" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

January 28, 2013

C-Box Spammer တွေရဲ့ ရန်ကကာကွယ်နည်း

"C-Box မရှိတဲ့ ဘလော့ဟာ ဧည့်သည် လက်မခံတဲ့အိမ်နဲ့တူတယ်"ဆိုတဲ့အဆိုကို တစ်နေရာမှာ ဖတ်ဖူးပါတယ်။
အဲ့ဒါ မှန်သင့်သလောာက်တော့ မှန်တယ်လို့ ထင်ပါတယ်။ ပို့(စ်)တိုင်းမှာ မန့်ဖို့ အဆင်မပြေတဲ့အခါ၊ ကိုယ့်ဘလော့အပေါ် ဝေဖန်အားပေးစကား ပြောချင်တဲ့အခါ၊ အလည်လာပြီး နှုတ်ဆက်စကားပြောချင်တဲ့အခါမျိုးတွေမှာ C-Box က တော်တော် အသုံးဝင်ပါတယ်။ ဒါပေမဲ့ ခက်တာက C-Box မှာ spam message တွေ တအားတက်တာပါပဲ။ အဲ့ဒီအတွက်ကြောင့် တစ်ချို့  ဘလော့တွေမှာ C-Box မရှိတာ ဖြစ်နိုင်ပါတယ်။

ကိုယ်ကိုတိုင်လည်း စိတ်ရှုပ်လွန်းလို့ အချိန်တော်တော်ကြာကြာအထိကို ကိုယ့်ဘလော့က ဖြုတ်ထားဖူးပါတယ်။ ဒါပေမဲ့ .. အခု နောက်ပိုင်း စာပြန်ရေးဖြစ်ပြီး နည်းနည်းကြာလာတော့ Spam message တွေကို mannually delete လုပ်၊ user တွေ ban၊ IP တွေ ban၊ spam report လုပ်ပြီး ပြန်တပ်လိုက်ပါတယ်။ သူတို့ကို ပိတ်လိုက်လို့ တစ်ချို့ ကို ပိတ်လို့ရပေမဲ့... IP ကို fix မသုံးကြတဲ့.. virtual nick သုံးကြတဲ့ hoax user တွေကျတော့ ပိတ်လို့ မရပါဘူး။ Krazy Jokes တို့၊ Affective tips ဆိုတာတွေဟာ ကျမတော်တော် မုန်းတဲ့ဟာတွေပါ။ ဘလော့ဖွင့်တိုင်း အဲ့ဒီ message တွေကို www.cbox.ws ထဲသွားပြီး  ဖျက်နေရတာ အလုပ် တစ်ခုလို ဖြစ်နေပါတယ်။


message တွေဖျက်နည်းကတော့ လွယ်ပါတယ်။

  • C-Box website ထဲ sign in လုပ်ပြီး Messages> Messagesကို သွား။ 
  • ဖျက်ချင်တဲ့ message ကို checkbox မှာ ရွေးပြီး Ban ကို နှိပ်ပြီး IP ကို အရင်ပိတ်လိုက်ပါ။ ပြီးရင်တော့ spam report လုပ်ပြီး.. message တွေကို delete လုပ်လိုက်ရုံပါပဲ။
ဖျက်ရတာ မခက်ပေမဲ့ ကြာလာတော့ လိုက်..ဖျက်နေရတာ တော်တော် စိတ်ကုန်လာပါတယ်။ အဲ့ဒါနဲ့ cbox မှာ security setting ဘယ်လို လုပ်ရမလဲ လိုက်ရှာကြည့်ရင်းနဲ့ Require CAPTCHA ဆိုတဲ့ anti-spam feature အသစ်လေး သွားတွေ့ပါတယ်။ အဲ့ဒါကို ရွေးလိုက်ရင်တော့ အဲ့လို spammer တွေရန်က ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။



ဒီ feature ကို ရွေးဖို့ သွားရမဲ့နေရာကတော့ cbox  site ထဲက Options> Posting options ဆိုတဲ့နေရာမှာပါ။ ကိုယ်က အဲ့ဒီ feature ကို ရွေးလိုက်ခြင်းအားဖြင့် ကိုယ့် C-Box မှာ message ရေးမယ်ဆိုရင် ရေးမဲ့သူက အရင် word verification လုပ်ရပါတယ်။ လုပ်တာကတော့ တစ်ခါပဲ လုပ်ရတာပဲ။ ပြီးရင်တော့ nick နဲ့ website address ကိုမှတ်ပြီးသွားပြီမို့ နောက်တစ်ခေါက် ပြန်လာလည်ပြီးရေးရင် verification လုပ်စရာ မလိုတော့ပါဘူး။  feature အသစ်ကို စမ်းသုံးလိုက်တာ အဆင်ပြေသွားပါတယ်။

ဘလော့မိတ်ဆွေတွေကိုလည်း ပြန်လည် ဝေမျှလိုက်ပါတယ်။ သူတို့ ဘလော့တွေကို အလည်သွားရင် အဲ့လို spam message တွေကို သူတို့ cbox ထဲမှာ မြင်ရတာ အသည်းယားလွန်းလို့ပါ။ spam message တွေကို စိတ်ကုန်လို့ cbox ဖြုတ်ထားတဲ့သူတွေလည်း ပြန်တပ်လို့ ရအောင်လို့ပါ။

ဒါနဲ့ စကားမစပ်.. CAPTCHA ဆိုတာ တကယ့်လူရဲ့ response ပါလို့ သေချာအောင် စစ်ပေးတဲ့ test ဖြစ်ပါတယ်။ အရှည်ကောက်ကတော့ "Completely Automated Public Turing test to tell Computers and Humans Apart"ပါ။

~ ရွှင်လန်းချမ်းမြေ့ ကြပါစေ ~

Regards,
witch83, (28/01/2013; 2:12 PM; GMT+8)

To Continue Reading

January 13, 2013

ဟင်းချက်ဖြစ်သော စနေနေ့ (12-01-2013)

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ရုံးအပြန် cold storage ထဲဝင်ပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း ဝက်အူချို၊ နှလုံး၊ အသည်း နဲ့ အစာအိမ်၊ နံရိုးနဲ့ အသားကောင်းကောင်းတွေ သွားတွေ့ပါတယ်။ အဲ့ဒါနဲ့ပဲ  ဆေးရကြောရ ခက်တဲ့ အစာအိမ်ကလွဲရင်  ... ကျန်တာတွေ ဝယ်လာလိုက်ပါတယ်။ နောက်နေ့ညနေ ရုံးကပြန်လာတော့ နံရိုးနဲ့ အသားကို ကြံမဆိုင်နဲ့ ချက်လိုက်ပါတယ်။ ကျန်တာတွေတော့ တုတ်ထိုးလုပ်စားမယ်ဆိုပြီး ချန်ထားလိုက်ပါတယ်။


တုတ်ထိုးလုပ်မယ်ဆိုရင် ကိုယ်က နားရွက်နဲ့ လျှာလည်း ကြိုက်တာမို့ သောကြာနေ့ညနေ အလုပ်ကအပြန် NTUCမှာ ဝင်ရှာမယ် စဉ်းစားထားပေမဲ့ အဲ့ဒီနေ့က အလုပ်များနေပြီး အိမ်ပြန်နောက်ကျတဲ့အပြင် .. ဒီစနေ၊တနင်္ဂနွေမှာလည်း အလုပ် နည်းနည်း လုပ်ရအောင် ရုံးက laptop သယ်လာတာကြောင့် လေးနေတာနဲ့ ဈေးဝင်မဝယ်ဖြစ်တော့ပါဘူး။

+ + + + + + +

သောကြာနေ့ညဘက်... ညီမဖြစ်သူကို လာစားဖို့ ဖုန်းခေါ်တော့လည်း သူ့ပရောဂျက်က dead line နီးနေလို့ အလုပ်မှာ ပရိုဂရမ်သွားရေးနေရတာကြောင့် မလာနိုင်ဘူးဆိုပါတယ်။ ချစ်သုငယ်ချင်း Jasminebud ကလည်း full shift ဆင်းရမှာမို့ မလာနိုင်ပါဘူး။ ချက်ရမှာ တော်တော် ပျင်းသွားပါတယ်။

စနေနေ့ မနက်ရောက်တော့ ကျန်တာတွေ သွားရှာဝယ်သင့်မှန်းသိပေမဲ့ ပျင်းနေတာနဲ့ ဟိုယောင်ယောင်.. ဒီယောင်ယောင်လုပ်နေပြီး Brunch = Breakfast + lunchကို ( အိပ်ရာထနောက်ကျလို့... :P) ရှိတာနဲ့ စားလိုက်ပါတယ်။ Brunch စားပြီး နောက်မှ.. ချက်မဲ့ချက်တော့လည်း စုံအောင်ထည့်လိုက်ပါမယ်လေဆိုပြီး wet market မှာ ဈေးသွားဝယ်လိုက်ပါတယ်။ ဈေးသွားတဲ့အချိန်က (၁၂)နာရီကျော်နေပါပြီ။ :P ...ကံကောင်းစွာနဲ့ .. လက်ကျန် လျှာတစ်ချောင်း ရခဲ့ပါတယ်။ နှလုံး (ဈေးချိုလို့) နောက်တစ်ခုထပ်ဝယ်လိုက်ပါတယ်။ နားရွက်ကိုမေးတော့ တစ်ခေါင်းလုံးယူမှရမယ်ဆိုလို့ ကိုင်ရမှာ ကြောက်တာနဲ့ မဝယ်ခဲ့တော့ပါဘူး။

ဝက်သားတုတ်ထိုး ချက်နည်းကိုတော့ ဒီနေရာမှာ ရယူနိုင်ပါတယ်။ မဝတ်ရည် (Food House) ဆီမှာ ချက်နည်းပဲရေးထားလို့ အသားရေ ဆေးနည်းလေး.. သိသလောက် ပြောပြပါမယ်။ ကိုယ်ကိုတိုင်လည်း ချက်မယ်ဆိုမှ ဘယ်လို ဆေးရမယ်မှန်းမသိလို့ အိမ်ကို ဖုန်းဆက်ပြီး မေးထားတာပါ။ ;)
  • အူချိုကို ဒီမှာတော့ sweet instine လို့ခေါ်ပါတယ်။ အူချိုမှာ အပေါ်ပိုင်းပဲကောင်းပါတယ်။ အောက်ပိုင်းက ခါးပါတယ်။ တကယ်လို့များ အောက်ပိုင်းကအူဆိုရင်တော့ ပဲမှုန့်အစိမ်းနဲ့နယ်ပြီးမှ စင်အောင်ဆေးပါ။ အပေါ်ပိုင်းဆိုရင်တော့ ရေနဲ့ဆေးရုံနဲ့ ရပါတယ်။
  • နှလုံး ကတော့  အထဲကသွေးတွေ စင်အောင် ဆေးလိုက်ရင် ရပါတယ်။ ဆေးရတာ လွယ်ပါတယ်။
  • လျှာ ကိုတော့ ရေနွေးပူပူနဲ့ စိမ်လိုက်ရပါတယ်။ ရေနွေးနဲ့စိမ်လိုက်ရင် လျှာက အလွှာပါးတစ်ထပ်ပေါ်လာပြီး အဲ့ဒီကောင်ကို ဆွဲဖယ်ထုတ်ရပါတယ်။
  • အသည်း လည်း ရေနဲ့ပုံမှန်ဆေးလိုက်ရင် ရပါတယ်။ 
  • နားရွက်ဆိုရင်တော့ ဒါးနဲ့သေချာခြစ်ပြီး ဆေးပါ။
ဈေးဝယ်ပြီး အိမ်ပြန်ရောက်တော့ ဆေးကြောပြီး ( တော်တော်.. စိတ်ရှည်ရှည်ထားပြီး ဆေးလိုက်ရပါတယ်။) ..ဆား၊ အမွှေးအကြိုင်နဲ့ ထည့်စရာရှိတာတွေထည့်နယ်၊ ပြီးတော့ ရေခဲသေတ္တာထဲမှာ ထည့်ပြီးနှပ်ထားလိုက်ပါတယ်။ ညနေ.. (၃)နာရီလောက်ရောက်တော့မှ စချက်ပါတယ်။


ဝက်သားတုတ်ထိုးနဲ့ အတူစားဖို့ကိုတော့ ကြာဇံမကျော်တော့ဘဲ လွယ်ကုတဲ့ နာနတ်သီးထမင်းပဲကျော်စားလိုက်ပါတယ်။ နာနတ်သီးချက်နည်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Sauce --- ဆား အနည်းငယ်၊ ပဲငံပြာရည်ကြည်တစ်ဇွန်း၊ သကြား ဇွန်းသေးတစ်ဇွန်း၊ နနွင်းရှိရင် အနည်းငယ် ( အဝါရောင် လိုချင်လို့ပါ။)၊ ရှာလကာရည် အနည်းငယ် ကြက်သွန်ဖြူကြိုက်ရင် ထောင်းထည့်ပါ ပေါင်းပြီးဆော့(စ်)အရည်လုပ်ထားပါ။
  • နာနတ်သီးအစိတ်လေးတွေလှီးထားပါ။ အသီးအရွက်အနေနဲ့ကတော့ မုန်လာဥနီတို့၊ ပဲသီး အစိတ်လေးတွေလှီး ထည့်လို့ ရပါတယ်။ ပဲစိမ်းစေ့လည်း ထည့်လို့ရပါတယ်။ သီဟိုစေ့ အစိမ်းလေးတွေလည်း ထည့်ကျော်လို့ ရပါတယ်။ တခြားအစာအနေနဲ့ကတော့ ပုစွန်ခြောက်အကောင်လေးတွေ ထည့်လို့ရပါတယ်။ ( ကျမကတော့ ပုစွန်ခြောက်၊ နာနတ်သီးနဲ့ သီဟိုစေ့ပဲရှိလို့၊ ပဲစိမ်းစေ့လေးတွေကလည်း ခဲနေလို့..  ရှိတာပဲ ထည့်လိုက်ပါတယ်။)
  • အသားထည့်ချင်ရင် ကိုယ်နှစ်သက်ရာ အသားကို သင့်ရုံအရွယ် လှီးထားပါ။
  • ထမင်းကို အအေးခံထားပါ။
စချက်တော့မယ်ဆိုရင် အအေးခံထားတဲ့ထမင်းတစ်ပွဲစာကို ဆော့(စ်)နဲ့ ရောနယ်ထားလိုက်ပါ။
ဆီပူပေးပြီးရင် ကြက်သွန်ဖြူတစ်ပြားရိုက်ပြီး ဆီသတ်ပါ။ သီဟိုစေ့ အစိမ်းလေးတွေကို ထည့်ကျော်ပါ။ အသားထည့်ပါ။ နာနတ်သီး ထည့်ပါ။ တခြားအသီးအနှံတွေထည့်ပါ။ ရေနည်းနည်းထည့်ပြီး ဆီပြန်လာရင်.. ဆော့(စ်)နဲ့ရောနယ်ထားတဲ့ ထမင်းထည့်ပြီးကျော်ပေးပါ။  ကျက်ပြီဆိုရင်တော့ မွှေးပြီး ချိချဉ်အရသာရှိတဲ့ နာနတ်သီးထမင်းကြော်လေး ရပါပြီ။

+ + + + + + +

နာနတ်သီးထမင်းကြော်ပြီးတဲ့အချိန်မှာတော့ ဝက်သားတုတ်ထိုးတွေကို အရွယ်တော်လှီးပြီး ရေနွေးကြမ်းနဲ့ လွေးလိုက်ပါတော့တယ်။ ဘေးခန်းက မိသားစုကိုလည်း နည်းနည်း ပေးလိုက်ပါတယ်။ ဒီ weekend နှစ်ရက်လုံးလည်း ဝက်သားတုတ်ထိုးနဲ့ပဲ နှစ်ပါးသွားနေလိုက်ပါတော့တယ်။

စာကြွင်း
စာကြွင်းအနေနဲ့ကတော့ pork organ တွေဆေးပြီးတဲ့နောက်မှာ လူက မအီမလည် ဖြစ်သွားပါတယ်။ ဟင်းချက်ရတာကိုလည်း နည်းနည်း စိတ်ပျက်သွားပါတယ်။ နောက်တစ်ခေါက် ဝက်သားတုတ်ထိုး ထပ်ချက်စားဖို့ ဆိုတာကတော့ တော်တော်လေးကို စဉ်းစားရပါဦးမယ်။

witch83 ( 13-01-2012; 9:39PM; GMT+8)

To Continue Reading

January 11, 2013

ခြားနားချက်များ

~~~Differences~~~

ယောကျာင်္းကလေးများအဖို့
တစ်ထွာသော ဆံပင်သည်
အရှည်ကြီးဖြစ်၏။

မိန်းကလေးများအဖို့
တစ်ထွာသောဆံပင်သည်
တိုတိုကလေးဖြစ်၏။

ဘတ်စ်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
အဝေးကြီး ဖြစ်၏။

ကိုယ်ပိုင်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
နီးနီးကလေးဖြစ်၏။

တောင်အောက်မှ လူအဖို့
ထိုလမ်းသည်
အတက်ဖြစ်၏။

တောင်ပေါ်မှ လူအဖို့
ထိုလမ်းသည်
အဆင်းဖြစ်၏။

ညအဖို့
၁၂ နာရီသည်
သန်းခေါင်ယံ ဖြစ်၏။

နေ့အဖို့
၁၂ နာရီသည်
မွန်းတည့်ဖြစ်၏။

လူကြီးများအဖို့
အချစ်သည်
အတိတ်ဖြစ်၏။

လူငယ်များအဖို့
အချစ်သည်
အနာဂတ်ဖြစ်၏။ ။

မင်းလူ (Min Lu)
Reference: ဆရာ မင်းလူ၏ FB page  မှာတွေ့တာပါ။ ကဗျာ ထင်တာပဲ။ ခေါင်းစဉ်မတွေ့လို့ ကိုယ့်ဘာသာကိုယ် ခေါင်းစဉ်တပ်လိုက်တယ်။ သိသူများရှိရင်လည်း ပြောပေးကြပါဦး။ =)

စကားကြွင်း။ ကိုယ်ရောက်တဲ့နေရာကနေ ကြည့်ရင် အရာရာတိုင်းမှာ ခြားနားချက်တွေရှိတယ်ဆိုတာသာ စိတ်ထဲ နှလုံးသွင်းနိုင်ခဲံရင်......

Regards, witch83
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer