" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

July 07, 2013

ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

အခုတစ်လော အလုပ်တွေရှုပ်နေပြီး စိတ်လည်းရှုပ်နေတာမို့ စာရေးဖို့ စိတ်သိပ်မပါဖြစ်နေပါတယ်။ ဒါပေမဲ့ မရေးတာကြာပြီမို့ ဖုန်ခါတဲ့အနေနဲ့ Health Articles မှာ ဝေမျှထားတဲ့ ပို့(စ်)တစ်ချို့ကို  ပြန်လည်ဝေမျှလိုက်ပါတယ်။

ပန်းသီးတစ်နေ့တစ်လုံး


တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးမှာ နေရတယ်၊ အသက်ရှည်တယ်... ဆိုတဲ့ စကားက မှန်ပါတယ်။ ပန်းသီးမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ တစ်နေ့ကို ပန်းသီးတစ်လုံး ပုံမှန်စားတဲ့ အမျိုးသမီး တွေဟာ လုံးဝမစားသူတွေထက် ဆီးချိုသွေးချို ရောဂါဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းလျော့နည်းကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ တကယ်လို့ ပန်းသီးကို အခွံပါစားပေးမယ်ဆိုရင် အင်တီအောက်ဆီးဒင့်ဖလေဗိုးနွိုက်ရရှိကာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

မာလကာသီး
မာလကာသီးမှာ ဗီတာမင် အေ၊ စီ၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်စတဲ့ အာဟာရဓာတ် အစုံအလင် ပါဝင်နေပါတယ်။ မာလကာသီးမှာ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်းဓာတ်လည်း အများအပြား ပါဝင်မှု ရှိတာကြောင့် နှလုံးသွေးကြောရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။


စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးမှာ လိမ္မော်သီးမှာထက် အိုမင်းမှုကို တားဆီးပေးနိုင်တဲ့ ဗီတာမင်စီ ပိုမိုပါဝင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ Malic acid အင်ဇိုင်းဟာ သဘာဝ သွားဖြူစေတဲ့ အစွမ်းရှိပါတယ်။
Ref: Good Health

အနီရောင် စပျစ်သီး

အနီရောင် စပျစ်သီးသည် ကမ္ဘာ့ အကောင်းဆုံး ၀ိုင်အရက် ထုတ်လုပ် ရရုံ သာမက နှလုံး ရောဂါ အတွက် အံ့သြဖွယ် ပျောက်ကင်း အောင် ကုသ နိုင်ကြောင်း သုတေသနသစ် အရ သိရ သည်။ ၀ိုင်တစ်ခွက် သည် မြေထဲပင်လယ် စတိုင်လ် အစား အသောက်တွင် ကျန်းမာရေး အတွက် အာဟာရ တစ်ခု အဖြစ် အသိအမှတ် ပြုထားရာ အရက် ချက်လုပ်ရန် ပယ်ထားသော စပျစ်သီးမှ အပိုင်းအစ လေးများသည် ကျန်းမာရေး အတွက် ပိုမို ကောင်းမွန် ဟန်တူသည်။သုတေသန ပညာရှင်များ သည် စပျစ်ခြံ များအတွင်း စွန့်ပစ် ဘေးထွက် ပစ္စည်းများ ဖြစ်သော အခွံနှင့် အစေ့ များကဲ့သို့သော စပျစ်သီး၏ အမျှင် အထူဆုံး အစိတ် အပိုင်း များမှ ကောက်တေးလ် အရော အစပ်ကို ထုတ်ယူ ခဲ့ကြသည်။ လူများကို စမ်းသပ် ကြည့်ခဲ့ရာ အဆိုပါ ထုတ်ယူ ရရှိသော အရော အစပ် သည် အမျှင်နှင့် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း နှစ်ခု စလုံး အတိုင်းထက် အလွန် ကြွယ်ဝ နေပြီး ကမ္ဘာ့ အကြီးမားဆုံး အသေ အပျောက် ဖြစ်စေသည့် နှလုံး သွေးကြော ရောဂါအန္တရာယ် ကို လျော့ပါး စေကြောင်း တွေ့ရှိ ရသည်။

Reference from Yangon Times Journal
Posted On : 2010, December 1, Wednesday, 03:39:17

ထောပတ်သီး


အစိမ်းရောင် ဂေါ်ဖီထုတ် (သို့) ဘရော်ကော်လီ (Brocoli)


အဆုတ် ရောဂါ ကာကွယ်ရန်အတွက် အစိမ်းရောင် ပန်းဂေါ်ဖီ (brocoli) စားသုံးသင့်ပါတယ်။ ဘရော်ကော်လီကို စားသုံးခြင်းသည် အဆုတ် အတွက် အထောက် အကူ ပြုကြောင်း သိရှိ ရသည်။ နောက်ဆုံး တွေ့ရှိသော သုတေသန ရလဒ်များ အရ ဘရော်ကော်လီတွင် ပါရှိသော ဓာတ်တစ်မျိုးမှာ အဆုတ်၏ ခံနိုင်ရည်အားကို တိုးမြှင့်ပေး သည်ဟု ဖော်ပြ လျက်ရှိသည်။ ဗြိတိန် နိုင်ငံတွင် နှစ်စဉ်လူ(၃၀၀၀၀)ခန့်မှာ စီးကရက် အလွန် အမင်း သောက်သုံးမှု ကြောင့် အဆုတ်ရောဂါ မျာြး ဖစ်ပွားပြီး သေဆုံးလျက် ရှိနေသည်။ အမေရိကန် နိုင်ငံမှ သိပ္ပံပညာရှင် များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ် အတွင်းရှိ ရောဂါ ကာကွယ်သော ဆဲလ်များကို ပိုမို လှုပ်ရှား အသက်ဝင် စေသည်ဟု တွေ့ရှိ ခဲ့သည်။ ထိုဓာတ်မှာ ဘရော်ကော်လီတွင် ကြွယ်ဝစွာ ပါရှိသည်။ NRF2ဟု ခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ် အတွင်း အဆိပ် အတောက် ဖြစ်ပွား စေနိုင်သော ပမာဏကို လျော့ကျ စေနိုင်ပြီး ထိုဆဲလ်များကို နိုးကြား စေမည့် လှုံ့ဆော်မှု မျိုးအား ဘရော်ကော်လီတွင် ပါဝင်သည့် ဆာလ်ဖိုရာပိန်းက လုပ်ဆာင် ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှ သုတေသန အဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။
အမေရိကန် နိုင်ငံထုတ် Respiratory and Critical Care ဆေးပညာ ဂျာနယ်တွင် ရေးသားဖော်ပြ ထားမှု အရ အဆုတ်တွင်း ညစ်ညမ်းမှု များနှင့် အဆုတ်ကင်ဆာ ရောဂါ များအား ကာကွယ်နိုင်ရန် အတွက် အစိမ်းရောင် ပန်းဂေါ်ဖီအား များများ စားသုံးရန် တိုက်တွန်း ထားကြောင်း ပါရှိသည်။ သိပ္ပံပညာရှင်များ အနေနှင့် အစိမ်းရောင် ပန်းဂေါ်ဖီဖြင့် အဆုတ် ရောဂါများ၏ ခြိမ်းခြောက်လာမှု အား တွန်းလှန် သွားနိုင်မည်ဟု ယုံကြည် မျှော်လင့် နေကြသည်။
ဗြိတိန် နိုင်ငံ အဆုတ် ကျန်းမာရေးဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ယခု တွေ့ရှိမှုမှာ အလွန် အရေးပါသော စွမ်းဆောင်မှု တစ်ခုဟု ပြောဆို သွားသည်။ ၎င်းက အဘရော်ကော်လီတွင် လူသားတို့၏ ကျန်းမာရေးအား အထောက်အကူ ပြုစေနိုင်သော သဘာဝဒြပ်ပေါင်းများ ပါရှိသည်ကို ယျေဘူယ သိရှိပြီး ဖြစ်သော်လည်း အဆုပ်ရောဂါများ အတွက် အလွန် အစွမ်းထက်သည့် အခြေအနေ တစ်ရပ် ဖန်တီးနိုင်မည် ဟု သဘောမပေါက် ခဲ့ကြောင်း ပြောကြား သွားသည်။

Reference from Planet
Posted On : 2010, December 1, Wednesday, 03:38:41

မုန်လာဥနီ

မုန်လာဥနီ ထဲမှာ ပါတဲ့ ဗီတာမင်စီက ခန္ဓာကိုယ်ထဲမှာ ကော်လာဂျင် ထုတ်လုပ်အား ကောင်းစေ ပါတယ်။ ကော်လာဂျင်ဟာ အသားအရေကို တင်းအား ကောင်းစေတဲ့ ပရိုတင်း တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြောင်း မရှိအောင် ကာကွယ်ပေးပြီး အိုမင်းတဲ့ ဖြစ်စဉ်ကို လျော့ကျစေ ပါတယ်။

သတ်သတ်လွတ် စားသုံးခြင်း


ဒိန်ခဲ

လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း)


လက်ဖက်ရည်ကြမ်း သည် တချို့သော ကင်ဆာ ရောဂါ မျိုးကို ကာကွယ်မှု ပေးနိုင် ကြောင်း ဂျပန် နိုင်ငံမှ သုတေသန ပညာရှင် များက ထုတ်ဖော် တင်ပြ ခဲ့ကြ သည်။ လက်ဖက် ထုတ်လုပ် သော နိုင်ငံ များတွင် နေထိုင် သောလူ များသည် ကင်ဆာရောဂါကြောင့် သေဆုံးမှု နည်းပါး ကြောင်း လက်ခံပြောကြားခဲ့သည်။ Shizuoka ဒေသ တွင် ဂျပန် နိုင်ငံ၏ စုစုပေါင်း လက်ဖက် ထွက်ရှိမှု၏ တစ်ဝက် ခန့်ကို ထုတ်လုပ်ခဲ့သည်။ ထိုဒေသ တွင်ကင်ဆာရောဂါဖြင့် သေဆုံးမှု နည်းကြောင်း တွေ့ရသည်။ အစာအိမ် ကင်ဆာ ဖြစ်မှု တွင် အခြား ဒေသ များ၏ ငါးပုံ တစ်ပုံသာ ဖြစ်သည်။
ကင်ဆာ ဖြစ်စေသော ပစ္စည်းများ ကျွေးထား သော ကြွက်များ အပေါ်လက်ဖက် ၏အကျိုး အာနိသင် သက်ရောက်မှု ကို သုတေသန ပညာရှင်များက လေ့လာ ခဲ့ကြသည်။ ကြွက်များကို လက်ဖက်မှ ထုတ်လုပ်သော ပစ္စည်းများ ကျွေးပါက ကင်ဆာဖြစ်မှု တစ်ဝက်ခန့် လျော့နည်း သွားစေ သည်ဟု ဆိုပါသည်။
လက်ဖက်ရည်ကြမ်း တွင် ပါသော ပေါ်လီဖီနော (polyphenol)(Catechin) သည် ကင်ဆာ ရောဂါ ဖြစ်ပွားမှု ကို ကာကွယ်ပေးခြင်း ဖြစ်ကြောင်း ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၆ရက် နေ့ထုတ် News Week ဂျာနယ် တွင် ဖော်ပြ ထားပါသည်။

Reference from Khit Lu Nge
Posted On : 2010, December 1, Wednesday, 03:40:41

မှတ်ချက်။    ။ ဒီ inforatmation အားလုံးကို Health Aritcles မှ ရယူထားပါတယ်။

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer