" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

March 18, 2012

ကျမနှင့် ပေါက်တတ်ကရ(၁)

Blog နဲ့  ဝေးနေတာ တော်တော်ကြာပါပြီ။ ရေးချင်တာလေးတွေ ရှိပေမဲ့ ရေးတဲ့အဆင့် မရောက်ခဲ့ပါဘူး။ ဒီနေ့တော့ တစ်နှစ်နီးပါး ကွဲကွာနေတဲ့ blog ကိုဖုန်ခါလိုက်ပါတယ်။ ကျမဟာ တော်တော်ကို ပေါက်ကရတွေ လုပ်၊ ပေါက်ကရတွေ ဖြစ်တတ်တဲ့သူပါ။ ဒါကို ကျမအနီးအနားက လူတွေ သိကြပါတယ်။ ဒါကြောင့် ၂၀၁၂မှာ စရေးတဲ့ ပထမဆုံး ပို့(စ်)ကလေးကို ရယ်စရာနဲ့ ပေါ့ပေါ့ပါးပါးလေးဖြစ်အောင် ကျမနှင့် ပေါက်တတ်ကရ(၁) ကိုရေးလိုက်ပါတယ်။


***********************

(၁၀)တန်းတုန်းက ဖြစ်ခဲ့တာ ဖြစ်ပါတယ်။     ။

ကျမအဖေဟာ အရက်ကို အမြဲတမ်း မူးအောင်သောက်တတ်တဲ့သူ မဟုတ်ပေမဲ့ အရက်ကြိုက်ပါတယ်။ သောက်ပြီးလို့ အရည်နည်းနည်း ဝင်ပြီဆို အရမ်း စကားပြောပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် အဲ့လို အချိန်မျိုးမှာ ကျမကို သူ့အနား အတင်းခေါ်ပြီး ကျမကို ချစ်ကြောင်း၊ ကျမညီမကို ဘယ်လို ချစ်ကြောင်း၊ ကျမတို့ အပေါ် သူဘယ်လို မျှော်လင့်ကြောင်း၊ ဘယ်လို ဖြစ်စေချင်ကြောင်း၊ သူတစ်ယောက်တည်း အရက်သောက်တာ မဟုတ်ကြောင်း၊ ကျမရဲ့ နှစ်ဖက်စလုံး အဖိုးတွေလည်း အရက်သောက်ကြောင်း... စသဖြင့် တတွတ်တွတ်ပြောတတ်ပါတယ်။ ငယ်ငယ်တုန်းကတော့ သူ အဲ့လို လာလုပ်ရင် စိတ်ညစ်ပါတယ်။ ရှက်လည်း ရှက်သလိုပါပဲ။ အခုတော့လည်း ပြန်တွေးကြည့်ရင်အောင်းမေ့စရာတွေပါပဲ။
ကျမဟာ စကား အရမ်း (အရမ်း) များပါတယ်။ ဒါပေမဲ့ စကားများတဲ့အချိန်ကလွဲရင်လူတွေနဲ့ ဘာသိဘာသာနေတတ်ပါတယ်။ ကိုယ့်သံယောဇဉ်တွေကိုလည်း သိပ် မပြတတ်ပါဘူး။ အဲ့ဒီတော့ အဖေနဲ့ဆိုရင် နည်းနည်း စိမ်းပါတယ်။ အဖေနဲ့က အနေလည်းဝေး.... ပြီးတော့ ကိုယ်ကလည်း အမေပေါ်သနားချစ်ချစ်တဲ့သူဆိုတော့ များသောအားဖြင့် အဖေနဲ့ နီးနီးကပ်ကပ် မနေပါဘူး။ ဒါကို သူက ခံစားချက်ရှိပုံပေါ်ပါတယ်။ သူ အရက် နည်းနည်း ဝင်ပြီဆို... လာပါဥိး ငါ့သမီးရဲ့... ညည်းက အဖေကိုဆို ဂရုမစိုက်ဘူး၊ မချစ်ဘူးဆိုပြီး ပြောတတ်ပါသေးတယ်။

အရက်ကြိုက်တတ်တဲ့ အဲ့လို အဖေဟာ အရက်ဆိုင်၊ ဘီယာဆိုင်ရောက်ပြီဆိုရင် ကျမတို့အတွက် ဘဲကင်၊ အသားကင်၊ အခေါက်ကင်၊ ဘဲခြေထောက်သုပ် စသဖြင့် ဝယ်လာပေးလေ့ရှိပါတယ်။
တစ်နေ့တော့ အဖေဟာ ဘာမှန်းမသိတဲ့ ကြက်သားဖတ်သေးသေးလေးတွေ ဝယ်လာပါတယ်။ ညည်းအတွက်ဆိုပြီးပေးတော့ စားကောင်းကောင်းနဲ့ တထိုင်တည်း အကုန်စား ပစ်လိုက်ပါတယ်။ ဒါကို အဖေက မှတ်ထားလိုက်ပုံ ရပါတယ်။

တကယ်တော့ အဲ့ဒါဟာ ကြက်ဆီဗူးတွေကို ပုံဖျက်ထားတာပါ။ ကျမဟာ ဆီဘူးကို ဖင်ပိုင်းဆိုပြီး ရွံ့  တဲ့စိတ်နဲ့ ဘယ်တော့မှ မစားပါဘူး။ စားကောင်းတယ်ဆိုပြီး အိမ်ကလူတွေ ဘယ်လောက် ချော့ကျွေးကျွေး .. အတင်း ငြင်းပြီး မစားပါဘူး။ အဲ့နေ့ကတော့ အဖေဝယ်လာတဲ့ ပုံဖျက်ထားတဲ့ ဆီဗူးတွေ စားလိုက်မိတယ်။ စားလို့လည်း တော်တော်ကောင်းပါတယ်။ အဖေက တမင် ညာကျွေးတာ မဟုတ်ဘုးဆိုတာ ကျမ သေချာ သိပါတယ်။ ဘာလို့လည်းဆိုတော့ အိမ်မှာ အနေနည်းတဲ့ အဖေဟာ သု့ သားသမီးတွေ ဘာကြိုက်တယ်၊ မကြိုက်ဘူးဆိုတာ သိပ်မသိပါဘူး။
နောက်နေ့ကျတော့ ကျမ ကျူရှင်က ပြန်လာတဲ့အချိန်မှာ အဖေက ကျမကို ညည်းဖို့ ဆီဗူး တွေ ဝယ်လာတယ်။ စားပွဲပေါ်မှာလို့ ပြောပါတယ်။ အဲ့ဒါကိုလည်းကြားရော ကျမက ခါးခါးသီးသီးနဲ့  "ဖေကြီး သမီး ကြက်ဖင် လုံးဝ မစားဘူး... မစားဘူး... ရွံ့ တယ်... ရွံ့ တယ်" ဆိုပြီး အတင်းငြင်းပါလေရော... ကျမ အဖေက နည်းနည်းလည်း ရီဝေဝေဖြစ်နေတော့ သူ.. အူကြောင်ကြောင် ဖြစ်သွားပါတယ်။ အဲ့ဒီ အချိန်မှာ ကျမညီမက ခွက်ထိုး ခွက်လန်နဲ့ ထရီပြီး ဖေကြီး မနေ့က ဝယ်လာတာ... ဆီဗူးတွေဆိုပြီး ထပြောပါတယ်။
ဒီလိုနဲ့ပဲ ကျမလည်း အဲ့နေ့ကစလို့ ဆီဗူးစားဖြစ်လေသတည်းဆိုပြီး ဖြစ်သွားပါတော့တယ်။ ဒါလေးကတော့ ကျမရဲ့ ပေါက်ကရဖြစ်စဉ်တွေထဲက ဟာသ ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဖတ်ပြီး ပြုံးမိမယ်။ ဘဝအမောလေးတွေ ခဏပဲ ဖြစ်ဖြစ်ပြေပျောက်စေမယ် ဆိုရင်တော့ ဒီပို့ (စ်)လေးကို share ရကြိုး.... ရေးရကြိုးနပ်ပါတယ်။
ဆက်ရန်တွေ လာပါဦးမယ်။ :)
witch83 ( 18th March 2012 , 15:37 GMT+8)
To Continue Reading

May 15, 2011

နင့်သဘောပါပဲ

  • Commitment....

    The act of binding yourself (intellectually or emotionally) to a course of action
    Dictionary ထဲမှာ အဲ့လို ဖတ်ဖူးတာပဲ။


  • Any sort of relationship requires Commitment from each party တဲ့....
    စာအုပ်ထဲမှာ အဲ့လို ဖတ်ဖူးတာပဲ။

  • Love တဲ့....

    လူတွေ အမျိုးမျိုး အဓိပ္ပါယ် ဖွင့်နေကြတာပဲ။
    အလွယ်ကူဆုံး အနီးစပ်ဆုံး စကားလုံးတစ်ခုကို ကိုယ့်ဘာသာကိုယ် ရွေးလိုက်တယ်။ Endearmentတဲ့ ...


Love ဆိုတဲ့စကားလုံးရဲ့ နောက်ကွယ်မှာ
Relationship ဆိုတဲ့စကားလုံးပါလာတတ်ပြီး
Commitment ဆိုတဲ့စကားလုံးတစ်လုံး လိုအပ်လာတဲ့အခါ....
ငါလိုချင်တာကို နင်မသိ...
နင်.. လိုချင်တာကို ငါမသိ...
ဒီလိုနဲ့ ... အငြင်းပွားမှုတွေ၊ ကိုယ့်ကိုကိုယ်ကာကွယ်မှုတွေ၊ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်မှုတွေ
ဒါတွေအားလုံး ပြီးတဲ့နောက်မှာ... ငါ.. နင့်ကို ပြောချင်တာကတော့....
လွမ်းစရာရှိရင် နာစရာနဲ့ဖြေ....
နာစရာရှိရင် လွမ်းစရာနဲ့ဖြေ...
ဒီ နှစ်ခုကြိုက်သလို၊ လိုသလိုသုံးပေါ့ကွယ်။
နင့်သဘောပါပဲ။


WITCH83
00:38am (+8GMT)

To Continue Reading

May 07, 2011





Me and Mom...
Though we don't speak out loving things to each other
She is really....
A shoulder to cry on
Someone to rely on


A chest to lean
A love to to be seen

Between us, there are....
Secrets to share
warm hearts and hands that really care

And I thank you very much ....
for the closeness we've enjoyed ~~~

Well, finally, I do want to say" I LOVE YOU SO MUCH" (^_^)

Happy Mother's Day 2011 (မေလ ဒုတိယပတ်တနင်္ဂနွေနေ့၊ 08th May 2011)
အမေများအားလုံး .... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့ခန္တာဝန်ကို ကောင်းစွာ ရွက်ဆောင်နိုင်ကြပါစေ။ ။

Remark : Ain't sure if this one sounds like a poem or not.
Anyway, I wrote this , dedicated to my mom as a gift for tomorrow.


WITCH83
07th May 2011 ( 11:40PM, GMT+8) To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer