Miss Universe 2012 ပွဲကြည့်ဖို့ မနေ့က အလုပ် နားထားပါတယ်။ ပြိုင်ပွဲကတော့ ပြီးဆုံးသွားပါပြီ။
ဆုရသွားတဲ့သူကတော့ "
Miss USA, Olivia Culpo" ပဲဖြစ်ပါတယ်။
ပျော်နေတဲ့ Olivia
ပြောရမယ်ဆိုရင်တော့ (၂၀၁၂)ခုနှစ်ဟာ အလှမယ်လောကမှာတော့ နည်းနည်းထူးခြားတယ်လို့ ပြောလို့ရပါတယ်။
Miss World ကို တရုတ်ပြည်မှာ လက်ခံကျင်းပပြီး Miss China, Yu Wenxia ကဆုရသွားပါတယ်။
Miss International ပြိုင်ပွဲကို ဂျပန်မှာ ပြုလုပ်ကျင်းပပြီး Miss Japan, Ikumi Yoshimatsu က ဆုရသွားပါတယ်။
ဒီဇင်ဘာလမှာတော့ Miss Universe ပြိုင်ပွဲကို LA (USA) မှာ ကျင်းပပြီး Miss USA, Olivia Culpo က ဆုရသွားပါတယ်။
Miss Earth ကို လက်ခံကျင်းပပေးတဲ့ Philippines တွေကတော့ သနားစရာ.. Czech Republic နိုင်ငံမှ Tereza Fajksová က ရသွားပါတယ်။ ဒါပေမဲ့ .. သူတို့မယ်လည်း Miss Air ဆုတော့ ရသွားပါတယ်။
Four Beauty Queens of year 2012
*****************************
ကြည့်ခဲ့သမျှပွဲတွေထဲမှာ.. Miss Universe 2012 ပြိုင်ပွဲဟာ ... ကျမကြိုက်တဲ့..အားပေးတဲ့မယ်တွေထဲကတစ်ယောက်
ဆုရသွားတာ... နောက်ပြီး ကျမကြိုက်တဲ့မယ်တစ်ချို့  top-16 ထဲ
ပါလာကြတာ...ဒါ ပထမဆုံးပါပဲ။ :)
(၂၀၁၂) MU အတွက်... ကျမအားပေးခဲ့တဲ့သူတွေကတော့...
Miss Poland: သူမကို.. ဟိုးအရင်... Miss International 2012 ပြိုင်ပွဲ မစခင်ကတည်းက တွေ့ပြီး ကြိုက်ခဲ့တာပါ။ ပြိုင်ပွဲမှာ သိပ်ပြီးတော့ ထူးထူးခြားခြား မလုပ်ပြပါဘူး။ ဒါပေမဲ့ ရိုးရိုးရှင်းရှင်း လှလှလေးတွေဝတ်ပြီး ငြိမ်ငြိမ်လေးနဲ့ ယှဉ်ပြိုင်သွားပါတယ်။ top-16 အထိ ပါသွားပေမဲ့ top-10 တော့ မတက်နိုင်ခဲ့ပါဘူး။ Miss Polandရဲ့ evening gown ကို သိပ်မကြိုက်ပေမဲ့ traditional dress ကိုတော့ အရမ်း ကြိုက်ပါတယ်။
MU2012 Poland, Marcelina Zawadzk
Miss Poland @ Traditional Costume Show
Miss Aruba : Missology မှာတင်ထားတဲ့ သူ့ ဓါတ်ပုံကိုတွေ့ပြီး ကြိုက်သွားတာပါ။ သူ့မျက်နှာလေးက ဘယ်လိုလေးမှန်းကို မသိပါဘူး။ သူ့မျက်နှာကိုကြည့်မိလိုက်ရင် ဘယ်လိုမှန်းမသိတဲ့ ခံစားချက်ကို ခံစားရပါတယ်။ ဒါပေမဲ့ တကယ်ပြိုင်တဲ့အခါကျတော့ performance သိပ်.. မကောင်းပါဘူး။ Premilinary show မှာတင် သူ့ကို မကြိုက်တော့ပါဘူး။ top-16 မဝင်ခဲ့တာလည်း သိပ်တော့ မဆန်းဘူး ထင်ပါတယ်။
Miss Russia: Oxana Fedorova ကို ကြိုက်မိခြင်းရဲ့ အကျိုးဆက်ပါပဲ။ Miss Russia ဆိုရင်ကို ကြိုက်ချင်သလိုလို ဖြစ်နေပါတယ်။ သူလည်း Oxana လိုပဲ ရိုးရိုးလေး.. ဒါပေမဲ့ .. ယှဉ်ပြိုင်နေချိန်မှာ Miss Poland နဲ့ Miss Aruba တို့ဆီက မရခဲ့တဲ့ ... ခံစားချက် တစ်မျိုးလေးခံစားရအောင် လုပ်နိုင်ပါတယ်။ သူ့ကိုတော့ traditional dress ဝတ်ထားတဲ့ အချိန်မှာ အကြိုက်ဆုံးပါပဲ။
MU2012 Russia, Elizaveta Golovanova
အသက်(၁၉)နှစ်သာရှိသေးတဲ့ ဒီ Russia အလှမယ်ကတော့ ဟယ်လီကော်ပတာ မောင်းရတာ
ကြိုက်ပါသတဲ့။ မိဘနှစ်ပါးကဆရာဝန်မို့ မိဘတွေက သူမကိုလည်း
ဆရာဝန်ဖြစ်ချင်စေပေမဲ့ သူမကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်လုပ်၊ ဒါမှ
မဟုတ်ရင်တော့ TV show တစ်ခုခုမှာ host လုပ်ချင်ပါသတဲ့။ Elizaveta ဟာလည်း Miss Russia ဆုရလို့ ဒေါ်လာတစ်သန်းဆုချခံရပါတယ်။ ပညာရေးအတွက်လည်း ကောလိပ်တက်ဖို့ ဒေါ်လာ ၁၀၀,၀၀၀လည်း ရပါသေးတယ်။ Miss Russia 2011 ပြိုင်ပွဲရဲ့ အထူးဧည့်သည်တော်ကတော့ Miss World 2011, Ivian Sarcos ဖြစ်ပါတယ်။
Miss USA: Miss USA 2012 ပြိုင်ပွဲတုန်းကတော့ Oliviaကို သိပ်မကြိုက်ပါဘူး။ ကိုယ်အားပေးတာ တခြားတစ်ယောက်ပါ။ ဒါပေမဲ့ နောက်ပိုင်း သူ့ activity တွေ၊ ဓါတ်ပုံတွေ၊ စကားပြောတာတွေကို ကြည့်ပြီး ကြိုက်ခဲ့တာပါ။ သူမက.. သူ့ကိုယ်သူ... " သူမဟာ အလှမယ်တစ်ယောက်ဖြစ်ပေမဲ့ ... I can be funny and anything" ဆိုပြီး ပြောပါတယ်။ ချစ်မွှေးပါပြီး စကားပြောရင် ချစ်ဖို့ကောင်းပါတယ်။ သူဖြစ်ချင်တာ... သူယူဆတာ.. ဘာဆိုတာကို ရိုးရိုးရှင်းရှင်းနဲ့ လူတွေသိအောင် လုပ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ... Miss Universe 2012 ဘွဲ့ရသွားတာကို အရမ်း ဝမ်းသာပါတယ်။ ဆုကြေငြာခါနီးအချိန်ဟာ သူလည်း တုန်လှုပ်နေသလို ပွဲကြည့်နေတဲ့ ကိုယ်ကိုတိုင်လည်း ရင်တွေတုန်နေပါတယ်။ သူ.. မရမှာစိုးလို့... Miss Phillipine ရသွားမှာစိုးလို့ :P
MU2012 USA, Olivia Culpo
~~~ Winning moments ~~~
ပွင့်ပွင့်လင်းလင်းဝန်ခံရမယ်ဆိုရင်တော့ ... Miss.Phillipines ကို မကြိုက်တာ
မဟုတ်ပါဘူး။ Phillipineတွဟာ များသောအားဖြင့် လှကြပါတယ်။ နောက်ပြီး စပိန်လက်အောက်ခံရောက်ဖူးတာမို့ စပိန်တွေနဲ့စပ်လိုက်တော့ ပိုလှလာပါတယ်။ နောက်ပြီး သူတို့ဟာ အမေရိကန်ဆန်ကြတာမို့ နိုင်ငံခြားသားတွေကို အယူများကြပါတယ်။ လူမျိုးစပ်တွေဟာ ပိုလှတတ်ကြပါတယ်။ ဥပမာ။ ။ဖဦးထုပ်နဲ့ အော်ဆီစပ်ထားတဲ့ Miss International Phillipine
2012, Nicole Schmitzဆိုရင် တော်တော်ကို လှပါတယ်။ သူ့ကို တော်တော်ကြီးကို ကြိုက်ပါတယ်။
ခုလည်း စပိန်နဲ့ ဖဦးထုပ်စပ်ထားတဲ့ MU2012 Philippine, Janineလည်း လှပါတယ်။
ဒါပေမဲ့ သူ့နိုင်ငံက ပရိတ်သတ်တွေတွေထဲက
ရာခိုင်နှုန်းတော်တော်များများကိုတော့ လုံးဝ (လုံးဝ) မကြိုက်ပါဘူး။ (ဒါပေမဲ့ Miss International 2012 ပွဲတုန်းက မြန်မာပရိတ်သတ်တချို့ လည်း
ဖဦးထုပ်ပရိတ်သတ်တွေနဲ့ သိပ်တော့ မကွာပါဘူး။ ဒီလိုပြောလို့ စိတ်မဆိုးကြပါနဲ့။ ဘာပဲဖြစ်ဖြစ်
သူများအလှမယ်တွေကို မစော်ကားဘဲ၊ မနှောင့်ယှက်ဘဲ... ကိုယ့်အလှမယ်ကို
မှန်ကန်စွာ ထောက်ခံအားပေး၊ အထောက်အကူပြုပေးတာဟာ အကောင်းဆုံးပါပဲ။) Olivia.. Miss Universe ဖြစ်သွားတော့ ဖိလစ်ပင်းတွေ အော်လိုက်ကြတာ။ ခုချိန်ထိ အော်တုန်း။ Donald Trump နဲ့တောင် ပေးစားလိုက်ကြသေးတယ်။ Missosology ကလည်း Miss.Phillipine သာလျှင် ထိုက်တန်တဲ့သဘောမျိုးဆန်တဲ့ ပို့(စ်)တွေ၊ ဓါတ်ပုံတွေတင်ပါတယ်။ အဲ့ဒီ ပို့(စ်)တွေအောက်ကနေ.. ဖဦးထုပ်တွေကလည်း Olivia ကို ရစရာမရှိအောင်ပြောပြီး comment တွေပေးပါတယ်။ Miss.Phillipine, Janine Tugonon ကတော့ သူ့ပရိတ်သတ်တွေကိုပြောပါတယ်.. သူမကိုယ်သူမလည်း ဒီအဆင့်အထိရောက်လာတာကို ဂုဏ်ယူတဲ့အကြောင်း .. ပြီးတော့ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို လေးစားဖို့၊ Olivia ကိုလည်း ဂုဏ်ပြုပေးဖို့ တောင်းဆိုတဲ့အကြောင်း...။ ဒိုင်တွေရဲ့အကြိုက်ကလည်း တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ..
နော့်..ဘာပဲပြောပြော... ဒီနှစ်ရဲ့ ပြိုင်ပွဲ resultတွေဟာ beauty expertတွေ..
မျှော်မှန်းသလို (ခန့်မှန်းခဲ့သလို) မဖြစ်လာတာတော့ အမှန်ပါပဲ။
MU2012 Phillipines, Janine Tugonon
Olivia & Janine at interview ( Before MU2012 Final)
Janine ကိုလည်း သနားမိပါတယ်။ အာရှကလူမို့ သူတို့တွေက အထင်သိပ်မကြီးချင်ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ပရိတ်သတ်က .. ပေါက်ကရတွေလျှောက်လုပ်ရင် ပိုပြီး မျက်နှာငယ်ရပါတယ်။ ပြိုင်ပွဲတလျှောက် Missology ဟာ သူမရဲ့ဓါတ်ပုံတွေ၊ event တွေကို တော်တော်တင်ပါတယ်။ ဒါပေမဲ့ ဓါတ်ပုံတွေမှာ သူ့ကြည့်ရတာ နည်းနည်း အားငယ်နေပုံ ပေါက်ပါတယ်။ သတိထားကြည့်ရင် မြင်နိုင်ပါတယ်။ policticsကြောင့်လည်း သူ..အရွေးမခံရတာလည်း ဖြစ်နိုင်ပါတယ်။
Miss Croatia: သူမကိုတော့ preliminary competitionကို ကြည့်ပြီးမှတွေ့ပြီး ကြိုက်သွားတာပါ။ ကြည့်လိုက်တာနဲ့ကိုထင်းပြီး သတိထားမိလောက်အောင် လှတာပါ။ ဘာမှ အထွေအထူး လုပ်စရာမလိုဘဲ အမှတ်ရမဲ့သူမျိုးပါ။ Elizabethaဟာ Miss Poland ထက် ပိုပြီး ပေါ်လွင်ပြီး ဆွဲဆောင်မှု ရှိပါတယ်။ အသက် (၁၉)နှစ်သာရှိသေးတဲ့ သူမက လူကြောက်ပြီး လူရှေ့ မထွက်ချင်ပါဘူးတဲ့။ အဲ... စင်ပေါ်မှာ အလင်းရောင်စုံတွေရှိနေပြီဆိုရင်တော့ သူမက ok သွားပါတယ်တဲ့။ ဒါကြောင့် ပြိုင်နေတဲ့အချိန်မှာ enthusiastic မဖြစ်တဲ့ပုံ ပေါက်နေသလိုပါပဲ။ Beauty Specialist တစ်ယောက်ကတော့ Missosology မှာ သူမကို "silent killer of the competition"ဆိုပြီး တင်စားထားပါတယ်။
MU2012 Croatia, Elizabeta Burg
Miss Vanezula: အသက် (၂၁)နှစ်ရှိတဲ့ Irene ကို ပြိုင်ပွဲမတိုင်ခင်ကတည်းက ကြိုက်တာပါ။ သူမဟာ England မှာ ကျောင်းတက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲမှာ အရဲလွန်ပြီး နည်းနည်း ကလက်လွန်းပါတယ်။ သူမကတော့ top-5 အထိ ပါသွားပြီး.. Miss Universe 2012 2nd runner up ဆုကို ရသွားပါတယ်။ Final Question Stageမှာ မေးခွန်းကို ဘာသာပြန်ပေးတဲ့သူပဲ မှားတာလား၊ သူမပဲ စိတ်လှုပ်ရှားနေလို့ မဖြေတတ်တာလားတော့ သေချာ မသိပါဘူး။ Final question ကို သူကောင်းကောင်းမဖြေနိုင်ပါဘူး။ ပြီးတော့ အင်္ဂလိပ်လို သိပ်မပိုင်နိုင်ဘဲနဲ့ အင်္ဂလိပ်လိုဖြေလိုက်တာ မှားပါတယ်။ တကယ်ဆို spanish လိုပဲပြောပြီး ဖြေလိုက်ရင်ပြီးရော။ ဘာသာပြန်တဲ့သူရှိတာပဲဟာ။ သူမကို ရီလည်းရီချင်၊ ချစ်လည်းချစ်မိတဲ့အချိန်ကတော့ သူမဖခင်ပိုင်တဲ့
ချောကလက်စက်ရုံက ချောကလက်တွေနဲ့ ပြုလုပ်ထားတဲ့ သူမရဲ့မိခင်
ဒီဇိုင်းလုပ်ပြီးဖန်တီးပေးတဲ့ ရိုးရာဝတ်စုံကို
ဝတ်ပြီးပြိုင်ပွဲဝင်တဲ့အချိန်မှာပါပဲ။
VIDEO
MU2012 Venezula, Irene Esser
Miss Malaysia: သူမဟာလည်း အဖေ ဗြိတိန်၊ အမေ မလေးရှားပါ။ အသက် (၁၉)နှစ်ပဲ ရှိပါသေးတယ်။ သူ့ကိုလည်း ပြိုင်ပွဲရောက်မှပဲ ကြိုက်သွားတာပါ။ top-16 မှာ ပါမလာပါဘူး။ စိတ်မကောင်းဖြစ်မိပါတယ်။ သူ့ကို တော်တော်လေး ကြိုက်မိတာပါ။ Asiaမှာ Rio Mori ပြီးရင် သူ့ကိုကြိုက်ပါတယ်။ ကြည့်ရတာ .. မလေးရှားအလှမယ်က မလေးရှားလူမျိုးပုံစံ မပေါ်ဘဲ အနောက်တိုင်းအလှမယ်ပုံစံ ပေါက်နေလို့နဲ့တူပါတယ်။
MU2012 Malaysia, Kimberley Ledggett
*****************************
ကျမကြိုက်တဲ့ အလှမယ်တွေအကြောင်း ရေးပြီးသွားပြီဆိုရင်တော့ ပြိုင်ပွဲအကြောင်း ဆက်ရေးခွင့်ပြုပါဦး။ ပြိုင်ပွဲဝင် (၈၉)ယောက်မှာ အီဂျစ်၊ ကာဇက်စတန်၊ ပေါ်တူဂီ၊ ဆိုဗေးနီးယား၊ Turks & Caicos နဲ့ US Virgin Islandsတို့က အလှမယ်တွေ နုတ်ထွက်သွားပြီး အီသီးယိုးပီးယား၊ ဘူ(လ်)ဂေးရီးယား၊ နမ်မီးဘီးယားနဲ့ နော်ဝေးနိုင်ငံတို့က အလှမယ်များကတော့ အိမ်ပြန်သွားကြပါတယ်။
Miss Universe top-16, top-10 အပါအဝင် ဆုရသွားတဲ့သူတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
( Wikipedia က table ထည့်ပေးထားတာပါ။ orignianl link တွေကိုလည်း ဒီအတိုင်းပဲ ထည့်ပေးထားပါတယ်။)
Placements for Miss Universe Source; Wiki [3]
Special Awards
အထူးဆုအနေနဲ့ကတော့....
~~ Miss Congeniality ဆုကို Guatemala မှ Laura Godoy
~
~ Miss Photogenic ဆုကို Kosovo မှ Diana Avdiu ( သူ.. ဒီဆုနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ သူမရဲ့ ဓါတ်ပုံတွေကြည့်ရင် အရမ်းကိုလှပါတယ်။ ဒါပေမဲ့ show မှာ သူမကိုတွေ့လိုက်ရတော့ မလှပါဘူး။ ဘယ်ဘက်က သုံးပုံက Miss Universe မှာ ပွဲမတိုင်ခင်တင်ထားတဲ့ပုံတွေပါ။ အစွန်ဆုံးကပုံကတော့ ပြိုင်ပွဲဝင်နေတဲ့အချိန်မှာ ရိုက်ထားတာပါ။ ဒီလိုမျိုးကွာတတ်ပေမဲ့ ... သူကွာပုံကွာနည်းက ဒီဆုအတွက် သင့်တော်ပါတယ်။ တော်တော် ဓါတ်ပုံစားတဲ့အလှမယ်ပါ။ အောက်ကပုံကတော့ သူ့ကိုဆုပေးတုန်းက MU2011 Lelia Lopesနဲ့အတူ ရိုက်ထားတဲ့ပုံပါ။
~~ Best National Costume ဆုကို Miss China, Ji Dan Xu တို့က အသီးသီး ရရှိသွားကြပါတယ်။
Other Awards အနေနဲ့ Missosology ကပေးတဲ့ People's Choice Award ကို Miss Thainland, က ရရှိသွားပါတယ်။
*****************************
ဘယ်သူတွေ ဘာပြောပြော ကျမကတော့ Miss Universe 2012 ပြိုင်ပွဲကို.. ကိုယ်ကြိုက်တဲ့သူတွေ.. ဆုရတဲ့အတွက်.. အားရကျေနပ်မိပါတယ်။ နောက်နှစ် (၂၀၁၃)မှာလည်း မြန်မာပြည်ကမယ်တစ်ယောက်လောက် ဝင်ပြိုင်နိုင်ပါစေလို့လည်း ဆုတောင်းမိပါတယ်။ ရှေ့ နှစ်မှာလည်း ကိုယ်ကြိုက်တဲ့ မယ်တွေဆုရပါစေလို့ဆုတောင်းရင်း ဒီပို့(စ်)လေးကို ဒီနေရာမှာ နိဂုံးချုပ်ပါရစေ။
Thank you for reading this post.
witch83 ( 21/12/2012; 3:03PM; GMT+8)
Reference
1. www.missuniverse.com
2. www.missosology.org
3. http://en.wikipedia.org/wiki/Miss_Universe_2012
4. http://livewireworld.info/2012/03/elizaveta-golovanova-russia-2012/
To Continue Reading