" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 24, 2013

(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၎

အရင် အပိုင်းတွေကို ဖတ်ချင်တယ်ဆိုရင်...
(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၁ 
(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၂
(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားမှ Miss Universe များ - ၃

+ + + + + + + + + + + + + + + + + + + +

Lara Dutta အကြောင်းကို အပိုင်း(၄)မှာ ဆက်ရေးပါရစေ။ တည်ငြိမ်ပြီး ထက်မြက်တဲ့ Lara Duttaဟာ all-time goddess list ထဲမှာ ပါပါတယ်။ The most intelligent miss universe list မှာလည်း နံပါတ်(၂)ချိတ်ပါတယ်။ သူမဟာ မွန်ဘိုင်းတက္ကသိုလ်က ဘောဂဗေဒဘာသာကို အထူးပြုပြီး ဘွဲ့ရခဲ့ပါတယ်။ လူမှုဆက်ဆံရေးဘာသာကိုတော့ minor အနေနဲ့ ယူခဲ့တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ သူမဟာ အိန္ဒိယရဲ့ P2B (Pageantry to Bollywood) အလှမယ်ဘဝမှ Bollywood မင်းသမီးဘဝကို  ပြောင်းလဲသွားပြီး အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲရှည်တွေမှာ ခေါင်းဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ Lara ဟာ (၂၀၁၁)မှာ Global Beauties ကပေးတဲ့ ( ၁၉၅၂ ~ ၂၀၁၀) ကြားအလှပဆုံး မယ်စကြာများစာရင်းမှာ နံပါတ်(၆)ချိတ်ပါတယ်။


ပြိုင်ပွဲမှာ သူမ ဖြေခဲ့တဲ့အဖြေတွေဟာလည်း တကယ်ကို ကောင်းမွန်ပါတယ်။ သူမရဲ့ Final Question ဟာလည်း ခုအချိန်ထိ Best Answer အဖြစ်ရှိနေတုန်းပါပဲ။

MU2000 ကို Cyprus မှာကျင်းပခဲ့တာပါ။ ပွဲကျင်းပတဲ့အချိန်မှာ လူတစ်ချို့ က အပြင်မှာ ဒီပွဲကို ရှုတ်ချပြီး ဆန္ဒပြနေကြပါတယ်။ ဒိုင်လုပ်သူက သူမကို "အခုလက်ရှိအချိန်.. အပြင်မှာ Miss Universe ကို ဝင်ပြိုင်ကြတဲ့ အလှမယ်တွေဟာ လေးစားစရာမကောင်းတဲ့ မိန်းမတွေဆိုပြီး ဒီပြိုင်ပွဲကို ဆန္ဒပြနေကြပါတယ်။ သူတို့ မှားယွင်းကြောင်း သက်သေပြပါ။" လို့ပြောလိုက်တဲ့အခါ Lara Dutta က   
"ကျမထင်တာကတော့ အလှမယ်တွေ..." အဲ့လို့ပြောပြီး ခဏရပ်လိုက်ပါတယ်။ ပြီးတော့ သူမကို ထိုးပေးထားတဲ့မိုက်ကို ဆွဲယူပြီး ဆက်ပြောပါတယ် .. 
" ကျမထင်တာကတွေ မယ်စကြာဝဠာတွေလို အလှမယ်တွေဟာ ငယ်ရွယ်တဲ့အမျိုးသမီးတွေကို သူမတို့ လျှောက်လှမ်းချင်တဲ့ဘဝကို ရှေ့ ဆက်သွားလို့ရစေမဲ့ အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ ဒါဟာ ကျမတို့ရဲ့ ရွေးချယ်မှုတွေ၊ ရွေးချယ်စရာတွေ၊ ပြောချင်တာတွေကို ပြောဆိုခွင့်ရစေပါတယ်။ ဒီလိုနဲ့ လက်ရှိမြင်နေရတဲ့အတိုင်း ကျမတို့ဟာ ကြံခိုင်ပြီး ကိုယ့်ကိုယ်ကို အားကိုးတတ်လာကြပါတယ် "ဆိုပြီး ဖြေလိုက်ပါတယ်။ ပရိတ်သတ်ကြီးက အုတ်အော်သောင်းနင်းကို အားပေးထောက်ခံကြပါတယ်။ ဒီလိုနဲ့ပဲ ... လှပပြီး ထက်မြက်တဲ့၊ တည်ငြိမ်ရင့်ကျက်တဲ့ Lara Dutta ဟာ သူမရဲ့ smart answers တွေနဲ့အတူ..  အများကြီး ကြိုးစားစရာမလိုဘဲ Miss Universe 2000 ပြိုင်ပွဲရဲ့ သရဖူကို ရရှိသွားခဲ့ပါတယ်။ ^^

အောက်က video clip ကလေးကတော့ သူမ MU2000 ပွဲတုန်းက ပြိုင်ထားတာတွေကို ပေါင်းထားတာပါ။

 

Lara ဟာ (၂၀၁၀)ခုနှစ်၊ စက်တင်ဘာလမှာ တင်းနစ်အားကစားသမား Mahesh Bhupathi နဲ့ စေ့စပ်ခဲ့ပြီး (၂၀၁၁)ခုနှစ် ဖေဖော်ဝါရီလမှာ လက်ထက်ခဲ့ပါတယ်။ (၂၀၁၂)ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့မှာတော့ Saira လို့အမည်ရတဲ့ သမီးလေးတစ်ဦး မွေးဖွားခဲ့ပါတယ်။


 + + + + + + + + + + + + + + + + + + + +

Lara Dutta ပြီးရင်တော့ MU2003 ဖြစ်တဲ့ ဒိုမေနီကန်ရီပတ်ဘလစ်နိုင်ငံက အလှမယ် Amelia Vegaကို ကြိုက်ပါတယ်။ Amelia ကိုတော့ လှလို့ ကြိုက်တာပါ။

 
 
သူ့အလှက မြန်မာမျက်စိနဲ့ ကိုက်တယ်ထင်ပါတယ်။ Miss Universe ဘွဲ့ရတဲ့အချိန်မှာ Amelia ဟာ အသက် (၁၈)နှစ်သာ ရှိပါသေးတယ်။ ပြီးတော့ သူမဟာ ဒိုမေနီကန်နိုင်ငံကို ပထမဦးဆုံး မယ်စကြာဝဠာဘွဲ့ ယူပေးခဲ့တာပါ။ ဒိုမေနီကန်နိုင်ငံဟာ (၂၀၀၃)ခုနှစ်မှာပဲ မယ်စကြာဝဠာဘွဲ့ကို ရဖူးပါတယ်။ သူမရဲ့အဖေဟာ New York မှာ ဆေးပညာရှင်အနေနဲ့ အလုပ်လုပ်ပါတယ်။ မိခင်ဖြစ်သူကတော့ လိုင်စင်ရ လေယာဉ်မောင်းနှင်သူတစ်ဦးပါ။ ကြည့်ရတာ သူမရဲ့မိခင်ဖြစ်သူက သူမကို အလှမယ်တစ်ယောက်ဖြစ်ဖို့ ကောင်းကောင်းလေ့ကျင့်ပေးခဲ့ပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Amelia ရဲ့ မိခင်ကိုယ်တိုင်က (၁၉၈၀)ခုနှစ်တုန်းက ဒိုမေနီကန်နိုင်ငံရဲ့ national pageant ဖြစ်ပြီး Miss World 1980 ပြိုင်ပွဲမှာ ဝင်ပြိုင်ဖူးပါတယ်။  

Amelia with her Mum
Amelia ဟာ MU2003 ဆုအပြင် Best National Costume ဆုကိုလည်း ရခဲ့ပါတယ်။ ဒါဟာ Miss Thainland, MU1988 နဲ့ Miss Trinidad & Tobago, MU1998 ပြီးရင် သူမက တတိယမြောက်ပါပဲ။

Amelia in Traditional Costume

သူမဟာ မယ်စကြာဝဠာတစ်ယောက်အနေနဲ့ လူမှုရေးလုပ်ငန်းလုပ်ဖို့ နိုင်ငံတကာကို ခရီးတွေထွက်ခဲ့ရပြီး၊ New York မှာနေစဉ် MU reign ကာလအတွင်းမှာကို သူ့နိုင်ငံကို ခဏခဏ ပြန်ပါတယ်။ Ameliaဟာ အလှမယ်တို့ရဲ့ ထုံးစံအတိုင်း reign ပြီးသွားတော့ မော်ဒယ်အလုပ်လုပ်ပါတယ်၊ ရုပ်ရှင်တစ်ကား၊နှစ်ကားရိုက်ပါတယ်။ စာအုပ်တစ်အုပ်လည်း ရေးလိုက်ပါသေးတယ်။သူ့... နိုင်ငံအတွင်းမှာတော့ မော်ဒယ်အလုပ်က အောင်မြင်ပါတယ်။

{ Amelia ဟာ... Internationally တော့ သိပ်ပြီး အောင်မြင်တဲ့ မယ်စကြာဝဠာမဟုတ်ပေမဲ့ သဘောကျမိလို့ သူမအကြောင်း ထည့်ရေးတာပါ။ သူက ရုပ်ကလေးရော ကိုယ်လုံးရော လှပါတယ်။ အသက် (၁၈)နှစ်နဲ့ မယ်စကြာဝဠာဖြစ်သူမို့ ငယ်ဂုဏ်လေးလည်း ရှိပါတယ်။ သူ့ကို သဘောကျလို့.. MU2003 ပွဲကို ခဏခဏ ပြန်ကြည့်ဖြစ်ပါတယ်။ Amelia အကြောင်းက ပြောစရာ သိပ်မရှိလို့ ဓါတ်ပုံတစ်ချို့ ကိုပဲ တင်ပေးလိုက်ပါတယ်။ Collage တွေက ကိုယ့်ဘာသာကိုယ် လုပ်ထားတာပါ။း) }

 
Amelia @ MU2003 Competition
 

+ + + + + + + + + + + + + + + + + + + +

Amelia ပြီးရင်တော့ ကျမရဲ့ favourite list ကုန်ပြီပြောလို့ ရပါတယ်။ ကျန်တဲ့ မယ်(၇)ယောက်ထဲကမှ Olivia Culpo ( USA, MU2012) ကို sweet ဖြစ်လို့၊ အဆင့်အတန်းရှိတဲ့ပုံလေးပေါက်လို့ ချစ်ပါတယ်။ Leila Lopes ကိုတော့ ကိုယ်လုံး အရမ်းလှလို့၊ ရိုးသားလို့၊ humble ဖြစ်လို့ ကြိုက်ပါတယ်။ နောက်ထပ် နှစ်သက်မိတဲ့မယ်ကတော့ Denise Quinones (PR, MU2001) ပါ။ Zuleyka Rivera (PR, 2006) ကိုတော့ လုံးဝ မကြိုက်ပါဘူး။ ကျန်တဲ့ (၃)ယောက်ကတော့ တစ်မျိုးစီလှတာကို လက်ခံမိပေမဲ့ ထူးထူးခြားခြားကြီးတော့ မကြိုက်မိပါဘူး။

(၂၀၀၀ -၂၀၁၂)ခုနှစ်ကြားက မယ်စကြာဝဠာတွေကို ကျမအကြိုက်အတိုင်း နံပါတ်စဉ်စီရရင်..
  1. Oxana Fedorova (2002)
  2. Dayana Mendoza (2008)
  3. Natlie Glebova (2005)
  4. Jennifer Hawkins (2004)
  5. Riyo Mori (2007)
  6. Lara Dutta (2000)
  7. Amelia Vega (2003)
  8. Denise Quinones (2001)
  9. Leila Lopes (2011)
  10. Olivia Culpo (2012)
  11. Stefania Fernande (2009)
  12. Ximena Navarrete (2010)
  13. Justin Pasek (2002)
  14. Zuleyka Rivera (2006)
ကျန်တဲ့ မယ်(၇)ယောက်အကြောင်း နည်းနည်းစီနဲ့ နိဂုံးကို ရှေ့ တစ်ပိုင်းမှာ ဆက်ရေးပါမယ်။ မရည်ရွယ်ဘဲနဲ့ အပိုင်းတွေ အများကြီး ခွဲရေးဖြစ်သွားတဲ့ ဒီပို့(စ်)တွေကို စိတ်ရှည်ရှည်နဲ့ လာဖတ်ပေးကြတဲ့သူများကို ကျေးဇူးတင်ပါတယ်။ :)

Regards, witch83

References
  1. http://www.missuniverse.com
  2. http://en.wikipedia.org/wiki/Lara_Dutta
  3. http://www.globalbeauties.com/mbmu/2011/08/6th-place-lara-dutta-miss-universe-2000/ 
  4. http://en.wikipedia.org/wiki/Amelia_Vega
  5. http://www.missosology.org
  6. Google

2 comments:

  1. သူတို့လိုလှချင်တယ်

    ReplyDelete
    Replies
    1. ကွန်ပျုတာ ဖောင့် ပြန် အိုကေသွားပြီလား sis? သူတို့တစ်ဝက်လောက်လှရင်ကို ကျေနပ်ပါတယ် အမရေ... :P

      Delete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer