ကျွန်မတို့ ရဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာနဲ့ ချီပြီး ရင်ဘောင်တန်းနိုင်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ လှပတဲ့ အဖိုးထိုက် တန်တဲ့ ယဉ်ကျေးမှုရှေးဟောင်းအမွေအနှစ်တွေ ၊ သဘာဝ အရင်းအမြစ်တွေ၊ သဘာဝအလှတရားတွေ အများအပြားရှိပါတယ်။ နည်းပညာ နဲ့  မီဒီယာ ထိုးဖောက်မှု အားနည်းတဲ့ အတွက် ရွှေမြန်မာပြည်ကြီး ရဲ့ စိတ်ဝင်စား လှပတဲ့ ရှေးဟောင်းအမွေအနှစ်တွေ သဘာဝဆန်းပြား မှု တွေကေ၀၀ါး တိမ်မြုပ်နေ ခဲ့ပါတယ် ။ အဲဒီ ရှေးဟောင်းအမွေအနှစ်တွေ၊ သဘာဝအလှတရားတွေကို ကမ္ဘာကသိဖို့  ကျွန်မတို့ မြန်မာပြည်သူ/ပြည်သားတွေမှာ တာဝန်ရှိပါတယ်။ တကယ်တော့ မြန်မာတို့၏ အံ့ဖွယ် ဖြစ်သော ပုဂံမြေသည် World’s Man-made Travel Wonders များ စာရင်းတွင် နံပါတ် (၆) နေရာ၌ ရှိပြီး မြန်မာတို့၏ ဦးစွန်း ရွှေတိဂုံ စေတီတော်ကြီးသည်လည်း Seven Forgotten Wonders စာရင်းတွင် ပါဝင်နေသည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရပါလိမ့်မည်။ အခုပြောမဲ့ အကြောင်းကတော့ ရှားပါးတဲ့ ရေသတဝ္တါမျိုးစိတ်တွေ ရှိတဲ့ ရှေးဟောင်းသဘာဝအကျဆုံးကျွန်းစုဖြစ်တဲ့ " မြိတ်ကျွန်းစု" အကြောင်းပဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို New 7 Wonders မှာ vote ပေးဖို့  တိုက်တွန်းထားတဲ့ " မြန်မာပြည်ရဲ့ အလှကို မြန်မာပြည်က မောင်နှမတွေ ညီညီညာညာ မဲပေးလိုက်ကြစို့" ဆိုတဲ့ forward mail ကအစပြုပြီးမှ သိခဲ့ရတာပါ။ စိတ်ဝင်စားလို့  google မှာ လျှောက်ရှာပြီး အားလုံးကို ပြန်ဝေမျှလိုက်ပါတယ်။
မြိတ်ကျွန်းစု (Mergui Archipelago or Myeik Archipelago)ဟာ ၁၀၀၀စတုရန်းမီတာခန့်  အကျယ်အဝန်းရှိပြီး ကမ္ဘာ့ သဘာဝပဒါသအရှိဆုံး နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ မြိတ်ကျွန်းစုဟာ လူသားတို့  မနှောင့်ယှက်သေးဘဲ မူလအတိုင်း ကျန်ရှိသေးတဲ့ ကမ္ဘာ့ နောက်ဆုံး သဘာဝ အရင်းအမြစ်ကျွန်းစုတစ်ခု (World’s Last Archipelago)လည်းဖြစ်ပါတယ်။ အဲဒီကျွန်းစုဟာ တောင်တန်းတွေ၊ စိမ်းလန်းစိုပြေတဲ့ တောကြီး၊ မြိုင်ကြီးတွေကို နောက်ခံထားပြီး သူ့ ရဲ့  အနားသတ်ကိုတော့ သန္တာကျောက်တန်းတွေနဲ့  ဖွဲ့ စည်းထားပါတယ်။ ဘူမိဗေဒရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မြိတ်ကျွန်းစုဟာ ထုံးကျောက်၊ နှမ်းကျောက်တွေနဲ့  ဖွဲ့ စည့်းထားတယ်လို့  ဆိုနိုင်ပါတယ်။ အမြဲစိမ်းတောပေါက်ရောက်တဲ့ ဒေသဖြစ်ပြီး မြစ်ဝပိုင်းမှာတော့ ပင်လယ်လမုပင်ရိုင်းတွေကို မြင်တွေ့ နိုင်ပါတယ်။ မြိတ်ကျွန်းစုထဲက ကျွန်းစုတစ်ချို့ ဟာ ၁၀၀၀မီတာ လောက်ထိ မိုးထိုးအောင်မြင့်တဲ့ ကျောက်စွယ်တွေနဲ့  ဖွဲ့ စည့်းထားပြီး ဒီရေအကျဆုံးအချိန်မှ မြင်တွေ့ နိုင်တဲ့ ပင်လယ်ထုံးအိုင်တွေလည်း ရှိပါတယ်။
မြိတ်ကျွန်းစုမှာ ငါးရှဉ့် ၊ ပင်လယ်ဖျံစတဲ့ သတ္တဝါတွေ၊ ဂဏန်း၊ ကျောက်ပုစွန်၊ ပုစွန်ဆိတ်စတဲ့ အခွံမာသတ္တဝါတွေ နဲ့  ပင်လယ်ခရတွေုအပါအဝင် တခြားနေရာတွေမှာ မတွေ့ နိုင်တဲ့ ရေသတ္တဝါ မျိုးစိတ်တွေကို စုံလင်အောင် တွေ့ နိုင်တယ်လို့  သိရပါတယ်။ လင်းပိုင်တွေ ရေလှိုင်းမဲ့ အတူစီးပြီး ကမ်းနားဘက်ကို ရောက်လာတတ်တာကလည်း တွေ့ မြင်နိုင်ပါတယ်။ ဒါ့အပြင် ကျား၊ ကျားသစ်၊ ဆင်၊ နွားရိုင်း၊ တောဝက်အစရှိတဲ့ တောရိုင်းတိရိစ္ဆာန်ကြီးတွေအပြင် သမင်၊ မြီးတိုမျောက်၊ မျောက်လွှဲကျော်အစရှိတဲ့ သတ္တဝါတွေနဲ့  ဖွတ်အကြီးစားသတ္တဝါတွေဟာ မြိတ်ကျွန်းစုပေါ်မှာ သဘာဝအလျောက် အခြေချနေထိုင်ကျက်စား ကြပါတယ်။ ငှက်တွေအနေနဲ့ကတော့ ပင်လယ်လင်းယုန်များ၊ လင်းယုန်နီများ လေမှာဝဲပျံနေတာကို မကြာခဏဆိုသလို တွေ့ မြင်နိုင်ပါတယ်။
မြိတ်ကျွန်းစုမှာရှိတဲ့ ငါးမန်းမျိုးစုံ တို့သည် ယဉ်ကျေးပျူငှာစွာဖြင့် လူကို မကိုက်တတ်သောကြောင့် ကမ္ဘာ့ ရေငုပ်သမား တို့၏ အမြင့်ဆုံး အိပ်မက်ဖြစ်သော ငါးမန်းများ နှင့် မျက်နှာချင်းဆိုင် တွေ့ ဆုံ ဓာတ်ပုံ ရိုက်ယူခြင်း (Shark Encounter) ကို မြိတ်ကျွန်းစုမှာ ပြုလုပ်နိုင်ပြီလို့ လည်း သိရပါတယ်။ ယခင်က ယိုးဒယား နိုင်ငံမှ Similar ကျွန်းများကို ကမ္ဘာ့ ရေငုပ်ရန် အကောင်းဆုံး အဖြစ် သတ်မှတ်ထားရာမှ ယခုအခါ မြိတ်ကျွန်းစုသည် ကမ္ဘာ့ အကောင်းဆုံး Diving Site ဖြစ်သွားပြီဖြစ်ပါတယ်။
မြိတ်ကျွန်းစုမှ ဒေသခံလူမျိုးအများစုဟာ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ကြပြီး အရမ်းကိုဖော်ရွေကြပါတယ်။ သူတို့  ဖမ်းမိတဲ့ ငါးတွေကိုလည်း လာလည်ကြတဲ့ ဧည်သည်တွေကို လက်ဆောင်ပေးတတ်ကြပါတယ်။ယခုအခါ ကမ္ဘာလှည့် ခရီးသွားများသည် ထိုင်းနိုင်ငံမှ တဆင့် မြိတ်ကျွန်းစုသို့ ဝင်ရောက်နိုင်ရန် အတွက် မျက်စောင်း တခဲခဲ နှင့် စိုင်းပြင်းနေကြရာ ဒေသခံလူမျိုးတွေထဲက တစ်စုဖြစ်တဲ့ Sea Gypsies ခေါ် ဆလုံ တိုင်းရင်းသား တို့၏ သဘာဝနေအိမ် ဖြစ်သော မြိတ်ကျွန်းစု၏ သဘာဝ ပတ်ဝန်းကျင်များကို မူရင်းအတိုင်း ထိန်းသိမ်းထားနိုင်ရန် အရေးကြီးပြီ စသည်ဖြင့် သိရပါတယ်။ အမိမြေ၏ သဘာဝ အလှအပအများအပြားကို ပိုင်ဆိုင်ထားတဲ့ အံဖွယ် မြိတ်ကျွန်းစုဟာ ကျွန်မတို့ အတွက် ဂုဏ်ယူစရာ အရမ်းကောင်းပါတယ်။ ကျွန်မတို့ ရဲ့ အံဖွယ် မြိတ်ကျွန်းစုရဲ့ အလှကို ကမ္ဘာကသိအောင်လုပ်ဖို့  ကျွန်မတို့ အားလုံးမှာ တာဝန်ရှိပါတယ်။


မြိတ်ကျွန်းစုလေးတွေကို vote ပေးမယ် ဆိုရင်တော့http://www.new7wonders.com/nature/en/vote_on_nominees/ မှာပေးနိုင်ပါတယ်။ သင့်ရဲ့ မဲတစ်ခုဟာ မြန်မာ့အလှကို ကမ္ဘာက သိစေနိုင်မှာပါ။
ကျမ်းကိုး ။ ။
(၁) http://www.2adventure.com/sailexcasia/default.htm
(၂) http://en.wikipedia.org/wiki/Mergui_Archipelago
(၃) မောင်ရဲခေါင် (စီလီကွန် လွင်ပြင်) ရေးသားသော‘‘ မြိတ်ကျွန်းစုလေးတွေကိုVote ပေးကြမလား’’
(၄) သူငယ်ချင်းတစ်ယောက် ပို့ ပေးတဲ့ Forward mail တစ်စောင်
To Continue Reading








