိုးဘူးပဲ....
    တခါဖတ်တိုင်း တခါ တိုးလို့သာ နှစ်သက်မိတယ်...
    ပြန်တင်ပေးတာ ကျေးဇူးပါ မ ရေ....:)
    ချစ်တဲ့....မိုးနတ်

    ReplyDelete
  5. ဖတ်မိတိုင်းရင်ဘတ်ထဲမှာ အရသာရှိနေတယ်

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer