" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label Inspiration. Show all posts
Showing posts with label Inspiration. Show all posts

August 06, 2013

~ Miss USA 2013 ပြိုင်ပွဲ နှင့် Erin Brady အကြောင်း ~

Miss USA 2013 ပွဲကို (၂၀၁၃)ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့ .. LA က Planet Hollywood Resort မှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်စုစုပေါင်း (၅၁)ဦးရှိပြီး တစ်ဦးချင်းဆီရဲ့ overviewကိုတော့ အောက်က video clip ကလေးမှာ ကြည့်နိုင်ပါတယ်။


(၅၁)ဦးထဲကနေ  twitter vote မှာနိုင်ခဲ့သူကတော့ Miss Texas ဖြစ်ပြီး၊ Internet voteကနေတဆင့် တက်လှမ်းခဲ့သူကတော့ Miss Pennysylvania တို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Miss Texas ဟာ ဒိုင်တွေပေးတဲ့ top-15မှာလည်း ပါဝင်တဲ့သူပါ။

Miss Pennysylvania
Final top-6 အထိ တက်လှမ်းနိုင်ခဲ့သူတွေကတော့ Connecticut နယ်မှ Erin Brady ၊ Alabamaနယ် မှ Mary McCord ၊ Illinoisနယ် မှ Stacie Juris ၊ Utahနယ်မှ Marissa Powell ၊ South Carolina နယ်မှ Megan Pinckneyနဲ့ Texasနယ် မှ Al Nugent တို့ပဲ ဖြစ်ကြပါတယ်။ ဆုရတဲ့သူတွေကို အစဉ်အတိုင်း ချရေးရရင် အောက်ပါအတိုင်း ဖြစ်ပါတယ်။
~ Miss Connecticut, Erin Brady ( Miss USA 2013)
~ Miss. Alabama, Mary McCord ( 1st runner-up)
~ Miss Illinois, Stacie Juris (2nd runner-up)~ Miss Utah, Marissa Powell (3rd runner-up)
~ Miss Texas, Ali Nugent (4th runner-up)
~ Miss South Carolina, Megan Pinckney (5th runner-up) 

Miss USA 2013, top-6
ဒီပွဲမှာ ကျမနှစ်သက်ပြီး အားပေးခဲ့တဲ့ အလှမယ်တွေကတော့ Miss Alabama (1RU), Miss Manssachsetts (Top-16), Miss Illinois (2RU), Miss Maryland နဲ့ Miss Texas (4RU) တို့ပါပဲ။ Miss Illinoisက အေးအေးငြိမ်ငြိမ်လေးနဲ့ လှပါတယ်။ Miss Texasကတော့ nervousတော်တော် ဖြစ်တတ်ပုံရပါတယ်။ Final Question မှာလည်း ပေါက်ကရတွေလျှောက်ပြောပါတယ်။

Miss Texas
Hobby: Miss USA Illinois 2013

အကြိုက်ဆုံး၊ အနှစ်သက်ဆုံး အလှမယ်တွေကတော့ Ms.Manssachsetts, Ms.Maryland နဲ့ Ms.Alabamaတို့ပဲ ဖြစ်ပါတယ်။ Erin Bradyကိုတော့ မကြိုက်ခဲ့ပါဘူး။

တကယ်ဆိုရင် Sarah Kidd (Ms.Manssachsetts)ဟာ တော်တော်လှတာပါ။ ကိုယ်လုံးရော၊ မျက်နှာရောလှပါတယ်။ ငယ်ဂုဏ်လေးလည်း ရှိပါတယ်။ catwalk လျှောက်တာလည်း ကြွကြွလေးနဲ့ လှပါတယ်။ ဒါပေမဲ့ top-15 မှာတင် ပြီးသွားပါတယ်။ နှမြောလိုက်တာ။ Miss Illinoisကို သဘောကျပေမဲ့ 2nd runner-up နေရာကို Sarahကိုပေးပြီး Sarahရဲ့ top-15ကို သူမကို ပြန်ပေးချင်ပါတယ်။ သူတို့နှစ်ယောက် ရတဲ့ဆုတွေ လဲလိုက်ကြရင်ကောင်းမယ်။ :P

Miss Massachusetts 2013, Sarah Kidd
Sarah @ Competition

Sarah ပြီးရင်တော့ Miss Marlyland, Kasey Staniszewski ကို ကြိုက်ပါတယ်။ Sarah ထက် အရပ် (၁)လက်မ ပိုရှည်ပါတယ်။ သူမကိုလည်း အားပေးတဲ့သူတွေ များပေမဲ့ သူမဟာ top 16တောင် မဝင်ခဲ့ပါဘူး။ သူမရခဲ့ရင် back-to-back လို့ ပြောရအောင်လည်း အရင်နှစ်ရဲ့ Miss USA, Nana ဟာ တကယ်တော့ 1st runner-up ပါ။

Miss Maryland 2013

Ms.Alabamaကတော့ Sarah လောက် ကိုယ်လုံးမလှပေမဲ့ Sarahနဲ့ Miss Marylandတို့ထက် ပိုပြီး talent ရှိတယ်လို့ထင်မိပါတယ်။   ဆွဲဆောင်မှုရှိပြီး sweet လည်း ဖြစ်ပါတယ်။ အရပ် (၅)ပေ (၇)လက်မသာရှိပေမဲ့ အရပ်ပုတယ်လို့ လုံးဝ မထင်ရပါဘူး။ ပြိုင်ပွဲမှာ သူမကို လူတွေက ဝက်ဝက်ကွဲကို အားပေးကြတာပါ။ တစ်ပြေးခဲ့ပြီးမှ Erin Brady ကို သရဖူပေးလိုက်ရပါတယ်။ First runner-up နဲ့သာ ကျေနပ်ခဲ့ရသူပါ။ ဒီလို Connecticut နယ်က Miss USA ဆုကိုရတာဟာ.. ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
Miss Albama 2013




မျက်လုံး အစိမ်းရောင်၊ ဆံပင်အညိုရောင်ပိုင်ဆိုင်တဲ့ Erin Brady ဟာ အရပ် (၅)ပေ (၈)လက်မရှိပြီး အသက်(၂၅)နှစ် ရှိပြီ ဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာဘွဲ့ကို ရယူထားပြီး လက်ရှိအချိန်မှာတော့ finanical accountant တစ်ယောက် ဖြစ်ပါတယ်။ ကိုယ်က Mary (Miss Alabama)ကို နှစ်သက်မိတဲ့အပြင်၊ Erin ကိုလည်း အားမပေးခဲ့သူမို့ Miss USA 2013 ပွဲ online live show ကနေ ကြည့်ပြီးသွားတဲ့အခါမှာ လူက မအီမလည်ကြီး ဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ ကျမဟာ ဒီပြိုင်ပွဲစပြီး သူတို့တွေcamp ဝင်ကြကတည်းက Erin ကို အားပေးခဲ့တာ မဟုတ်ပါဘူး။ Erin Bradyဟာ ကိုယ်လုံး အရမ်းလှတာတစ်ခုကလွဲရင် လက်ရှိပင်ကိုယ်ရုပ်ထက် အသက်ကြီးတဲ့ပုံ ပေါက်ပါတယ်။ လူကောင်လည်း အရမ်းထွားပါတယ်။ ပုခုံးကလည်း ယောကျာင်္း နည်းနည်းဆန်သလိုပါပဲ။ ဒါပေမဲ့ သူမကို တကယ်ကို ချစ်ခင်လေးစားမိသွားတာကတော့ နောက်ပိုင်းမှ သိရတဲ့ သူမရဲ့ story ကြောင့်ပါ။

Miss USA 2013, Erin Brady



Erin ဟာ တခြားအလှမယ်တွေနဲ့ မတူဘဲ ခက်ခဲကြမ်းတမ်းမှုတွေကြားက ရုန်းကန်ပြီး ဘဝမှာ အောင်မြင်မှု ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဖြစ်သူဟာ အရက်စွဲနေသူတစ်ဦးဖြစ်ပြီး ပြစ်မှုအသေးစားလေးတွေကြောင့် မကြာခဏဆိုသလို အဖမ်းခံထိသူတစ်ဦး ဖြစ်ပါတယ်။ သူမ မိခင်နဲ့ ဖခင်ဟာ သူမအသက်(၈)နှစ်အရွယ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ညီအမ(၃)ယောက်မှာ အကြီးဆုံးဖြစ်ပြီး  အထက်တန်းကျောင်းမှာ prom queen ဖြစ်ခဲ့တဲ့ Erin ဟာ ငွေကြေးအဆင်မပြေတာကြောင့် သူမကိုယ်တိုင်နဲ့ သုမညီမဖြစ်သူ Lauren တို့ရဲ့ ကျောင်းလခရဖို့အတွက် စားပွဲထိုးအလုပ်ကို shift နဲ့ အချိန်ပိုင်းအလုပ် ဝင်လုပ်ခဲ့ရပါတယ်။ သူမရဲ့ year book မှာ  "ဘဝဆိုတာ မကောင်းတာတွေကို တွေ့ကြုံခံစားဖို့ သိပ်ကောင်းလွန်းတယ်။" လို့ တစ်ခါ ရေးခဲ့ဖူးပါတယ်။ အသက် (၂၅)နှစ်သာရှိသေးပေမဲ့ ကိုယ့်ကိုကိုယ် အသက်(၃၅)နှစ်လောက် ရှိတယ်လို့ ခံစားရပါတယ်လို့  သူမကိုယ်တိုင်လည်း ဝန်ခံထားပါတယ်။

Erin ဟာ သူမရဲ့ မိသားစုဝင်တွေ အံ့သြရလောက်အောင် ငယ်စဉ်ကတည်းက .. စိတ်ဓါတ်ကြံ့ခိုင်လွန်းပြီး ဘဝမှာ အောင်မြင်ချင်တဲ့စိတ်ရှိလွန်းသူ ဖြစ်ပါတယ်။ ကျောင်းစာမှာ ထူးချွန်သူပြီး အားကစားမှာလည်း ထူးချွန်တဲ့ Erin ဟာ Finance Degree ကို ဂုဏ်ထူးနဲ့ဘွဲ့ရခဲ့ပြီး၊ ဖခင်ဖြစ်သူနဲ့လည်း နီးနီးကပ်ကပ် နေထိုင်ခဲ့ပါတယ်။ Ferrari နဲ့ Friends Concorso အဖွဲ့အစည်းတွေနဲ့အတူ  အရက်နဲ့ ဆေးတွေစွဲနေတဲ့ ကလေးသူငယ်များကို ကူညီပေးခဲ့ပါတယ်။

Erin(L), her Dad, Laurn (second from R), Audrey (R)

သူမဟာ သူမရဲ့ချစ်သူနဲ့ စေ့စပ်ထားပြီး Miss Universe 2013 ပြိုင်ပွဲကျင်းပမဲ့ နိုဝင်ဘာလ(၉ )ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားပေမဲ့ Miss USA 2013 ဖြစ်သွားတာကြောင့် သူမရဲ့ reign ပြီးမှသာ လက်ထပ်ရတော့မှာ ဖြစ်ပါတယ်။

Erin with her fiancé, Tony Capasso

လက်ရှိအချိန်မှာ သူမရဲ့ အလှနဲ့ ကိုယ်လုံးကြောင့်ရော၊ ဒီ story ကြောင့်ပါ သူမကို အားပေးသူတွေ အများကြီး ရှိနေပါတယ်။ Miss USA ဖြစ်တာကြောင့်လည်း top-16 တော့ အသာလေးဝင်နိုင်မယ် ထင်ပါတယ်။

Miss USA 2013, Erin Brady တစ်ယောက် ဘဝမှာ အောင်မြင်မှုတွေ အများကြီး ရပါစေ။ ဘဝကို ပျော်ရွှင်ချမ်းမြေ့ စွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း ဒီပို့(စ်)လေးကို ဒီနေရာမှာ နိဂုံးချုပ်လိုက်ပါတယ်။

Regards, witch83
(06/08/2013; 5:24PM; GMT+8)

References:
(1) http://missuniverse.com/missusa/members/contestants/year:2013
(2) http://en.wikipedia.org/wiki/Miss_USA_2013
(3) http://www.dailymail.co.uk/news/article-2344011/Erin-Brady-The-utterly-uplifting-story-Miss-USA-winner
(4) http://missosology.org/regional/us/item/1927-the-inspiration-that-is-erin-brady
(5) http://en.wikipedia.org/wiki/Erin-Brady
To Continue Reading

December 04, 2012

Pooja Chopraနှင့် သူမ၏မိခင်

Pooja & her Mum
"ကျမ..ဘယ်က စပြောရမှန်းတောင် မသိတော့ပါဘူး။ တကယ်ကို ဆိုးရွားခဲ့တဲ့အချိန်တွေပါပဲ။ ကျမရဲ့ ခင်ပွန်းဟာ ဘယ်သူဆိုတာ မိဘတွေက စီမံထားပြီးသားပါ။ ဒါပေမဲ့.. ဒီကိစ္စ စဖြစ်ခဲ့တဲ့အချိန်ကစပြီး ကျမရဲ့အိမ်ထောင်ရေးဟာ ပြိုပျက်ဖို့ ဖြစ်လာပါတယ်။ တခြားအမျိုးသမီးတွေနည်းတူ.. ကျမရဲ့အိမ်ထောင်ရေးကို တတ်နိုင်သလောက် ပြန်ဆယ်ယူဖို့ ကြိုးစားခဲ့ပါတယ်။

ကျမရဲ့ ယောက္ခမတွေကတော့ သားယောကျာင်္းလေးမွေးဖွားဖို့ အကြံပေးပါတယ်။ ယောကျာင်္းလေးသာ မွေးလာခဲ့ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်လို့ ဆိုကြပါတယ်။ ကံမကောင်းချင်တော့ ကျမရဲ့ ပထမဦးဆုံးကလေးက မိန်းကလေးဖြစ်နေခဲ့ပါတယ်။ ဒါကို ကျမ မရှောင်လွှဲနိုင်ခဲ့ပါဘူး။ ကျမရဲ့ဖခင်ဖြစ်သူ ဆုံးပါးထားပြီးတဲ့အပြင် ကျမရဲ့အစ်ကိုကလည်း ဘာတာမှာ သိပ်.. စီနီယာမကျတဲ့အလုပ်တစ်ခုကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒါကြောင့် ကျမရဲ့မိသားစုအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်ချင်ခဲ့ပါဘူး။ ကာလကတ္တားမှာရှိတဲ့ ကျမ.. အိမ်ထောင်ရှိရာ.. အိမ်နေရာမှာပဲ ဆက်နေခဲ့ပါတယ်။

ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ကျမရဲ့ ယောက္ခမကို ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။ သူမကို ရေချိုးပေးနေရင်း "သူမဟာ ကျမကို ကောင်းချီးပေးလိမ့်မယ်။ အားလုံး အဆင်ပြေသွားအောင် လုပ်ပေးလိမ့်မယ်"လို့ ကျမကိုကျမ ပြောနေခဲ့ပါတယ်။ 

အဲ့ဒီအရာတွေအားလုံးကို ကျမ ဘယ်လိုများ မြိုသိပ်၊သည်းခံခဲ့လည်းဆိုတာကို မသိတော့ပါဘူး။ ဘယ်လောက်ပဲ သိပ်ချစ်တတ်တဲ့သူ၊ အချစ်ကို ကိုးကွယ်တတ်တဲ့သူဖြစ်နေပါစေဦးတော့..  ယောကျာင်္းတစ်ယောက်အနေနဲ့ .. အနည်းဆုံးတော့... သူ့ချစ်သူအမျိုးသမီးကို သူ့ဇနီးရှေ့ မှောက်မှာ ချစ်ပြ၊ ကြင်နာပြနေဖို့ မသင့်ပါဘူး။ အဲ့ဒါတွေရဲ့နောက်မှာတော့ သူ.. ကျမကို.. ကိုယ်ထိလက်ရောက် ရိုက်နှက်လာခဲ့ပါတော့တယ်။ အဲ့ဒီအချိန်ထိတိုင်အောင် ကျမဟာ ကျမရဲ့အိမ်ထောင်ရေးကို ဆက်လက် ရှင်သန်နေသေးစေချင်ခဲ့ပါတယ်။ ကျမဟာ သက်သက်လွတ်စားတဲ့သူ ဖြစ်ပေမဲ့၊ သူများ စိတ်ကျေနပ်မလားဆိုပြီး အသားဟင်းတွေချက်ဖို့ လေ့လာခဲ့ပါတယ်။

ဒီလိုနဲ့ ကျမ.. ကိုယ်ဝန် ထပ်ရှိလာပြန်ပါတယ်။ Pooja ကို ကိုယ်ဝန်ရှစ်လရှိတဲ့အချိန်မှာ ကျမခင်ပွန်းဟာ မိန်းကလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာပြီး သူမကို လက်ထပ်မယ်လို့ ကြေငြာပါတယ်။ ကျမ ကိုယ့်ကိုကိုယ် သတ်သေဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ခု..မွေးလာမဲ့ကလေးဟာ ယောကျာင်္လေးများဖြစ်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးနဲ့ ကျမ အသက်..ဆက်ရှင်ခဲ့ပါတယ်။

Pooja ကိုမိန်းကလေးတစ်ယောက်အနေနဲ့ မွေးဖွားခဲ့ပြီးတဲ့အခါမှာတော့ ... ကလေးမွေးပြီး (၃)ရက်မြောက်သည်အထိ ဘယ်သူမှ ဆေးရုံကို ရောက်မလာကြပါဘူး။ ကျမရဲ့ဆန့်ကျင်ဘက်ကုတင်မှာရှိတဲ့ တပ်စုမှုးတစ်ဦးရဲ့ဇနီးဖြစ်သူဟာ Poojaအတွက် ဝတ်စရာကလေးအကျီင်္လေးတွေကို ပေးခဲ့တဲ့ ကြင်နာတတ်တဲ့သူ ဖြစ်ပါတယ်။ Poojaအသက် .. ရက်(၂၀)ရှိသွားတဲ့အချိန်မှာတော့ ကျမဟာ ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရပါတော့တယ်။ အသက်ခုနှစ်နှစ်ရှိပြီဖြစ်တဲ့ ရှုဘရာနဲ့ ပူဂျာကိုခေါ်ပြီး အဲ့ဒီအိမ်ကနေ ထွက်ခွာခဲ့ပါတယ်။ အဲ့ဒီကတည်းက  ဒီအချိန်ထိတိုင်အောင် ကျမရဲ့ ခင်ပွန်းသည်ကို မတွေ့ရတော့ပါဘူး။ အဲ့ဒီအိမ်က ထွက်လာခဲ့တဲ့အချိန်မှာ ကျမဟာ ရိုတီပလာတာတစ်ချပ်တည်းရှိရင်တောင် ကျမတို့(၃)ယောက် အတူတကွ ခွဲဝေစားပါမယ်လို့ ကျမကိုယ်ကျမ ကတိပြုခဲ့ပါတယ်။

ကျမရဲ့မိခင်နဲ့ အိမ်ထောင်ကျသွားပြီဖြစ်တဲ့ ကျမရဲ့အစ်ကိုတို့ရဲ့ ထောက်ပံ့ကူညီမှုနဲ့ မွန်ဘိုင်းမြို့ မှာ ကျမရဲ့ဘဝကို ပြန်စခဲ့ပါတယ်။ အကောင်းမွန်ဆုံး အခြေအနေတော့ မဖြစ်ခဲ့ပါဘူး။ ကျမတို့ဟာ ကလေးတွေ ရှိလာတဲ့အခါမှာ ... နေရာ၊ ငွေကြေး၊ စားစရာ.. စသဖြင့် အရာရာဟာ မပြည့်စုံတော့ပါဘူး။ ကျမဟာ Taj Colabaမှာ အလုပ်စလုပ်ခဲ့ပြီး နေဖို့နေရာ ရခဲ့ပါတယ်။ ဘယ်လိုများ ကျမဘဝကို ဖြတ်သန်းခဲ့လဲဆိုတာ သိချင်ပါသလား? အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကျမဟာ အလုပ်မသွားခင်... ကြမ်းပြင်ပေါ်မှာ အခင်းတစ်ခုခင်းပြီး... အဲ့ဒီအပေါ်မှာ  နွားနို့ နှစ်ခွက်ရယ် စားစရာအချို့ ရယ်ကိုတင်ပြီး အိမ်ကို အရှေ့ ကနေ သော့ပိတ်ခဲ့ပါတယ်။ သော့ကိုတော့ အိမ်နီးချင်းဆီမှာ ထားခဲ့ပြီး .. ကျောင်းသွားချိန်ရောက်ရင် ကလေးတွေကို အော်ပြောဖို့မှာထားခဲ့ရပါတယ်။

ကျမ အလုပ်နောက်ကျတဲ့နေ့တွေမှာ ကလေးနှစ်ယောက်ဟာ သူတို့ရဲ့ သေးသွယ်တဲ့ လက်ကလေးတွေနဲ့ ကိုယ့်ဘာသာကိုယ် အိမ်စာလုပ်ပြီး၊ ကိုယ့်ဘာသာကိုယ် ထမင်းစားခဲ့ကြပါတယ်။ သမီးအကြီး Shubhraက  Pooja ကို စာစစ်ပေးပါတယ်။ ဒါဟာ သူတို့ ဘယ်လိုကြီးပြင်းနေထိုင်လာခဲ့လဲဆိုတာရဲ့ အဖြေပဲဖြစ်ပါတယ်။ မွေးနေ့ပွဲတစ်ခုကပြန်လာတဲ့ Poojaဟာ သူရခဲ့တဲ့ကိတ်မုန့်တစ်စိတ်ကိုထုတ်ပြီး သူ့အစ်မနဲ့အတုစားဖို့ သယ်လာတတ်ပါတယ်။ Shubhra အလုပ်စလုပ်တဲ့အချိန်မှာတော့ သူမဟာ နေ့လည်စာမစားဘဲ ကြက်သားဆန်းဒွတ်(ခ်ျ)တစ်ခုကို ဝယ်လာပြီး နောက်တစ်နေ့ သူ့ညီမရဲ့ ထမင်းဘူးထဲကို ထည့်ပေးတတ်ပါတယ်။
Pooja with her sister
"အရှင်ဘုရား ... တပည့်တော်မရဲ့ အရင်ဘဝက မကောင်းမှုတွေအတွက် တပည့်တော်မကို အပြစ်ပေးပါ။ ဒါပေမဲ့ တပည့်တော်မရဲ့ အပြစ်မဲ့တဲ့ ကလေးတွေကိုတော့ ခွင့်လွှတ်ပေးပါဘုရား။ သူတို့လေးတွေရဲ့ အခြေခံလိုအပ်ချက်လေးတွေကိုတော့ တပည့်တော်မကို ဖြည့်ဆည်းပေးပါဘုရား"လို့ ကျမ အမြဲ ဆုတောင်းခဲ့ဖူးပါတယ်။ သူတို့ရဲ့ ဖိနပ်၊ ခြေအိတ်၊ ကျောင်းဝတ်စုံတွေဝယ်ပေးဖို့အတွက် ကျမ ရုန်းကန်ခဲ့ရပါတယ်။ Pooja ဟာ ကျမအိမ်ကနေ ဘတ်(စ်)ကား (၄)ဂိတ်စာရှိတဲ့ သူမရဲ့ကျောင်းကို လမ်းလျှောက်သွားခဲ့ပါတယ်။ လမ်းဖြတ်ကူးဖို့ သိပ်ငယ်လွန်းတော့ အနားက ဖြတ်သွားတဲ့သူတွေကို အကုအညီတောင်းရပါတယ်။ သူတို့ကိုယ်ထဲကို နွားနို့ ထည့်ပေးနိုင်ဖို့အတွက် ဘတ်(စ်)ကားခတွေကို ဒီနည်းနဲ့ လျှော့ချခဲ့ရပါတယ်။

Goa မှာ တစ်လကို ရုပီး ၆၀၀၀ရတဲ့အလုပ်ကို ရတဲ့အခါမှာတော့ ကျမတို့ရဲ့ဘဝဟာ စတင် ပြောင်းလဲလာခဲ့ပါတယ်။ ကျမရဲ့အလုပ်ရှင် Mr Chhabraနဲ့ သူ့ရဲ့ဇနီးဟာ ကျမကို ကြင်နာစွာနဲ့ ငွေထုတ်ချေးခဲ့ပါတယ်။ အဲ့ဒီနောက် ကျမရဲ့သမီးနှစ်ယောက် ကို Puneမှာရှိတဲ့ ကျမညီမအိမ်ကို လွှတ်လိုက်ရပါတယ်။ ကျမရဲ့မိခင်ကိုလည်း ကလေးတွေကိုကြည့်ဖို့ အဲ့ဒီအိမ်ကို လိုက်သွားခိုင်းလိုက်ပါတယ်။  Goaမှာ (၄)နှစ်အလုပ်လုပ်ပြီးတဲ့အခါမှာတော့ အိပ်ခန်းတစ်ခန်းပါတဲ့ အိမ်သေးသေးတစ်လုံးကို Puneမှာ ဝယ်လိုက်နိုင်ပါတယ်။ ( စကားချပ်။      ။ သူတို့ အဲ့ဒီအိမ်မှာ ခုချိန်ထိ နေတုန်းပါပဲ။) ကျမဟာ တစ်နေ့ကို ၁၆နာရီကနေ ၁၈နာရီလောက်အထိ အလုပ်လုပ်ခဲ့ပါတယ်။ တစ်ပတ်လုံး ခွင့်မယူဘဲ ခွင့်တွေစုပြီး တစ်နှစ်ကို သုံးလေးကြိမ်လောက်သမီးတွေကို သွားကြည့်ပါတယ်။

Puneမှာ အိမ်ဝယ်ပြီး အလုပ်တစ်ခုရသွားတဲ့အချိန်မှာတော့ ကျမတို့ရဲ့ဘဝဟာ စတင် အခြေကျလာပါပြီ။ Blue Diamond ဟိုတယ်မှာ တစ်နှစ်လောက်အလုပ်လုပ်ပြီးတဲ့အခါမှာ ကျမဘဝကို ပြောင်းလဲစေတဲ့ Mainland China မှာ အလုပ်ဝင်နိုင်ခဲ့ပါတယ်။ ကျမတို့ team နဲ့ managementပိုင်းကလူတွေရဲ့ စဉ်းစားနားလည်ပေးမှုကြောင့်... ဟိုတယ်ဝန်ထမ်းတစ်ယောက်အနေနဲ့ မဖြစ်မနေလုပ်ရမဲ့ ညဘက်တွေအလုပ်လုပ်ရခြင်း၊ ခရီး မကြာခဏသွားရခြင်းတွေရှိခဲ့ပေမဲ့... ကျမရဲ့ ကလေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာအောင် ပြုစုပြိုးထောင်ပေးနိုင်ခဲ့ပါတယ်။

Shubhraဟာ ကောလိပ်တက်နေစဉ်မှာပဲ Blue Diamond ဟိုတယ်မှာ အသက်အငယ်ဆုံးဝန်ထမ်းအနေနဲ့ အလုပ်ရခဲ့ပါတယ်။ အဲ့ဒီမှာ အလုပ်လုပ်ရင်းနဲ့ သူမရဲ့ မဟာစီးပွားရေးဘွဲ့ ကိုရအောင် ယူနိုင်ခဲ့ပါတယ်။ ယနေ့မှာတော့ သူမဟာ ရေတပ်မှာလုပ်နေတဲ့ ချိုသာဖော်ရွေတဲ့ ကက်သလစ်ဘာသာဝင်လူငယ်လေးနဲ့ လက်ထပ်ထားပြီး ချစ်ဖို့ကောင်းတဲ့သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

ကျမဟာ အလုပ်ပြီးလို့ အိမ်ပြန်လာရင် သင်တန်းတွေတက်၊ စာတွေလေ့လာသင်ယူပြီး အိမ်အလုပ်တွေကိုလည်း ကိုယ့်ဘာသာကိုယ်ပဲ လုပ်ခဲ့တာပါ။ ဒီနှစ်တွေ တလျှောက်လုံး ဒီလိုပဲ ဖြတ်သန်းခဲ့ပါတယ်။ ဒီကာလအပိုင်းအခြားတွေမှာ Shubhraဟာ ကျမရဲ့ ကျောက်ဆူးဖြစ်ပြီး Poojaဟာကျမရဲ့ ကျောက်ဆောင်ပါပဲ။ ကျမ ပြိုလဲကျနေချိန်မှာ Poojaဟာ သူ့ရဲ့ လက်သေးသေးလေးတွေနဲ့ ကျမမျက်ရည်တွေကို သုတ်ပေးခဲ့ပါတယ်။ ကျမအတွက်ကျမ ပြောဆိုစရာတွေ မပြောနိုင်တော့တဲ့အချိန်မှာ Poojaဟာ ကျမအတွက် အရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့ပါတယ်။ သူမဟာ ကျောင်းစာမှာ ထူးချွန်တဲ့အပြင် တခြားလှုပ်ရှားမှုတွေမှာလည်း  ပါဝင်ခဲ့ပါတယ်။ သူမရဲ့ မော်ဒယ်လုပ်ငန်းအတွက် ဒေါက်ဖိနပ်အမြင့်တွေဝယ်ဖို့ လိုအပ်တဲ့အခါမှာလည်း သူမဟာ အထူးအဆန်းရှိုးတွေမှာ ဝင်ပါပြီး သူ့ပိုက်ဆံနဲ့သူ ဝယ်ခဲ့ပါတယ်။

Pooja ဟာ TVပေါ်မှာ ပြောတဲ့စကားတွေဟာ သူ့ရဲ့နှလုံးသားထဲကလာတယ်ဆိုတာ ကျမသိပါတယ်။ သူမရဲ့မျက်လုံးတွေထဲမှာ အရည်တွေလဲ့နေတာကို ကျမမြင်နိုင်ပါတယ်။ သူ..ဆုရသွားတဲ့အချိန်မှာ ကျမတွေးမိတာကတော့.. အို..ဘုရားသခင်... ဒါဟာ ကျမသမီးပေါက်စလေးပါလား... ဆိုတာပါပဲ။

ဒီနေ့မှာတော့ ကျမဆီမှာ ဘာနောင်တမှ မရှိတော့ပါဘူး။ ဘယ်လောက်ပဲ ထူထပ်တဲ့ တိမ်ဖြစ်ပါစေ.. သူ့မှာ ငွေမှင်ရောင် အနားသတ်တော့ ရှိတယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။ အမေတစ်ယောက်အနေနဲ့ ဘာမှ ကြီးကျယ်မြင့်မြတ်တာ ဘာမှ ကျမ  မလုပ်ခဲ့ရပါဘူး။ ဒါပေမဲ့... ဒီကလေးမလေးဟာ တစ်နေ့မှာ ကျမ ဂုဏ်ယူရမဲ့သူဖြစ်စေရမယ်ဆိုပြီး ကျမကိုယ်ကျမ ကတိပေးခဲ့ပါတယ်။"

........... ဒီစကားတွေကို ပြောခဲ့သူကတော့ Miss World India 2009 ဆုရခဲ့တဲ့ Pooja Chopra
ရဲ့မိခင် Neera Chopraပဲ ဖြစ်ပါတယ်။
 
Miss World India 2009, Pooja Chopra
With her mom after crowning
သူမအမေ... ကိုယ့်ကိုကိုယ်ပေးခဲ့တဲ့ ကတိကို Pooja က ပြည့်ဝအောင် ဖြည့်စည်းပေးခဲ့ပြီး ဒီလို ပြောခဲ့ပါတယ်....
"ကျမရဲ့အသက် ရက်(၂၀)ရှိတုန်းက .... သမီးမိန်းကလေးဖြစ်တဲ့ကျမနဲ့ သူမရဲ့ခင်ပွန်းသည်.. ဘယ်သူကိုရွေးမလဲဆိုပြီး ကျမရဲ့အမေကို ရွေးချယ်မှုတစ်ခု လုပ်ခိုင်းခဲ့ပါတယ်။ ကျမရဲ့အမေဟာ ကျမကို ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီအိမ်ကနေ ထွက်လာခဲ့တဲ့အခါမှာ ကျမအမေဟာ သု့ယောကျာင်္းကို နောက်ပြန်လှည့်ကြည့်ပြီး ... ဒီကလေးမလေးဟာ တစ်နေ့မှာ ကျမ ဂုဏ်ယူရမဲ့ကလေး ဖြစ်လာစေရမယ်... လို့ ပြောခဲ့ပါတယ်။ အဲ့ဒီနေ့ဟာ ရောက်လာခဲ့ပါပြီ။ သူမရဲ့ယောကျာင်္းဟာ .. သူမကို စွန့်လွှတ်ပြီး... သူ့ကို သားနှစ်ယောက်မွေးပေးတဲ့ အမျိုးသမီးတစ်ဦးကို လက်ထပ်သွားခဲ့ပါတယ်။ ဒီနေ့မှာတော့ Miss Indiaအနေနဲ့ ကျမရဲ့ခေါင်းပေါ်မှာ သရဖူဆောင်းပြီး Miss World ပြိုင်ပွဲမှာ အောင်မြင်မှုတွေရဖို့ လွှတ်ခံရတဲ့သူဟာ သူ့သမီးဖြစ်ပါတယ်ဆိုတာ ကျမအဖေသိမသိ.. ကျမ မသိပါဘူး။

ကျမတို့ရဲ့ဘဝတွေဟာ (အနည်းဆုံးတော့ ကျမအမေအတွက်) ခက်ခဲခဲ့ပါတယ်။ သူမရဲ့အလုပ်ကို တည်မြဲအောင်လုပ်ရင်း.... ကျမတို့ ညီအမတွေအတွက် အကောင်းဆုံးဖြစ်အောင်... ကျမအမေဟာ.. ငွေရေးကြေးရေးအရရော.. စိတ်ခံစားချက်အရပါ .. ရုန်းကန်ခဲ့ရပါတယ်။ ကျမ မော်ဒယ်အလုပ်ကို စလုပ်မယ်ဆိုတော့  ကျောင်းကအဆင့်တွေ လုံးဝ မကျစေရဘူးဆိုတဲ့ သဘောတူညီချက် ကျမအမေနဲ့ ထားရှိခဲ့ရပါတယ်။

ဒီမှာရှိတဲ့ အလှမယ်တွေအားလုံး ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျမရဲ့တွန်းအားကတော့ ကျမအမေရဲ့ အနစ်နာခံမှုနဲ့ သူမရဲ့ ကံတရားအတွက်ပါ။ ဒီနေ့မှာ လူတွေဟာ ကျမကိုခေါ်ပြီး ဂုဏ်ပြုခဲ့ကြပေမဲ့ တကယ်တော့ ဒီအောင်မြင်မှုကို ပေးသင့်တဲ့သူဟာ ကျမအမေပါ။ သူမဟာ တကယ့်ကို စံပြ အမျိုးသမီးစစ်စစ် ဖြစ်ပါတယ်။ သူမဟာ ကျမရဲ့ အလင်းရောင်၊ ကျမရဲ့ လမ်းပြကြယ်၊ ကျမရဲ့တွန်းအားပါပဲ"

.........................................................................................................

အထက်ဖော်ပြပါ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကတော့ Miss India World 2009 ဆုရှင် Pooja Chopra နဲ့ သူမမိခင်တို့ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

Poojaကို (၁၉၈၅)ခုနှစ်မှာ မွေးဖွားခဲ့ပြီး မိခင်ဖြစ်သူနဲ့ မိခင်ဘက်ကအဖွားဖြစ်သူတို့ရဲ့ ပြုစုပြိုးထောင်ခြင်းကို ခံခဲ့ရပါတယ်။ ကျောင်းစာမှာ ထူးချွန်သူတစ်ဦးဖြစ်ပြီး သူမ တက်ခဲ့တဲ့ St Thomas Academy ကျောင်းမှာ (၂၅)နှစ်အတွင်း ဘယ်သူမှ မရဘူးခဲ့တဲ့ အမှတ်ကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။ Mount Camel ကျောင်းမှာလည်း သူမဟာ top student ပါပဲ။

Miss Perfect 10, Miss Catwalk, Miss Beautiful Smile, Talwarkars Best Body and Nakshatra Miss Sparkling Beautyဘွဲ့ တွေကို ရပြီးတဲ့နောက် Miss East India 2009 ဘွဲ့ကို ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ ရရှိပြီး Femina Miss India 2009 ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ.. top ten finalist ထဲ ဝင်ခဲ့ပါတယ်။ (၂၀၀၉ )ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှာတော့ Pooja ဟာ  Pantaloons Femina Miss India-World 2009ဆုကို ရရှိသွားပါတယ်။ အောက်မှ ထည့်ပေးထားတဲ့ clip အတိုလေးကတော့ သူမ.... ပြိုင်ပွဲဝင်တုန်းက ဖြေထားတဲ့အဖြေလေးတွေပါ။



L --> R, Miss Universe, Miss Earth & Miss World ( India, 2009)
Miss World 2009 ပြိုင်ပွဲကို သွားပြိုင်နေတဲ့အချိန်မှာ Pooja ဟာ Miss World final မရောက်မီ တစ်ပတ်အလိုမှာ လေယာဉ်ပေါ်ကအဆင်းမှာ ခြေသပွတ်တိုင် လိမ်သွားပါတယ်။ ဆရာဝန်တွေက သူမကို အိပ်ရာပေါ်မှာလှဲပြီး (၃)ပတ်နားခိုင်းပေမဲ့ သူမဟာ..ဆက်ပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ Miss World Organization ရဲ့ ဥက္ကဋ္ဌ Julia Morley က Pooja ကို အကအစီအစဉ်မှာ တစ်ကွက်၊နှစ်ကွက်လောက်ပဲ ဝင်ပါဖို့ အကြံဥာဏ်ပေးပါတယ်။ အဲ့ဒါကြောင့် သူမဟာ ကကွက်အချို့ ပဲ ဝင်ကခဲ့ပါတယ်။ Pooja ဟာMiss World 2009ပြိုင်ပွဲမှာ "Beauty With a Purpose" ဆုကို ရခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် top sixteen finalists ထဲဝင်ခဲ့ပါတယ်။ (Miss World ပြိုင်ပွဲကတွေက နည်းနည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ အလှမယ်တွေအားလုံးကို မိတ်ဆက်ပေးပြီး.. အဖွဲ့ အလိုက် အကတစ်ခု အရင် ကပြပါတယ်။ နိုင်ငံတွေအားလုံးထဲကမှ ထူးခြားတဲ့ .. ကြည့်လို့လှတဲ့အကတွေဆို တစ်ယောက်ချင်းဆီ ပေးကပါတယ်။ semifinalist ပေးပုံကလည်း ဆန်းပါတယ်။ Miss Beach Beauty, Miss Talent, Miss Sport, Beauty with a purpose စသည်ဖြင့် ဆု(၆)ဆုပေးပြီး သူတို့ဟာ top-16 ထဲပါပါတယ်။)

Pooja ရတဲ့ "Bauty with a Purpose" ဆုကတော့ "Miss World Scholarship" လို့ အရင်တုန်းက အမည်ပေးထားပါတယ်။ (၂၀၀၁)ခုနှစ်မှ စပေးတဲ့ဆုပါ။ အလှမယ်တွေလုပ်တဲ့ charity project တွေထဲကမှ.. သူတို့ တိုင်းပြည်အတွက် အသင့်တော်ဆုံးဖြစ်တဲ့ project ကိုလုပ်တဲ့  အလှမယ်ကို ဒီဆုပေးတာပါ။ Pooja ရဲ့ project ကတော့ အိန္ဒိယလို  "Nanhi Kali"လို့ ခေါ်ပါတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ပညာတတ်လာအောင်၊ ပညာတတ်ချင်လာအောင် ပြိုးထောင်ပေးတဲ့ အစီအစဉ်လေးပါ။ သူတို့လေးတွေမှာ အလားအလာဆိုတာရှိတယ်၊ အနာဂတ်ဆိုတာ ရှိတယ်၊ ပညာတတ်ရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို သိစေချင်တယ်လို့ ဆိုပါတယ်။ မိန်းကလေးအယောက် (၆၀၀)အတွက် စုစုပေါင်းမတည်ငွေရဲ့ သုံးပုံတစ်ပုံကို သူမစိုက်ထူခဲ့ပြီး .. နောက်ထပ် မိန်းကလေးတွေ အများကြီး ရှိပါသေးတယ်။ သူမအနေနဲ့ အလှုငွေအများကြီး ထပ်မထည့်နိုင်ပေမဲ့ အလှမယ်တစ်ယောက်အနေနဲ့ ရံပုံငွေ ရှာနိုင်တယ်လို့ ယူဆကြောင်း သူမက ပြောပါတယ်။

(၂၀၀၉)ခုနှစ်မှာ ဒီဆုအတွက် စကာတင်ခဲ့သူတွေကတော့ Miss Barbados, Miss Guatemalaနဲ့ Miss India တို့ပဲ ဖြစ်ကြပါတယ်။ ခြေထောက်နာနေတဲ့ကြားက ရအောင်ပြိုင်တဲ့သူမို့ရော၊ သူမရဲ့ charity programme ဟာ ကောင်းလွန်းတာကြောင့်ပါ... Pooja ဟာ Miss World 2009ပြိုင်ပွဲမှာ အားပေးမှုအရဆုံးဆုရှင်  ဖြစ်ခဲ့ပါတယ်။ အစီအစဉ်ကြေငြာပေးတဲ့သူကတော့ "She's a tough girl" လို့ ဆိုပါတယ်။ စိတ်ဓါတ် တော်တော် ပြင်းထန်ပါတယ်။ ဒီဆုရတဲ့သူဟာ Miss India ပါလို့ပြောတော့ သူမ ဝမ်းနည်းဝမ်းသာနဲ့ ငိုပါတယ်။ သူမကို စကားပြောခိုင်းတော့ "ကျမ ဘာပြောရမှန်း မသိပါဘူး။ ကျေးဇူးတင်ပါတယ် မော်လေ ( Julia Morley, Chairman of the Miss World Pageant)"လို့ ငိုပြီး ပြောပါတယ်။ အောက်က movie clip ကလေးကတော့ သူမရဲ့ဆုရတဲ့အပိုင်းကလေးဖြတ်ထုတ်ထားတာပို youtube ပေါ်မှာတွေ့လို့ ထည့်ပေးထားတာပါ။



 Pooja ဟာ top-7 finalist ထဲမှာ မပါခဲ့ပေမဲ့.. သူ့နိုင်ငံက မိန်းကလေးတွေအတွက်တော့ ရံပုံငွေတွေရပြီး အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ အောက်ကဓါတ်ပုံကတော့ Home Coming ပွဲက ပုံပါ။

Miss World 2009 ပြိုင်ပွဲမှ ပြန်လာတဲ့ Pooja
သူမရဲ့ ဆုရခဲ့တဲ့နှစ်အတွင်းမှာ သူမဟာ Tata Docomo, Bajaj Allainz, Richfeel, Body and Soul, Roots Comb, Evolve Med Spa နဲ့ Juvederm Voluma brand တွေကို ကြော်ငြာပေးခဲ့ပါတယ်။ (၂၀၁၀)ခုနှစ် ဧပြီလ (၃၀)ရက်နေ့မှာတော့ Manasvi Mamgai ကို next Miss India Worldအတွက် သရဖူဆောင်းပေးခဲ့ပါတယ်။ (၂၀၀၉)ခုနှစ်အတွက် အိန္ဒိယတိုင်း(မ်) မဂ္ဂဇင်းရဲ့ အလှဆုံးအမျိုးသမီး (၅၀) မှာ
Pooja ဟာ နံပါတ် (၂၈)တက်ချိတ်ခဲ့ပါတယ်။





နောက်ပိုင်းမှာတော့ မင်းသမီးအလုပ်ဘက်ကို ကူးပြောင်းလာပြီး အိန္ဒိယရဲ့ P2B ( Pageant to Bollywood) မင်းသမီးတွေထဲကတစ်ယောက် ဖြစ်လာပါတော့တယ်။ Pooja တစ်ယောက် ဒီထက် ပိုပြီး အောင်မြင်နိုင်ပါစေ၊ ဒီထက် အများအကြိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီပို့(စ်)ကို ဒီမှာ အဆုံးသတ်လိုက်ပါတယ်။

စာရေးသူ၏အမှာ
Pooja ဟာ သိပ်ပြီး အောင်မြင်တဲ့မင်းသမီးတော့ မဟုတ်ပါဘူး။ ကျမကြိုက်တဲ့ အလှမယ်ပုံစံလည်း မဟုတ်ပါဘူး။Miss India - Internation 2012 လိုပုံစံကမှ ကျမကြိုက်တဲ့ပုံစံပါ။ ဒါပေမဲ့ .. သူမရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးက လူကို ကြက်သီးထစေပြီး သုမကိုလေးစားမိလို့ အင်္ဂလိပ်လိုရေးထားတဲ့ true story လေးကို ဆီလျော်အောင် ဘာသာပြန်ပြီး .... ကျန်တဲ့ web site တွေကနေ သိရတဲ့သတင်းတစ်ချို့ကို ထည့်ပြီး ဒီပို့(စ်)လေးကို ရေးထားပါတယ်။ တစ်စုံတစ်ရာများ မှားယွင်းခဲ့သည်ရှိသော် ဘာသာပြန်သူ.. ကျမရဲ့အမှားသာ ဖြစ်ပါတယ်။

စကားကြွင်း။     ။ ရေးပြီးတာကတော့ တနင်္ဂနွေညကတည်းကပါ။ အိပ်ငိုက်လွန်းလို့... proof လည်းမဖတ်ရသေးလို့ ဒီနေ့မှ ပြန်ပြင်၊ ပြန်စစ်ပြီး တင်လိုက်ပါတယ်။
Thank You For Reading This Post.

witch83
(04/12/12; 11:08 AM; GMT+8)

Reference
  1. http://gloryofchildhood.blogspot.sg/2010/09/pooja-chopra-femina-miss-india-2009.html
  2. http://en.wikipedia.org/wiki/Pooja_Chopra
  3. http://www.ndtv.com/article/india/injured-miss-india-is-beauty-with-a-purpose-13044
  4. http://www.missosology.org
To Continue Reading

December 15, 2010

ကြောက်စိတ်

ဆရာမောင်သစ်ဆင်းရေးတဲ့ "ကြောက်စိတ်" အပါအဝင် ဆောင်းပါးပေါင်းချုပ်စာအုပ်လေးကို ၂၀၀၄ခုနှစ်ထဲမှာ သူနဲ့ခင်မင်တဲ့သူဆီကနေတဆင့် ငှားဖတ်ဖူးပါတယ်။ အဲ့စာအုပ်ထဲက ဆောင်းပါးတိုင်းလိုလိုကို ကြိုက်ခဲ့ပါတယ်။ အကြိုက်ဆုံးကတော့ လိမ်ညာတာနဲ့ဆိုင်တဲ့ဆောင်းပါးရယ်၊ ပြုပြင်ပြောင်းလဲရေးနဲ့ဆိုင်တဲ့ ဆောင်းပါးရယ်၊ ကြောက်စိတ်ဆိုတဲ့ ဆောင်းပါးလေးရယ်ပါ။ ဝမ်းနည်းဖို့ကောင်းတာက အဲ့စာအုပ်လေးဟာ ထုတ်ပြီးနောက်မကြာခင်မှာ ပြန်အသိမ်းခံရတယ်လို့ ဆိုပါတယ်။ ကြိုက်လွန်းလို့ မိတ္တူကူးထားချင်ပေမဲ့ ကိုယ့်ဆိုင်ကစက်ကပျက်နေပြီး လက်ထဲမှာလည်း ပိုက်ဆံမရှိတာနဲ့ မကူးဖြစ်လိုက်ပါဘူး။ ဆရာ့ဆီမှာလည်း အဲ့စာအုပ်က တစ်အုပ်ပဲရှိတော့ သူကလည်း ပျောက်မှာကြောက်ပြီး ကြားလူက အသည်းအသန် ပြန်တောင်းနေတာနဲ့ အမြန်ဖတ်ပြီး ပြန်ပေးလိုက်ရပါတယ်။ အခုတော့ Facebook ပေါ်မှာ "ကြောက်စိတ်"post လေး အမှတ်မထင်တွေ့ရလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ဖတ်ကြည့်ကြပါဦး။ ကျေးဇူးတင်ပါတယ်။

*************************************


ကြောက်စိတ်


ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်းအထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေလက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်း ဆရာတော် ဆီမှာပညာသင်ကြားခဲ့ရတယ်။တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာသေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ ဗျာများနေခိုက် ဟဲ့...... ငလွင်မရသေးဘူးလား လို့မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက် ရတော့တယ်။ ငလွင်......လာခဲ့ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။
ဟဲ့...ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင် လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်
လုပ်နိုင်တော့မှာလဲ လို့မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့။
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား လို့ အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်. အဖြေလွှာ တွေကို စားပွဲပေါ် ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။
ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့၀ဲပြီးကြည့်တယ်။ တစ်တန်းလုံး ကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။ "ဒါ မင်းအဖြေလား"။ "ဟုတ်ပါတယ် ဆရာ"၊ "အေး တစ်တန်းလုံး ကြားအောင် ဖတ်စမ်း" နည်းနည်း အံ့သြနေပုံနှင့် ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု သံသယဖြစ်စရာရှိကြောင်း။ ဘုရားသားတော် တို့မည်သည်.....



ရသတဏှာဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက် ဒီဆုံးမနည်းဟာ မအောင်မြင် နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။

တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။ "မင်း ငါ့ကို နောက်တာလား" "ဟာ.......မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ" ကဲအားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ....မင်းကစ၊ သူဖြေတာ မှန်သလား၊
မှားသလား။
ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံမရဘူး။ အဖြေရှင်ကျောင်းသားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို မဖြေတတ်ဘူး။ သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုဘဲထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင်သိသာပါတယ်။
ဟေ့ကောင်.......ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။
တကယ်တော့ ဆရာကမှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊ မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊ နောက်တစ်ယောက် မှန်....အဲ...မှားပါတယ် နောက်တစ်ယောက် မှားပါတယ်
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော်
ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊ အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။
လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။ ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကိုကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလိုတပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။
ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။ အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ.........။ ခက်ထန်တဲ့ အမူအရာတွေ။ ။

အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေေ၀နဲ့။ လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီးပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိမြင်နေပါလျှက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ အကြံမပြုရဲဘူး။ ကျွန်တော့ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။

သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။ ကျွန်တော့အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ် ထင်လာကြရင်ဖြင့်......ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့ ကြည့်ရင် တစ်ကမ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမယ့်....... ကျွန်တော်
အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။

သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့.......
"ဘယ်လိုဖြစ်နေကြတာလဲကွာ" "ဘယ်လိုဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊ ပန်းကန်တစ်လုံး ကွဲပြီ" "ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ.................................."
"တော်...... စာအုပ်ထဲက ဟာတွေလာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့် ၀င်ငွေက ဘယ်လောက်..............................."
ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက် မျက်လုံးများနဲ့ ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံး တွေကလည်း သားရဲ့ မျက်လုံးတွေလိုဘဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်.......။

(မောင်သစ်ဆင်း)
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer