" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

December 31, 2012

၂၀၁၂ မှသည် ၂၀၁၃ဆီသို့


Photo Source; ASEAN community

နှစ်သစ်အတွက် ပါးချင်တဲ့ စကား :)
ဒီကနေ့ဟာ.. (၂၀၁၂)ခုနှစ်ရဲ့နောက်ဆုံးနေ့လေးဖြစ်ပြီး.. မနက်ဖြန်ဆို (၂၀၁၃)ခုနှစ်ကို ရောက်ပါတော့မယ်။ (၂၀၁၂)ခုနှစ်အတွက် နောက်ဆုံးပို့(စ်)လေးကို ရေးမယ်ဆိုပြီး  ပုံတွေရှာတော့ ဒီပုံလေးကို အကြိုက်ဆုံးပါပဲ။  ဒါကြောင့် ဒီပုံလေးကိုပဲ ဒီပို့(စ်)အတွက် သုံးလိုက်ပါတယ်။

ပုံထဲကအတိုင်း (၂၀၁၂) ကုန်သွားပေမဲ့၊ ပျက်သွားပေမဲ့.. ဒီနှစ်ထဲမှာ... ကျမတို့ ဘာတွေလုပ်ခဲ့တယ်ဆိုတာကတော့ မပျောက်ပျက်သွားပါဘူး။ ဒါကို သမိုင်းလို့ ခေါ်ပါတယ်။ ကျမတို့အားလုံးဟာ တကယ်တော့ "ကိုယ့်သမိုင်းကိုယ်ရေးနေကြသူများ" သာ ဖြစ်ကြပါတယ်။ သမိုင်းစာအုပ်မှာ ထင်ကျန်ခဲ့သူများတော့ ဖြစ်ချင်မှ ဖြစ်မှာပါ။ ဒါပေမဲ့.. ကိုယ့် မိသားစုဝင်များ၊ နောင်လာနောက်သားများအတွက်.. အနည်းဆုံး ကိုယ့်ကိုကိုယ်အတွက်.. ဒီလောကကြီးက မထွက်သွားခင်အချိန်မှာ... နောင်တ နည်းနိုင်သမျှနည်းသော.. " ကောင်းမွန်သောသမိုင်း "များကို ရေးနိုင်၊ ချန်ထားနိုင်သူများ ဖြစ်ကြပါစေ။

နောက်တစ်ခုက.. နှစ်ဟောင်းကုန်သွားပေမဲ့ နှစ်ဟောင်းမှာလုပ်ခဲ့တာတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ရှေ့ နှစ်တွေမှာ ခံစားရမှာပါ။ ဒါကြောင့် (၂၀၁၂)မှာ ကိုယ်လုပ်ခဲ့သမျှကို ပြန်လည်ဆန်းစစ်ပြီး (၂၀၁၃)မှာ.. သူပြီးရင် လာမဲ့ရှေ့နှစ်တွေအတွက် ပြင်ဆင်နိုင်ကြပါစေ။

နောက်ဆုံးအနေနဲ့ကတော့ အရင်ကပို့(စ်)တွေမှာ.. ပြောထားတာလေးပဲ စကားပြန်ပါးပါရစေ။
အဲဒါကတော့ သူများတွေကို.. ဝေဖန်အပြစ်တင်တာတွေလျှော့ပြီး "မိမိကိုယ်ကို ကောင်းအောင် အရင် ကြိုးစားကြပါ။"..လို့။ ကိုယ်ကောင်းပြီးနောက်တော့.. ပတ်ဝန်းကျင်ကောင်းဖို့ ကြိုးစားပါ။ အားလုံး ဒီလိုပဲ ကောင်းကြရင်.. တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး ကောင်းသွားမှာပါ။ ဒါကြောင့် မိမိနဲ့မိမိပတ်ဝန်းကျင် ကောင်းမွန်အောင် အရင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ လူမျိုးအတွက်၊ နိုင်ငံအတွက်.. ဒါတွေက နည်းနည်းဝေးပြီး အလှမ်းကျယ်ပါတယ်။ မိမိနဲ့ မိမိပတ်ဝန်းကျင်ကို ကောင်းအောင် အရင် ပြုပြင်ပါ။ အားလုံးက .. ဒီလို ကြိုးစားကြမယ်ဆိုရင် တစ်နိုင်ငံလုံး ကောင်းသွားပါလိမ့်မယ်။

နှစ်သစ်လက်ဆောင်
ဘလော့မိတ်ဆွေတွေနဲ့ စာဖတ်သူတွေ သတိထားမိလားတော့ မသိပါဘူး။ ပြီးခဲ့တဲ့ (၄)၊ (၅)ရက်လောက်တုန်းကတည်းက ... နှစ်သစ်လက်ဆောင်ဆိုပြီး Note Gadget လေးတစ်ခုကို side bar ပေါ်မှာ တင်ထားပါတယ်။ ဆရာမောင်သစ်ဆင်းရေးတဲ့ "ကြောက်စိတ်" ဆိုတဲ့ဆောင်းပါးလေးကို ဝေမျှထားတာပါ။ သိပ်ကိုကောင်းပြီး ဖတ်သင့်တဲ့ ဆောင်းပါးလေးမို့ ဖတ်ကြည့်ကြပါဦး။ :)

ကျမနဲ့ (၂၀၁၂)ခုနှစ်
နှစ်ကုန်ပိုင်းမှာ မေမေ.. နေမကောင်းဖြစ်တာမို့ စိတ်နည်းနည်း ရှုပ်ရတာရယ်၊ ဒီဇင်ဘာလဆန်းမှာ... ခါးနာ.. ခါးနာပြီး ပျောက်သွားတော့.. flu ဖြစ်.. flu ပြီးတော့ အစာအိမ်နာ.. နောက် X'Mas ရောက်ခါနီး.. တစ်ယောက်တည်း ဖြစ်နေလို့ စိတ်မကြည်လင်ခဲ့တာရယ်ကလွဲရင်...
(၂၀၁၂)ခုနှစ်ဟာ ကျမအတွက် ကောင်းတဲ့နှစ်တစ်ခုလို့ ပြောလို့ရပါတယ်။
  • မိသားစုကို ကောင်းကောင်း ထောက်ပံ့ခွင့်ရတဲ့နှစ်၊ လုပ်ပေးစရာရှိတာတွေ လုပ်ပေးနိုင်တဲ့နှစ်မို့ ကျေနပ်မိပါတယ်။
  • ညီမရဲ့ မင်္ဂလာဆောင်ကြောင့် ဇူလိုင်လမှာ ပျော်ဖို့ကောင်းတဲ့ ခရီးတစ်ခုကို သွားခဲ့ရပြီး.. နိုဝင်ဘာလမှာလည်း ရန်ကုန်ပြန်ခဲ့ရတဲ့အတွက်လည်း ပျော်ပါတယ်။ 
  • ဇူလိုင်လမှာ မမျှော်လင့်ဘဲ.. လခတိုးသွားတဲ့အတွက်လည်း တော်တော် ပျော်ပါတယ်။
  • နောက်ပြီး ပြန်ဆပ်စရာမလိုသေးပေမဲ့ NTU school loan ကို ဇန်နဝါရီလကစပြီး installment repayment plan ကို အကောင်အထည်ဖော်ခဲ့တဲ့ အတွက် ခုဆို (၃)ပုံ(၂)ပုံလောက်ကို ကျေသွားပါပြီ။ အဲ့ဒီအတွက်လည်း အရမ်းကို ကျေနပ်ပါတယ်။ =)
    ( ဒီနေရာမှာ NTU က သူငယ်ချင်းတွေကို တစ်ခု ပြောချင်ပါတယ်။ School loan ဟာ ဘွဲ့ရပြီး (၂)နှစ်ကြာရင် စဆပ်ရပါတယ်။ တစ်လကို အနည်းဆုံး S$100 ဆပ်ရပါတယ်။ သတ်မှတ်ထားတဲ့ အချိန်အတွင်း မဆပ်ရင် အနောက်က လိုက်လာပါလိမ့်မယ်။ နောက်ပြီး ပိုက်ဆံကို မဆပ်ဘဲ ရန်ကုန်ပြန်သွားတာတို့၊ ရှောင်နေတာတို့ကိုလည်း မလုပ်စေချင်ပါဘူး။ နောက်ကလူတွေ ပိုက်ဆံ ချေးမရဘဲ ဖြစ်နေပါဦးမယ်။ နောက်တစ်ခုက (၂)နှစ်ကြာမှာ စဆပ်ရတာဆိုပေမဲ့ အတိုးကတော့ ဘွဲ့ရတဲ့နေ့ကတည်းက စတက်နေပါပြီ။ တခြားဘဏ်တွေကတော့ ဘယ်လောက်မှန်းမသိပေမဲ့ OCBC ကတော့ ၄.၇၅%ပါ။ ဘွဲ့ရတဲ့နေ့ဆိုတာကလည်း convocation date မဟုတ်ပါဘူး။ conferrment letter ရတဲ့နေ့ပါ။ အဲ့ဒီတော့ မြန်မြန် ပြန်ဆပ်လေ.. ကောင်းလေပါပဲ။ များသောအားဖြင့် မြန်မာကျောင်းသား အတော်များများဟာ ဒါကို မသိကြပါဘူး။ ကျမလည်း မသိခဲ့ပါဘူး။ ပိုက်ဆံဆုဖို့ တခြားဘဏ်အကောင့် သွားဖွင့်တော့မှ သိခဲ့တာပါ။ )
  • နောက်ဆုံးအနေနဲ့ကတော့ ကိုယ်.. ချစ်ရတဲ့သူတစ်ယောက်ကို သိပ်ချစ်နေမိပြီဆိုတာ မမျှော်လင့်ဘဲ သိရှိခဲ့ရပြီး .. သူနဲ့ သူငယ်ချင်းကောင်းအနေနဲ့ ပတ်သတ်ဆက်ဆံခွင့်ရတာကို တကယ် ကျေနပ်မိပါတယ်။ အချစ်ဆိုတာ ပေါင်းစပ်မှ အချစ်ဖြစ်တာ မဟုတ်ပါဘူး။ ပိုင်ဆိုင်ရမှအချစ်ဆိုတာ အမြဲ မမှန်ကန်ပါဘူး။ စွန့်လွှတ်ခြင်းမှာလည်း အနုပညာဆိုတာ ရှိပါတယ်။ ဘယ်လိုတွေးတွေး.. မဖြစ်နိုင်တာမို့.. ဆိုင်သူနဲ့သာ ပျော်ရွှင်စွာ လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ( တွယ်တာလှပေမယ့်၊ ကွယ်ရာကပဲ ချစ်ပါရစေ.. ဆရာ မောင်စိန်ဝင်းရဲ့ ကဗျာစာသားကို ယူထားတာပါ။)

(၂၀၁၂)ခုနှစ်အတွက် နောက်ဆုံးကဗျာ
ပြောရရင်တော့ ကျမဟာ ကဗျာဆရာမ မဟုတ်ပါ။ ကာရံတွေ နဘေတွေလည်း မသိပါ။ ဘဝတစ်လျှောက်လုံးမှာ စိတ်အရမ်းပေါက်လာတဲ့အချိန်တွေမှာ... ကဗျာလို့ထင်ရတဲ့စာ (၄) (၅)ပုဒ်လောက် ရေးဖူးပါတယ်။ အောက်မှာလည်း ကဗျာထင်ရတဲ့ စာစုတစ်ခုကို share ပြီး ဒီပို့(စ်)ကလေးကို အဆုံးသတ်ခွင့်ပြုပါ။ အားလုံးပဲ Happy New Year ပါ... :)

A Year May Come
A Year May Go
But, I will keep going on...!
And, everything I have done each year will be my history!
So, let me say something here to all my supporters, admirers and haters,
I truly appreciate the existence of you all..
Cause you all are my motivations that make me who I am now!
Thank you!


Love and Peace, 
witch83
(31/12/12; 3:28PM; GMT+8)
To Continue Reading

December 23, 2012

ကျမနှင့် ဒီဇင်ဘာ

အရင်တုန်းကတော့
~~ ကျမနှင့် ပေါက်တတ်ကရ(၁) နဲ့
~~ ကျမနှင့် ပေါက်တတ်ကရ(၂) ဆိုပြီး နံပါတ်စဉ်တပ်ပြီး ရေးခဲ့ဖူးပါတယ်။
(၁)ကတော့ ကြက်ဆီဗူးအကြောင်းရေးခဲ့တာဖြစ်ပြီး (၂)ကတော့ ရုံးသော့ပိတ်သွားတဲ့အကြောင်း ရေးခဲ့တာပါ။ နောက်ပိုင်းပို့(စ်)တွေမှာတော့ ပေါက်ကရနောက်မှာ နံပါတ်တပ်ပြီး ရေးမဲ့အစား ဖြစ်ခဲ့တဲ့အကြောင်းအရာကိုပဲ ခေါင်းစဉ်တပ်ရေးတော့မယ်စဉ်းစားနေတုန်း ... ဒီတလော..  စိတ်သိပ်မကြည်တာကြောင့် "ကျမနဲ့ဒီဇင်ဘာ" ဆိုတဲ့ပို့(စ်)ကို ကိုယ့်စိတ်ကိုယ်ဖြေဖို့ ရေးချင်လာပါတယ်။

+ + + + + + + + + +
 
စင်္ကာပူမှာ ...ကျောင်းတက်နေစဉ်ကာလတွေမှာ.. စလုံးက X'Mas Fun, New Year Fun ဆိုတာတွေဟာ ကျမနဲ့ သိပ်.. မသက်ဆိုင်ခဲ့ပါဘူး။ ကျောင်းပိတ်ထားချိန်ဖြစ်တာကြောင့် ... ( တစ်ခါတစ်ရံမှာ Pay ပိုရလို့၊ တစ်ခါတစ်ရံမှာ ကိုယ့်အရှေ့ က senior part-timer များနဲ့ full-timerများက လူလည်ကျပြီးဆွဲထားတဲ့ work shift ကို လုပ်ရလို့ စတဲ့ အကြောင်းပြချက်တွေနဲ့အတူ ...) အချိန်ပိုင်းအလုပ်ဝင်လုပ်ပြီး ပိုက်ဆံစုနေခဲ့ပါတယ်။ အချိန်အကြာကြီးမတ်တပ်ရပ် အလုပ်လုပ်ပြီးလို့ ညမိုးချုပ် .... အိမ်ပြန်ချိန်ရောက်တဲ့အခါ... ပျော်နေကြတဲ့ လူအုပ်ကြီးကို စိတ်ပျက်လက်ပျက်နဲ့ကြည့်ပြီး ... အိမ်ကို အမြန်ပြန်ရောက်ရေးကိုသာ တွေးမိခဲ့ပါတယ်။ ပျော်ဖို့ဆိုတာထက် ကိုယ့်အိမ်ပြန်ပြီး ရေနွေးလေးနဲ့ရေချိုး... ကိုယ့် အခန်းလေးထဲက အိပ်ရာပေါ်မှာ ကျောဆန့်ဖို့ကိုသာ.. ပိုလိုချင်ခဲ့မိပါတယ်။

ဒီလိုနဲ့ .. ကျောင်းပြီးပြီး တကယ့်အလုပ်ခွင် ဝင်တဲ့အချိန်ရောက်တော့.. ကိုယ့်ကို အလုပ်က ခွင့်ရက်ရှည်ပေးတဲ့အချိန်ဟာ ဒီဇင်ဘာဖြစ်သွားပါတယ်။ ကိုယ့်အိမ်ပြန်ချိန် ဖြစ်သွားပါတယ်။ ဒါကြောင့်လည်း အဲ့ဒီ ပျော်စရာတွေကို တန်ဖိုးမထားဘဲ ကိုယ့်ကိုအမှန်တကယ် နွေးထွေးမှုပေးတဲ့ မိသားစုဆီကို ပြန်ဖို့ကိုသာ တန်ဖိုးထားခဲ့ပါတယ်။

ဒီနှစ်တော့ ညီမ..မင်္ဂလာဆောင်ရှိတာကြောင့် .. ဂျူလိုင်လမှာတစ်ကြိမ်.. နိုဝင်ဘာလမှာတစ်ကြိမ် ခွင့်ယူခဲ့တာမို့ ဒီဇင်ဘာမှာ ခွင့်တစ်ရက်မှ မကျန်တော့ပါဘူး။ ဆေးခွင့်တွေအများကြီးကျန်ပေမဲ့လည်း ဘယ်တုန်းကမှ နေမကောင်းဘဲ MC မယူချင်သူမို့၊ မယူခဲ့သူမို့.. တရုံးလုံး ခွင့်ယူနေချိန်မှာ ရုံးစောင့်လုပ်နေရပါတယ်။ ဒီကြားထဲ... ပိတ်ရက်တွေကြားမှာ မနက်ဖြန်တစ်ရက်က ကတ်သီးကတ်သတ်နဲ့ ရုံးဖွင့်နေပါတယ်။ မနက်ဖြန်တစ်ရက်လည်း ... စိတ်မပါဘဲ... အလုပ်သွားလုပ်ရပါဦးမယ်။

ပိတ်ရက်တွေမှာ လျှောက်လည်မယ်ဆိုတော့လည်း အားလုံးက ကိုယ့်ကိတ်စနဲ့ကိုယ် အလုပ်ရှုပ်နေကြလို့ အိမ်မှာ အခန်းပိတ်ပြီးနေနေရပါတယ်။

ဒီလို holiday blues တွေကို ဖြေဖျောက်ဖို့ရာ ဒီနေ့တော့ ... wet market ကဝယ်လာတဲ့ ငှက်ပျောအူမနုနုလေးရယ်၊ ငါးဖယ်အစားထိုးပြီး ထည့်ထားတဲ့ ငါးလုံးတွေရယ်ကို ပင်ပျိုရွက်နု ready made မုန့်ဟင်းခါး ထုတ်နဲ့အတူရောချက်ပြီး...အိုးကြက်ဥ၊ city hall, penesula plaza မှာရှိတဲ့ မြန်မာဆိုင်ကဝယ်လာတဲ့ပဲကြော်၊ ဒီမနက် food courtကဝယ်လာတဲ့ အီကြားကွေး တို့နဲ့အတူ.. တနေကုန် တစ်ပွဲပြီးတစ်ပွဲ ထိုင်စားနေပါတယ်။ အစားကောင်းကောင်းစားရတဲ့အပြင် ... ဒီစာကိုရေးနေတာမို့ စိတ်ဖြေသလို ဖြစ်ပြီး အခုချိန်မှာတော့ စိတ်အတော်ပြေသွားပါပြီ။

လာမဲ့ အင်္ဂါနေ့မှာလည်း ဘယ်မှမသွားပဲ ခရစ်(စ်)မတ်နေ့မှာ ထောပတ်ထမင်းရယ်၊ (မဆလာနဲ့ ) ကြက်သားဆီပြန်လေးရယ်၊ ချဉ်ပေါင်ဟင်းရည်ကိုချက်ပြီး ကျောက်ပွင့်ဆိမ့်ဆိမ့်လေး သုတ်စားပါဦးမယ်။

အားလုံးပဲ "Merry X'Mas and Happy New Year"ပါ။ 
ဒီ holidayမှာ... ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။း)




~~~May the coming year bring you love, wealth, health and success~~~

မှတ်ချက်။       ။ စိတ်ပြေသွားတဲ့အချိန်မှာတော့.. ဒီဇင်ဘာရဲ့ ကောင်းတဲ့အချက်လေးတွေ မြင်မိလာပါတယ်။ နောက်မှပဲ ကောင်းတာတွေကို ရေးချတော့မယ်။ :P

Thank you for reading this post.

witch83
23/Dec/2012; 9:06AM; GMT+8
To Continue Reading

December 21, 2012

Miss Universe 2012

Miss Universe 2012  ပွဲကြည့်ဖို့ မနေ့က အလုပ် နားထားပါတယ်။ ပြိုင်ပွဲကတော့ ပြီးဆုံးသွားပါပြီ။

ဆုရသွားတဲ့သူကတော့ "Miss USA, Olivia Culpo" ပဲဖြစ်ပါတယ်။

ပျော်နေတဲ့ Olivia
 ပြောရမယ်ဆိုရင်တော့ (၂၀၁၂)ခုနှစ်ဟာ အလှမယ်လောကမှာတော့ နည်းနည်းထူးခြားတယ်လို့ ပြောလို့ရပါတယ်။
  • Miss World ကို တရုတ်ပြည်မှာ လက်ခံကျင်းပပြီး Miss China, Yu Wenxia ကဆုရသွားပါတယ်။ 
  • Miss International ပြိုင်ပွဲကို ဂျပန်မှာ ပြုလုပ်ကျင်းပပြီး Miss Japan, Ikumi Yoshimatsu က ဆုရသွားပါတယ်။ 
  • ဒီဇင်ဘာလမှာတော့ Miss Universe ပြိုင်ပွဲကို LA (USA) မှာ ကျင်းပပြီး Miss USA, Olivia Culpo က ဆုရသွားပါတယ်။
Miss Earth ကို လက်ခံကျင်းပပေးတဲ့ Philippines တွေကတော့ သနားစရာ.. Czech Republic နိုင်ငံမှ Tereza Fajksová က ရသွားပါတယ်။ ဒါပေမဲ့ .. သူတို့မယ်လည်း Miss Air ဆုတော့ ရသွားပါတယ်။

Four Beauty Queens of year 2012

*****************************

ကြည့်ခဲ့သမျှပွဲတွေထဲမှာ.. Miss Universe 2012 ပြိုင်ပွဲဟာ ... ကျမကြိုက်တဲ့..အားပေးတဲ့မယ်တွေထဲကတစ်ယောက် ဆုရသွားတာ... နောက်ပြီး ကျမကြိုက်တဲ့မယ်တစ်ချို့  top-16 ထဲ ပါလာကြတာ...ဒါ ပထမဆုံးပါပဲ။ :) 

(၂၀၁၂) MU အတွက်... ကျမအားပေးခဲ့တဲ့သူတွေကတော့...
  • Miss Poland: သူမကို.. ဟိုးအရင်... Miss International 2012 ပြိုင်ပွဲ မစခင်ကတည်းက တွေ့ပြီး ကြိုက်ခဲ့တာပါ။ ပြိုင်ပွဲမှာ သိပ်ပြီးတော့ ထူးထူးခြားခြား မလုပ်ပြပါဘူး။ ဒါပေမဲ့  ရိုးရိုးရှင်းရှင်း လှလှလေးတွေဝတ်ပြီး ငြိမ်ငြိမ်လေးနဲ့ ယှဉ်ပြိုင်သွားပါတယ်။ top-16 အထိ ပါသွားပေမဲ့ top-10 တော့ မတက်နိုင်ခဲ့ပါဘူး။ Miss Polandရဲ့ evening gown ကို သိပ်မကြိုက်ပေမဲ့ traditional dress ကိုတော့ အရမ်း ကြိုက်ပါတယ်။

    MU2012 Poland, Marcelina Zawadzk
    Miss Poland @ Traditional Costume Show
  • Miss Aruba: Missology မှာတင်ထားတဲ့ သူ့ ဓါတ်ပုံကိုတွေ့ပြီး ကြိုက်သွားတာပါ။ သူ့မျက်နှာလေးက ဘယ်လိုလေးမှန်းကို မသိပါဘူး။ သူ့မျက်နှာကိုကြည့်မိလိုက်ရင် ဘယ်လိုမှန်းမသိတဲ့ ခံစားချက်ကို ခံစားရပါတယ်။ ဒါပေမဲ့ တကယ်ပြိုင်တဲ့အခါကျတော့ performance သိပ်.. မကောင်းပါဘူး။ Premilinary show မှာတင် သူ့ကို မကြိုက်တော့ပါဘူး။ top-16 မဝင်ခဲ့တာလည်း သိပ်တော့ မဆန်းဘူး ထင်ပါတယ်။





  • Miss Russia: Oxana Fedorova ကို ကြိုက်မိခြင်းရဲ့ အကျိုးဆက်ပါပဲ။ Miss Russia ဆိုရင်ကို ကြိုက်ချင်သလိုလို ဖြစ်နေပါတယ်။ သူလည်း Oxana လိုပဲ ရိုးရိုးလေး.. ဒါပေမဲ့ .. ယှဉ်ပြိုင်နေချိန်မှာ Miss Poland နဲ့ Miss Aruba တို့ဆီက မရခဲ့တဲ့ ... ခံစားချက် တစ်မျိုးလေးခံစားရအောင် လုပ်နိုင်ပါတယ်။ သူ့ကိုတော့ traditional dress ဝတ်ထားတဲ့ အချိန်မှာ အကြိုက်ဆုံးပါပဲ။
    MU2012 Russia, Elizaveta Golovanova

    အသက်(၁၉)နှစ်သာရှိသေးတဲ့ ဒီ Russia အလှမယ်ကတော့ ဟယ်လီကော်ပတာ မောင်းရတာ ကြိုက်ပါသတဲ့။  မိဘနှစ်ပါးကဆရာဝန်မို့ မိဘတွေက သူမကိုလည်း ဆရာဝန်ဖြစ်ချင်စေပေမဲ့ သူမကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်လုပ်၊ ဒါမှ မဟုတ်ရင်တော့ TV show တစ်ခုခုမှာ host လုပ်ချင်ပါသတဲ့။
    Elizaveta ဟာလည်း Miss Russia ဆုရလို့ ဒေါ်လာတစ်သန်းဆုချခံရပါတယ်။ ပညာရေးအတွက်လည်း ကောလိပ်တက်ဖို့  ဒေါ်လာ ၁၀၀,၀၀၀လည်း ရပါသေးတယ်။ Miss Russia 2011 ပြိုင်ပွဲရဲ့ အထူးဧည့်သည်တော်ကတော့ Miss World 2011, Ivian Sarcos ဖြစ်ပါတယ်။



  • Miss USA: Miss USA 2012 ပြိုင်ပွဲတုန်းကတော့ Oliviaကို သိပ်မကြိုက်ပါဘူး။ ကိုယ်အားပေးတာ တခြားတစ်ယောက်ပါ။ ဒါပေမဲ့ နောက်ပိုင်း သူ့ activity တွေ၊ ဓါတ်ပုံတွေ၊ စကားပြောတာတွေကို ကြည့်ပြီး ကြိုက်ခဲ့တာပါ။ သူမက.. သူ့ကိုယ်သူ... " သူမဟာ အလှမယ်တစ်ယောက်ဖြစ်ပေမဲ့ ... I can be funny and anything" ဆိုပြီး ပြောပါတယ်။ ချစ်မွှေးပါပြီး စကားပြောရင် ချစ်ဖို့ကောင်းပါတယ်။ သူဖြစ်ချင်တာ... သူယူဆတာ.. ဘာဆိုတာကို ရိုးရိုးရှင်းရှင်းနဲ့ လူတွေသိအောင် လုပ်တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ... Miss Universe 2012 ဘွဲ့ရသွားတာကို အရမ်း ဝမ်းသာပါတယ်။ ဆုကြေငြာခါနီးအချိန်ဟာ သူလည်း တုန်လှုပ်နေသလို ပွဲကြည့်နေတဲ့ ကိုယ်ကိုတိုင်လည်း ရင်တွေတုန်နေပါတယ်။ သူ.. မရမှာစိုးလို့... Miss Phillipine ရသွားမှာစိုးလို့ :P

    MU2012 USA, Olivia Culpo

    ~~~ Winning moments ~~~
    ပွင့်ပွင့်လင်းလင်းဝန်ခံရမယ်ဆိုရင်တော့ ...  Miss.Phillipines ကို မကြိုက်တာ မဟုတ်ပါဘူး။ Phillipineတွဟာ များသောအားဖြင့် လှကြပါတယ်။ နောက်ပြီး စပိန်လက်အောက်ခံရောက်ဖူးတာမို့ စပိန်တွေနဲ့စပ်လိုက်တော့ ပိုလှလာပါတယ်။ နောက်ပြီး သူတို့ဟာ အမေရိကန်ဆန်ကြတာမို့ နိုင်ငံခြားသားတွေကို အယူများကြပါတယ်။ လူမျိုးစပ်တွေဟာ ပိုလှတတ်ကြပါတယ်။
    ဥပမာ။    ။ဖဦးထုပ်နဲ့ အော်ဆီစပ်ထားတဲ့ Miss International Phillipine 2012, Nicole Schmitzဆိုရင် တော်တော်ကို လှပါတယ်။ သူ့ကို တော်တော်ကြီးကို ကြိုက်ပါတယ်။ ခုလည်း စပိန်နဲ့ ဖဦးထုပ်စပ်ထားတဲ့ MU2012 Philippine, Janineလည်း လှပါတယ်။ ဒါပေမဲ့ သူ့နိုင်ငံက ပရိတ်သတ်တွေတွေထဲက ရာခိုင်နှုန်းတော်တော်များများကိုတော့ လုံးဝ (လုံးဝ) မကြိုက်ပါဘူး။ (ဒါပေမဲ့ Miss International 2012 ပွဲတုန်းက မြန်မာပရိတ်သတ်တချို့ လည်း ဖဦးထုပ်ပရိတ်သတ်တွေနဲ့ သိပ်တော့ မကွာပါဘူး။ ဒီလိုပြောလို့ စိတ်မဆိုးကြပါနဲ့။ ဘာပဲဖြစ်ဖြစ် သူများအလှမယ်တွေကို မစော်ကားဘဲ၊ မနှောင့်ယှက်ဘဲ... ကိုယ့်အလှမယ်ကို မှန်ကန်စွာ ထောက်ခံအားပေး၊ အထောက်အကူပြုပေးတာဟာ အကောင်းဆုံးပါပဲ။) Olivia.. Miss Universe ဖြစ်သွားတော့ ဖိလစ်ပင်းတွေ အော်လိုက်ကြတာ။ ခုချိန်ထိ အော်တုန်း။ Donald Trump နဲ့တောင် ပေးစားလိုက်ကြသေးတယ်။ Missosology ကလည်း Miss.Phillipine သာလျှင် ထိုက်တန်တဲ့သဘောမျိုးဆန်တဲ့ ပို့(စ်)တွေ၊ ဓါတ်ပုံတွေတင်ပါတယ်။ အဲ့ဒီ ပို့(စ်)တွေအောက်ကနေ.. ဖဦးထုပ်တွေကလည်း Olivia ကို ရစရာမရှိအောင်ပြောပြီး comment တွေပေးပါတယ်။ Miss.Phillipine, Janine Tugonon ကတော့ သူ့ပရိတ်သတ်တွေကိုပြောပါတယ်.. သူမကိုယ်သူမလည်း ဒီအဆင့်အထိရောက်လာတာကို ဂုဏ်ယူတဲ့အကြောင်း .. ပြီးတော့ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို လေးစားဖို့၊ Olivia ကိုလည်း ဂုဏ်ပြုပေးဖို့ တောင်းဆိုတဲ့အကြောင်း...။
    ဒိုင်တွေရဲ့အကြိုက်ကလည်း တစ်ယောက်နဲ့တစ်ယောက်တော့ ဘယ်တူမလဲ.. နော့်..ဘာပဲပြောပြော... ဒီနှစ်ရဲ့ ပြိုင်ပွဲ resultတွေဟာ beauty expertတွေ.. မျှော်မှန်းသလို (ခန့်မှန်းခဲ့သလို) မဖြစ်လာတာတော့ အမှန်ပါပဲ။
    MU2012 Phillipines, Janine Tugonon
    Olivia & Janine at interview ( Before MU2012 Final)
    Janine ကိုလည်း သနားမိပါတယ်။ အာရှကလူမို့ သူတို့တွေက အထင်သိပ်မကြီးချင်ဖြစ်နေတဲ့အချိန်မှာ ကိုယ့်ပရိတ်သတ်က .. ပေါက်ကရတွေလျှောက်လုပ်ရင် ပိုပြီး မျက်နှာငယ်ရပါတယ်။ ပြိုင်ပွဲတလျှောက် Missology ဟာ သူမရဲ့ဓါတ်ပုံတွေ၊ event တွေကို တော်တော်တင်ပါတယ်။ ဒါပေမဲ့ ဓါတ်ပုံတွေမှာ သူ့ကြည့်ရတာ နည်းနည်း အားငယ်နေပုံ ပေါက်ပါတယ်။ သတိထားကြည့်ရင် မြင်နိုင်ပါတယ်။ policticsကြောင့်လည်း သူ..အရွေးမခံရတာလည်း ဖြစ်နိုင်ပါတယ်။
  • Miss Croatia: သူမကိုတော့ preliminary competitionကို ကြည့်ပြီးမှတွေ့ပြီး ကြိုက်သွားတာပါ။ ကြည့်လိုက်တာနဲ့ကိုထင်းပြီး သတိထားမိလောက်အောင် လှတာပါ။ ဘာမှ အထွေအထူး လုပ်စရာမလိုဘဲ အမှတ်ရမဲ့သူမျိုးပါ။  Elizabethaဟာ Miss Poland ထက် ပိုပြီး ပေါ်လွင်ပြီး ဆွဲဆောင်မှု ရှိပါတယ်။ အသက် (၁၉)နှစ်သာရှိသေးတဲ့ သူမက လူကြောက်ပြီး လူရှေ့ မထွက်ချင်ပါဘူးတဲ့။ အဲ... စင်ပေါ်မှာ အလင်းရောင်စုံတွေရှိနေပြီဆိုရင်တော့ သူမက ok သွားပါတယ်တဲ့။ ဒါကြောင့် ပြိုင်နေတဲ့အချိန်မှာ enthusiastic မဖြစ်တဲ့ပုံ ပေါက်နေသလိုပါပဲ။ Beauty Specialist တစ်ယောက်ကတော့ Missosology မှာ သူမကို "silent killer of the competition"ဆိုပြီး တင်စားထားပါတယ်။

    MU2012 Croatia, Elizabeta Burg


  • Miss Vanezula: အသက် (၂၁)နှစ်ရှိတဲ့ Irene ကို ပြိုင်ပွဲမတိုင်ခင်ကတည်းက ကြိုက်တာပါ။ သူမဟာ England မှာ ကျောင်းတက်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲမှာ အရဲလွန်ပြီး နည်းနည်း ကလက်လွန်းပါတယ်။ သူမကတော့ top-5 အထိ ပါသွားပြီး.. Miss Universe 2012 2nd runner up ဆုကို ရသွားပါတယ်။ Final Question Stageမှာ မေးခွန်းကို ဘာသာပြန်ပေးတဲ့သူပဲ မှားတာလား၊ သူမပဲ စိတ်လှုပ်ရှားနေလို့ မဖြေတတ်တာလားတော့ သေချာ မသိပါဘူး။ Final question ကို သူကောင်းကောင်းမဖြေနိုင်ပါဘူး။ ပြီးတော့ အင်္ဂလိပ်လို သိပ်မပိုင်နိုင်ဘဲနဲ့ အင်္ဂလိပ်လိုဖြေလိုက်တာ မှားပါတယ်။ တကယ်ဆို spanish လိုပဲပြောပြီး ဖြေလိုက်ရင်ပြီးရော။ ဘာသာပြန်တဲ့သူရှိတာပဲဟာ။ သူမကို ရီလည်းရီချင်၊ ချစ်လည်းချစ်မိတဲ့အချိန်ကတော့ သူမဖခင်ပိုင်တဲ့ ချောကလက်စက်ရုံက ချောကလက်တွေနဲ့ ပြုလုပ်ထားတဲ့  သူမရဲ့မိခင် ဒီဇိုင်းလုပ်ပြီးဖန်တီးပေးတဲ့ ရိုးရာဝတ်စုံကို ဝတ်ပြီးပြိုင်ပွဲဝင်တဲ့အချိန်မှာပါပဲ။




    MU2012 Venezula, Irene Esser
  • Miss Malaysia: သူမဟာလည်း အဖေ ဗြိတိန်၊ အမေ မလေးရှားပါ။ အသက် (၁၉)နှစ်ပဲ ရှိပါသေးတယ်။ သူ့ကိုလည်း ပြိုင်ပွဲရောက်မှပဲ ကြိုက်သွားတာပါ။ top-16 မှာ ပါမလာပါဘူး။ စိတ်မကောင်းဖြစ်မိပါတယ်။ သူ့ကို တော်တော်လေး ကြိုက်မိတာပါ။ Asiaမှာ Rio Mori ပြီးရင် သူ့ကိုကြိုက်ပါတယ်။
    ကြည့်ရတာ .. မလေးရှားအလှမယ်က မလေးရှားလူမျိုးပုံစံ မပေါ်ဘဲ အနောက်တိုင်းအလှမယ်ပုံစံ ပေါက်နေလို့နဲ့တူပါတယ်။

    MU2012 Malaysia, Kimberley Ledggett

  • *****************************

    ကျမကြိုက်တဲ့ အလှမယ်တွေအကြောင်း ရေးပြီးသွားပြီဆိုရင်တော့ ပြိုင်ပွဲအကြောင်း ဆက်ရေးခွင့်ပြုပါဦး။ ပြိုင်ပွဲဝင် (၈၉)ယောက်မှာ အီဂျစ်၊ ကာဇက်စတန်၊ ပေါ်တူဂီ၊ ဆိုဗေးနီးယား၊ Turks & Caicos နဲ့ US Virgin Islandsတို့က အလှမယ်တွေ နုတ်ထွက်သွားပြီး အီသီးယိုးပီးယား၊ ဘူ(လ်)ဂေးရီးယား၊ နမ်မီးဘီးယားနဲ့ နော်ဝေးနိုင်ငံတို့က အလှမယ်များကတော့ အိမ်ပြန်သွားကြပါတယ်။
    Miss Universe top-16, top-10 အပါအဝင် ဆုရသွားတဲ့သူတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
    ( Wikipedia က table ထည့်ပေးထားတာပါ။ orignianl link တွေကိုလည်း ဒီအတိုင်းပဲ ထည့်ပေးထားပါတယ်။)

    Placements for Miss Universe Source; Wiki [3]


    Special Awards

     အထူးဆုအနေနဲ့ကတော့....

    ~~ Miss Congeniality ဆုကို Guatemala မှ Laura Godoy

    ~~Miss Photogenic ဆုကို Kosovo မှ Diana Avdiu ( သူ.. ဒီဆုနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ သူမရဲ့ ဓါတ်ပုံတွေကြည့်ရင် အရမ်းကိုလှပါတယ်။ ဒါပေမဲ့ show မှာ သူမကိုတွေ့လိုက်ရတော့ မလှပါဘူး။ ဘယ်ဘက်က သုံးပုံက Miss Universe မှာ ပွဲမတိုင်ခင်တင်ထားတဲ့ပုံတွေပါ။ အစွန်ဆုံးကပုံကတော့ ပြိုင်ပွဲဝင်နေတဲ့အချိန်မှာ ရိုက်ထားတာပါ။ ဒီလိုမျိုးကွာတတ်ပေမဲ့ ... သူကွာပုံကွာနည်းက ဒီဆုအတွက် သင့်တော်ပါတယ်။ တော်တော် ဓါတ်ပုံစားတဲ့အလှမယ်ပါ။ အောက်ကပုံကတော့ သူ့ကိုဆုပေးတုန်းက MU2011 Lelia Lopesနဲ့အတူ ရိုက်ထားတဲ့ပုံပါ။



    ~~ Best National Costume ဆုကို Miss China, Ji Dan Xu တို့က အသီးသီး ရရှိသွားကြပါတယ်။ 


    Other Awards အနေနဲ့ Missosology ကပေးတဲ့ People's Choice Award ကို Miss Thainland, က ရရှိသွားပါတယ်။


    *****************************

    ဘယ်သူတွေ ဘာပြောပြော ကျမကတော့ Miss Universe 2012 ပြိုင်ပွဲကို.. ကိုယ်ကြိုက်တဲ့သူတွေ.. ဆုရတဲ့အတွက်.. အားရကျေနပ်မိပါတယ်။ နောက်နှစ် (၂၀၁၃)မှာလည်း မြန်မာပြည်ကမယ်တစ်ယောက်လောက် ဝင်ပြိုင်နိုင်ပါစေလို့လည်း ဆုတောင်းမိပါတယ်။ ရှေ့ နှစ်မှာလည်း ကိုယ်ကြိုက်တဲ့ မယ်တွေဆုရပါစေလို့ဆုတောင်းရင်း ဒီပို့(စ်)လေးကို ဒီနေရာမှာ နိဂုံးချုပ်ပါရစေ။

    Thank you for reading this post. 
    witch83 ( 21/12/2012; 3:03PM; GMT+8)

    Reference
    1. www.missuniverse.com
    2. www.missosology.org
    3. http://en.wikipedia.org/wiki/Miss_Universe_2012
    4. http://livewireworld.info/2012/03/elizaveta-golovanova-russia-2012/
    To Continue Reading

    အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

    Followers

    အားဆေးလေးတွေ...

    Cool Blue Outer Glow Pointer