" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

June 10, 2009

UCSY ကျောင်းသားဟောင်းများ၏ တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဧ။် 1st batch မှ 15th batch အထိ ကျောင်းသားကျောင်းသူဟောင်းများဧ။် တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ဇူလိုင်လတွင် ကျင်းပမည်ဖြစ်ပါ၍ အလှူငွေများ ထည့်ဝင် လှူဒါန်းနိုင်ပါသည်။

For more information, click here.
To Continue Reading

June 05, 2009

သင့်မှာစိတ်ဖိစီးမှုဘယ်လောက်ရှိလဲ


သင့်မှာစိတ်ဖိစီးမှုဘယ်လောက်ရှိလဲ .....

အရမ်း အရမ်းရှည်တဲ့ အုန်းပင်တစ်ပင် နဲ့ မျောက်အမျိုးအစား လေးကောင်ရှိသတဲ့ ...
ကင်းကောင် ၊ မျောက်ဝံ ၊ အော်ရင်အူတန် (လူ့ဦးနှောက်နီးပါး ရှိသောမျောက်)၊ မျောက်ငယ် ....
သူတို့တွေက အဲဒီအပင်မှ ငှက်ပျောသီးကို အမြန်ဆုံး ဘယ်သူခူးနိုင်မလဲလို့ ယှဉ်ပြိုင်ကြတယ် ..သင်ကောဘယ်လိုထင်လဲ .. ဘယ်မျောက်က အနိုင်ရမလဲဆိုတာ ..သေချာ စဉ်စားပြီး seconds 30 အတွင်း ဖြေကြည့်နော် ....

ကဲ..အောက်မှာ အဖြေကို ကြည့်လိုက်နော် ... = )

သင့်အဖြေက ...အော်ရင်အူတန် ဆိုရင် = သင်စိတ်ဖိစီးမှု တွေရှိနေပြီ ..
မျောက်ဝံ ဆိုရင် = သင်အနားယူဖို့ လိုအပ်နေပြီ ...
မျောက်ငယ် ဆိုရင် တော်တော်ကြီးကို မှားနေပြီ .. စိတ်ရောဂါကုဆေးရုံသွားသင့်ပြီနဲ့တူတယ် ...
ကင်းကောင် ဆိုရင် သင် တစ်နှစ်လောက် ကောင်းကောင်း အနားယူသင့်ပြီ ...

ဘာဖြစ်လို့လဲဆိုတော့ .... အုန်းပင်ပါဆိုမှ ဘယ်ကဌက်ပျောသီးက ရှိရမှာလဲ ...

To Continue Reading

June 04, 2009

အချစ်မှာကံကောင်းစေဖို့

သင်ဟာ အသည်းတွေခဏခဏ ကွဲနေတဲ့လူလား ? ပျော်ရွှင်နေတဲ့အချစ်ရေးကို ဒီထက်ပိုပြီးပျော်အောင် ဖန်တီးချင်လား?အချစ်မှာကံကောင်းစေဖို့  မသိလိုက်တဲ့လှိျု့ဝှက်တဲ့ အဆောင်လေးတွေ ရှိပါတယ်။ ကဲ....လေ့လာကြည့်ကြမယ်နော်။

(၁)နားလည်မှုအချစ်။
လူတွေဟာ အချစ်နဲ့ တွေ့ ရင် အရည်ပျော်သွားတတ်ကြသလို ၊ စိုးရိမ်ပူပန်မှုတွေလည်းရှိလာတတ်ကြတယ် ။အဲဒါက အပြစ်တော့မဟုတ်ပါဘူး ။သဘာဝထဲက သဘာဝတစ်ခုပဲလေ ။အဲ့ဒီတော့ အထူးသတိထားရမယ့် အချက်က လက်ရှိအချစ်မှာ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ပါပဲ။caseတစ်ခုဖြစ်လာပြီဆိုရင် နှစ်ဦးနှစ်ဘက် မျှတွေးပေးပါ။သင့်ရဲ့ စိုးရိမ်ပူပန်မှု ၊ သ၀န်တိုမှုတွေကြောင့် တစ်ဖက်သားအတွက် ကြောက်လန့် စိုးရွံစရာတွေ မဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။ပြီးတော့ နောက်တစ်ခုက သင်ကသူ့ ကိုချစ်ပါလျက်နဲ့ အေးစက်စက် အပြုအမူတွေ အပြောအဆိုတွေကြောင့်သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦး လမ်းခွဲလိုက်ကြတယ်ဆိုတဲ့ အဖြစ်မျိုးတွေ မကြုံရအောင် လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ နားလည်မှု ဆိုတဲ့ အရာလေးပါ တစ်ပါတည်း မွေးဖွားပေးလိုက်မယ် ဆိုရင်တော့ ပိုပြီးပျော်ရွှင်နိုင်လိမ့်မယ်ထင်ပါတယ်နော်။

(၂)မျက်မြင်ကိုယ်တွေ့ မှယုံပါ။
ချစ်သူနှစ်ဦးကြားမှာ ပြသနာတစ်ခုဖြစ်ပြီဆိုရင် ကြားစကားတွေကိုဘယ်တော့မှမယုံမိပါစေနဲ့ ။ကြားစကားတွေနဲ့ လည်း ချစ်သူကို စကားနာမထိုးမိပါစေနဲ့ နော် ။သင်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ ၁၀၀%မယုံမိပါစေနဲ့။တစ်ကယ်လို့ အဲ့ဒီအဖြစ်တွေဟာ အမှန်တွေဖြစ်ခဲ့မယ်ဆိုရင် သင်ထံမကြာမီရောက်လာမှာပါ။ သင့်ဘက်ကသာ အစစ်အမှန်တွေပေးခဲ့မယ်ဆိုရင် စစ်မှန်တဲ့ အကြောင်းအရာတွေကိုကံတရားက သင့်အတွက်ချန်ထားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြစ်မလာသေးတဲ့ ပြသနာတွေကိုတွေးပြီင်္းစိတ်ပူမနေပါနဲ့ ။ သင်ဟာနဂိုကတည်းက သံသယ များတတ်တယ်ဆိုရင်တော့ အစကတည်းကသင်သိချင်တဲ့ အကြောင်းအရာတွေကို အားမနာစတမ်းမေးထားပါ ။ သူဘယ်အချိန် ဘယ်နေရာမှာရှိနေမယ်ဆိုတာကို ဇယားချထားပါ ။ နှစ်ဦးနှစ်ဘက်မညာစတမ်း ပွင့်ပွင့်လင်းလင်းစကားပြောထားပါ ။ဒါကြောင့် အရေးမကြီး တဲ့စွပ်စွဲချက်တွေကို ရှောင်ရှားဖို့  အစကတည်းက နှစ်ဦးကြားမှာ ပွင့်လင်းမှုတွေနဲ့ ပိတ်ပင်ထားပါ။

(၃)တိုက်ဆိုင်မှု တွေနဲ့ အချစ်အဓွန့် ရှည်ပါစေ။
အချစ်ကို တွေ့ ရှိပြီးနောက် ကိုယ့်ဆီကထွက်မသွားစေဖို့  ချစ်သက်တမ်းတစ်လျှောက် အံ့သြမှုလေးတွေ ၊တိုက်ဆိုင်မှုလေးတွေ နဲ့ ချစ်သက်တမ်းလေးဆွဲဆန့် ကြည့်ပါ ။သင့်အတွက် နေ့ စဉ်အလုပ်တွေ လုပ်နေရင်းနဲ့ တောင်တိုက်ဆိုင်မှုလေးတွေ ရှိအောင် ဖန်တီးနိုင်ပါတယ်။ ဒီနေ့ သူဝတ်ထားတဲ့ အင်္ကျီအရောင်နဲ့  သူဝတ်ထားတဲ့အင်္ကျီအရောင်လေးတွေကအစစားသောက်မှုလေးတွေ ၊အကြိုက်လေးတွေ အဆုံး နေ့စဉ် စကားပြောတိုင်း တိုက်ဆိုင်ကြည့်ပါ ။ သင်ဟာသူ့ ကိုတကယ်ချစ်ရင် အနေဝေးနေပေမဲ့  အနီးမှာရှိနေသလို ခံစားရပါလိမ့်မယ် ။ ဒါပြင် သင်သိပ်ကြိုက်တဲ့ မင်းသား ၊ မင်းသမီး ၊အစားအစာ ၊ ရုပ်ရှင် ၊ အရောင် စသည်ဖြင့် သူ့ ကိုပြောပြထားပါ ။ သူရဲ့ အကြိုက်လေးတွေကိုလည်း မေးပြီးမှတ်သားထားပါ။ အံ့သြစေမဲ့ အကြောင်းအရာလေးတွေကိုလည်း မှတ်သားထားပါ ။ တစ်ခါတစ်ရံ တစ်ဘက်သား မမျော်လင့်တဲ့  နေရာမျိုးတွေဆီကနေအံ့သြစရာ အဖြစ်အပျက်တွေ နဲ့ စကားအဆန်းလေးတွေကို ကြိုးစားပြီးဖန်တီးပြပါ။ အချစ်ဆိုတဲ့ အရာက မြေပြင်လို ငြိမ်သက်နေတာထက် လှိုင်းကြပ်ခွပ်လေးတွေလို လှုပ်ရှားမှုလေးတွေ ရှိနေမှ ပျော်ရွှင်စရာကောင်းမှာပေါ့ ။ ဟုတ်ဘူးလား။


(၄)အလေ့အကျင့်လေးတွေနဲ့ ရှေ့ ဆက်ပါ။
သင်တို့ နှစ်ယောက်ရဲ့ အချစ်တွေကို ဘယ်သူမှ့ အသိအမှတ် မပြုပေးရင်တောင် သင်တို့ နှစ်ယောက်ကြားက အချစ်တွေဘယ်တော့မှမပြယ်ပါစေနဲ့ ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ယခုထိဆက်ချစ်နေသေးတဲ့ သင်တို့နှစ်ယောက်ရဲ့  ရဲရင့်မှုတွေကိုဂုဏ်ယူပေးပါ ။ဒီအလေ့အကျင့်လေးတွေကို သင်တစ်ယောက်တည်း မဟုတ်ဘဲ နှစ်ယောက်စုံစုံညီညီနဲ့  အချစ်မှတ်တိုင်နေ့ ရက်ကလေးတွေမှာ ကျင်းပပေးပါ ။ ဒီလိုအလေ့အကျင့်လေးတွေကို ဖန်တီးတဲ့အခါ ပျော်ပျော်ရွင်ရွင် နက်နက်နဲနဲဖန်တီးပြပါ။ ချစ်သက်သေတွေပြပြီးတဲ့အခါ သင့်ရဲ့ လုပ်ဆောင်မှုအတွက် အပြုံးတစ်ပွင့်နဲ့  ဂုဏ်ပြုတဲ့ အကျင့်ကို အမြဲရယူပါ ။ ချစ်သူရဲ့ အပြုံးတစ်ပွင့်ဟာ ရှေ့ ဆက်ရမယ့် ချစ်သက်တမ်းအတွက် အားအင်အသစ်တွေ နဲ့ နွေးထွေးမှုတွေကို အပြည့်အ၀ပေးနိုင်တဲ့ စိတ်ခွန်အားပေး တဲ့ ဖန်တီးမှုလေးတစ်ခုပါ ။


(၅)လက်တွဲဖော်မှန်ပါစေ။
သင်ရွေးချယ်တဲ့သူဟာ အချိန်တိုင်းသင့်ကို လိုအပ်နေတယ် ။ သင့်အတွက် ဘယ်အရာမဆို ပြောင်းလဲပစ်ဖို့ အဆင်သင့်ရှိသူလား။ အချစ်ကံကောင်စေဖို့  ၊ အချစ်မှာပျော်ရွှင်ဖို့ အတွက် အခြားလိုအပ်မှုပေါင်းများစွာကို ထည့်စဉ်းစားဖို့ တော့လိုအပ်ပါတယ်။ လောကကြီးထဲမှာရှိတဲ့ လူသားတွေရဲ့ ဘ၀မှာ အရာတိုင်းက ပြည့်စုံနေတယ် ဆိုတာတော့မရှိပါဘူး ။ လိုအပ်ချက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။ဒါပေမဲ့ အချစ်စစ်သမားအတွက်တော့ အရာရာဖြည့်ယူမယ် ၊ နားလည်မှုတွေပေးမယ် ၊ညှိနှိုင်းကြမယ် ဆိုတဲ့ ပန်းတိုင်ကို မျှော်လင့်နိုင်ပါတယ် ။ဆင်ခြေတွေကို အမြဲမပေးပါနဲ့  ။လက်ရှိအခြေအနေတွေကို ရိုးသားပါ။ ကိုယ်ကလည်း အစစ်အမှန်ကို ရချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အစစ်အမှန်တွေ ပေးမှဖြစ်မှာပေါ့ ။ဟုတ်ဘူးလား။ သင့်စိတ်ထဲမှာ သူမှတစ်ပါး အခြားသူကို ပေးဆပ်ဖို့  ဘယ်တော့မှမစဉ်းစားပါနဲ့  ။ဒါကိုလည်း သူသိအောင်လုပ်ပါ။ သင်တို့ နှစ်ဦင်္းကြားက စစ်မှန်မှုတွေကို ထုတ်ဖော်လေလေ ယုံကြည်မှုတွေ ခိုင်မြဲလေလေ ဖြစ်လာပါလိမ့်မယ် ။

တောင်းပန်ချက် ။ ။သူများရေးထားတာလေးတွေပါ ။ချစ်သူတွေ မှတ်ထားသင့်တယ်ထင်လို့ တင်ပေး လိုက်တာပါ။ ရေးထားသူကိုယ်တိုင် ဒီဘလော့ကိုဖတ်မိတယ်ဆိုရင်လည်း ခွင့်လွတ်ပေးဖို့ တောင်းပန်ပါတယ်။ အများသိစေချင်တဲ့စေတနာနဲ့ ပါ ။http://toiletwall.ning.com/profiles/blogs/2387570:BlogPost:671233

င်္Forever friends ထဲက postလေးကို original အတိုင်း တင်ပေးလိုက်ပါတယ်။ link ကတော့ ဒီမှာပါ။
အကြိုက်ဆုံးအချက်ကတော့ နံပါတ် (၂) နဲ့ (၃) ပါ။ ကျွန်မလည်း အဲလိုမျိုးဖြစ်အောင် ကြိုးစားလိုက်ပါဦးမယ်။ :P
To Continue Reading

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer