" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

February 28, 2011

ပထမခြေလှမ်း

~~~ ကြိုကြိုတင်တင် ပူပန်နေလည်း တွေ့ရမဲ့အဖြစ်တွေ... မပြောင်းလဲနိုင်... ဘာကိုမဆို ရင်ဆိုင်ဖို့ပဲ စဉ်းစားထားလိုက်တာ... တို့စိတ်ချမ်းသာမယ်။ တွေဝေနေရင် အချိန်ကုန်ရုံပဲ ဘာမှ မထူးဘူးကွယ်.... ဘဝကို ရပ်ဖို့ နည်းတွေမရှိ။ ကံကြမ္မာကို စိန်ခေါ်နိုင်ဖို့ တို့လှုပ်ရှားကြမယ်။ ယုံကြည်ခြေတစ်လှမ်း ခြေတစ်လှမ်း~~~

အဆိုတော် တင်ဇာမော်ရဲ့သီချင်းလေးပါ။ ဒီသီချင်းက ကျမ စိတ်ဓါတ်ကျတဲ့အခါတိုင်း အားပြန်တင်းဖို့ကြိုးစားတိုင်း နားထောင်ဖြစ်တဲ့ သီချင်းလေးပါ။ သီချင်းစာသားလေးတွေက တကယ်ကို စိတ်တက်ကြွစေပါတယ်။ ဒါပေမဲ့ နားထောင်မိတိုင်း တကယ် စိတ်ထဲမှာတွေးမိတာက သီချင်းခေါင်းစဉ်လေးပါ။ "ပထမခြေလှမ်း"တဲ့။

ဒီ "ပထမခြေလှမ်း"ဆိုတဲ့ပို့(စ်)လေးကို ရေးချင်နေတာ ကြာပါပြီ။ ဒီနေ့တော့ အားရက်ရတာနဲ့ ရေးလိုက်ပါတယ်။ ဖတ်ကြည့်ပေးကြပါဦး။

********************

ပထမခြေလှမ်းဆိုတာ မစခင်မှာ အရေးကြီးတာနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ရည်မှန်းချက်ပန်းတိုင်ကိုအရင်ဦးဆုံး ချမှတ်ဖို့ပါ။ ရည်မှန်းချက်ပန်းတိုင်ဆိုတာက ကိုယ်.. ဘယ်ကိုသွားမယ်ဆိုတာကို ချမှတ်ပေးတဲ့အရာဆိုတော့ သူရှိမှ ပထမခြေလှမ်းဆိုတာ ရှိမှာပါ။ ရည်မှန်းချက်ပန်းတိုင်ကို ချတဲ့နေရာမှာ ထည့်သွင်းစဉ်းစားရမှာက....
  • career (ဘယ်လို အလုပ်အကိုင်မျိုးကို လုပ်မလဲ)၊
  • attitude (ဘယ်လိုရှုထောင့်ကနေ ကြည့်မလဲ၊ ဘယ်လို အမြင်နဲ့ကြည့်မလဲ)၊
  • period (ဘယ်လောက်ကာလအတွင်းမှာ ပြီးဆုံးအောင်လုပ်မလဲ.. ရေတိုရည်မှန်းချက်လား... ရေလတ်ရည်မှန်းချက်လား.... ရေရှည်ရည်မှန်းချက်လား)၊
  • way (ဘယ်လိုရောက်အောင် ကြိုးစားမလဲ)၊
  • social involvement(ပတ်ဝန်းကျင်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ) .....ဒါတွေပါ စဉ်းစားဖို့လိုပါတယ်။
အဲ... ပန်းတိုင်ကို ချပြီးပြီဆိုရင်တော့ ဒုတိယအနေနဲ့က တိုးတက်မှုကိုတိုင်းတာဖို့ စံပေတံတစ်ခု ရှိရပါမယ်။ ကိုယ် ဘယ်လမ်းကိုသွားမယ်မှန်းလည်းမသိ၊ သွားနေတဲ့လမ်းကြောင်းမှာလည်း တိုးတက်မှုရှိမရှိကို တိုင်းတာပေးမဲ့အရာလည်းမရှိဘူးဆိုရင်တော့ အဲ့ဒီလူဟာ လမ်းပျောက်မှာ သေချာပါတယ်။ ဒီနှစ်ခုရှိမှ ပထမခြေလှမ်းကို စလှမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒီနှစ်ခုကို ချမှတ်ပြီးပြီဆိုရင်တော့ "အဆိုးမြင်ခြင်း (Negative thinking)"တွေကို ဖျောက်လိုက်ဖို့ပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အဲ့ဒီ အဆိုးမြင်ခြင်းက ကျမတို့ရဲ့ ရည်ရွယ်ချက်တွေ၊ ယတ္ထာဘူတာကျကျ တွေးခေါ်ပြုမူမှု၊ လုပ်ကိုင်နိုင်မှုတွေကို အနှောက်အယှက်ဖြစ်စေလို့ပါပဲ။
အဆိုးမြင်ခြင်းတွေကို ဖျောက်ပြီးပြီဆိုရင်တော့ ပထမခြေလှမ်းကို ယုံယုံကြည်ကြည်၊ သတ္တိရှိရှိနဲ့စပြီး ဇွဲရှိရှိနဲ့ ပန်းတိုင်ကိုရောက်အောင် သွားနိုင်ပြီလို့ ကျမထင်ပါတယ်။ ဒါပေမဲ့ လမ်းတစ်လျှောက်မှာတော့ ယုံကြည်ချက်၊ ဇွဲလုံ့လတို့ရှိဖို့လိုအပ်တဲ့အပြင် .... အဆိုးမြင်ဝါဒနဲ့ မကောင်းတဲ့စိတ်သဘောထားတွေ (ဒေါသ၊ ဝမ်းနည်းအားငယ်မှု၊ အချစ်၊ အမုန်း၊ သူများကိုအားကျခြင်း၊ မနာလိုခြင်းတွေ....) မရှိဖို့လည်း လိုအပ်ပါသေးတယ်။

"ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်"
"တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့ မလဲ" တဲ့။
ဒီစကားပုံလေးတွေက အလကားသက်သက် ပေါ်လာတာ မဟုတ်ပါဘူး။ ရည်ရွယ်တဲ့လမ်းက ဘယ်လောက်ဝေးနေပါစေ... မကောင်းမြင်တတ်တဲ့စိတ်၊ မကောင်းတဲ့စိတ်နေသဘောထားတွေကိုဖျောက်ပြီး ယုံကြည်ချက်၊ ဇွဲလုံ့လတို့နဲ့အတူ လျှောက်ရင် ပန်းတိုင်ဆိုတာ အသေအချာရောက်ရမှာပဲပေါ့...

Ref:
1. "ပထမခြေလှမ်း" သီချင်း By Tin Zar Maw
2. http://www.lifeoptimizer.org/2006/09/14/vision-the-first-step-of-life-optimization/

WITCH83
28th Feb 2011 (6:41PM)

2 comments:

  1. အကြိုက်ဆုံး သီချင်းတစ်ပုဒ်ပါပဲ... အရေးအသားလည်းတက်လာပါတယ်.. ကြိုးစားနော်... အားပေးနေတယ်...

    ReplyDelete
  2. thanks a lot par Leo Zin :)

    ReplyDelete

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer