" Do not believe in anything simply because you have heard it. Do not believe in traditions because they have been handed down for many generations. Do not believe anything because it is spoken and rumored by many. Do not believe in anything because it is written in your religious books. Do not believe in anything merely on the authority of your teachers and elders.
But after observation and analysis, when you find that anything agrees with reason and is conducive to the good and the benefit of one and all, then accept it and live up to it."
--- BUDDHA

ခွန်းဆက်

~~ မင်္ဂလာပါ။
~~ အချိန်ပေးပြီး စာလာဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
~~ ဒီဘလော့က post တွေကို ပြန်လည်ဝေမျှမယ်ဆိုရင် witch83 ဆိုတဲ့အမည်ကို credit ပေးဖို့ တောင်းဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျမရေးထားတဲ့ postကို ဘယ်နေရာမှာ ပြန် share မယ်ဆိုတာ အသိလေးပေးသွားစေချင်ပါတယ်။ ~~ ဒီဘလော့မှာ ဖော်ပြထားတဲ့ တခြားသူတွေ ရေးထားတဲ့ post တွေကို ဝေမျှမယ်ဆိုရင်လည်း original writer တွေကို credit ပေးကြဖို့ တောင်းဆိုပါတယ်။ :)
~~ ကျေးဇူးတင်ပါတယ်။
witch83
မင်္ဂလာပါ... Warmly welcome to my small own world... =)

September 20, 2012

Hidden Camera တွေအကြောင်း တစေ့တစောင်း (၁)

Hidden Camera တွေအကြောင်းက ရေးချင်နေတာ ကြာပါပြီ။ အတိအကျ ပြောရရင် မနှစ်ကတည်းကပါ။ ဒါပေမဲ့လည်း ထုံးစံအတိုင်း အချိန်ဆွဲရင်း မရေးဖြစ်ပါဘူး။ အခုတော့ ရုံးမှာလည်း အလုပ်တွေပါးပြီး စာလုပ်ချင်စိတ်လည်း သိပ်မရှိတာမို့ data ရှာပြီး တစ်နေ့ နည်းနည်းချင်းစီ ရေးလိုက်ပါတယ်။ :)

အရင်တုန်းကတော့ Closed-Circuit TeleVision (CCTV) နဲ့ ပတ်သတ်ပြီး သတိထားဖို့၊ လက်ကိုင်ဖုန်းက camera တွေကို သတိထားဖို့၊ Botique တွေမှာ အဝတ်အစားတွေ try ရင် သတိထားဖို့ Internet ပေါ်မှတဆင့် (FB, email စသည်ဖြင့်) ဖတ်မိပါတယ်။ ဒါပေမဲ့ CCTV အကြောင်းတော့ မရေးချင်သေးပါဘူး။ မနှစ်ကမှ အကြောင်းတိုက်ဆိုင်မှုတွေများလာလို့ ဒီစာ ရေးချင်စိတ်တွေ ဖြစ်မိတာပါ။

Why?
CCTVတွေထားရချင်းရဲ့ အဓိက ရည်ရွယ်ချက်က ကောင်းပါတယ်။ Crime Prevention အတွက်ပါ။ နောက်ပြီး အန္တရာယ်များတဲ့ hazard zoneတွေမှာ control လုပ်ဖို့အတွက်ပါ။ အဓိက..ကတော့ monitoring လုပ်ဖို့ပါပဲ။ ဒါပေမဲ့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ CCTV (ခေါ်) hidden camera (ခေါ်) survilliance camera တွေဟာ ဈေးပေါလာတဲ့အပြင် ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲ အပြိုင်အဆိုင် ဝင်လာပြီး လူတွေကလည်း တလွဲတွေ အသုံးချနေကြပါတယ်။

ကျမနဲ့  CCTV
ဟိုး ငယ်ငယ်တုန်းကတော့ CCTV ဆို မြင်သာထင်သာရှိတဲ့ လေးထောင့် camera ကြီးတွေလို့ပဲ သိထားပါတယ်။ အဲ့ဒီ ပုံစံတွေပဲ မြင်ဖူးပါတယ်။ ရုပ်ရှင်တွေထဲမှာ နာရီ ကင်မရာ၊ ဘောပန်ကင်မရာ၊ mp3 ကင်မရာ စသည်ဖြင့်တွေ့ဖူးနေပေမဲ့ အပြင်မှာ လွယ်လွယ်နဲ့ရနိုင်မှန်း မသိခဲ့ပါဘူး။ ကိုယ့်ရှေ့ မှာ သုံးနေရင်တောင် ကင်မရာလို့ ထင်ခဲ့မိမှာ မဟုတ်ပါဘူး။

(၁) ကျမ ပထမဦးဆုံး ပတ်သတ်ခဲ့ရတဲ့ CCTV ကတော့ အထက်တန်းကျောင်းမှာတုန်းကပါ။ (၉)တန်းရောက်တော့ ကျောင်းအုပ်ဆရာမကြီးက အတန်းတိုင်းမှာ CCTV တပ်ပါတယ်။ ထောင့်မှန်စတုဂံပုံစံ၊ digital camera အသေးစား အရွယ်လောက်ရှိတဲ့ CCTV လေးပါ။ အရောင်ကတော့ အဖြူရောင်ပါ။ အဲ့ဒီပုံစံကို ဂူးဂယ်(လ်)မှာ ရှာပေမဲ့ မတွေ့လို့ ခပ်ဆင်ဆင်ပုံကို တင်ထားပါတယ်။


(၂) အဲ့ပုံစံတွေ မဟုတ်ဘဲ တခြားပုံစံ စမြင်ဖူးတာကတော့ မီးလုံးကင်မရာပါ။ ဒီမှာ ကျောင်းတက်နေတုန်းက Robinsonကုန်တိုက်မှာ အချိန်ပိုင်းအလုပ်ဝင်လုပ်ပါတယ်။ အဲ့ဒီမှာ ကိုယ့်ထက်အရင်ရောက်နေတဲ့ part-timer စလုံးကောင်မလေးက အရမ်း စပ်စုပါတယ်။ တအားလည်း စကားများပါတယ်။ စူပါဗိုက်ဇာလစ်တာနဲ့ ကျမကို စကား လာ..လာပြောပါတယ်။ တစ်နေ့တော့ အဲ့ကောင်မလေးကပဲ ကျမကို အဲ့ဒီ ကင်မရာလေးကို ပြပြီး ဘာလဲ သိလားလို့ မေးပါတယ်။ ပြီးတော့ သူက အဲ့ဒါ CCTV ဆိုပြီး ရှင်းပြပါတယ်။ အထဲမှာ ကင်မလေးက 180ံလည်နေတယ် ပြောပါတယ်။ အဲ့ဒီ ကင်မရာလေးကို  အပေါ်ကနေ မီးလုံးပုံစံဖြစ်အောင် cover အုပ်ထားပါတယ်။ တော်တော် အထူးအဆန်းဖြစ်ခဲ့ပါတယ်။ ( နာ... တော်တော်တုံးတာပါလားနော်...)


(၃) နောက်ထပ်ကြုံတွေ့ ခဲ့ရတဲ့ hidden camera ကတော့ ကျမနေခဲ့တဲ့ ဒုတိယအိမ်မှာပါ။ ဒါပေမဲ့ အဲ့ဒီမှာနေခဲ့တဲ့ တစ်နှစ်ခွဲကျော်မှာ အဲ့လို တပ်ထားမှန်း တကယ်.. မသိခဲ့ပါဘူး။ အိမ်ပြောင်းပြီးမှ သိရတာပါ။ အဲ့ဒီအိမ်လေးက တော်တော်ကောင်းပါတယ် ( အိမ်ကောင်းတာကို ပြောတာပါ။) ၂၄ထပ်အမြင့်ရှိပြီး (၁၉)လွှာမှာ တည်ရှိပါတယ်။ တစ်ထပ်မှာ အခန်း(၄)ခန်းပဲ ပါပါတယ်။ ဓါတ်လှေခါးလည်း နှစ်ခု ရှိပါတယ်။ အိမ်မှာလည်း ဝရန်တာလို အခန်းတစ်ခန်းရှိပြီး အဝတ်လှမ်းရတာလည်း အဆင်ပြေပါတယ်။ အခန်းတစ်ခန်းသပ်သပ်လို ဖြစ်နေတော့ မျက်စိမရှုပ်တဲ့ အပြင် ဝါးလုံးနဲ့ထုတ်ပြီး လှမ်းစရာ မလိုပါဘူး။ ဝရံတာကနေ အိမ်ထဲဝင်လာရင် ဘယ်ဘက်မှာ အိမ်ရှင်လင်မယားနေတဲ့ master room နဲ့ kitchen ရှိပါတယ်။ အလယ်မှာ ထမင်းစားခန်းလို ဟောအရှည်ကြီးရှိပြီးတော့ ညာဘက်မှာ common room နှစ်ခန်းရှိပါတယ်။ အဲ့ဒါကို ကျော်သွားရင် ဧည့်ခန်း၊ ဧည့်ခန်းပြီးရင် အပြင်ထွက်တဲ့ တံခါးမကြီး ရှိပါတယ်။ အဲ့တော့ တစ်အိမ်လုံးကို ခြုံမြင်ချင်ရင် ဝရံတာကအထွက်၊ master room နားက ထမင်းစားခန်းမှာ တစ်ခု၊ ဧည့်ခန်းညာဘက်ထောင့်မှာတစ်ခုထားမှ အဆင်ပြေပါတယ်။

အိမ်ပိုင်ရှင်က စလုံးတွေပါ။ ပိုက်ဆံလည်း ရှိကြပါတယ်။ တစ်အိမ်လုံးကို ပါကေးခင်းပြီး သထားပါတယ်။ မှန်ဗီဒို၊တီဗွီ၊ ပရိဘောဂ၊ kitchen utensils အားလုံး အကောင်းတွေချည်းပါပဲ။ အရုပ်တွေလည်း အများကြီး ရှိပါတယ်။ အမေရိကားကို ရုတ်တရက် မိသားစုအလိုက် သွားလိုက်ရလို့ အမြန် ပြောင်းသွားတာပါ။ ဘာ ပစ္စည်းမှ သိမ်းမသွားပါဘူး။ ကြိုက်တာ ယူသုံးဆိုပြီး အိမ်သူကြီး လင်မယားကို ပေးသွားပါတယ်။

အဲ့ဒီအိမ်ကိုသွားကြည့်တဲ့နေ့က အိမ်သူကြီးလင်မယားက အိမ်ကိုဧည့်သည် ခေါ်လို့ မရဘူးပြောပါတယ်။ အိမ်ပိုင်ရှင်က ပစ္စည်းတွေ အများကြီး ထားသွားတဲ့အတွက် တစ်ခုခု ဖြစ်မှာစိုးလို့လို့ ပြောပါတယ်။ အဲ့ကတည်းက စိတ်ထဲ တစ်မျိုး ဖြစ်မိပါတယ်။ ဒါပေမဲ့ အိမ်ကို ကြိုက်တာတစ်ကြောင်း၊ သူတို့ လင်မယားကလည်း အေးအေးဆေးဆေးပုံစံရှိပြီး ဖော်ရွေသလိုရှိတာကတစ်ကြောင်း၊ ဈေးလည်း သင့်တာကတစ်ကြောင်းကြောင့် mrt နဲ့ နည်းနည်းဝေးပေမဲ့ အဲ့ဒီအိမ်ကိုပဲ ရွေးလိုက်ပါတယ်။ တစ်နှစ်ခွဲလောက်နေပြီးတဲ့အခါမှာတော့ ညီအစ်မနှစ်ယောက်လုံး ကျောင်းလည်းပြီး၊ အလုပ်လည်း ကိုယ်စီရပြီမို့  အလုပ်နေရာနှစ်ခုနဲ့ center ကျတဲ့နေရာကို ရွှေ့  လိုက်ကြပါတယ်။

နောက် ပြောင်းရတဲ့ တခြားအချက်တစ်ချက်ကတော့ အိမ်ပြောင်းခါနီးတစ်လလောက်အလိုမှာ မီးက braker ခဏ ခဏ ကျပါတယ်။ နောက်ပြီး အိမ်ရှင်လင်မယားက ရန်ကုန်ကို နိုဝင်ဘာလဆန်းမှာ တစ်လလောက် ပြန်ဖို့ရှိပါတယ်။ ဘေးခန်းက မိသားစုကလည်း ကလေး ကျောင်းပိတ်လို့ နိုဝင်ဘာလလယ်ကျရင် ရန်ကုန်ပြန်ပြီး နှစ်လလောက်နေမယ်ဆိုတော့ ... ညီအစ်မနှစ်ယောက်တည်း အိမ်ကြီးထဲမှာ ကျန်ခဲ့ပြီး မီးပြဿနာတက်မှာ စိုးတာကြောင့်လည်း ပါပါတယ်။ အဲ့ဒါကြောင့် အောက်တိုဘာလအကုန်မှာ ကျမတို့ အိမ်ပြောင်းခဲ့ပါတယ်။ဖြစ်ချင်တော့ အစိုးရိမ်ကြီးတဲ့ လင်မယားက ကျမတို့ မပြောင်းခင် အောက်တိုဘာ (၃၀)ညမှာ CCTV camera တစ်ခုကို ကျမတို့ common rooms နှစ်ခန်းနဲ့  kitchen ကို မြင်ရတဲ့နေရာမှာ install လုပ်လိုက်ပါတယ်။ (၃၁)ရက်နေ့မှာ ကိုယ်တွေရှိနေသေးပေမဲ့ အဲ့ဒီနေ့မှာ အလုပ်သွားရပြီး အိမ်ရွှေ့ ဖို့လည်းရှိတာကြောင့် ကိုယ့်အာရုံနဲ့ ကိုယ် သတိမထားမိပါဘူး။ ဒါပေမဲ့  နိုဝင်ဘာ(၁)ရက်နေ့ နေ့လည်ခင်းမှာ ဘေးခန်းက ကလေးမလေးက အဲ့ဒါကို သတိထားမိပြီး သူ့အမေကို ပြပါတယ်။ အခန်းတံခါး အဖွင့်အပိတ်၊ လူအသွားအလာရှိရင် အဲ့မီးလုံးလေးက လင်းလာပါတယ်။ ကြည့်ရတာ motion ကို detect လုပ်ပြီး camera position ကို ရွှေ့ ပုံရပါတယ်။ အလျင်နဲ့ဆိုတော့ ကင်မရာအရွှေ့ မှာ ဝရံတာက ဝင်လာတဲ့ နေရောင်နဲ့  ပြန်ဟပ်ပြီး အဲ့ဒီ မီးလုံးကင်မရာလေး ထ..ထ.. လင်းပုံပါပဲ။

အဲ့လိုနဲ့ ညနေခင်းရောက်တော့ ဘေးခန်းက မိသားစုနဲ့၊ အိမ်သူကြီး လင်မယား စကားများကြပါတော့တယ်။ စကားများတော့မှ အိမ်ရှေ့ ခန်းမှာ တစ်ခုတပ်ဖူးတဲ့အကြောင်း ပေါ်လာပါတော့တယ်။ ကိုယ့်ဆီကို ဘေးခန်းကအစ်မ ဖုန်းဆက်လို့ သိလိုက်ရတဲ့အချိန်မှာ တော်တော် စိတ်ဆိုးပါတယ်။ ဒါ သူများရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ချိုးဖောက်တာပါ။ မယုံကြည်ရင် လူငှား မတင်သင့်ပါဘူး။ ကိုယ့်ပစ္စည်း မဟုတ်လို့ တာဝန်ကြီးတယ်ဆိုရင်လည်း သော့ခတ်သိမ်းပြီး စတိုခန်းထဲထည့်ထားလို့ရပါတယ်။ ကင်မရာ တပ်ထားခဲ့တယ်ဆိုရင်လည်း ကြို..အသိပေးသင့်ပါတယ်။ စင်္ကာပူဥပဒေအရလည်း အိမ်မှာရှိတဲ့သူတွေကို ကြိုအကြောင်းကြားရပါတယ်။ အရုပ်ပဲ ဖမ်းခွင့်ရှိပါတယ်။ အသံ မဖမ်းရပါဘူး။ စောင့်ကြည့်ကင်မရာကို ထားရတဲ့ ရည်ရွယ်ချက်လည်း ပြောပြရပါတယ်။ (ဥပမာ.. ကလေးထိန်းကို monitor လုပ်ဖို့)။ ဒီကိစ္စက ရဲတိုင်လို့်ရပါတယ်။ ဒါကို သူတို့ကိုယ်တိုင်လည်း သိပုံ မရပါဘူး။ အစ်မတို့က အခန်းပဲဆိုင်တာ။ ညီမတို့နဲ့ ဆိုင်တဲ့ ထမင်းစားခန်းမှာတပ်တာ ဘာဖြစ်လဲဆိုပြီး စွာပါတယ်။ နောက်ဆုံးတော့ အဲ့ညပဲ ကင်မရာကိုဖြုတ်ပေးလိုက်ပါတယ်။ ဘေးခန်းက မိသားစုလည်း စိတ်ဆိုးပြီး အဲ့လမှာပဲ ချက်ချင်း အိမ်ပြောင်းပါတယ်။ ဒါပေမဲ့ နှစ်ခန်းလုံး လူသစ်တွေချည်းပဲမို့ ဘေးခန်းက မိသားစုပြောင်းပြီးတဲ့နောက် အဲ့ဒီ ကင်မရာတွေကို ပြန်တပ်လား၊ ပြန်မတပ်ဘူးလားဆိုတာတော့ ကျမလည်း သေချာ မသိပါဘူး။
ဒီတတိယမြောက် ကင်မရာကိစ္စကတော့ နည်းနည်း အန္တရာယ်များပါတယ်။ တွေးလေ.. မခံချင်စရာကောင်းလေပါ။ အကျယ်မချဲ့ ချင်လို့ ဒီကိစ္စကို ပြီးပေးလိုက်ပေမဲ့ တော်တော်ဆိုးတဲ့ကိစ္စပါ။ ကျောင်းတက်၊ အချိန်ပိုင်းအလုပ်တွေနဲ့  အပြင်မှာ ရှိနေတာကများပြီး... အိမ်မှာ ရှိရင်လည်း ဟင်းချက်တာကလွဲလို့ အခန်းထဲမှာနေတာများလို့သာ တော်ပါသေးတော့တယ်။

(၄) နောက်ထပ် ကိုယ်နဲ့ ထိတွေ့ရတဲ့ surviliance camera တွေကတော့ IP camera တွေပါ။ သိပ်..အထူးအဆန်း မဖြစ်ခဲ့ပါဘူး။ အန္တရာယ် ရှိတယ်လို့လည်း မယူဆမိပါဘူး။ ကင်မရာမှန်း သိသာတာကိုး။ security system အတွက် vpn နဲ့တွဲပြီး သုံးတာပါ။ ဒါပေမဲ့ CCTV အန္တရာယ်ကို ပြန်သတိထားမိတာကတော့ ကျမတို့ ကုမ္ပဏီ IT show မှာ ဝင်ပါလို့ အဲ့ဒီမှာ တာဝန်ကျတော့မှပါ။ ....

************************************************************************
အပိုင်း(၂) ဆက်ပါမည်။ ကိုရီးယားကားကို သဘောကျလို့ မဟုတ်ပါဘူး။ ရေးရင်း တအား ရှည်လာလို့ပါ။း)

မှတ်ချက်။  ။ ကင်မရာပုံတွေကို ဂူးဂယ်(လ်)က ရှာပြီး တင်ပါတယ်။

WITCH83
20/09/2012 ( 12:54PM, GMT+8)

No comments:

Post a Comment

အားပေးမှုအများဆုံး ပို့(စ်)လေးတွေ..

Followers

အားဆေးလေးတွေ...

Cool Blue Outer Glow Pointer