" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

September 06, 2013

Miss Supranational 2013 & Myanmar + Bonus News

ဒီပို့(စ်)ကို ရေးမယ်၊ ရေးမယ်နဲ့ အပျင်းထူနေတာ... (ကိုယ်မရေးလည်း မျက်နှာစာအုပ်ပေါ်မှာက up-to-date သတင်းတွေ အများကြီးတက်နေတာလည်း ပါပါတယ်) ဘာပဲဖြစ်ဖြစ် ဒီနေ့ တော့ စက်တင်ဘာလ (၆)ရက်နေ့ရှိပြီမို့  Miss Supranational Final nightမစခင် တစ်ပုဒ်လောက်တော့ ရေးလိုက်ချင်လို့ ရေးပါရစေ။

Miss Supranational
Talent Session မှာတော့ ခင်ဝင့်ဝါတစ်ယောက် နတ်က (အပျိုတော်အက)ကပြီး ပြိုင်ခဲ့ပေမဲ့ မနိုင်ခဲ့ပါဘူး။ Miss Malaysia, Nancy Mercus က သီချင်းဆို၊ ကခုန်ပြီး ပရိတ်သတ်တွေကို ရယ်မောအောင်လုပ်နိုင်ခဲ့လို့ Miss Talent ဆုကို ဆွတ်ခူးသွားပါတယ်။ first runner-up ဆုရတဲ့ Miss Cameroon, Johanna Medio ကတော့ သူမတို့နိုင်ငံရဲ့ ရိုးရာအကဖြစ်တဲ့ ကိုယ့်ခန္ဓာကိုယ်ကမှာရှိတဲ့ ကြွက်သားတစ်ခုချင်းစီကို လှုပ်ပြီးကရတဲ့အကကိုကပြခဲ့ပါတယ်။

Miss Talent Supranationational 2013 (Malaysia)
Miss Cameroon

လက်ရှိအနေအထားအရတော့ ခင်ဝင့်ဝါဟာ Miss Supra ရဲ့ official websiteမှာ voteအများဆုံးနဲ့
 ဦးဆောင်နေပါတယ်။ 10 votesကို ငါးကျပ်ပေးရပေမဲ့ ပေးပျော်ပါတယ်။ Miss Internet ဆုကိုရဖို့ သေချာနေပါပြီ။ ရုရှားကဖွင့်ထားတဲ့ အလှဆုံးအမျိုးသမီးပြိုင်ပွဲမှာရော၊ Missosology ရဲ့ People's Choice Award မှာပါ သူထိပ်ဆုံးကပါပဲ။ ( တို့ မြန်မာတွေ အားပေးချက်။ ဒါကြောင့် မနှစ်က The Ideal Beautyအဖွဲ့အစည်းကနေ Best Fanဆုကို မြန်မာတွေကို ပေးခဲ့ပါတယ်။ ဒီနှစ်လည်း fanဆုကို  မြန်မာတွေရဦးမှာ။ ဗေဒင်မေးစရာမလိုဘူး။ :P )

ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ခင်ဝင့်ဝါကို Miss Internet ဆိုတာထက် တခြားဆုတွေကို ရစေချင်တာပါ။ Miss Internet မို့ top-20 ပါသွားတယ်ဆိုတာမျိုး မဖြစ်စေချင်ပါဘူး။ ကျန်တဲ့ Special Award တွေထဲမှာတော့ National Costume ဆုကိုရဖို့ သိပ်မဖြစ်နိုင်ပါဘူး။ သူ့ ဝတ်စုံက တစ်ခုခုလိုနေသလိုပါပဲ။ အရောင်စပ်သုံးမှ လှမဲ့ဒီဇိုင်းကို ရွှေရောင်တစ်ရောင်တည်း သုံးထားပါတယ်။ ပိုဆိုးတာက ခင်ဝင့်ဝါနဲ့ အဲ့ဒီဝတ်စုံ မလိုက်ပါဘူး။ St George ဆုလည်း မရနိုင်ပါဘူး။ Miss Freindshipဆုတော့ ဖြစ်နိုင်ပေမဲ့ အဲ့ဒီဆုကို စက်တင်ဘာ (၄)ရက်နေ့မှာ Miss Macau က ရသွားပါတယ်။  ( စကားချပ်။   ။ မကာအိုအလှမယ်က native beauty တော့ မဟုတ်ပါဘူး။)



Miss Friendship, Sarah Leyshan (Macau)
ဘာပဲဖြစ်ဖြစ် ခင်ဝင့်ဝါ အကောင်းဆုံးကြိုးစားနေတာမို့ Miss Interentဆုနဲ့ top-20 ဝင်တာနဲ့တင်ကို ဝမ်းသာပါတယ်။း) top-5ကတော့ နတ်ကြီးတယ်လို့ပဲ ဆိုပါရစေ။

Interview Session for Top-20
Myanmar
Grand International 2013, International 2012, Supranational 2013



Miss Myanmar ကို အား ပေးတာကိုမေ့ထားပြီး Miss Supranational ရဲ့ တခြားcandidate တွေထဲမှာ ကိုယ်အကြိုက်ဆုံးကိုရွေးပါဆိုရင် ပိုလန်ကအလှမယ်ကိုရွေးပါမယ်။ သက်တမ်းနုသေးတဲ့ ဒီပြိုင်ပွဲမှာ ပိုလန်ဟာ ၂၀၁၁တုန်းက သရဖူရဖူးခဲ့ပါတယ်။ ကိုယ်ကိုတိုင်ကလည်း Polish Beautyတိုင်းလိုလိုကို သဘောကျတတ်ပါတယ်။ Miss Poland, Angelika Ogryzek ဟာ top-5 အထိတောင် တက်လှမ်းနိုင်ခြေရှိတယ်လို့ ထင်ပါတယ်။



ခင်ဝင့်ဝါရဲ့ အခန်းဖော် Miss Rawanda ကိုလည်း ကြိုက်ပါတယ်။ သူဟာ အားလုံးထဲမှာ ကိုယ်လုံးအလှဆုံးလို့ ပြောလို့ရပါတယ်။ နိုင်ခြေရှိတဲ့ တခြားအလှမယ်တွေကတော့ Miss Phillipines (She's very strong), Miss Australia, Miss Russia (Bearus ဟာ ရုရှားအနွယ်ဝင်တွေမို့ Miss Russia လည်း ဖြစ်နိုင်ချေရှိပါတယ်။) , Miss Belarus (hometown), Miss Pureto Rico, Miss Luxembourg (သူ့ကိုလည်း ကြိုက်တယ်), Miss Brazilနဲ့ Miss India တို့လို့ ထင်ပါတယ်။

Miss Supranational 2013ရဲ့ fianlပြိုင်ပွဲကို ဒီနေ့ည ၁၁း၃၀ (စင်္ကာပူစံတော်ချိန်)မှာ တိုက်ရိုက်ထုတ်လွှင့်ပြသမှာပါ။ www.misssupranational.com  မှာတိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ Progranmme အစီအစဉ်တွေကတော့...
1. National Costume Round
2. Swimsuit Round
3. Evening Gown Round
4. Announce Top (20) Finalists
5. Top (20) Fashion Show
6. Top (20) Swimsuit Round
7. Top (20) Sponsored Cocktail Dress Round
8. Announce Special awards and Titles
9. Announce 4th, 3rd, 2nd, 1st Runner Up
10. Crowning Moment of Miss Supranational 2013
ဒီညပြိုင်ပွဲအတွက် အစမ်းလေ့ကျင့်နေတာ
ခင်ဝင့်ဝါတစ်ယောက် ဒီညမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ပါစေ၊ ဆုတွေလည်း ရပါစေလို့ ဆုတောင်းရင်း ဒီပို့(စ်)လေးကို အောက်က bonus news လေးနဲ့ အဆုံးသတ်လိုက်ပါတယ်။

+ + + + + + + + + +
Bonus News

Miss World 2013 ပြိုင်ပွဲကတော့ အင်ဒိုနီးရှားမှာ စနေပါပြီ။ စက်တင်ဘာလ (၂၈)ရက်နေ့မှာ နောက်ဆုံး ပြိုင်ရမှာပါ။ ခုတော့ မယ်တွေအင်ဒိုနီးရှားမှာ ရောက်နေကြပြီး ဓါတ်ပုံရိုက်တာတွေ စလုပ်နေပါပြီ။ camp စသွင်းနေပါပြီ။ Miss World Orgnization က နန်းခင်ဇေယျာကို ဝင်ပြိုင်ဖို့ ဖိတ်ခေါ်ထားပေမဲ့ သူ.. မပါပါဘူး။ ကိုယ်စားလှယ်မရလို့နဲ့တူပါတယ်။

Miss Grand International 2013ပြိုင်ပွဲကိုတော့ မြန်မာပြည်က ထားထက်ထက်က ဝင်ပြိုင်မှာပါ။ ပွဲကို နိုဝင်ဘာလ (၁၉ )ရက်နေ့မှာ ကျင်းပမှာပါ။ ဘန်ကောက်မှာလို့ ပြောပါတယ်။ ဘယ်တော့ camp စသွင်းမယ်ဆိုတာတော့ မသိသေးပါဘူး။ ကျမသိသလောက်တော့ ထားထက်ထက်ဟာ Miss Myanmar International 2013 ပြိုင်ပွဲမှာလည်း ဝင်ပြိုင်ခဲ့ပါတယ်။




Miss International 2013 ပြိုင်ပွဲကို (၂၀၁၃)ခုနှစ်၊ အောက်တိုဘာလထဲမှာ ကျင်းပမှာပါ။ ရက်တော့ အတိအကျ မသိရသေးပါဘူး။ ဂုဏ်ရည်အေးကျော်က ဝင်ပြိုင်မှာပါ။ ဒီနှစ်လည်း ဂျပန်မှာပဲ ကျင်းပမှာပါ။ ဒီနှစ်တော့ ဂျပန်တွေ မနှစ်ကကျခဲ့တဲ့ သိက္ခာကို ပြန်ဆယ်မယ်ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ မနှစ်ကနာမည်ကြီးခဲ့တဲ့ hometown factor မှာ ဂျပန်နိုင်ငံက အပြောဆိုဝေဖန်ခံရဆုံးမို့ပါ။ Miss Myanmar International 2013 အကြောင်းကိုတော့ အရင်ကလည်း ရေးဖူးလို့ သိပ်မရေးတော့ပါဘူး။

Regards, witch83 (06/09/2013; 5:20PM; GMT+8)
References:
1. http://www.globalbeauties.com/supranational/malaysia-is-the-winner-of-the-talent-competition/
2. https://www.facebook.com/MissSupranational
3. https://www.facebook.com/misssupranationalmyanmar
4. https://www.facebook.com/KhinWintWah.Myanmar
5. Missosology

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer