" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

April 16, 2014

Yummy Cookings (အရသာရှိသောစာ :P)

ဒီဘလော့မှာ အလှမယ်တွေအကြောင်းရေးတာတွေ မရည်ရွယ်ဘဲ တော်တော် များသွားပါတယ်။ ဒါကြောင့် cooking ဘက်ကို နည်းနည်း လှည့်လိုက်ပါဦးမယ်။ ဒီတစ်ခေါက်တော့ ချက်ရတာ မြန်လည်းမြန်၊ လွယ်လည်းလွယ်ပြီး ထမင်းစားလည်းမြိန်တဲ့ ဟင်းချက်နည်း အချို့ ကို  ရေးပါရစေ။ ကျမကတော့ ဒီဟင်းတွေကို မကြာခဏဆိုသလို ချက်ဖြစ်ပါတယ်။

(1) ကြက်သား/ ဝက်သား/ ကြက်အမြစ်/ ဝက်နှလုံးသုပ်


ပထမဆုံး ပြောပြမဲ့နည်းက အသားသုတ်ပါ။ မြိန်ပြီး စားကောင်းတဲ့ဟင်းပါ။ ကြက်သားကို ငံပြာရည်အနည်းငယ်၊ ကြက်သွန်ဖြူတစ်ပြားရိုက် အနည်းငယ်၊ ချင်းတစ်ပြား.. နှစ်ပြားလောက်ရယ်နဲ့ရောပြီး ပြုတ်။ ကျက်ပြီး ကြက်ပြုတ်ရည်နံ့မွှေးလာရင် အသားကိုဖယ်၊ ဟင်းရည်ပန်းကန်ထဲ  ကြက်သွန်မိတ် ၊ ဒါမှမဟုတ် တရုတ်နံနံပါးပါးလှီးထားတာတွေရယ်.. အသားအပြုတ်ရည်ရယ်ကိုထည့်လိုက်ရင် soup ရသွားပါတယ်။

ပြီးရင်
- အနေတော် လှီးထားတဲ့ အသားပြုတ်၊
- ပါးပါးလှီးထားတဲ့ ကြက်သွန်နီ (သို့)ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငြုပ်စိမ်း၊ ကြက်သွန်ဖြူတွေကို
- သံပုရာသီး၊ ငံပြာရည်၊ ကြက်သွန်ဖြူဆီချက် ( ဆီချက် မရှိရင် သံလွင်ဆီ အစိမ်း ထည့်လို့ရပါတယ်။)တို့နဲ့နယ်ပြီး သုတ်လိုက်ရင် ချဉ်ငံစပ်အရသာ အသားသုတ်နဲ့ ကြက်ပြုတ်ရည်မွှေးမွှေးလေးကို ထမင်းဖြူဖြူနဲ့ အရသာရှိရှိ စားလို့ရသွားပါပြီ။ :D

မှတ်ချက်။ ကြက်အမြစ်က သူ့ချည်းသက်သက် သုတ်တာပိုကောင်းပါတယ်။ ဝက်နှလုံးကတော့ အသားနဲ့ တွဲသုတ်တာ ပိုကောင်းပါတယ်။ ဝက်နှလုံးကို ပြုတ်ရင် ဝက်သားနဲ့ တွဲမပြုတ်ပါနဲ့။ နှလုံးကပြုတ်ထားတဲ့အရည်က ညှီနံ့ နည်းနည်း ရှိပါတယ်။ ဝက်သားကတော့ အသားချည်းသုတ်တာထက် အခေါက်ပါးပါး၊ အဆီနည်းနည်းပါတာကို သုတ်တာ ပိုကောင်းပါတယ် (at least for my personal taste)။  ကြက်သားသုတ်ကလွဲရင် ကျန်တဲ့အသုတ်တွေထဲမှာ ရှောက်ရွက် ပါးပါးလှီးထားတာကို ထည့်လို့ရပါတယ်။ ဂေါ်ဖီနဲ့ရှောက်ရွက်က တော်တော် လိုက်ပါတယ်။ ရှောက်ရွက်ကို မလေးဟင်းရွက်ဆိုင် ( ဒါမှမဟုတ်) cold storage မှာ ဝယ်လို့ ရပါတယ်။ အသားအစား ငါးဖယ်ကြော်လည်း ထည့်လို့ရပါတယ်။ အပေါ်က ဓါတ်ပုံကတော့ သိပ်မကြာခင်က လုပ်စားဖြစ်တဲ့ ငါးဖယ်သုတ်နဲ့ ဝက်သားနဲ့နှလုံးရောသုတ်ထားတာကို တင်ထားတာပါ။

(2) Lotus Pork Rib Soup

ဒုတိယဟင်းက Lotus Soup ပါ။ ဝက်နံရိုးနဲ့ ကြာမြစ်ပါးပါးလှီးထားတာတွေကို တရုတ် ingredient တွေနဲ့ အရည်သောက်ချက်တာပါ။ သူကတော့ စလုံးအစာပါ။ အဲ့ဒီဟင်းက ဟင်းတစ်မျိုးထဲနဲ့ အရည်ရော၊ အသားရော၊ အသီးအရွက်ရောပါပြီး စားလို့လည်း မြိန်ပါတယ်။ ထမင်းဖြူလေးရယ်၊ pork rib lotus soupရယ်၊ ငံပြာရည် (သို့) ပဲငံပြာရည်အကြည်ထဲကို ငြုပ်သီးစိမ်းကို ပါးပါးလှီးပြီးထည့်ထားတဲ့ ဆော့(စ်)ရယ်နဲ့တွဲစားရင် လိုက်ဖက်ပါတယ်။ ရောက်ခါစတုန်းကတော့ မစားဖူးပါဘူး။ နောက်မှ အချိန်ပိုင်းအလုပ်အတူလုပ်တဲ့ စလုံး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းစားမှ ဒါ... Singaporean Signature Food.. try ကြည့်ပါလား.. စားကောင်းတယ်ဆိုတာနဲ့ စမ်းစားကြည့်ရင်း တစ်ခါစားဖူးရုံနဲ့ အရမ်း ကြိုက်သွားတဲ့ဟင်းပါ။

အစပိုင်းကတော့ ဆိုင်မှာ ခဏခဏ သွားစားဖြစ်ပါတယ်။ နောက်ပိုင်း စမ်းချက်ကြည့်တော့ ဖြစ်သွားတာနဲ့ အိမ်မှာ ခဏခဏ ချက်ဖြစ်သွားပါတယ်။ ချက်နည်းကတော့ ....

(၁) ဟင်းမချက်ခင် ငါးနီတူခြောက် (မထည့်လည်းရပါတယ်)၊ တရုတ်ဆီးသီးအခြောက်၊ မြေပဲစိမ်း အနည်းငယ်စီကို တစ်နာရီလောက်ရေစိမ်ထားပါ။ 
(၂) ဝက်နံရိုးကို ဆားရယ်၊ ချင်းမှုန့်အနည်းငယ်ရယ်နဲ့နယ်ပြီး နှပ်ထားပါ။ (ကျမကတော့ စလုံးမှာ ဝက်နံရိုးကို Giant မှာ ဝယ်ရတာ အကြိုက်ဆုံးပါ။ နောက်ပြီး ဝယ်ရင် ဝက်နံရိုး (pork rib)ရော၊ အရိုးနု (soft bone)ရော နှစ်မျိုးဝယ်ပါတယ်။ အရိုးနုက နူးပြီး အရသာဝင်ရင် တော်တော် စားကောင်းပါတယ်။ တစ်မျိုးကို 250gလောက်စီဝယ်ရင် တော်တော် စားရပါတယ်။)
(၃) အရွယ်အနေတော် lotus root တစ်မြစ်လောက်ကို ပါးပါးလေးတွေ လှီးထားပါ။ ( ပါးတော့ အရသာ ပိုဝင်ပါတယ်။) (လှီးပြီးသားအထုတ်လေးတွေကို NTUC မှာ ရပါတယ်။ မလှီးရသေးတဲ့ lotus root ဆိုရင်တော့ Cold Storage က ဝယ်လို့ အကောင်းဆုံးပါ။ နုပြီး ဖြူပါတယ်။ )
(၄) ingredient ကတော့ ready made အထုတ်လေးတွေ ဝယ်သုံးတာပါ။ ရိုးရိုးနဲ့spicy ဆိုပြီး ရှိပါတယ်။ ဒီမှာတော့ တရုတ်တွေက spicy ကို ပိုကြိုက်ကြပေမဲ့ ကျမကတော့ တရုတ်ဆေးမြစ်မြစ် ပူရှိန်းရှိန်းကြီးတွေကို မကြိုက်လို့ ရိုးရိုးဟာကိုပဲ ဝယ်ပါတယ်။ supermarket တိုင်းလိုလိုမှာ ဝယ်လို့ရပါတယ်။  တကယ်လို့ ရှာမတွေ့ရင်လည်း chicken genseng အထုတ် ဝယ်ထည့်လို့ ရပါတယ်။ ( မှတ်ချက်။  ။ Chicken Genseng, Sweet Corn, Lotus Pork Rib... အဲ့လို soup တွေပဲသတ်သတ်ရောင်းတဲ့ စားသောက်ဆိုင်အကြီးတွေမှာလည်း lotus root pork rib အနှစ်ထုတ်ကို ဝယ်လို့ရပါတယ်။ အရသာ ပိုကောင်းပါတယ်။)



ချက်နည်းကတော့ အနှစ်ထုတ် ( ပိတ်စအိတ်ကို ဖြဲပစ်စရာမလိုပါဘူး။ အထုတ်လေးအတိုင်းပဲ ထည့်ပါ။)တစ်ထုတ်၊ ကြက်သွန်ဖြူ တစ်ပြားရိုက်အနည်းငယ် (နှစ်သက်သလို ထည့်ပါ။)၊ ရေ (၄) ခွက် (for 500mg of meat)လောက်ကို အိုးထဲကိုထည့်ပြီး ဆူလာရင် ရေစိမ်ထားတဲ့ မြေပဲကိုထည့်၊ နှပ်ထားတဲ့ ဝက်နံရိုးတွေထည့်ပြီး တစ်နာရီလောက် medium heat နဲ့ ချက်လိုက်ရင် soup ရပါပြီ။ ကြာမြစ်တွေကိုတော့ ဝက်နံရိုးထည့်ပြီး နာရီဝက်လောက်ကြာမှ ထည့်ပါ။



(3) ဝက်သားနဲ့မုန့်ညှင်းချဉ်

ဒီဟင်းလည်း စားမြိန်တဲ့ဟင်းပါ။ ငယ်ငယ်လေးကတည်းက အိမ်ကလူကြီးတွေကို ခဏခဏ ချက်ခိုင်းရတဲ့ဟင်းလည်း ဖြစ်ပါတယ်။ ဝက်သားအစား ကြက်သားလည်း  သုံးလို့ရပါတယ်။ အသား (၃၀၀)ဂရမ်လောက်ကို ရေစင်အောင်ဆေးပြီး ကိုယ်နှစ်သက်ရာ အရွယ်လေးတွေတုံး.. ပြီးရင်
- ချင်းမှုန့်အနည်းငယ်၊
- ဆားသင့်ရုံ (( မှတ်ချက်။   ။ မုန်ညှင်းချဉ်မှာ အငံဓါတ်ပါတာမို့ အသားနယ်နေချိန်မှာ ဆားလျှော့ထည့်ပါ။))
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း (၂)ဇွန်း၊
- ရှာလကာရည်အနည်းငယ်တို့နဲ့နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။
- မုန်ညှင်းချဉ်ကို ရေဆေးပြီး ပါးပါးလှီးထားပါ။

ချက်နည်းကတော့ ဟင်းအိုးထဲ ဆီအနည်းငယ်ထည့်ပြီး အပုပေး၊ ဆီပူလာပြီဆို ကြက်သွန်ဖြူတစ်ပြားရိုက်အနည်းငယ်ဆီထည့် ... နှပ်ထားတဲ့ဝက်သားထည့်၊ ရေထည့်.. နာရီဝက်လောက် အနေတော်မီးနဲ့ချက်၊ အိုးမကပ်အောင် မွှေမွှေပေး၊  အသားနုးခါနီးကျရင် လှီးထားတဲ့ မုန်ညှင်းချဉ်ထည့်၊ ရေအနည်းငယ်ထည့် ...ဆီပြန်လာရင် အရသာအပေါ့အငံမြည်းပြီးရင် အရသာရှိသော ဝက်/ကြက်မုန်ညှင်းချဉ်ဟင်းကို ရပါပြီ။



(4) ဆယ်(လ်)မွန်ငါးပေါင်း



ဒီဟင်းက မနှစ်က weight လျှော့တုန်းကမှ စချက်စားဖူးတဲ့ဟင်းပါ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကြိုက်လည်းကြိုက်လို့ မကြာခဏ ချက်စားဖြစ်တဲ့ဟင်းပါ။ ကျမကတော့ ဆယ်လမွန်ငါးကို တော်တော် ကြိုက်ပါတယ်။ သူ့အသားက အရမ်းကို နူးညံ့ပြီး ဆားမထည့်ဘဲနဲ့တောင် အရသာ ရှိပါတယ်။ ကင်စားရင် ပါးစပ်ထဲမှာ အရည်ပျော်သွားတာလေးက တကယ်ကို ကောင်းပါတယ်။ ဟင်းပြုတ်ရည်ထဲမှာ ဆယ်လမွန်ငါးကို ပါးပါးလှီးပြီးထည့်စားလည်း စားလို့ကောင်းပါတယ်။ ကြော်တာကိုတော့ သိပ် မကြိုက်ပါဘူး။ သူငယ်ချင်းတစ်ချို့ ကတော့ သူ့အနံ့ကို မကြိုက်ပါဘူး။ သူငယ်ချင်းတစ်ယောက် ဆေးရုံတက်နေရတုန်းက ငါ.. ဆယ်လမွန်ငါးပေါင်းပေးမယ်။ ထမင်းဖြူလေးနဲ့စား။ အပူခံတဲ့ဗူးနဲ့ထည့်ခဲ့ပေးမယ်... ပုပူနွေးနွေး.. မွှေးမွှေးလေးပေါ့... ဆိုတာကို မမချောက ခါးခါးသီးသီး ငြင်းပါတယ်။ နံလို့တဲ့... အရသာလည်း မကြိုက်ဘူးဆိုပဲ။ ကျမကတော နံတယ်မထင်ပေါင်။ မွှေးတယ်ပဲထင်ပါတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့လေ။ တစ်ချို့ ကျတော့လည်း ဒီအတိုင်း ဆော့နဲ့ အစိမ်းတောင် စားကြပါတယ်။း)

ထားပါတော့.. ရေးနေရင်း တခြားအကြောင်းတွေ ပါကုန်ပြီ။ ဟင်းချက်နည်းကို ပြောပါမယ်။ ချက်နည်းက လွယ်လည်းလွယ်၊ မြန်လည်းမြန်ပါတယ်။ ငါးကို ဆား၊ အသားမှုန့်နဲ့ ချင်းမှုန့်အနည်းငယ်၊ စပါးလင်ပါးပါးလှီးထားတာရယ်နဲ့ နယ်ပြီး ( တကယ်တော့ မထည့်လည်း ရပါတယ်။ ဘာမှ မထည့်ရင်တောင် အရသာရှိပါတယ်။ ညှီလည်း မညှီပါဘူး။) အောက်ကအိုးထဲ ရေတစ်ဝက်ကျော်ကျော်လောက်ထည့်..  နယ်ထားတဲ့ ငါးတွေကို ကြွေ (သို့) ဖန်ပန်းကန်ထဲထည့်ပြီး ပေါင်းတဲ့ဇကာထဲကိုတင်ပြီး (၁၅)မိနစ်လောက်ပေါင်းလိုက်ရင် ရပါပြီ။ အသီးအရွက်တွေ ထည့်ချင်ရင်တော့ လှီးချွတ်ဆေးကြောထားတဲ့ အသီးအရွက်တွေကို အရသာဝင်အောင် ဆား၊ အသားမှုန့်တို့နဲ့ နယ်ထားပြီး ချခါနီး (၄)မိနစ်၊ (၅)မိနစ်အလိုမှ ထည့်ပါ။ သူတို့တွေက အရမ်း နူးလွယ်ပြီး နူးသွားရင် စားလို့ မကောင်းတော့ပါဘူး။

Bonus for the last Recipe
ကျမကတော့ ငါးကို အိမ်ရှင်ရဲ့ မုန့်ဟင်းခါးချက်တဲ့ စတီးအိုးအကြီးထဲ ရေထည့်ပြီး၊ ရန်ကုန်ကနေယူလာတဲ့ ထမင်းနွှေးရင်သုံးတဲ့ဇကာကို အပေါ်မှာတင်ပါတယ်။ တကယ်လို့ အိမ်မှာ အိုးအကြီးမရှိရင် ကိုယ်ချက်နေကြဟင်းအိုးနဲ့ကိုက်မဲ့ အရွက်ဆေးရင်သုံးရတဲ့ဇကာကို ဝယ်ပြီး သုံးလို့ရပါတယ်။ ကျမဆို ပေါက်ဆီတို့၊ အသားပေါင်းတို့ ပြန်နွှေးရင် အဲ့နည်းပဲ သုံးပါတယ်။ အဲ့နည်းသုံးရင် တစ်ခု သတိထားရမှာက ရေဆူလို့ ပွက်လာမဲ့ ပမာဏကို တွက်ဖို့ပါ။ ရေအများကြီးထည့်လို့ မရပါဘူး။ မဟုတ်ရင် ပေါင်းတာလည်းမဟုတ်၊ ပြုတ်တာလည်း မဟုတ်ဖြစ်သွားပါလိမ့်မယ်။ :D

စလုံးက Metroမှာတော့ မနှစ်က August လထဲမှာ စတီးပေါင်းအိုးလေးတစ်အိုးတွေ့ဖူးပါတယ်။ အောက်ကခံတဲ့ အိုးက ပြားပြားလေးဆိုတော့ ရေသိပ်ထည့်စရာမလိုပါဘူး။ အပေါ်က ပေါင်းတဲ့ဇကာကျတော့ ပိုကျယ်ပြီးမြင့်ပါတယ်။ အပေါ်ကလည်း ဖန်အဖုံးလေးနဲ့ဆိုတော့ အကုန်လုံးကို မြင်နေရပါတယ်။ ဈေးကတော့ စလုံးဒေါ်လာ ငါးဆယ်ကျော်ကျော်ပါ။ အတိအကျတော့ မမှတ်မိတော့ပါဘူး။ အိုးလေးကို တော်တော် သဘောကျမိပေမဲ့ အဲ့အချိန်က အလုပ်ဗီဇာအဆင်မပြေလို့ အလုပ်ထွက်ထားခါစအချိန်ဆိုတော့ ငွေကို အရမ်း မသုံးရဲလို့ မဝယ်ဖြစ်ပါဘူး။ နောက်တော့လည်း အလုပ်သစ်ရှာတာက (၄)လလောက် ကြာသွားတာနဲ့၊ အလုပ်သစ်မှာလည်း (၂)လပဲလုပ်ပြီး ထွက်လာတာနဲ့... ခုလောက်ဆိုရင်တာ့ အဲ့အိုးလည်း မရှိလောက်တော့ပါဘူး။

စလုံးပြန်ပြီး အလုပ်သစ်ရရင်တော့ နည်းနည်း ရှာကြည့်လိုက်ပါဦးမယ်။ မြန်မြန်လည်း ပြန်မှပါ။ ရန်ကုန်မှာ နေတာက ကြာလာတဲ့အပြင် ပိုက်ဆံကို လက်ဖြန့်တောင်းသုံးနေတော့ အိမ်က သိပ်.. မကြည်ဖြူတော့ပါဘူး။ လူကြီးတွေက ကပ်စီးနှဲတော့ ကိုယ်သုံးနေတာကို အရမ်း များတယ်ထင်နေကြပါတယ်။ မုန်းတယ် x တစ်သိန်း။ >.<
နောက်ဆို ဒီလို မဖြစ်ရအောင် ပိုက်ဆံကို အရင်က စုတာထက် ပိုစုပြီး အိမ်ကို လျှော့ပို့ရမယ်။ :P

ဒါနဲ့ ကြုံတုန်း ပြောလိုက်ဦးမယ်။ ကျုပ်က ယောကျာင်္းယူမယ်ဆိုရင် ကပ်စီးနှဲတဲ့ယောကျာင်္းမျိုးဆို လုံးဝ၊ လုံးဝ၊ လုံးဝ မယူဘူးတော်ရေ.... ကျုပ်ကို ကြိုက်နေသူများ သေချာ သိထားကြပါ။ ဒါပဲ!!! :D

Alright, let me stop the post here. Thank you for reading this post. Happy Myanmar New Year, everyone!

With Warm Wishes,
witch83 (16/04/2014;11:27AM; GMT+6.3)

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer