" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)
Showing posts with label Biography. Show all posts
Showing posts with label Biography. Show all posts

August 06, 2013

~ Miss USA 2013 ပြိုင်ပွဲ နှင့် Erin Brady အကြောင်း ~

Miss USA 2013 ပွဲကို (၂၀၁၃)ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့ .. LA က Planet Hollywood Resort မှာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်စုစုပေါင်း (၅၁)ဦးရှိပြီး တစ်ဦးချင်းဆီရဲ့ overviewကိုတော့ အောက်က video clip ကလေးမှာ ကြည့်နိုင်ပါတယ်။


(၅၁)ဦးထဲကနေ  twitter vote မှာနိုင်ခဲ့သူကတော့ Miss Texas ဖြစ်ပြီး၊ Internet voteကနေတဆင့် တက်လှမ်းခဲ့သူကတော့ Miss Pennysylvania တို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Miss Texas ဟာ ဒိုင်တွေပေးတဲ့ top-15မှာလည်း ပါဝင်တဲ့သူပါ။

Miss Pennysylvania
Final top-6 အထိ တက်လှမ်းနိုင်ခဲ့သူတွေကတော့ Connecticut နယ်မှ Erin Brady ၊ Alabamaနယ် မှ Mary McCord ၊ Illinoisနယ် မှ Stacie Juris ၊ Utahနယ်မှ Marissa Powell ၊ South Carolina နယ်မှ Megan Pinckneyနဲ့ Texasနယ် မှ Al Nugent တို့ပဲ ဖြစ်ကြပါတယ်။ ဆုရတဲ့သူတွေကို အစဉ်အတိုင်း ချရေးရရင် အောက်ပါအတိုင်း ဖြစ်ပါတယ်။
~ Miss Connecticut, Erin Brady ( Miss USA 2013)
~ Miss. Alabama, Mary McCord ( 1st runner-up)
~ Miss Illinois, Stacie Juris (2nd runner-up)~ Miss Utah, Marissa Powell (3rd runner-up)
~ Miss Texas, Ali Nugent (4th runner-up)
~ Miss South Carolina, Megan Pinckney (5th runner-up) 

Miss USA 2013, top-6
ဒီပွဲမှာ ကျမနှစ်သက်ပြီး အားပေးခဲ့တဲ့ အလှမယ်တွေကတော့ Miss Alabama (1RU), Miss Manssachsetts (Top-16), Miss Illinois (2RU), Miss Maryland နဲ့ Miss Texas (4RU) တို့ပါပဲ။ Miss Illinoisက အေးအေးငြိမ်ငြိမ်လေးနဲ့ လှပါတယ်။ Miss Texasကတော့ nervousတော်တော် ဖြစ်တတ်ပုံရပါတယ်။ Final Question မှာလည်း ပေါက်ကရတွေလျှောက်ပြောပါတယ်။

Miss Texas
Hobby: Miss USA Illinois 2013

အကြိုက်ဆုံး၊ အနှစ်သက်ဆုံး အလှမယ်တွေကတော့ Ms.Manssachsetts, Ms.Maryland နဲ့ Ms.Alabamaတို့ပဲ ဖြစ်ပါတယ်။ Erin Bradyကိုတော့ မကြိုက်ခဲ့ပါဘူး။

တကယ်ဆိုရင် Sarah Kidd (Ms.Manssachsetts)ဟာ တော်တော်လှတာပါ။ ကိုယ်လုံးရော၊ မျက်နှာရောလှပါတယ်။ ငယ်ဂုဏ်လေးလည်း ရှိပါတယ်။ catwalk လျှောက်တာလည်း ကြွကြွလေးနဲ့ လှပါတယ်။ ဒါပေမဲ့ top-15 မှာတင် ပြီးသွားပါတယ်။ နှမြောလိုက်တာ။ Miss Illinoisကို သဘောကျပေမဲ့ 2nd runner-up နေရာကို Sarahကိုပေးပြီး Sarahရဲ့ top-15ကို သူမကို ပြန်ပေးချင်ပါတယ်။ သူတို့နှစ်ယောက် ရတဲ့ဆုတွေ လဲလိုက်ကြရင်ကောင်းမယ်။ :P

Miss Massachusetts 2013, Sarah Kidd
Sarah @ Competition

Sarah ပြီးရင်တော့ Miss Marlyland, Kasey Staniszewski ကို ကြိုက်ပါတယ်။ Sarah ထက် အရပ် (၁)လက်မ ပိုရှည်ပါတယ်။ သူမကိုလည်း အားပေးတဲ့သူတွေ များပေမဲ့ သူမဟာ top 16တောင် မဝင်ခဲ့ပါဘူး။ သူမရခဲ့ရင် back-to-back လို့ ပြောရအောင်လည်း အရင်နှစ်ရဲ့ Miss USA, Nana ဟာ တကယ်တော့ 1st runner-up ပါ။

Miss Maryland 2013

Ms.Alabamaကတော့ Sarah လောက် ကိုယ်လုံးမလှပေမဲ့ Sarahနဲ့ Miss Marylandတို့ထက် ပိုပြီး talent ရှိတယ်လို့ထင်မိပါတယ်။   ဆွဲဆောင်မှုရှိပြီး sweet လည်း ဖြစ်ပါတယ်။ အရပ် (၅)ပေ (၇)လက်မသာရှိပေမဲ့ အရပ်ပုတယ်လို့ လုံးဝ မထင်ရပါဘူး။ ပြိုင်ပွဲမှာ သူမကို လူတွေက ဝက်ဝက်ကွဲကို အားပေးကြတာပါ။ တစ်ပြေးခဲ့ပြီးမှ Erin Brady ကို သရဖူပေးလိုက်ရပါတယ်။ First runner-up နဲ့သာ ကျေနပ်ခဲ့ရသူပါ။ ဒီလို Connecticut နယ်က Miss USA ဆုကိုရတာဟာ.. ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
Miss Albama 2013




မျက်လုံး အစိမ်းရောင်၊ ဆံပင်အညိုရောင်ပိုင်ဆိုင်တဲ့ Erin Brady ဟာ အရပ် (၅)ပေ (၈)လက်မရှိပြီး အသက်(၂၅)နှစ် ရှိပြီ ဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာဘွဲ့ကို ရယူထားပြီး လက်ရှိအချိန်မှာတော့ finanical accountant တစ်ယောက် ဖြစ်ပါတယ်။ ကိုယ်က Mary (Miss Alabama)ကို နှစ်သက်မိတဲ့အပြင်၊ Erin ကိုလည်း အားမပေးခဲ့သူမို့ Miss USA 2013 ပွဲ online live show ကနေ ကြည့်ပြီးသွားတဲ့အခါမှာ လူက မအီမလည်ကြီး ဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ ကျမဟာ ဒီပြိုင်ပွဲစပြီး သူတို့တွေcamp ဝင်ကြကတည်းက Erin ကို အားပေးခဲ့တာ မဟုတ်ပါဘူး။ Erin Bradyဟာ ကိုယ်လုံး အရမ်းလှတာတစ်ခုကလွဲရင် လက်ရှိပင်ကိုယ်ရုပ်ထက် အသက်ကြီးတဲ့ပုံ ပေါက်ပါတယ်။ လူကောင်လည်း အရမ်းထွားပါတယ်။ ပုခုံးကလည်း ယောကျာင်္း နည်းနည်းဆန်သလိုပါပဲ။ ဒါပေမဲ့ သူမကို တကယ်ကို ချစ်ခင်လေးစားမိသွားတာကတော့ နောက်ပိုင်းမှ သိရတဲ့ သူမရဲ့ story ကြောင့်ပါ။

Miss USA 2013, Erin Brady



Erin ဟာ တခြားအလှမယ်တွေနဲ့ မတူဘဲ ခက်ခဲကြမ်းတမ်းမှုတွေကြားက ရုန်းကန်ပြီး ဘဝမှာ အောင်မြင်မှု ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဖြစ်သူဟာ အရက်စွဲနေသူတစ်ဦးဖြစ်ပြီး ပြစ်မှုအသေးစားလေးတွေကြောင့် မကြာခဏဆိုသလို အဖမ်းခံထိသူတစ်ဦး ဖြစ်ပါတယ်။ သူမ မိခင်နဲ့ ဖခင်ဟာ သူမအသက်(၈)နှစ်အရွယ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ညီအမ(၃)ယောက်မှာ အကြီးဆုံးဖြစ်ပြီး  အထက်တန်းကျောင်းမှာ prom queen ဖြစ်ခဲ့တဲ့ Erin ဟာ ငွေကြေးအဆင်မပြေတာကြောင့် သူမကိုယ်တိုင်နဲ့ သုမညီမဖြစ်သူ Lauren တို့ရဲ့ ကျောင်းလခရဖို့အတွက် စားပွဲထိုးအလုပ်ကို shift နဲ့ အချိန်ပိုင်းအလုပ် ဝင်လုပ်ခဲ့ရပါတယ်။ သူမရဲ့ year book မှာ  "ဘဝဆိုတာ မကောင်းတာတွေကို တွေ့ကြုံခံစားဖို့ သိပ်ကောင်းလွန်းတယ်။" လို့ တစ်ခါ ရေးခဲ့ဖူးပါတယ်။ အသက် (၂၅)နှစ်သာရှိသေးပေမဲ့ ကိုယ့်ကိုကိုယ် အသက်(၃၅)နှစ်လောက် ရှိတယ်လို့ ခံစားရပါတယ်လို့  သူမကိုယ်တိုင်လည်း ဝန်ခံထားပါတယ်။

Erin ဟာ သူမရဲ့ မိသားစုဝင်တွေ အံ့သြရလောက်အောင် ငယ်စဉ်ကတည်းက .. စိတ်ဓါတ်ကြံ့ခိုင်လွန်းပြီး ဘဝမှာ အောင်မြင်ချင်တဲ့စိတ်ရှိလွန်းသူ ဖြစ်ပါတယ်။ ကျောင်းစာမှာ ထူးချွန်သူပြီး အားကစားမှာလည်း ထူးချွန်တဲ့ Erin ဟာ Finance Degree ကို ဂုဏ်ထူးနဲ့ဘွဲ့ရခဲ့ပြီး၊ ဖခင်ဖြစ်သူနဲ့လည်း နီးနီးကပ်ကပ် နေထိုင်ခဲ့ပါတယ်။ Ferrari နဲ့ Friends Concorso အဖွဲ့အစည်းတွေနဲ့အတူ  အရက်နဲ့ ဆေးတွေစွဲနေတဲ့ ကလေးသူငယ်များကို ကူညီပေးခဲ့ပါတယ်။

Erin(L), her Dad, Laurn (second from R), Audrey (R)

သူမဟာ သူမရဲ့ချစ်သူနဲ့ စေ့စပ်ထားပြီး Miss Universe 2013 ပြိုင်ပွဲကျင်းပမဲ့ နိုဝင်ဘာလ(၉ )ရက်နေ့မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားပေမဲ့ Miss USA 2013 ဖြစ်သွားတာကြောင့် သူမရဲ့ reign ပြီးမှသာ လက်ထပ်ရတော့မှာ ဖြစ်ပါတယ်။

Erin with her fiancé, Tony Capasso

လက်ရှိအချိန်မှာ သူမရဲ့ အလှနဲ့ ကိုယ်လုံးကြောင့်ရော၊ ဒီ story ကြောင့်ပါ သူမကို အားပေးသူတွေ အများကြီး ရှိနေပါတယ်။ Miss USA ဖြစ်တာကြောင့်လည်း top-16 တော့ အသာလေးဝင်နိုင်မယ် ထင်ပါတယ်။

Miss USA 2013, Erin Brady တစ်ယောက် ဘဝမှာ အောင်မြင်မှုတွေ အများကြီး ရပါစေ။ ဘဝကို ပျော်ရွှင်ချမ်းမြေ့ စွာနဲ့ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းရင်း ဒီပို့(စ်)လေးကို ဒီနေရာမှာ နိဂုံးချုပ်လိုက်ပါတယ်။

Regards, witch83
(06/08/2013; 5:24PM; GMT+8)

References:
(1) http://missuniverse.com/missusa/members/contestants/year:2013
(2) http://en.wikipedia.org/wiki/Miss_USA_2013
(3) http://www.dailymail.co.uk/news/article-2344011/Erin-Brady-The-utterly-uplifting-story-Miss-USA-winner
(4) http://missosology.org/regional/us/item/1927-the-inspiration-that-is-erin-brady
(5) http://en.wikipedia.org/wiki/Erin-Brady
To Continue Reading

December 04, 2012

Pooja Chopraနှင့် သူမ၏မိခင်

Pooja & her Mum
"ကျမ..ဘယ်က စပြောရမှန်းတောင် မသိတော့ပါဘူး။ တကယ်ကို ဆိုးရွားခဲ့တဲ့အချိန်တွေပါပဲ။ ကျမရဲ့ ခင်ပွန်းဟာ ဘယ်သူဆိုတာ မိဘတွေက စီမံထားပြီးသားပါ။ ဒါပေမဲ့.. ဒီကိစ္စ စဖြစ်ခဲ့တဲ့အချိန်ကစပြီး ကျမရဲ့အိမ်ထောင်ရေးဟာ ပြိုပျက်ဖို့ ဖြစ်လာပါတယ်။ တခြားအမျိုးသမီးတွေနည်းတူ.. ကျမရဲ့အိမ်ထောင်ရေးကို တတ်နိုင်သလောက် ပြန်ဆယ်ယူဖို့ ကြိုးစားခဲ့ပါတယ်။

ကျမရဲ့ ယောက္ခမတွေကတော့ သားယောကျာင်္းလေးမွေးဖွားဖို့ အကြံပေးပါတယ်။ ယောကျာင်္းလေးသာ မွေးလာခဲ့ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်လို့ ဆိုကြပါတယ်။ ကံမကောင်းချင်တော့ ကျမရဲ့ ပထမဦးဆုံးကလေးက မိန်းကလေးဖြစ်နေခဲ့ပါတယ်။ ဒါကို ကျမ မရှောင်လွှဲနိုင်ခဲ့ပါဘူး။ ကျမရဲ့ဖခင်ဖြစ်သူ ဆုံးပါးထားပြီးတဲ့အပြင် ကျမရဲ့အစ်ကိုကလည်း ဘာတာမှာ သိပ်.. စီနီယာမကျတဲ့အလုပ်တစ်ခုကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒါကြောင့် ကျမရဲ့မိသားစုအပေါ် ဝန်ထုတ်ဝန်ပိုး မဖြစ်ချင်ခဲ့ပါဘူး။ ကာလကတ္တားမှာရှိတဲ့ ကျမ.. အိမ်ထောင်ရှိရာ.. အိမ်နေရာမှာပဲ ဆက်နေခဲ့ပါတယ်။

ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ကျမရဲ့ ယောက္ခမကို ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။ သူမကို ရေချိုးပေးနေရင်း "သူမဟာ ကျမကို ကောင်းချီးပေးလိမ့်မယ်။ အားလုံး အဆင်ပြေသွားအောင် လုပ်ပေးလိမ့်မယ်"လို့ ကျမကိုကျမ ပြောနေခဲ့ပါတယ်။ 

အဲ့ဒီအရာတွေအားလုံးကို ကျမ ဘယ်လိုများ မြိုသိပ်၊သည်းခံခဲ့လည်းဆိုတာကို မသိတော့ပါဘူး။ ဘယ်လောက်ပဲ သိပ်ချစ်တတ်တဲ့သူ၊ အချစ်ကို ကိုးကွယ်တတ်တဲ့သူဖြစ်နေပါစေဦးတော့..  ယောကျာင်္းတစ်ယောက်အနေနဲ့ .. အနည်းဆုံးတော့... သူ့ချစ်သူအမျိုးသမီးကို သူ့ဇနီးရှေ့ မှောက်မှာ ချစ်ပြ၊ ကြင်နာပြနေဖို့ မသင့်ပါဘူး။ အဲ့ဒါတွေရဲ့နောက်မှာတော့ သူ.. ကျမကို.. ကိုယ်ထိလက်ရောက် ရိုက်နှက်လာခဲ့ပါတော့တယ်။ အဲ့ဒီအချိန်ထိတိုင်အောင် ကျမဟာ ကျမရဲ့အိမ်ထောင်ရေးကို ဆက်လက် ရှင်သန်နေသေးစေချင်ခဲ့ပါတယ်။ ကျမဟာ သက်သက်လွတ်စားတဲ့သူ ဖြစ်ပေမဲ့၊ သူများ စိတ်ကျေနပ်မလားဆိုပြီး အသားဟင်းတွေချက်ဖို့ လေ့လာခဲ့ပါတယ်။

ဒီလိုနဲ့ ကျမ.. ကိုယ်ဝန် ထပ်ရှိလာပြန်ပါတယ်။ Pooja ကို ကိုယ်ဝန်ရှစ်လရှိတဲ့အချိန်မှာ ကျမခင်ပွန်းဟာ မိန်းကလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာပြီး သူမကို လက်ထပ်မယ်လို့ ကြေငြာပါတယ်။ ကျမ ကိုယ့်ကိုကိုယ် သတ်သေဖို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ခု..မွေးလာမဲ့ကလေးဟာ ယောကျာင်္လေးများဖြစ်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးနဲ့ ကျမ အသက်..ဆက်ရှင်ခဲ့ပါတယ်။

Pooja ကိုမိန်းကလေးတစ်ယောက်အနေနဲ့ မွေးဖွားခဲ့ပြီးတဲ့အခါမှာတော့ ... ကလေးမွေးပြီး (၃)ရက်မြောက်သည်အထိ ဘယ်သူမှ ဆေးရုံကို ရောက်မလာကြပါဘူး။ ကျမရဲ့ဆန့်ကျင်ဘက်ကုတင်မှာရှိတဲ့ တပ်စုမှုးတစ်ဦးရဲ့ဇနီးဖြစ်သူဟာ Poojaအတွက် ဝတ်စရာကလေးအကျီင်္လေးတွေကို ပေးခဲ့တဲ့ ကြင်နာတတ်တဲ့သူ ဖြစ်ပါတယ်။ Poojaအသက် .. ရက်(၂၀)ရှိသွားတဲ့အချိန်မှာတော့ ကျမဟာ ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရပါတော့တယ်။ အသက်ခုနှစ်နှစ်ရှိပြီဖြစ်တဲ့ ရှုဘရာနဲ့ ပူဂျာကိုခေါ်ပြီး အဲ့ဒီအိမ်ကနေ ထွက်ခွာခဲ့ပါတယ်။ အဲ့ဒီကတည်းက  ဒီအချိန်ထိတိုင်အောင် ကျမရဲ့ ခင်ပွန်းသည်ကို မတွေ့ရတော့ပါဘူး။ အဲ့ဒီအိမ်က ထွက်လာခဲ့တဲ့အချိန်မှာ ကျမဟာ ရိုတီပလာတာတစ်ချပ်တည်းရှိရင်တောင် ကျမတို့(၃)ယောက် အတူတကွ ခွဲဝေစားပါမယ်လို့ ကျမကိုယ်ကျမ ကတိပြုခဲ့ပါတယ်။

ကျမရဲ့မိခင်နဲ့ အိမ်ထောင်ကျသွားပြီဖြစ်တဲ့ ကျမရဲ့အစ်ကိုတို့ရဲ့ ထောက်ပံ့ကူညီမှုနဲ့ မွန်ဘိုင်းမြို့ မှာ ကျမရဲ့ဘဝကို ပြန်စခဲ့ပါတယ်။ အကောင်းမွန်ဆုံး အခြေအနေတော့ မဖြစ်ခဲ့ပါဘူး။ ကျမတို့ဟာ ကလေးတွေ ရှိလာတဲ့အခါမှာ ... နေရာ၊ ငွေကြေး၊ စားစရာ.. စသဖြင့် အရာရာဟာ မပြည့်စုံတော့ပါဘူး။ ကျမဟာ Taj Colabaမှာ အလုပ်စလုပ်ခဲ့ပြီး နေဖို့နေရာ ရခဲ့ပါတယ်။ ဘယ်လိုများ ကျမဘဝကို ဖြတ်သန်းခဲ့လဲဆိုတာ သိချင်ပါသလား? အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ ကျမဟာ အလုပ်မသွားခင်... ကြမ်းပြင်ပေါ်မှာ အခင်းတစ်ခုခင်းပြီး... အဲ့ဒီအပေါ်မှာ  နွားနို့ နှစ်ခွက်ရယ် စားစရာအချို့ ရယ်ကိုတင်ပြီး အိမ်ကို အရှေ့ ကနေ သော့ပိတ်ခဲ့ပါတယ်။ သော့ကိုတော့ အိမ်နီးချင်းဆီမှာ ထားခဲ့ပြီး .. ကျောင်းသွားချိန်ရောက်ရင် ကလေးတွေကို အော်ပြောဖို့မှာထားခဲ့ရပါတယ်။

ကျမ အလုပ်နောက်ကျတဲ့နေ့တွေမှာ ကလေးနှစ်ယောက်ဟာ သူတို့ရဲ့ သေးသွယ်တဲ့ လက်ကလေးတွေနဲ့ ကိုယ့်ဘာသာကိုယ် အိမ်စာလုပ်ပြီး၊ ကိုယ့်ဘာသာကိုယ် ထမင်းစားခဲ့ကြပါတယ်။ သမီးအကြီး Shubhraက  Pooja ကို စာစစ်ပေးပါတယ်။ ဒါဟာ သူတို့ ဘယ်လိုကြီးပြင်းနေထိုင်လာခဲ့လဲဆိုတာရဲ့ အဖြေပဲဖြစ်ပါတယ်။ မွေးနေ့ပွဲတစ်ခုကပြန်လာတဲ့ Poojaဟာ သူရခဲ့တဲ့ကိတ်မုန့်တစ်စိတ်ကိုထုတ်ပြီး သူ့အစ်မနဲ့အတုစားဖို့ သယ်လာတတ်ပါတယ်။ Shubhra အလုပ်စလုပ်တဲ့အချိန်မှာတော့ သူမဟာ နေ့လည်စာမစားဘဲ ကြက်သားဆန်းဒွတ်(ခ်ျ)တစ်ခုကို ဝယ်လာပြီး နောက်တစ်နေ့ သူ့ညီမရဲ့ ထမင်းဘူးထဲကို ထည့်ပေးတတ်ပါတယ်။
Pooja with her sister
"အရှင်ဘုရား ... တပည့်တော်မရဲ့ အရင်ဘဝက မကောင်းမှုတွေအတွက် တပည့်တော်မကို အပြစ်ပေးပါ။ ဒါပေမဲ့ တပည့်တော်မရဲ့ အပြစ်မဲ့တဲ့ ကလေးတွေကိုတော့ ခွင့်လွှတ်ပေးပါဘုရား။ သူတို့လေးတွေရဲ့ အခြေခံလိုအပ်ချက်လေးတွေကိုတော့ တပည့်တော်မကို ဖြည့်ဆည်းပေးပါဘုရား"လို့ ကျမ အမြဲ ဆုတောင်းခဲ့ဖူးပါတယ်။ သူတို့ရဲ့ ဖိနပ်၊ ခြေအိတ်၊ ကျောင်းဝတ်စုံတွေဝယ်ပေးဖို့အတွက် ကျမ ရုန်းကန်ခဲ့ရပါတယ်။ Pooja ဟာ ကျမအိမ်ကနေ ဘတ်(စ်)ကား (၄)ဂိတ်စာရှိတဲ့ သူမရဲ့ကျောင်းကို လမ်းလျှောက်သွားခဲ့ပါတယ်။ လမ်းဖြတ်ကူးဖို့ သိပ်ငယ်လွန်းတော့ အနားက ဖြတ်သွားတဲ့သူတွေကို အကုအညီတောင်းရပါတယ်။ သူတို့ကိုယ်ထဲကို နွားနို့ ထည့်ပေးနိုင်ဖို့အတွက် ဘတ်(စ်)ကားခတွေကို ဒီနည်းနဲ့ လျှော့ချခဲ့ရပါတယ်။

Goa မှာ တစ်လကို ရုပီး ၆၀၀၀ရတဲ့အလုပ်ကို ရတဲ့အခါမှာတော့ ကျမတို့ရဲ့ဘဝဟာ စတင် ပြောင်းလဲလာခဲ့ပါတယ်။ ကျမရဲ့အလုပ်ရှင် Mr Chhabraနဲ့ သူ့ရဲ့ဇနီးဟာ ကျမကို ကြင်နာစွာနဲ့ ငွေထုတ်ချေးခဲ့ပါတယ်။ အဲ့ဒီနောက် ကျမရဲ့သမီးနှစ်ယောက် ကို Puneမှာရှိတဲ့ ကျမညီမအိမ်ကို လွှတ်လိုက်ရပါတယ်။ ကျမရဲ့မိခင်ကိုလည်း ကလေးတွေကိုကြည့်ဖို့ အဲ့ဒီအိမ်ကို လိုက်သွားခိုင်းလိုက်ပါတယ်။  Goaမှာ (၄)နှစ်အလုပ်လုပ်ပြီးတဲ့အခါမှာတော့ အိပ်ခန်းတစ်ခန်းပါတဲ့ အိမ်သေးသေးတစ်လုံးကို Puneမှာ ဝယ်လိုက်နိုင်ပါတယ်။ ( စကားချပ်။      ။ သူတို့ အဲ့ဒီအိမ်မှာ ခုချိန်ထိ နေတုန်းပါပဲ။) ကျမဟာ တစ်နေ့ကို ၁၆နာရီကနေ ၁၈နာရီလောက်အထိ အလုပ်လုပ်ခဲ့ပါတယ်။ တစ်ပတ်လုံး ခွင့်မယူဘဲ ခွင့်တွေစုပြီး တစ်နှစ်ကို သုံးလေးကြိမ်လောက်သမီးတွေကို သွားကြည့်ပါတယ်။

Puneမှာ အိမ်ဝယ်ပြီး အလုပ်တစ်ခုရသွားတဲ့အချိန်မှာတော့ ကျမတို့ရဲ့ဘဝဟာ စတင် အခြေကျလာပါပြီ။ Blue Diamond ဟိုတယ်မှာ တစ်နှစ်လောက်အလုပ်လုပ်ပြီးတဲ့အခါမှာ ကျမဘဝကို ပြောင်းလဲစေတဲ့ Mainland China မှာ အလုပ်ဝင်နိုင်ခဲ့ပါတယ်။ ကျမတို့ team နဲ့ managementပိုင်းကလူတွေရဲ့ စဉ်းစားနားလည်ပေးမှုကြောင့်... ဟိုတယ်ဝန်ထမ်းတစ်ယောက်အနေနဲ့ မဖြစ်မနေလုပ်ရမဲ့ ညဘက်တွေအလုပ်လုပ်ရခြင်း၊ ခရီး မကြာခဏသွားရခြင်းတွေရှိခဲ့ပေမဲ့... ကျမရဲ့ ကလေးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာအောင် ပြုစုပြိုးထောင်ပေးနိုင်ခဲ့ပါတယ်။

Shubhraဟာ ကောလိပ်တက်နေစဉ်မှာပဲ Blue Diamond ဟိုတယ်မှာ အသက်အငယ်ဆုံးဝန်ထမ်းအနေနဲ့ အလုပ်ရခဲ့ပါတယ်။ အဲ့ဒီမှာ အလုပ်လုပ်ရင်းနဲ့ သူမရဲ့ မဟာစီးပွားရေးဘွဲ့ ကိုရအောင် ယူနိုင်ခဲ့ပါတယ်။ ယနေ့မှာတော့ သူမဟာ ရေတပ်မှာလုပ်နေတဲ့ ချိုသာဖော်ရွေတဲ့ ကက်သလစ်ဘာသာဝင်လူငယ်လေးနဲ့ လက်ထပ်ထားပြီး ချစ်ဖို့ကောင်းတဲ့သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။

ကျမဟာ အလုပ်ပြီးလို့ အိမ်ပြန်လာရင် သင်တန်းတွေတက်၊ စာတွေလေ့လာသင်ယူပြီး အိမ်အလုပ်တွေကိုလည်း ကိုယ့်ဘာသာကိုယ်ပဲ လုပ်ခဲ့တာပါ။ ဒီနှစ်တွေ တလျှောက်လုံး ဒီလိုပဲ ဖြတ်သန်းခဲ့ပါတယ်။ ဒီကာလအပိုင်းအခြားတွေမှာ Shubhraဟာ ကျမရဲ့ ကျောက်ဆူးဖြစ်ပြီး Poojaဟာကျမရဲ့ ကျောက်ဆောင်ပါပဲ။ ကျမ ပြိုလဲကျနေချိန်မှာ Poojaဟာ သူ့ရဲ့ လက်သေးသေးလေးတွေနဲ့ ကျမမျက်ရည်တွေကို သုတ်ပေးခဲ့ပါတယ်။ ကျမအတွက်ကျမ ပြောဆိုစရာတွေ မပြောနိုင်တော့တဲ့အချိန်မှာ Poojaဟာ ကျမအတွက် အရှေ့ ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့ပါတယ်။ သူမဟာ ကျောင်းစာမှာ ထူးချွန်တဲ့အပြင် တခြားလှုပ်ရှားမှုတွေမှာလည်း  ပါဝင်ခဲ့ပါတယ်။ သူမရဲ့ မော်ဒယ်လုပ်ငန်းအတွက် ဒေါက်ဖိနပ်အမြင့်တွေဝယ်ဖို့ လိုအပ်တဲ့အခါမှာလည်း သူမဟာ အထူးအဆန်းရှိုးတွေမှာ ဝင်ပါပြီး သူ့ပိုက်ဆံနဲ့သူ ဝယ်ခဲ့ပါတယ်။

Pooja ဟာ TVပေါ်မှာ ပြောတဲ့စကားတွေဟာ သူ့ရဲ့နှလုံးသားထဲကလာတယ်ဆိုတာ ကျမသိပါတယ်။ သူမရဲ့မျက်လုံးတွေထဲမှာ အရည်တွေလဲ့နေတာကို ကျမမြင်နိုင်ပါတယ်။ သူ..ဆုရသွားတဲ့အချိန်မှာ ကျမတွေးမိတာကတော့.. အို..ဘုရားသခင်... ဒါဟာ ကျမသမီးပေါက်စလေးပါလား... ဆိုတာပါပဲ။

ဒီနေ့မှာတော့ ကျမဆီမှာ ဘာနောင်တမှ မရှိတော့ပါဘူး။ ဘယ်လောက်ပဲ ထူထပ်တဲ့ တိမ်ဖြစ်ပါစေ.. သူ့မှာ ငွေမှင်ရောင် အနားသတ်တော့ ရှိတယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။ အမေတစ်ယောက်အနေနဲ့ ဘာမှ ကြီးကျယ်မြင့်မြတ်တာ ဘာမှ ကျမ  မလုပ်ခဲ့ရပါဘူး။ ဒါပေမဲ့... ဒီကလေးမလေးဟာ တစ်နေ့မှာ ကျမ ဂုဏ်ယူရမဲ့သူဖြစ်စေရမယ်ဆိုပြီး ကျမကိုယ်ကျမ ကတိပေးခဲ့ပါတယ်။"

........... ဒီစကားတွေကို ပြောခဲ့သူကတော့ Miss World India 2009 ဆုရခဲ့တဲ့ Pooja Chopra
ရဲ့မိခင် Neera Chopraပဲ ဖြစ်ပါတယ်။
 
Miss World India 2009, Pooja Chopra
With her mom after crowning
သူမအမေ... ကိုယ့်ကိုကိုယ်ပေးခဲ့တဲ့ ကတိကို Pooja က ပြည့်ဝအောင် ဖြည့်စည်းပေးခဲ့ပြီး ဒီလို ပြောခဲ့ပါတယ်....
"ကျမရဲ့အသက် ရက်(၂၀)ရှိတုန်းက .... သမီးမိန်းကလေးဖြစ်တဲ့ကျမနဲ့ သူမရဲ့ခင်ပွန်းသည်.. ဘယ်သူကိုရွေးမလဲဆိုပြီး ကျမရဲ့အမေကို ရွေးချယ်မှုတစ်ခု လုပ်ခိုင်းခဲ့ပါတယ်။ ကျမရဲ့အမေဟာ ကျမကို ရွေးချယ်ခဲ့ပါတယ်။ အဲ့ဒီအိမ်ကနေ ထွက်လာခဲ့တဲ့အခါမှာ ကျမအမေဟာ သု့ယောကျာင်္းကို နောက်ပြန်လှည့်ကြည့်ပြီး ... ဒီကလေးမလေးဟာ တစ်နေ့မှာ ကျမ ဂုဏ်ယူရမဲ့ကလေး ဖြစ်လာစေရမယ်... လို့ ပြောခဲ့ပါတယ်။ အဲ့ဒီနေ့ဟာ ရောက်လာခဲ့ပါပြီ။ သူမရဲ့ယောကျာင်္းဟာ .. သူမကို စွန့်လွှတ်ပြီး... သူ့ကို သားနှစ်ယောက်မွေးပေးတဲ့ အမျိုးသမီးတစ်ဦးကို လက်ထပ်သွားခဲ့ပါတယ်။ ဒီနေ့မှာတော့ Miss Indiaအနေနဲ့ ကျမရဲ့ခေါင်းပေါ်မှာ သရဖူဆောင်းပြီး Miss World ပြိုင်ပွဲမှာ အောင်မြင်မှုတွေရဖို့ လွှတ်ခံရတဲ့သူဟာ သူ့သမီးဖြစ်ပါတယ်ဆိုတာ ကျမအဖေသိမသိ.. ကျမ မသိပါဘူး။

ကျမတို့ရဲ့ဘဝတွေဟာ (အနည်းဆုံးတော့ ကျမအမေအတွက်) ခက်ခဲခဲ့ပါတယ်။ သူမရဲ့အလုပ်ကို တည်မြဲအောင်လုပ်ရင်း.... ကျမတို့ ညီအမတွေအတွက် အကောင်းဆုံးဖြစ်အောင်... ကျမအမေဟာ.. ငွေရေးကြေးရေးအရရော.. စိတ်ခံစားချက်အရပါ .. ရုန်းကန်ခဲ့ရပါတယ်။ ကျမ မော်ဒယ်အလုပ်ကို စလုပ်မယ်ဆိုတော့  ကျောင်းကအဆင့်တွေ လုံးဝ မကျစေရဘူးဆိုတဲ့ သဘောတူညီချက် ကျမအမေနဲ့ ထားရှိခဲ့ရပါတယ်။

ဒီမှာရှိတဲ့ အလှမယ်တွေအားလုံး ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျမရဲ့တွန်းအားကတော့ ကျမအမေရဲ့ အနစ်နာခံမှုနဲ့ သူမရဲ့ ကံတရားအတွက်ပါ။ ဒီနေ့မှာ လူတွေဟာ ကျမကိုခေါ်ပြီး ဂုဏ်ပြုခဲ့ကြပေမဲ့ တကယ်တော့ ဒီအောင်မြင်မှုကို ပေးသင့်တဲ့သူဟာ ကျမအမေပါ။ သူမဟာ တကယ့်ကို စံပြ အမျိုးသမီးစစ်စစ် ဖြစ်ပါတယ်။ သူမဟာ ကျမရဲ့ အလင်းရောင်၊ ကျမရဲ့ လမ်းပြကြယ်၊ ကျမရဲ့တွန်းအားပါပဲ"

.........................................................................................................

အထက်ဖော်ပြပါ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကတော့ Miss India World 2009 ဆုရှင် Pooja Chopra နဲ့ သူမမိခင်တို့ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

Poojaကို (၁၉၈၅)ခုနှစ်မှာ မွေးဖွားခဲ့ပြီး မိခင်ဖြစ်သူနဲ့ မိခင်ဘက်ကအဖွားဖြစ်သူတို့ရဲ့ ပြုစုပြိုးထောင်ခြင်းကို ခံခဲ့ရပါတယ်။ ကျောင်းစာမှာ ထူးချွန်သူတစ်ဦးဖြစ်ပြီး သူမ တက်ခဲ့တဲ့ St Thomas Academy ကျောင်းမှာ (၂၅)နှစ်အတွင်း ဘယ်သူမှ မရဘူးခဲ့တဲ့ အမှတ်ကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။ Mount Camel ကျောင်းမှာလည်း သူမဟာ top student ပါပဲ။

Miss Perfect 10, Miss Catwalk, Miss Beautiful Smile, Talwarkars Best Body and Nakshatra Miss Sparkling Beautyဘွဲ့ တွေကို ရပြီးတဲ့နောက် Miss East India 2009 ဘွဲ့ကို ဖေဖော်ဝါရီလ (၁၇)ရက်နေ့မှာ ရရှိပြီး Femina Miss India 2009 ပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။ အဲ့ဒီမှာ.. top ten finalist ထဲ ဝင်ခဲ့ပါတယ်။ (၂၀၀၉ )ခုနှစ်၊ ဧပြီလ (၅)ရက်နေ့မှာတော့ Pooja ဟာ  Pantaloons Femina Miss India-World 2009ဆုကို ရရှိသွားပါတယ်။ အောက်မှ ထည့်ပေးထားတဲ့ clip အတိုလေးကတော့ သူမ.... ပြိုင်ပွဲဝင်တုန်းက ဖြေထားတဲ့အဖြေလေးတွေပါ။



L --> R, Miss Universe, Miss Earth & Miss World ( India, 2009)
Miss World 2009 ပြိုင်ပွဲကို သွားပြိုင်နေတဲ့အချိန်မှာ Pooja ဟာ Miss World final မရောက်မီ တစ်ပတ်အလိုမှာ လေယာဉ်ပေါ်ကအဆင်းမှာ ခြေသပွတ်တိုင် လိမ်သွားပါတယ်။ ဆရာဝန်တွေက သူမကို အိပ်ရာပေါ်မှာလှဲပြီး (၃)ပတ်နားခိုင်းပေမဲ့ သူမဟာ..ဆက်ပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ Miss World Organization ရဲ့ ဥက္ကဋ္ဌ Julia Morley က Pooja ကို အကအစီအစဉ်မှာ တစ်ကွက်၊နှစ်ကွက်လောက်ပဲ ဝင်ပါဖို့ အကြံဥာဏ်ပေးပါတယ်။ အဲ့ဒါကြောင့် သူမဟာ ကကွက်အချို့ ပဲ ဝင်ကခဲ့ပါတယ်။ Pooja ဟာMiss World 2009ပြိုင်ပွဲမှာ "Beauty With a Purpose" ဆုကို ရခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် top sixteen finalists ထဲဝင်ခဲ့ပါတယ်။ (Miss World ပြိုင်ပွဲကတွေက နည်းနည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ အလှမယ်တွေအားလုံးကို မိတ်ဆက်ပေးပြီး.. အဖွဲ့ အလိုက် အကတစ်ခု အရင် ကပြပါတယ်။ နိုင်ငံတွေအားလုံးထဲကမှ ထူးခြားတဲ့ .. ကြည့်လို့လှတဲ့အကတွေဆို တစ်ယောက်ချင်းဆီ ပေးကပါတယ်။ semifinalist ပေးပုံကလည်း ဆန်းပါတယ်။ Miss Beach Beauty, Miss Talent, Miss Sport, Beauty with a purpose စသည်ဖြင့် ဆု(၆)ဆုပေးပြီး သူတို့ဟာ top-16 ထဲပါပါတယ်။)

Pooja ရတဲ့ "Bauty with a Purpose" ဆုကတော့ "Miss World Scholarship" လို့ အရင်တုန်းက အမည်ပေးထားပါတယ်။ (၂၀၀၁)ခုနှစ်မှ စပေးတဲ့ဆုပါ။ အလှမယ်တွေလုပ်တဲ့ charity project တွေထဲကမှ.. သူတို့ တိုင်းပြည်အတွက် အသင့်တော်ဆုံးဖြစ်တဲ့ project ကိုလုပ်တဲ့  အလှမယ်ကို ဒီဆုပေးတာပါ။ Pooja ရဲ့ project ကတော့ အိန္ဒိယလို  "Nanhi Kali"လို့ ခေါ်ပါတယ်။ အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ပညာတတ်လာအောင်၊ ပညာတတ်ချင်လာအောင် ပြိုးထောင်ပေးတဲ့ အစီအစဉ်လေးပါ။ သူတို့လေးတွေမှာ အလားအလာဆိုတာရှိတယ်၊ အနာဂတ်ဆိုတာ ရှိတယ်၊ ပညာတတ်ရင် ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို သိစေချင်တယ်လို့ ဆိုပါတယ်။ မိန်းကလေးအယောက် (၆၀၀)အတွက် စုစုပေါင်းမတည်ငွေရဲ့ သုံးပုံတစ်ပုံကို သူမစိုက်ထူခဲ့ပြီး .. နောက်ထပ် မိန်းကလေးတွေ အများကြီး ရှိပါသေးတယ်။ သူမအနေနဲ့ အလှုငွေအများကြီး ထပ်မထည့်နိုင်ပေမဲ့ အလှမယ်တစ်ယောက်အနေနဲ့ ရံပုံငွေ ရှာနိုင်တယ်လို့ ယူဆကြောင်း သူမက ပြောပါတယ်။

(၂၀၀၉)ခုနှစ်မှာ ဒီဆုအတွက် စကာတင်ခဲ့သူတွေကတော့ Miss Barbados, Miss Guatemalaနဲ့ Miss India တို့ပဲ ဖြစ်ကြပါတယ်။ ခြေထောက်နာနေတဲ့ကြားက ရအောင်ပြိုင်တဲ့သူမို့ရော၊ သူမရဲ့ charity programme ဟာ ကောင်းလွန်းတာကြောင့်ပါ... Pooja ဟာ Miss World 2009ပြိုင်ပွဲမှာ အားပေးမှုအရဆုံးဆုရှင်  ဖြစ်ခဲ့ပါတယ်။ အစီအစဉ်ကြေငြာပေးတဲ့သူကတော့ "She's a tough girl" လို့ ဆိုပါတယ်။ စိတ်ဓါတ် တော်တော် ပြင်းထန်ပါတယ်။ ဒီဆုရတဲ့သူဟာ Miss India ပါလို့ပြောတော့ သူမ ဝမ်းနည်းဝမ်းသာနဲ့ ငိုပါတယ်။ သူမကို စကားပြောခိုင်းတော့ "ကျမ ဘာပြောရမှန်း မသိပါဘူး။ ကျေးဇူးတင်ပါတယ် မော်လေ ( Julia Morley, Chairman of the Miss World Pageant)"လို့ ငိုပြီး ပြောပါတယ်။ အောက်က movie clip ကလေးကတော့ သူမရဲ့ဆုရတဲ့အပိုင်းကလေးဖြတ်ထုတ်ထားတာပို youtube ပေါ်မှာတွေ့လို့ ထည့်ပေးထားတာပါ။



 Pooja ဟာ top-7 finalist ထဲမှာ မပါခဲ့ပေမဲ့.. သူ့နိုင်ငံက မိန်းကလေးတွေအတွက်တော့ ရံပုံငွေတွေရပြီး အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ အောက်ကဓါတ်ပုံကတော့ Home Coming ပွဲက ပုံပါ။

Miss World 2009 ပြိုင်ပွဲမှ ပြန်လာတဲ့ Pooja
သူမရဲ့ ဆုရခဲ့တဲ့နှစ်အတွင်းမှာ သူမဟာ Tata Docomo, Bajaj Allainz, Richfeel, Body and Soul, Roots Comb, Evolve Med Spa နဲ့ Juvederm Voluma brand တွေကို ကြော်ငြာပေးခဲ့ပါတယ်။ (၂၀၁၀)ခုနှစ် ဧပြီလ (၃၀)ရက်နေ့မှာတော့ Manasvi Mamgai ကို next Miss India Worldအတွက် သရဖူဆောင်းပေးခဲ့ပါတယ်။ (၂၀၀၉)ခုနှစ်အတွက် အိန္ဒိယတိုင်း(မ်) မဂ္ဂဇင်းရဲ့ အလှဆုံးအမျိုးသမီး (၅၀) မှာ
Pooja ဟာ နံပါတ် (၂၈)တက်ချိတ်ခဲ့ပါတယ်။





နောက်ပိုင်းမှာတော့ မင်းသမီးအလုပ်ဘက်ကို ကူးပြောင်းလာပြီး အိန္ဒိယရဲ့ P2B ( Pageant to Bollywood) မင်းသမီးတွေထဲကတစ်ယောက် ဖြစ်လာပါတော့တယ်။ Pooja တစ်ယောက် ဒီထက် ပိုပြီး အောင်မြင်နိုင်ပါစေ၊ ဒီထက် အများအကြိုး သယ်ပိုးနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီပို့(စ်)ကို ဒီမှာ အဆုံးသတ်လိုက်ပါတယ်။

စာရေးသူ၏အမှာ
Pooja ဟာ သိပ်ပြီး အောင်မြင်တဲ့မင်းသမီးတော့ မဟုတ်ပါဘူး။ ကျမကြိုက်တဲ့ အလှမယ်ပုံစံလည်း မဟုတ်ပါဘူး။Miss India - Internation 2012 လိုပုံစံကမှ ကျမကြိုက်တဲ့ပုံစံပါ။ ဒါပေမဲ့ .. သူမရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးက လူကို ကြက်သီးထစေပြီး သုမကိုလေးစားမိလို့ အင်္ဂလိပ်လိုရေးထားတဲ့ true story လေးကို ဆီလျော်အောင် ဘာသာပြန်ပြီး .... ကျန်တဲ့ web site တွေကနေ သိရတဲ့သတင်းတစ်ချို့ကို ထည့်ပြီး ဒီပို့(စ်)လေးကို ရေးထားပါတယ်။ တစ်စုံတစ်ရာများ မှားယွင်းခဲ့သည်ရှိသော် ဘာသာပြန်သူ.. ကျမရဲ့အမှားသာ ဖြစ်ပါတယ်။

စကားကြွင်း။     ။ ရေးပြီးတာကတော့ တနင်္ဂနွေညကတည်းကပါ။ အိပ်ငိုက်လွန်းလို့... proof လည်းမဖတ်ရသေးလို့ ဒီနေ့မှ ပြန်ပြင်၊ ပြန်စစ်ပြီး တင်လိုက်ပါတယ်။
Thank You For Reading This Post.

witch83
(04/12/12; 11:08 AM; GMT+8)

Reference
  1. http://gloryofchildhood.blogspot.sg/2010/09/pooja-chopra-femina-miss-india-2009.html
  2. http://en.wikipedia.org/wiki/Pooja_Chopra
  3. http://www.ndtv.com/article/india/injured-miss-india-is-beauty-with-a-purpose-13044
  4. http://www.missosology.org
To Continue Reading

November 21, 2012

Oxana Gennadyevna Fedorova (2)

ကိုယ်ဝန်ရှိတယ်ဆိုတဲ့ စွပ်ဆွဲချက်ကို Fedorovaက ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ သူမ ကိုယ်ပိုင်သဘောအရ Miss Universe 2002 ရာထူးမှ နုတ်ထွက်ပါတယ်ဆိုပြီး ပြောပါတယ်။ အဓိကအကြောင်းရင်းကတော့ သူမရဲ့ပါရဂူဘွဲ့ကို ပြီးအောင် လုပ်ချင်လို့..လို့ဆိုပါတယ်။
နောက်တစ်ခုက.... သူမဟာ အမေရိကန်ရုပ်ရှင်ပြဇာတ်တစ်ခုဖြစ်တဲ့ အောက်မလွတ် ညစ်တီးညစ်ပတ်တွေ အရမ်းပြောတတ်တဲ့ Howard Stern Showရဲ့ အလွန်အကျွံ စော်ကားတာကို ခံရပါတယ်ဆိုပြီး Miss Universe အနေနဲ့ ထမ်းဆောင်ရမဲ့တာဝန်တွေကိုငြင်းပယ်ပါတယ်။  Sternက သူမကို မကြာခဏမေးလေ့ရှိတဲ့ sexual မေးခွန်းတွေကို organizerတွေက သတိပေးတားမြစ်တာမျိုး မလုပ်ဘူးလို့ .. သူမက အပြစ်တင်ပါတယ်။
(Stern Show အကြောင်းကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ Federal Communications Commission မှာ ခဏခဏ ဒဏ်ငွေဆောင်ရတဲ့ channel ပဲ ဖြစ်ပါတယ်။)
ဒီလိုနဲ့ ... Miss Universe 2012 ဆုကို ပနားမားမယ် Justine Pasek က လွှဲပြောင်းယူလိုက်ရပါတယ်။ ( သူမဟာလည်း ပနားမားအတွက် ပထမဆုံးသော Miss Universe ပါ။) Fedorovaဟာ Miss Universe တစ်ယောက်အနေနဲ့ ထမ်းဆောင်ရမဲ့ တာဝန်တွေကို ငြင်းပယ်ပြီး၊ Miss Universe ဘွဲ့ကို ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်တဲ့ ပထမဦးဆုံးသော အလှမယ် ဖြစ်ပါတယ်။ Oxana Fedorova နုတ်ထွက်ပြီးနောက်မှာ Miss Universe Comitte က သူမကို Miss Universe 2002 အနေနဲ့ လုံးဝ လက်မခံတော့ပေမဲ့ အများပြည်သူအပေါင်းကတော့ Fedorova ကိုသာ Miss Universe 2002 အဖြစ် သတ်မှတ်ခဲ့ပါတယ်။ လူတွေဟာ သူမကို သရဖူပြန်ရုတ်သိမ်းခြင်းခံရတဲ့သူ ( Dethroned Miss Universe)လို့ ပြောရင်တောင် လက်မခံပါဘူး။ volunteerly give up လုပ်တာပါတဲ့လေ။ Resigned Miss Universe ပေါ့။ :) 


Cadet and Beauty Queen life မှသည် ..  Miss Russia (2002) ဆုကို ရယူခဲ့တဲ့၊ ရုရှားနိုင်ငံအတွက် ပထမဆုံးသော Miss Universe ဘွဲ့ကို ယူပေးခဲ့တဲ့၊ Yes or No person (မတွေဝေတတ်သူ) လို့ အဒေါ်ဖြစ်သူက သတ်မှတ်ခဲ့တဲ့၊ သူ့အကြောင်းကို အငြင်းပွားမယ်ဆိုရင် ခုချိန်ထိ အငြင်းပွားလို့သေးတဲ့ ရုရှားပြည်သူတွေရဲ့ အချစ်တော်... Oxana Fedorova

After giving up the crown

Miss Universe 2002 ဘွဲ့ကို စွန့်လွှတ်ပြီးတဲ့နောက်....Oxana Fedorova ဟာ...

  •  (၂၀၀၂)ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့မှာ သူမရဲ့ Phd စာတမ်း Fedorova ဟာ ကို ပြီးဆုံးအောင်မြင်ခဲ့ပါတယ်။ (၂၀၀၃)ခုနှစ် မေလ (၁၆)ရက်နေ့မှာ ပါရဂူဘွဲ့ရခဲ့ပါတယ်။
(1) Career Life

  • ပါရဂူဘွဲ့ရပြီးတဲ့နောက်မှာလည်း အဲ့ဒီ MVD တက္ကသိုလ်မှာပဲ အချိန်ပိုင်းအနေနဲ့ စာဆက်သင်ခဲ့ပါတယ်။ 
  • ရဲအရာရှိအလုပ်ကိုလည်း ဆက်လုပ်ပြီး စက်တင်ဘာ (၂၀၀၂)ခုနှစ်မှာ ဗိုလ်ကြီးအဆင့် ရာထူးတိုးပေးခြင်းခံရပြီး၊ (၂၀၀၅)ခုနှစ်မှာ ဗိုလ်မှုးအဆင့်ထိ ရောက်ခဲ့ပါတယ်။ 
  • (၂၀၀၂)နှစ်အကုန်ပိုင်းကစပြီး ရုပ်မြင်သံကြား အစီအစဉ်မှုးလုပ်.. နောက်ပိုင်း ဂီတ၊ ရုပ်ရှင်၊ အက၊ modellingစတာတွေလုပ်ကိုင်ပြီး အနုပညာလောကထဲ ဝင်ရောက်အောင်မြင်လာခဲ့ပါတယ်။
ဒီဇင်ဘာ (၂၀၀၂)ခုနှစ်ကစပြီး "Spokoinoi Nochi, Malyshi" .. "ကောင်းသောညချမ်းပါကလေးတို့ရေ.." ဆိုတဲ့ ရုပ်မြင်ဇာတ်လမ်းတွဲမှာ ဝင်ရောက်ကပြခဲ့ပြီး အောက်တိုဘာ(၂၃)မှာ ဒီအစီအစဉ်လေးဟာ ရုရှားရဲ့ အကောင်းဆုံး TEFI Children's Show ဆုကို ရရှိခဲ့ပါတယ်။ သူမပြောတာကတော့ အဲ့ဒီရုပ်မြင်သံကြားကုမ္ပဏီဟာ သူမကို TV presenter လုပ်ဖို့ ကမ်းလှမ်းနေပေမဲ့ သူမက အကြိမ်ကြိမ် ငြင်းနေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးတော့ ကလေးအစီအစဉ်မှာလုပ်ပေးပါဆိုလို့ ကလေးတွေကိုချစ်တဲ့အတွက်ကြောင့် လက်ခံလိုက်ပါတယ်။  အောက်က ရုပ်ရှင် clipအတိုလေးကတော့ သူမပါတဲ့ အပိုင်းတိုလေးကို ထည့်ထားပေးတာပါ။



ဒီအစီအစဉ်လေးဟာ တော်တော်ကို နာမည်ကြီးပြီး ပြင်သစ်အပါအဝင် တခြားနိုင်ငံအချို့ကို သွားရောက် ကပြခဲ့ရပါသေးတယ်။ သူမဟာ (၂၀၁၂)ခုနှစ် ကလေးမမွေးခင်အချိန်အထိ ဒီရုပ်သံအစီအစဉ်လေးကို ပါဝင်ကပြနေတုန်းပါပဲ။
Fedorova ဟာ (၂၀၀၆)ခုနှစ် Dancing with the Stars ( Russia) show ပြိုင်ပွဲမှာ Alexander Litvinenko နဲ့တွဲကပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။ top-5 ဝင်သွားခဲ့တယ်လို့ သိရပါတယ်။ ဒေါက်ဖိနပ်နဲ့ကသွားတာ တော်တော်ကြီးကို လှပါတယ်။ အောက်က ဗွီဒီယိုမှာ ကြည့်နိုင်ပါတယ်။


သူမဟာ (၂၀၀၈)ခုနှစ် ဧပြီလမှာ... ရုရှားရဲ့ "Sony Vaios P Series" ရဲ့ မော်ဒယ် ဖြစ်ခဲ့ပါသေးတယ်။ သူမပါဝင်ခဲ့တဲ့ TV show တွေ၊ ရုပ်ရှင်တွေ၊ အစီအစဉ်တွေများလို့ အကုန် မပြောတော့ပါဘူး။ ထင်ရှားတာလေးတွေပဲ ဒီ ပို့(စ်)ထဲမှာ တင်ထားပါတယ်။ ဆုတွေလည်း ရခဲ့ပါတယ်။ 

(၂၀၀၈)ခုနှစ် အောက်တိုဘာလမှာတော့ သူမကိုယ်တိုင်ရေးသားတဲ့ "The formula of Style" စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အလှအပနဲ့ ဖက်ရှင်စတိုင်တွေအကြောင်းရေးထားပြီး သူမရဲ့ ကိုယ်ရေးရာဇဝင်လည်း ပါပါတယ်။

(၂၀၀၉)ခုနှစ်မှာတော့ သူမဟာ ဂီတလောကထဲ ဝင်လာပါတယ်။ ဂီတသင်တန်းကျောင်းတက်ပြီးတဲ့နောက်...  Fedorova ဟာ သီချင်းဆိုခြင်းကို စတင်ခဲ့ပါတယ်။ (၂၀၀၉)ခုနှစ် သြဂုတ်လမှာ ရုရှား tenor ( ယောကျာင်္းအသံမြင့် အဆိုတော်) Nikolay Baskovနဲ့ "Love is Right" လို့အမည်ရတဲ့ စုံတွဲသီချင်းတစ်ပုဒ်ကို စဆိုခဲ့ပါတယ်။ သူမရဲ့ တစ်ကိုယ်တော်ခွေကတော့ (၂၀၁၀)မှာ ထုတ်တာပါ။ သူမရဲ့ တစ်ကိုတော်သီချင်းမှာ ဂီတာတီးတယ်လို့ အင်တာဗျူးတစ်ခုကနေ သိရပါတယ်။ အောက်က သီချင်းအစီအစဉ်လေးကတော့ (၂၀၀၉)ခုနှစ်တုန်းက ရုရှားရုပ်သံအစီအစဉ်တစ်ခုမှာ  "Felicità" လို့အမည်ရတဲ့ အီတလီစုံတွဲသီချင်းကို Nikolay Baskovနဲ့ ဆိုထားတာပါ။ မြန်မာလို  "ပျော်ရွှင်ခြင်း"လို့ အဓိပ္ပါယ်ရပါတယ်။( Fedorova ဟာ သီချင်းဆိုတာတော့ သိပ်မကောင်းပါဘူး။ )



 
(2) Charity Work
Fedorovaဟာ မယ်တစ်ယောက်ဖြစ်တာကြောင့် charityလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပါတယ်။ သူမဟာ ( ၂၀၀၄)ခုနှစ်လောက်ကတည်းက ကလေး charity programme တွေမှာ ဝင်ပါခဲ့ပါတယ်။ (၂၀၀၆)ခုနှစ် မေလကတည်းက UNICEFမှာ စဝင်လုပ်ခဲ့ပြီး (၂၀၀ရ)ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့မှာ ရုရှားဖယ်ဒရေးရှင်းရဲ့ သံတမန်ရာထူးကို ရရှိခဲ့ပါတယ်။ ကလေးတွေအတွက် ပရောဂျက်တွေ၊  အများကြီး လုပ်ပေးခဲ့ပါတယ်။ ကမ်ပိန်းတွေလည်း ထောင်ပေးခဲ့ပါတယ်။
(၂၀၀၉)ခုနှစ် အောက်တိုဘာလမှာ ကလေးတွေအတွက် ရုရှားစစ်တပ်နဲ့ Orthodox ဘာသာရေးအသင်းတို့ရဲ့ အကူအညီကိုရယူပြီး "Спешите делать добро!, Hurry to Create Wonders"ဆိုတဲ့ charity ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ပါတယ်။ ဒုက္ခရောက်နေတဲ့ ကလေးတွေအတွက်ပါ။ ဒါပေမဲ့ တာဝန်ထမ်းဆောင်ရင်းနဲ့ ကျဆုံးသွားတဲ့ ရုရှားစစ်တပ်ကစစ်သားတွေနဲ့ ပြည်ထဲရေးကဝန်ထမ်းတွေရဲ့ သားသမီးတွေကို ဦးစားပေးလက်ခံပါတယ်။ ( တကတည်းမှပဲ.. ဒါကြောင့် ရုရှားအစိုးရနဲ့ မြန်မာအစိုးရ မဟာမိတ်ဖြစ်တာ... )  အောက်က ဗွီဒီယို clip လေးကတော့ UNICEF ambassodor အနေနဲ့ စကားပြောထားတာလေးကို ထည့်ပေးထားတာပါ။ ရုရှားလိုပြောတာဆိုတော့ ကိုယ်လည်း နားမလည်ပါဘူး။




(3) Political Activity 

(၂၀၀၃)ခုနှစ်ကနေ (၂၀၀၅)ခုနှစ်ကြားထဲမှာ ရုရှားလူနေမှုဘဝပါတီ ( တိုက်ရိုက်ဘာသာပြန်လိုက်သည် :P) အတွက် မဲလိုက်ဆွယ်ပေးခဲ့ပါတယ်။ (၂၀၀၄)ခုနှစ် သမ္မတရွေးကောင်ပွဲအတွက် အဲ့ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်ပြီး (၂၀၀၃)ခုနှစ်တုန်းကလည်း လူငယ်များအသင်းမှာ တွဲဖက်ဥက္ကဌလို့ သိရပါတယ်။
ပြောရမယ်ဆိုရင်တော့ ပါလေရာငါးပိချက်ပါပဲ။ သူကိုယ်တိုင်ကလည်း ပြောပါတယ်။ ဘဝမှာ ကိုယ်လုပ်လို့ရနိုင်သမျှကို လုပ်ကြည့်သင့်တယ်လို့ အင်တာဗျူးတစ်ခုမှာ ထုတ်ပြောဖူးပါတယ်။ ကျမထင်တာတော့ သူမဟာ civil law နဲ့ ကျောင်းပြီးထားပြီး လူငယ်တွေ၊ ကလေးတွေကို မြေတောင်မြှောက်ချင်ပုံ ရပါတယ်။  ဒါကြောင့်လည့် Missology ကပေးတဲ့ All time gooddess Miss Universe (၅)ယောက်ထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ခဲ့တာနေမှာ။


(4) Marriage Life
Fedorova ဟာ အင်တာဗျူးတော်တော်များများမှာ မိသားစုဘဝကို လိုချင်တယ်၊ မိခင်ဘဝကို ရချင်တယ်လို့ ပြောတတ်ပါတယ်။ (၂၀၀ရ)ခုနှစ် သြဂုတ်လမှာတော့ Philip Toftလို့ အမည်ရတဲ့ ဂျာမန် စီးပွားရေးသမားတစ်ယောက်နဲ့ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ လက်ထပ်ခဲ့ပါတယ်။ 


(၂၀၁၀)ခုနှစ် ဧပြီလမှာတော့ တရားဝင် ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။ ကွာရှင်းပြီးနောက်မှာလည်း အခင်အမင်မပျက် ဆက်ဆံလျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ သူနဲ့တွဲဆိုနေကြအဆိုတော် Nikolay Baskov နဲ့ သူငယ်ချင်းအဆင့်က ကျော်လွန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ (၂၀၁၁)ခုနှစ်မှာတော့ အသက်(၃၈)နှစ်ရှိပြီဖြစ်တဲ့ ရုရှားသမ္မတရုံးက အရာရှိတစ်ဦးဖြစ်သူ Andrey Mikhaylovich Borodin နဲ့ လက်ထပ်ခဲ့ပါတယ်။ Andreyဟာ ရုရှားလက်ဝှေ့ကော်မတီရဲ့ ဒုတိယဥက္ကဌလည်း ဖြစ်ပါတယ်။ 


(၂၀၁၂)ခုနှစ် မတ်လ၊ (၆)ရက်နေ့မှာတော့ Oxana Fedorovaဟာ သားယောကျာင်္းလေးတစ်ဦးကို မော်စကိုမြို့မှာ ဖွားမြင်ခဲ့ပါတယ်။ ကလေးနာမည်ကို Fyodor (Fedor)လို့ ပေးထားပါတယ်။


Fedorovaဟာ ကလေးမမွေးခင်အထိ "Good Night, Children"အစီအစဉ်မှာ ပါဝင်ကပြခဲ့ပြီး ကလေးမွေးပြီးသွားတော့လည်း TV presenter ဆက်လုပ်နေတုန်းပါပဲ။ ဝိတ်ချဖို့တော့ လိုပါပြီ။ :)
2011
2012

(၂၀၁၁)ခုနှစ်မှာ Fedorovaကို Global Beauties က အားလုံးသော Miss Universe ထဲမှာ အလှဆုံးအဖြစ် ရွေးချယ်ခဲ့ပါတယ်။ Missosology ကလည်း တွေ့ဖူးသမျှပြိုင်ပွဲဝင်တွေအားလုံးမှာ Fedorova ရဲ့ Performaceဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ (၂၀၁၂)ခုနှစ်မှာ ရုရှားမှာ poll လုပ်ကြတော့ Oxana Fedorova ကပဲ ရုရှားရဲ့ အလှဆုံးအမျိုးသမီးဆုကို ရသွားပါတယ်။

ဘက်စုံတော်သော၊ အရည်ချင်းရှိသော Oxana Fedorova တစ်ယောက် ဒီထက်အောင်မြင်မှုတွေ ရပါစေလို့ ဆုတောင်းပေးရင်း ဒီပို့(စ်)ကို နိဂုံးချုပ်လိုက်ပါတယ်။
စာကြွင်း။        ။ တကယ်လို့များ သူမရဲ့ ဓါတ်ပုံတွေ ထပ်ကြည့်ချင်တယ်ဆိုရင်တော့ internet ပေါ်မှာ အများကြီး ရှိပါတယ်။ Youtube ပေါ်မှာလည်း အင်တာဗျူးတွေ၊ TV showတွေ၊ MTVတွေ၊ dance show တွေ အများကြီးရှိပါတယ်။ စိတ်ဝင်စားရင် ရှာကြည့်လို့ရပါတယ်။

Thank you for reading this post.
witch83
(21/11/2012; 10:44AM; GMT+8)
To Continue Reading

Oxana Gennadyevna Fedorova (1)

စာရေးသူရဲ့အမှာ

ကျမဟာ Beauty contest တွေ၊ show တွေကြည့်ရတာ နှစ်သက်သူမို့ မယ်တွေအကြောင်းကို စိတ်ဝင်စားပါတယ်။ ဟို..ဒီ လျှောက်ရှာဖတ်ရင်းက ဖတ်ရှုသိရှိမိတဲ့.... တခြားမယ်တွေနဲ့မတူဘဲ တမူထူးခြားတဲ့ Russia အလှမယ်(2001)... Miss Universe (2002) winner.... Oxana Gennadyevna, (Russian: Оксана Геннадьевна Фёдорова , Fedorova Oksana Gennad'yevna Fyodorova)ရဲ့ အကြောင်းကို  ပြန်လည်ဝေမျှချင်ပါတယ်။

ဒါပေမဲ့ ဒီပို့(စ်)ဟာ ပထမဦးဆုံးရေးတဲ့ Biography ဖြစ်ပြီး ဘာသာပြန်နေကြသူ မဟုတ်တာကတစ်ကြောင်း၊ မြန်မာစကားလုံး အသုံးမကြွယ်တာကတစ်ကြောင်း၊ ပြီးတော့... wikipedia site ကလွဲရင် ကျန်တာတွေက ရုရှားဆိုဒ်တွေက data ရှာရတာမို့.. Russian English ကို ဘာသာပြန်ရတာကတစ်ကြောင်းကြောင့် ဖတ်ရတာ ထောက်နေမယ်၊ အမှားအယွင်းလေးတွေ ရှိနေမယ်ဆိုရင် ခွင့်လွှတ်စေချင်ပါတယ်။

နောက်တစ်ခုက Fedorovaရဲ့ information ကို ရှာတဲ့အခါမှာ ဆိုဒ်တစ်ခုနဲ့တစ်ခု ပြောထားတာလေးတွေ မတူပါဘူး။ ပြည့်လည်းမပြည့်စုံပါဘူး။ အများကြီးလျှောက်ဖတ်ပြီး တိုက်ဆိုင်မှ အမှန်ယူထားရတာပါ။ ဒါကြောင့် ဒီ information တွေအားလုံး ၁၀၀%မှန်ချင်မှ မှန်ပါလိမ့်မယ်။

နောက်ဆုံးပြောချင်တာကတော့ ဒီပို့(စ်)ကို နန်းခင်ဇေယျာ ရေပန်းမစားခင်အချိန်ကတည်းက စရေးထားတာပါ။ အခုမှ ရေးလို့ပြီးပါတယ်။ data ရှာလိုက်၊ ဓါတ်ပုံရှာလိုက်၊ ပုံတွေပြင်လိုက်၊ Youtube က ဗွီဒီယိုတွေရှာပြီးကြည့်လိုက်၊ အင်တာဗျူးရှာကြည့်လိုက်၊ စာတွေ ရေးလိုက်၊ စာပြန်ပြင်လိုက်နဲ့ တော်တော့်ကို အားစိုက်ထားရပါတယ်။ အချိန်တွေလည်း အများကြီး ယူထားရပါတယ်။ ဒါကြောင့် ဒီပို့(စ်)ကို ပြန်လည်ဝေမျှတော့မယ်ဆိုရင် ကျေးဇူးပြုပြီး witch83 ကို creditပေးဖို့ တောင်းဆိုပါတယ်။ ကျေးဇူးတင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အမည် : Oxana Fedorova
မွေးနေ့ : 17-Dec-2012
Hometwon : Pskov, Russia
Race/ Religion : Russian Orthodox Christian
Height : 5 ft 10in (178cm)
ပညာအရည်အချင်း : P.hd (Civil Law), St.Petersburg University (MVD University)
P.hd Dissertation : Regulation of Private Detective and Security Activity in the Russian Federation
အလုပ်အကိုင် : Television presenter, အဆိုတော်, ရဲအရာရှိ (retired), former lecturer, actress, UNICEF ambassodor
ရရှိဖူးသည့် Title များ : Miss Russia 2001, Miss Universe 2002 (Dethroned/ Resigned)
Others : Martial Arts expert, Kalashnikov rifle shooter, volleyball palyer, play saxophone & guitar
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 
"လှတဲ့ မိန်းကလေးတွေဟာ မတော်တတ်ဘူး၊ အရည်အချင်း မရှိဘူးတတ်ဘူး"လို့ လူတစ်ချို့  ပြောတတ်ကြပါတယ်။ ဒါကို မှားယွင်းကြောင်း သက်သေပြတဲ့သူတွေထဲက တစ်ဦးကတော့ ၂၀၀၁ခုနှစ်ရဲ့ ရုရှားအလှမယ် Oxana Gennadyevna Fedorova ပဲ ဖြစ်ပါတယ်။

Fedorovaကို (၁၉၇၇)ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့.... ရုရှားနိုင်ငံ၊ Pskov မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး မိခင်ဖြစ်သူနဲ့ မိခင်ဘက်က အဘိုးအဘွားတို့ရဲ့ ပြုစုပြိုးထောင်ခြင်းကို ခံခဲ့ရပါတယ်။ သူမ အသက်(၁၈)နှစ်ပြည့်တဲ့အထိ အဲ့ဒီမြို့မှာပဲ နေထိုင်ခဲ့ပါတယ်။ Fedorova ရဲ့ အပြောအရတော့ သူမရဲ့ မိခင်ဘက်ကအဖိုးအဖွားတွေဟာ သူမအပေါ်မှာ သိပ်ကို ရည်မှန်းချက် မြင့်မားတယ်လို့ သိရပါတယ်။ ( မူရင်းစာထဲမှာတော့ demanding ဖြစ်တယ်လို့ ရေးထားပါတယ်။)
(၅)နှစ်သမီး Fedorova
သူမရဲ့မိခင်ဖြစ်သူဟာလည်း အရမ်းလှတယ်လို့ သိရပါတယ်။ မိခင်က စိတ်ရောဂါကုဆေးရုံမှာ သူနာပြုအလုပ်လုပ်ပြီး ဖခင်က နျူကလီးယားပညာရှင်ဖြစ်ပါတယ်။ သူမ.. (၃)နှစ်သမီးအရွယ်မှာ ကွာရှင်းခဲ့ကြပြီး Fedorovaဟာ ဖခင်ဖြစ်သူရဲ့အကြောင်းကို အဲ့ဒီကတည်းက လုံးဝ မသိရတော့ပါဘူး။ (၂၀၀၅)ခုနှစ်မှာ ဖခင်ဖြစ်သူကို ပြန်ရှာခဲ့ပေမဲ့ သေဆုံးသွားပြီဖြစ်ကြောင်း သိရှိခဲ့ပါတယ်။

Fedorova ရဲ့ ကလေးဘဝတုန်းက မိသားစုပုံ
အသက်ရှစ်နှစ်အရွယ်မှာ comprehensive school ပြီးတော့ secondry police school မှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ အဲ့ဒီ ရဲသင်တန်းကျောင်းမှာတက်နေတုန်းက သူမဟာ သူမတို့ရဲ့ သံစုံတီးဝိုင်းမှာ ဆက်ဆိုဖုန်းတီးခဲ့တဲ့သူ ဖြစ်ပါတယ်။ ကျောင်းဘော်လီဘောအသင်းမှာ ပါဝင်ခဲ့တဲ့သူဖြစ်ပြီး သူမတို့အသင်းဟာ (၁၉၉၅)ခုနှစ်မှာ မြို့ အလိုက်ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ Police academyက ဒီပလိုမာသင်တန်းကို ဂုဏ်ထူးနဲ့ အောင်ပြီးတော့  Pskov လေဆိပ်မှာ စုံစမ်းစစ်စေးသူအဖြစ် (၆)လ အလုပ်လုပ်ခဲ့ပါတယ်။ အဲ့ကနေမှတဆင့် St.Petersburg တက္ကသိုလ်မှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ တက္ကသိုလ်တက်နေတဲ့အချိန်တလျှောက်မှာပဲ Pulkovo ရဲစခန်းမှာ ရဲစုံထောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်။
ရဲစုံထောက် Fedorova
 တစ်ချိန်တည်းမှာဘဲ သူမဟာ မော်ဒယ်အလုပ်ကို စတင် လုပ်ကိုင်လာပြီး အလှမယ်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်လာပါတော့တယ်။ အင်တာဗျူးတစ်ခုမှာ ပြောတာကတော့ သူမကို အမျိုးသမီးတစ်ယောက်က မော်ဒယ်အလုပ်ကိုလုပ်ဖို့၊ မော်ဒယ်သင်တန်းကျောင်းလာတက်ဖို့ လာရောက်ကမ်းလှမ်းပြီး နှစ်ပတ်အကြာမှာ လက်ခံလိုက်တာလို့ဆိုပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူမရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ရဲဝန်ထမ်းတွေဟာ သူမရဲ့အမာခံပရိတ်သတ်တွေ ဖြစ်လာပါတော့တယ်။ (၁၉၉၉)နှစ်မှာတော့ သူမတို့ တက္ကသိုလ်ရဲ့ အလှမယ်.. Miss St.Petersburg (1999)ဆုအပြင် Miss Kakoagathia 1999 ဆုကိုပါ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Miss Fitness, Miss Fortune ဆုတွေကို ရရှိခဲ့ပြီး ၂၀၀၁ခုနှစ်မှာတော့ Miss Russia ဘွဲ့ ကို ရရှိခဲ့ပါတယ်။

ရေကူးဝတ်စုံနဲ့ အလှကြီးလှနေတဲ့ Oxana Fedorova

ပညာရေးဘက်ကို ပြန်ပြောရမယ်ဆိုရင်တော့... သူမဟာ (၂၀၀၀)ခုနှစ်မှာ ရွှေတံဆိပ်ဆုနဲ့ ဘွဲ့ရခဲ့ပြီး အဲ့ဒီ St.Petersburg (MVD Universtiy)မှာပဲ ဘွဲ့လွန်ဆက်တက်ခဲ့ပါတယ်။  ဘွဲ့ လွန်တက်ရင်း dissertation ရေးနေတဲ့အချိန်အတွင်းမှာ.... သူမဟာ အဲ့ကျောင်းမှာပဲ နည်းပြပြန်လုပ်ပြီး civil law ဘာသာကို ပြန်လည်ပို့ချခဲ့ပါတယ်။ သူမရဲ့ PHD ဘွဲ့ အတွက် "ရုရှားဖယ်ဒရေးရှင်းရဲ့ လျှို့ဝှက်စုံထောက်တွေလိုက်နာရမဲ့ နည်းဥပဒေနဲ့ ကာကွယ်စောင့်ရှောက်ရေး လမ်းစဉ်များ"ဆိုတဲ့စာတမ်းကို ပြုစုခဲ့ပါတယ်။

အဲ့ဒီနှစ်ပိုင်းတွေဟာ သူမရဲ့ အောင်မြင်မှုသရဖူဆောင်းမဲ့လမ်းကြောင်းကို လျှောက်လှမ်းနိုင်စေဖို့ရဲ့ လမ်းစပဲလို့ ရုရှားပြည်သူတွေက ဆိုပါတယ်။ သူမကိုယ်တိုင်ကလည်း (၂၀၁၀)ခုနှစ်လောက်တုန်းကဖြေခဲ့တဲ့ အင်တာဗျုးတစ်ခုမှာ "ကျမဟာ လွန်ခဲ့တဲ့ (၈)နှစ်လောက်တုန်းကမှ လူသိများခဲ့တာပါ။ အဲ့မတိုင်ခင်တုန်းကတော့ ရိုးရှင်းတဲ့မိန်းကလေးမှသာ ဖြစ်ပါတယ်။ မော်ဒယ်အလုပ်ကမ်းလှမ်းခံရပြီးမှ ဒီလို ပြောင်းလဲခဲ့တာ"လို့ ဆိုပါတယ်။ ဒီ (၂၀၀၂/ ၂၀၀၃)ဝန်းကျင် ကာလတွေဟာ သူမဘဝကို တစ်ဆစ်ချိုး ပြောင်းလေစေခဲ့တာပါပဲ။
(Fedorova ရုရှားမယ် ပြိုင်ပွဲဝင်နေတဲ့အချိန်ကို တွေးကြည့်ရင် တော်တော်ဟော့ခဲ့မယ် ထင်ပါတယ်။ တက္ကသိုလ်ရဲ့မယ်ဘွဲ့ကို  (၁၉၉၉)မှာရပြီး (၂၀၀၀)မှာ gold medal နဲ့ graduate ဖြစ်။ ဘွဲ့ လွန်ဆက်တက်ရင်း တက္ကသိုလ်က ဆရာမလုပ်။ သူ... Miss Russia ဝင်ပြိုင်နေတဲ့အချိန်မှာ တက္ကသိုလ်ရဲ့ အလှမယ်ဟောင်းအနေနဲ့ အားပေးကြမဲ့ ကျောင်းနေဖော်၊ကျောင်းနေဖက်တွေ၊ ကိုယ့်ဆရာမအချောအလှလေးကို ဝိုင်းအားပေးကြမဲ့ တက္ကသိုလ်ကျောင်းသားတွေ၊ သူ့ရဲ့ အမာခံပရိတ်ဖြစ်တဲ့ လုပ်ဖက်ကိုင်ဖက်ဟောင်းတွေ .... အင်း... တော်တော်ကို ဝက်ဝက်ကွဲ အားပေးကြမယ်ထင်တယ်နော်။ Miss Myanmar 2012, နန်းခင်ဇေယျာကိုအားပေးတဲ့သူတွေနဲ့ ဘယ်သူက ပိုသာမလဲတွေးမိသေး။ အဟေး။ :P )

Fedorova ဟာ Miss Russia 2001 ဘွဲ့ ကို ရခဲ့ပေမဲ့ Miss Universe ပွဲကို သွားပြိုင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့် first runner-up ဖြစ်တဲ့ Oxana Kalandyrets က သွားပြိုင်ခဲ့တယ်လို့ သိရပါတယ်။၂၀၀၂မှာမှ သွားပြိုင်ပြီး  ရုရှားနိုင်ငံအတွက် ပထမဦးဆုံးသော Miss Universe (2002)ဆုကို ဆွတ်ခူးပေးခဲ့ပါတယ်။



သွားမပြိုင်မီ
Fedorova ဟာ ဒီ ၂၀၀၂ခုနှစ် Miss Universe အတွက် သွားပြိုင်တာတောင် case တက်လိုက်ပါသေးတယ်။ Fedorova သွားပြိုင်မှာလား၊ မပြိုင်ဘူးလားဆိုတာ နောက်ဆုံးနေ့ရောက်တဲ့အထိတောင် မသေချာသေးပါဘူး။ ဘာလို့လည်းဆိုတော့ မေလ holidays ကြောင့် စာရွက်စာတမ်းတွေ မပြည့်စုံဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း Miss Universe 2002 လက်ခံကျင်းပပေးတဲ့ Pureto Rico က သူမကို ဗီဇာမထုတ်ချင်ခဲ့ပါဘူး။ အဲ့ဒီအတွက်ကြောင့် Fedorovaဟာ ပြိုင်ပွဲကို (၄)ရက်တိတိနောက်ကျပြီးမှ ဝင်ပြိုင်ရပါတယ်။ ဒီလိုနောက်ကျတဲ့အတွက်ကြောင့် Miss Universe Comitte လည်း အစည်းအဝေးထိုင်ပြီး ခေါင်းချင်းရိုက်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ပေးပြိုင်လိုက်ပါတယ်။ အကယ်၍သာ Fedorovaဟာ နောက်ထပ်တစ်ရက် နောက်ကျခဲ့မယ်ဆိုရင် သူမဟာ ဒီ Miss Universe ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

Miss Universe Competition
ပြိုင်ပွဲဝင်ခွင့်ရသွားပြီးတဲ့နောက် swimming suits ပြိုင်ပွဲမှာ သူမကို ဒိုင်တွေက 10မှတ် မှာ 9.88 ပေးပါတယ်။ ဒါဟာ Miss Universe ပြိုင်ပွဲတွေမှာပါမက တခြား beauty pageants ပြိုင်ပွဲတွေအားလုံးရဲ့ swimwear competitionမှာ စံချိန်အမြင့်ဆုံးပါပဲ။ သူမဟာ ကိုယ်လုံးလှတဲ့အပြင် Atheletic ပါ ဖြစ်ပါတယ်။ တော်တော်လေးကို ကျစ်ကျစ်လစ်လစ် ရှိပါတယ် (ဒါက ကိုယ့်အမြင် )။ ။  2002 ရဲ့ evening gown section မှာလည်း ပြိုင်ပွဲဝင်တွေအားလုံးကြားမှာ Fedorovaကပဲ 9.64နဲ့ အမှတ်အများဆုံး ရသွားခဲ့ပါတယ်။
(၂၀၀၂)ခုနှစ်မှာ နာက်ဆုံး top 5 ဝင်သွားသူတွေကတော့ "Miss South Africa", "Miss China", "Miss Venezuela, "Miss Panama" နဲ့ "Miss Russia"တို့ပဲ ဖြစ်ပါတယ်။ 

Miss Universe 2002, Top-5

ဒီငါးယောက်လုံးကို မင်းကို.. ဘယ်အရာက ရှက်သွေးဖြာစေသလဲ ( What makes you blush?)လို့ မေးပါတယ်။ တခြားမယ်တွေဖြေတာ ပေါက်ကရတွေလိုပါပဲ။ ဒါပေမဲ့ စိတ်လှုပ်ရှားနေလို့လဲ ဖြစ်နိုင်ပါတယ်။ Miss South Africa ဖြေတာတော့ မဆိုးပါဘူး။
Fedorova ဖြေပုံလေးက တိုတိုလေးပါပဲ၊ ရိုးလည်းရိုးပါတယ်။ "အမှားတွေပြောမိတဲ့အချိန်မှာ ကျမ ရှက်သွေးဖြာပါတယ်"တဲ့။ ( "I blush when I say wrong things") ဒါပေမဲ့ ထူးခြားတာက မဖြေခင်မှာ ရှက်ပြုံးလေးပြုံးပြီး .. သာသာလေးရယ်လိုက် ပါတယ်။ ဒီစကားကိုပြောပြီးချိန်မှာတော့.. သူမမျက်နှာမှာ ရှက်သွေးဖြာသွားတာပါပဲ။ လူတွေ ပြောစမှတ်ပြုစေလောက်အောင်ကို ချစ်ဖို့ကောင်းလွန်းပါတယ်။ အောက်မှာ ဗွီဒီယိုလေး ချိတ်ပေးထားပါတယ်။ ကြည့်ကြည့်ပါ။ 

 

Oxana Fedorova ရဲ့ Miss Universe 2002 ပြိုင်ပွဲဝင်ပုံတွေကို ဖြတ်ပြီးစုပေါင်းထားတဲ့ Youtube Clip လေးပါ။ Euro Asia နေရာကလူမို့ Miss Universe 2001 နဲ့ ပါးသုံးခါကပ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ကို ချစ်မိပါတယ်။ presenter နှစ်ယောက်က သူ့ကို သဘောကျကြတယ်ဆိုတာလည်း ဒီ movie clip လေးမှာ ပေါ်လွင်ပါတယ်။ ပွဲကြည့်ပရိသတ်ကလည်း တော်တော် အားပေးကြပါတယ်။ Miss Universe ဆုကို ကြေငြာပြီးလို့ သူ..အံ့သြဝမ်းသာဖြစ်နေပုံလေးကလည်း ချစ်စရာလေးပါ။ "Oh my god, Oh my god" ဆိုပြီး ရွတ်နေပါတယ်။ 

with other pageants
Last 3 Beauties ( L --> R, Panama, China, Russia)
Are you ready? (Panama & Russia)

After crowning
Miss Universe 2002ဆုကို ရခဲ့တဲ့အတွက်ကြောင့် Fedorovaဟာ Miss Universe Comitte ကအပြင် ရုရှားနိုင်ငံကပါ လက်ဆောင်တွေ၊ ဆုတွေ အများကြီးရခဲ့ပါတယ်။ နာမည်ထင်ရှားတဲ့ ရုရှား အရုပ်ဒီဇိုင်နာ Helen Yarmak ကလည်း Fedorovaအတွက် အရုပ်လုပ်ပေးခဲ့ပါသေးတယ်။
Fedorovaဟာ  ၂၀၀၂ခုနှစ်ရဲ့ စကြာဝဠာ အလှမယ်အနေနဲ့ ပြင်သစ်၊ အီတလီ၊ ကင်ညာ၊ ကနေဒါ၊ ဂရိ၊ ပနားမား၊ အင်ဒိုနီးရှားနဲ့ ပူရေတိုရီစတဲ့ နိုင်ငံများကို သွားခဲ့ပါတယ်။ ကင်ညာကို အေအိုင်ဒီအက်(စ်)ရောဂါသည်များနဲ့ မိဘမဲ့ကလေးများအစီအစဉ်အတွက် သွားတာဖြစ်ပါတယ်။

Panama Visit
Africa visit
Africa visit
Indonesia visit
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ Fedorova ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့သတင်း ထွက်လာပါတော့တယ်။

အပိုင်း(၂)ဆက်ပါမယ်။ ပို့(စ်)က တအား ရှည်သွားလို့ပါ။ ဒီနေ့ပဲ ပြီးအောင် တင်ပေးမှာပါ။း)
Thank you for reading this post.
witch83
(21/11/2012; 10:29 AM ;GMT+8)

Reference
1. http://en.wikipedia.org/wiki/Oxana_Fedorova
2. http://www.missosology.org/
3. http://www.mademan.com/chickipedia/oxana-fedorova/
4. http://persona.rin.ru/eng/view/f/0/30161/oxana-fedorova
5. http://kimguarnes.wordpress.com/2008/09/11/on-spotlight-oxana-fedorova-2/
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer